အပိုင်း(၂၂)

6.3K 999 15
                                    

Unicode
နောက်တစ်နေ့က အဖွားချောင်ရဲ့ အသက်၇၀ပြည့်မွေးနေ့ဖြစ်တယ်။ အဲ့နေ့ညက ချောင်ယွမ်က စိတ်အားထက်သန်စွာနဲ့ ချောင်လုကိုစောင့်နေခဲ့တယ်။ ဒါပေမဲ့ချောင်လုက ပေါ်မလာခဲ့ဘူး။ ချောင်လန်က တစ်တန်းလုံးမှာ အဆင့်၁ရတာမလို့ သူ့ခါးကဘယ်လောက်တောင် မတ်နေခဲ့လဲဆိုတာ ဘယ်သူမှ ပြောစရာတောင်မလိုခဲ့ဘူး။ သူ့မိသားစုကအစ်မက တော်လဲတော်တယ်။ ပြီးတော့ သင်ယူရတာကိုလဲနှစ်သက်တယ်။ ဒုတိယအဒေါ်ချောင်က ချောင်လုကိုခေါ်မလာမိတာ ကံကောင်းတယ်လို့ပြောရမယ်။ မဟုတ်လို့ကတော့ ဘယ်လိုပြဿနာတွေဖြစ်လာဦးမလဲဆိုတာပြောမရဘူး..

သူတို့အိမ်မှာ လူတွေအများကြီးရောက်နေတယ်။ အကြီးဆုံးဦးလေးချောင်တို့ မိသားစု၊ ဒုတိယဦးလေးချောင် ရယ် ဒုတိယအဒေါ်ချောင်ရယ်၊ ပြီးတော့ တတိယချောင်မိသားစုက လက်ထပ်သွားပြီဖြစ်တဲ့ အစ်မ၂ယောက်ရော ရောက်နေကြတယ်။ အကြီးဆုံးအစ်မချောင်ကတော့ပုံမှန်လိုပဲ နူးညံ့သိမ်မွေ့နေဆဲပဲ။ ဒုတိယအစ်မချောင်ရဲ့ လက်ပေါ်က ကြီးမားပြီးတောက်ပနေတဲ့ စိန်လက်စွပ်ကြီးကတော့ လူအုပ်ကြီးရဲ့ အာရုံကို မကြာခဏ ဆွဲဆောင်နေတယ်။

ရုတ်တရက်ဆိုသလိုပဲ ဒုတိယအစ်မချောင်က မေးစေ့ကို ပိုပြီးတောင် မြင့်အောင်မြှောက်လိုက်သေးတယ်။

ဦးလေးတွေ အဒေါ်တွေလူအုပ်ကြီး ချောင်မိသားစုကနေပြန်သွားကြတော့ ချောင်မိသားစုက သမီး၂ယောက်ကနေခဲ့ကြပြီး အိမ်ပြန်ဖို့ အလျင်မလိုကြဘူး။

ချောင်လန်က တစ်ညလုံး အလေလိုက်နေရပြီး အိမ်စာတွေမပြီးသေးဘူး။ နောက်ဆုံးတော့ သူမ အကုန်လုံးပြန်တာကိုစောင့်ပြီးမှ အခန်းတံခါးပိတ်ပြီး အိမ်စာစလုပ်ရတော့တယ်။ ဒါပေမဲ့ ဒုတိယအစ်မချောင်ရဲ့ အသံက အရမ်းကျယ်လွန်းတော့ နံရံ ပါးပါးလေးတွေကို ဖောက်ပြီး အတိုင်းသားကြားနေရတယ်။ ချောင်လန်က နားရွက်ထဲကို စာရွက်တွေနဲ့ ထိုးသိပ်ထားပေမဲ့လဲ အဲ့တာက အသုံးမဝင်ခဲ့ဘူး။

စိတ်ညစ်ညစ်နဲ့ နားထင်ကို ပွတ်လိုက်တဲ့ အချိန်မှာ အပြင်ကနေ တံခါးခေါက်သံကြားလိုက်ရတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now