အပိုင်း(၁၂)

6.4K 1K 30
                                    

Unicode
ချင်းယန်က ၂ရက်တောင်စောင့်ခဲ့ရတာ။ ပြီးတော့ သူက သူ့သူငယ်ချင်းတွေနဲ့ လောင်းထားသေးတယ်လေ။ ဒါပေမဲ့အဆုံးမှာတော့ ချောင်လန်က သူ့ကို စကားတစ်ခွန်းပဲ ပြန်ပြောခဲ့တယ်။ သူ့ကို အတွေးမလွန်နဲ့တဲ့ ပြီးတော့ သူ့ကို ရောဂါကို ကုလိုက်ဦး ဆိုပြီးလေ။

ဖြစ်နိုင်တာက ချောင်လန့်ပါးစပ်ထဲက ထွက်လာတဲ့ စကားက အရမ်း ရှော့ခ်ရသွားစေတာနေမှာ။ ချင်းယန်က ဘယ်မှတောင်မသွားနိုင်တော့ဘဲ အဲ့နေရာမှာပဲ ရူးကြောင်ကြောင်ကြီး ရပ်နေခဲ့တယ်။ သူ့သူငယ်ချင်း လီဖန်ရော သူနဲ့ ခင်တ​ဲ့ အတန်းထဲက အခြားကောင်လေးတွေရော ချင်းယန်ကို တစ်လှည့် ချောင်လန့်ကို တစ်လှည့်ကြည့်လာတယ်။ ချင်းယန်ကို စကားလာပြောမယ်လို့ တွေးထားတဲ့ ကောင်မလေးတွေကလဲ မျက်နှာအမူအရာတွေပြောင်းကုန်ကြတယ်။

ချင်းယန်က အံ့ဩသွားတာကနေ စိတ်ပြန်လည်လာတယ်။ ဒါပေမဲ့ ဖြစ်နိုင်တာက သူ့ဦးနှောက်က လောင်ကျွမ်းရာက ပြာကျသွားတယ်နဲ့တူတယ် သူကအရင်လို ဒေါသထွက် အော်ကွဲနေရမယ့်အစား မေးလိုက်တယ်။ " အဲ့တာဆို နင်ငါ့အတွက် ဝယ်လာတာမဟုတ်ရင် ဘယ်သူ့အတွက်ဝယ်တာလဲ။"

အဲ့လိုပြောပြီးတော့ သူက ချန်ယောင်းရန်ကို လှည့်ကြည့်လိုက်တယ်။

ချောင်လန်က သူမစားဖို့အတွက် ဘယ်တော့မှ ချိုချဥ်မဝယ်ဘူး။ သူမ မိသားစုက ဆင်းရဲတယ်။ အဲ့တော့ သူမစားဖို့အတွက် ဝယ်ရင်တောင် ဈေးပေါတဲ့ဟာကို ဝယ်မှာ။ သူမက ဈေးကြီးတဲ့ဟာကို ဝယ်တယ်ဆိုမှာတော့ အဲ့တာက လက်ဆောင်ပေးဖို့ပဲဖြစ်ရမယ်။

ဘယ်သူ့ကို ပေးဖို့လဲဆိုတာကတော့.... ချင်းယန်ရဲ့ ပထမဆုံးခန့်မှန်းချက်က ချန်ယောင်းရန်ပဲ။ ချောင်လန်က ချန်ယောင်းရန်ကို ကြိုက်တာမှန်းအားလုံးသိနေတာပဲလေ။

ချန်ယောင်းရန်က ချင်းယန်က ကန်ပစ်လိုက်ချင်နေတယ်။ သူ့ဦးနှောက်ထဲမှာ ဘယ်လိုအရူးအတွေးတွေများရောက်နေတာပါလိမ့်။

ချောင်လန်နဲ့ ချန်ယောင်းရန်တို့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်တယ်ဆိုတာ ရှားတယ်။ အခု သူတို့၂ယောက်လုံးက ချင်းယန် စိတ်ဖောက်သွားပြီလို့ပဲ တွေးနေကြတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now