အပိုင်း(၁၀၈)

4.1K 793 29
                                    

Unicode

အရင်တုန်းကကထဲက သူက ကြည့်ကောင်းနေပြီးသားလေ။ ဒါပေမဲ့ အားလုံးက သူ့ခြေထောက်တွေကြောင့်မလို့ သူ့ရုပ်ရည်ကို လျစ်လျူရှုထားကြတယ်။ ဒါပေမဲ့ အခုတော့ သူက တစ်ခြားသူတွေလိုမျိုး မတ်တပ်ရပ်နိုင်ပြီဆိုတော့ အရမ်းကို ပိုနေတယ်ဆိုပေမဲ့လဲ နောက်ဆုံးတော့ အားလုံးက သတိထားမိလာကြပြီလေ။

သူက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ဖြစ်တယ်။ ပြီးတော့ ခြေတံတွေကလဲ ရှည်တယ်။ သူ့ရဲ့ ငယ်ရွယ်နေတဲ့ မျက်နှာကလဲ အရမ်းကို ဖြူဖျော့နေတယ်။ ဖျားနာနေတဲ့ ပုံမပေါ်ရုံလောက်ပဲ။ အရင်တုန်းက အားလုံးလျစ်လျူရှုထားခဲ့တဲ့ မျက်နှာက ရုတ်တရက်ကြီး အဆင့်တစ်ဆင့်ထက်ပိုပြီး တက်သွားခဲ့တာလေ။ ပြီးတော့ သူကဘာနဲ့တူလဲဆိုတာကို တွေးလိုက်မိရင် သူတို့စိတ်ထဲမှာ စကားတစ်ခွန်းပဲ ရှိတယ်။

မှင်သက်စရာကောင်းတယ်။

မတ်တပ်ရပ်နိုင်သွားတဲ့ ထန်းမော့က ဟောင်ရင်တို့ ချန်ယောင်းရန်တို့ထက် ဘယ်နေရာကမှ အောက်မကျနေဘူး။ အဲ့အစားသူက သူတို့ထက်တောင်ပိုပြီး တောက်ပနေသေးတယ်။

ဘာလို့လဲဆိုတော့ အရင်တုန်းက ထန်းမော့ မတ်တပ်မရပ်နိုင်ခင်တုန်းက အားလုံး သူ့ကိုဖော်ပြဖို့အတွက် စကားတစ်ခွန်းကိုပဲ သုံးခဲ့ကြတာလေ။ ဥာဏ်ကြီးရှင် ဆိုတာပေါ့။

ပတ်ဝန်းကျင်က ၁၀စက္ကန့်ကျော်လောက် တိတ်ဆိတ်သွားပြီးမှာ အားလုံးက သူတို့ရဲ့ ပုံမန်ဆူညံနေတဲ့ အနေအထားကို ပြန်ရောက်သွားခဲ့တယ်။ ထန်းမော့ဘက်ကို ခဏတိုင်း လှည့်လှည့်ကြည့်နေတဲ့ လူတွေအများကြီး ရှိနေသေးပေမဲ့လို့ပေါ့။

ခုနလေးကမှ ချောင်လန်နဲ့ တစ်ခုံထဲ တူတူထိုင်မယ်လို့ ပြောမလို့လုပ်နေတဲ့ ပိုင်ယွီတစ်ယောက်ကတော့ ၂ခါတောင်မစဥ်းစားလိုက်ဘူး။ ချက်ချင်းကိုပဲ ချောင်လန့်နားက နောက်ခုံတစ်ခုံကို ပြောင်းလိုက်တယ်။

အဲ့တာပြီးတော့ သူမက ခေါင်းကိုလှည့်လိုက်ပြီး ချောင်လန့်ကို ပြောလိုက်တယ်။ " ထန်းမော့က ရုတ်တရက်ကြီး ဘာလို့ ပြန်လာတာလဲ။ သူပြန်လာချင်ခဲ့မယ်လို့ ငါမထင်ထားခဲ့ဘူး။ ထားလိုက်ပါတော့။ ထန်းမော့ပြန်လာပြီ ဆိုမှတော့ နင်က သူနဲ့ပဲ တစ်ခုံထဲ တူတူဆက်ထိုင်သင့်... "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now