အပိုင်း(၆၂)

5.5K 1K 24
                                    

Unicode

သူမ စာသင်ခန်းထဲကို ပြန်ရောက်လာတော့ ထန်းမော့က ရောက်တောင် ရောက်နှင့်နေပြီ။ သူက မနေ့ညက အရမ်းနောက်ကျမှအိပ်လိုက်လို့ နည်းနည်းအိပ်ချင်နေတဲ့ပုံပေါ်နေတယ်။ သူမကိုတွေ့တော့ သူက သူ့ကျောင်းလွယ်အိတ်ထဲ ပူပူနွေးနွေးမနက်စာဘူးကို ထုတ်လိုက်ပြီး ချောင်လန့်ကို လှမ်းပေးလိုက်တယ်။

" ........ ကျေးဇူးပဲ " ချောင်လန်က မနက်စာကို ထုတ်လိုက်တယ်။

သူမတို့ ' စစ်အေးတိုက်ပွဲ ' ဖြစ်နေတဲ့ အချိန်အတွင်းမှာတောင် ထန်းမော့က နေ့တိုင်းနေ့သူမအတွက် မနက်စာနဲ့ အာဟာရဖြည့်စွက်စာ ကို ယူလာပေးတယ်။ ချောင်လန်က ခေါင်းကိုလှည့်လိုက်ပြီး ထန်းမော့ကို ဘာပြောရင်ကောင်းမလဲဆိုတာ စဥ်းစားလိုက်တယ်။ သူမမျက်လုံးတွေနဲ့ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ထန်းမော့က ရုတ်တရက် အကြည့်လွှဲသွားတယ်။

ချောင်လန် ကြောင်သွားတယ်။ သူမတို့က အခုထိ ' စစ်အေးတိုက်ပွဲ ' ဖြစ်နေတုန်းပဲလား။

ချောင်လန် သက်ပြင်းချလိုက်တယ်။

တော်သေးတာပေါ့။ သူမနောက်ဆုံးတော့ ဖြေရှင်းလို့ရမဲ့ နည်းလမ်းတစ်ခုကို ရှာတွေ့သွားပြီလေ။

နေ့လည်ခင်း ကျောင်းဆင်းတော့မဲ့အချိန်မှာ ထန်းမော့က ရုတ်တရက်ကြီး ထပ်စိတ်လှုပ်ရှားလာပြန်တယ်။ သူက သူ့လက်ကောက်ဝတ်က မီးတောင်ကျောက်ပုတီးစေ့လေးတွေကို အကြာကြီးစိုက်ကြည့်နေပြီးတော့ ချောင်လန့်ကို ပြောလိုက်တယ်။ " နင်ဒီနေ့ အိမ်ပြန်သွားမှာလား "

" မသွားဘူး " ခဏလောက်စဥ်းစားလိုက်ပြီးတော့ သူမသူ့ကို မေးလိုက်တယ်။ " ငါ့ကို နောက်တစ်ရက်လောက် ခေါ်ထားပေးလို့ရမလား။ "

ထန်းမော့က နှုတ်ခမ်းတွေကို စေ့လိုက်ပြီး " ငါ ဦးလေးချန်ကို နင့်ကိုလာကြိုခိုင်းလိုက်မယ်။ "

ချောင်လန်က ကောင်လေးကို စိုက်ကြည့်နေပြီး ပြုံးလိုက်တယ်။ " ရတယ်လေ။ ဒါပေမဲ့ ဒီနေ့ ငါနည်းနည်းစောစောပြီးမှာ။ ၇နာရီလောက်ပေါ့။ "

၇နာရီ?? ဘာလို့ ၇နာရီလဲ? ထန်းမော့က ကြောင်သွားတယ်။ ဒါပေမဲ့လဲ သူက ခေါင်းငြိမ့်ပြလိုက်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now