အပိုင်း(၉၂)

4.2K 766 24
                                    

Unicode

နေ့လည်ခင်းကြတော့ ချောင်လန်က ခေါင်းကိုလှည့်လိုက်ပြီး ရှန်းရှောင်ဟန်ရှိတဲ့နေရာကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ထန်းမော့ကို တိုးတိုးလေးပြောလိုက်တယ်။ " ထန်းမော့ အရင်တုန်းက ငါတို့ထိုင်ခဲ့တဲ့နေရာကို နင်ကြိုက်လား "

" မကြိုက်ဘူး " ထန်းမော့က ပြတ်ပြတ်သားသား ပြောလိုက်တယ်။ သူက ၂ခါတောင်ပြန်မစဥ်းစားပဲ ချက်ချင်းပြောလိုက်တာဆိုတော့ အဲ့တာ အမှန်ပဲဖြစ်ရမယ်။

ချောင်လန်က စိတ်သက်သာရာရစွာနဲ့ ပြုံးလိုက်တယ်။ ပြီးတော့ ထပ်မေးလိုက်တယ်။ " အဲ့တာဆို နင့်အထင် ပိုင်ယွီနဲ့ ရှန်းရှောင်ဟန်မှာ ဘယ်သူက ပိုကောင်းတယ်လို့ ထင်လဲ "

သူမက ရုတ်တရက်ကြီး ရှန်းရှောင်ဟန်အကြောင်းကို ပြောလာတော့ ထန်းမော့မျက်လုံးထဲမှာ အရောင်တစ်ခု ဖြတ်ပြေးသွားတယ်။

ထန်းမော့က ဘယ်တုန်းကမှ လူတစ်ယောက်ကို ဒီလောက်မမုန်းဖူးဘူး။ သူ့ကိုတောင် ရွံစရာကောင်းတယ်ဆိုတဲ့ စကားလုံးကို သေသေချာချာခံစားနိုင်စေတဲ့ ရွံစရာကောင်းတဲ့သူမျိုးကိုလေ။

ဒါပေမဲ့ သူက ပိုင်ယွီ့ကိုလဲ မကြိုက်ဘူး။ အဲ့ကောင်မလေးက ချောင်လန်နဲ့ အရင်းနီးဆုံး မိန်းကလေးသူငယ်ချင်းပဲ။ သူမက ချောင်လန့်ရဲ့ အချိန်တွေ အာရုံစိုက်မှုတွေကို အများကြီးယူထားလွန်းတယ်။

ဒါပေမဲ့ တစ်ကယ်လို့ သူ တစ်ယောက်ကိုရွေးရမယ်ဆိုရင်တော့......

ထန်းမော့က ခဏလောက်တိတ်ဆိတ်သွားပြီး ပြောလိုက်တယ်။ " ပိုင်ယွီ "

ချောင်လန် စိတ်ပေါ့သွားတယ်။

ထန်းမော့နဲ့ ရှန်းရှောင်ဟန်ကြားမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အရင်စပြီး မမေးချင်ဘူးလေ။ ထန်းမော့မပြောချင်တဲ့ အကြောင်းအရာတစ်ခုဆိုရင် ချောင်လန်က သူ့ကိုအတင်းကြီး ဖိအားပေးပြီး ပြောခိုင်းမှာ မဟုတ်ဘူး။

ဒီကိစ္စကိုနောက်မှာ ချန်ထားလိုက်ပြီးတော့ ထန်းမော့ မွေးနေ့က မကြာခင်ရောက်လာတော့မယ်ဆိုတာ ရုတ်တရက် ချောင်လန်သိသွားတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now