အပိုင်း(၃၅)

6.3K 1.1K 26
                                    

Unicode
သူ အတန်းပိုင်ဆရာကိုသွားပြောလို့တော့ရတယ်။ အရင်တစ်ခေါက်တုန်းက အတန်းပိုင်ဆရာက သူ့ကို အရင်လာမေးခဲ့သေးတာပဲ။ အဲ့တာကြောင့် သူသာအရင်သွားပြောလိုက်မယ်ဆိုရင် သူ ချောင်လန်နဲ့ ချက်ချင်းတောင်တူတူထိုင်လို့ရတယ်။

ဒါပေမဲ့ ထန်းမော့က အဲ့လိုမလုပ်ချင်ဘူး။

ထန်းမော့မှာ သူကိုယ်တိုင်ချမှတ်ထားတဲ့ စည်းမျဥ်းနဲ့ လုပ်ထုံးလုပ်နည်းတွေဆိုတာရှိတယ်။ ထိုင်ခုံနေရာပြောင်းတာလို အသေးအမွှားကိစ္စလေးတွေမှာတောင် သူ့တို့ရဲ့ ကိုယ်ပိုင်စည်းမျဥ်းနဲ့ နည်းလမ်းတွေဆိုတာရှိတယ်။

သူဘာလို့စာမေးပွဲမဖြေတာလဲလို့ အရင်တစ်ခေါက် ချောင်လန် သူ့ကို မေးတုန်းက အဲ့အချိန်တုန်းက သူ့မှာ စာမေးပွဲဖြေဖို့အကြောင်းပြချက်ရော ဂရုစိုက်မှုရောမရှိခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ထန်းမော့အကြောင်းပြချက်ကို ရှာတွေ့သွားပြီ။

ချောင်လန်က တစ်ခြားတစ်နေရာကို ပြောင်းသွားတယ်။ ဒါက သူ့ကို နည်းနည်း စိတ်ညစ်စေတယ်။

ချန်ယောင်းရန်က နောက်တစ်ကြိမ် သူမ ဘယ်ဘက်မှာရောက်လာတယ်။ သူက ထန်းမော့ထက် သူမနဲ့ပိုပြီး နီးနေတယ်။

အရင်တစ်ပတ်တုန်းက သူမက ထန်းမော့နဲ့ နီးနီးလေးမှာ ထိုင်ခဲ့တာကြောင့်မလို့ သူတိုးတက်လာတာကို သူမသေချာပေါက်ခံစားမိတယ်။ သူက ပိုပိုပြီး စကားပြောလာပြီး သူတို့တွေစကားပြောဆို ဆက်ဆံတဲ့အချိန်မှာလဲ ပိုပြီး တက်ကြွလာတယ်။ ဒါပေမဲ့ အခုတစ်ပတ်လဲပြီးရော သူမခေါင်းကို လှည့်လိုက်တာနဲ့ ထန်းမော့ကို စကားပြောလို့မရတော့ဘူး။

သူမအနောက်ကို လှည့်ကြည့်လိုက်တော့ ထန်းမော့အရှေ့မှာထိုင်နေတဲ့ကောင်မလေးက သူမရဲ့ စားပွဲနဲ့ ထိုင်ခုံကို အရှေ့ကို တိုးထားပြီး သူမနဲ့ ထန်းမော့ကြားထဲမှာ အကျယ်ကြီး ကျန်နေအောင် တမင်သက်သက်လုပ်ယူထားတယ်။

ချောင်လန် အဲ့ကောင်မလေးကို အကြာကြီးစိုက်ကြည့်နေပြီး နောက်တော့မှ အကြည့်လွှဲလိုက်တယ်။

ထန်းမော့ရဲ့ အပြုအမူတစ်ချို့ကို တစ်ခါတစ်လေ ချောင်လန်နားလည်ရခက်တယ်။ တစ်ခါတစ်လေ သူ့အပြုအမူတွေကို သူမ အထင်တောင်လွှဲသေးတယ်။ ဒါပေမဲ့ အချိန်တစ်ခုရှိလာတဲ့အချိန်မှာတော့ ထန်းမော့ဘာဆိုလိုတာလဲဆိုတာ သူမဖြေးဖြေးချင်း နားလည်လာတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now