အပိုင်း(၆၁)

5.6K 1K 12
                                    

Unicode
သူတို့၂ယောက်က အကွာအဝေးတစ်ခုကနေ စောင့်ကြည့်နေကြတယ်။ ကားတံခါးပွင့်လာတာကို တွေ့လိုက်ရတယ်။ ကောင်မလေးက ကားထဲကလူကို မိနစ်ဝက်လောက်ကြည့်နေတယ်။ နောက်ဆုံးတော့ သူမက ကားထဲကို ဝင်သွားပြီး ကားက ထွက်သွားတယ်။ ပြီးတော့မှ ဦးလေးချန်က သူတို့ကို ဖုန်းဆက်လှမ်းပြောတယ် ဘာမှမဖြစ်ပါဘူးတဲ့။

ချောင်လန်က ကားထဲရောက်တော့မှပဲ အနွေးဓာတ်ရတော့တယ်။ သူမရဲ့ အအေးဓာတ်တွေကလဲ ဖြေးဖြေးချင်းပျောက်ကွယ်သွားတယ်။

ထန်းမော့ကိုတွေ့လိုက်ရလို့ သူမရခဲ့တဲ့ ရှော့ခ်က ဖြေးဖြေးချင်းမှေးမှိန်သွားပြီး တစ်ဖြည်းဖြည်း စိတ်ငြိမ်လာတယ်။ ဒါပေမဲ့ သူမစိတ်ထဲမှာ ပေါ်လာတဲ့ မေးခွန်းတွေက အများကြီးရှိနေသေးတယ်လေ။

" ထန်းမော့ " ချောင်လန်က ထန်းမော့ဘက်ကို လှည့်လိုက်တယ်။ ထန်းမော့က အပေါ်ပိုင်းမှာ ရှပ်အင်္ကျီပါးပါးလေးပဲ ဝတ်ထားတယ်။ " နင်နဲ့ ဦးလေးချန်တို့က ဒီကို ဘယ်လိုလုပ်ရောက်လာကြတာလဲ။ "

တစ်ကယ်တော့ သူမက ဒီ့ထက်ပိုမေးချင်နေတာပါ... နင်ဒီကိုဘာလို့ ရောက်နေတာလဲ၊ ဘာလို့ဒီမှာ ရှိနေရတာလဲ၊ ဘာလို့ ဒီအချိန်ကျမှ.......

ထန်းမော့က နှုတ်ခမ်းတွေကို စေ့ထားပြီး ပြန်မဖြေဖို့ ရွေးချယ်ခဲ့တယ်။

အရှေ့ခန်းက ကားမောင်းနေတဲ့ ဦးလေးချန်က အချိန်ကိုက်ပဲ ခေါင်းစဥ်ပြောင်းလိုက်တယ်။ " ချောင်လန် ညအချိန်ကြီး ဘာလို့ အပြင်မှာ ရှိနေရတာလဲ။ ဒီလိုညအချိန်က တော်တော်လေး အန္တရာယ်များတယ်နော်။ အိမ်မှာ တစ်ခုခုများဖြစ်လို့လား။ "

ဦးလေးချန်က ခေါင်းစဥ်ပြောင်းလိုက်ပြီးတော့ ထန်းမော့က ဘာစကားမှမပြောခဲ့ဘူး။ သူနဲ့ဦးလေးချန်တို့၂ယောက်လုံးက သူမမေးလိုက်တဲ့ မေးခွန်းကို ရှောင်ဖယ်နေကြတာမန်း ချောင်လန်သိတယ်။ သူမစိတ်ထဲကတော့ အရမ်းသိချင်နေပေမဲ့လဲ သူမအရမ်းတွန်းအားမပေးခဲ့ဘူး။

" တစ်ခုခုဖြစ်လို့ " ချောင်လန်က ပြောလိုက်တယ်။ အဲ့တာလဲပြောပြီးရော ဦးလေးချန်နဲ့ ထန်းမော့တို့က ဘာမှပြန်မပြောကြတော့ ချောင်လန်က အချိန်ခဏလောက်တိတ်ဆိတ်သွားပြီးမှ ဆက်ပြောလိုက်တယ်။ " သမီးရဲ့ဒုတိယအစ်မက အမေ့ကို ယွမ်၂သောင်းပေးသွားခဲ့တယ်တဲ့။ ဘာတွေဖြစ်တာလဲတော့ သမီးလဲမသိဘူး။ ဒါပေမဲ့ အခု အဲ့အထဲက ယွမ်၁ထောင်လောက်က ပျောက်နေတာ။ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now