အပိုင်း(၁၄၅)

1.7K 288 6
                                    

TN: မင်မင် တစ်ခုလောက်ပြောချင်လို့ပါ။ အခုလတ်တလော မင်မင် paid gp တွေကို နားထားပါတယ်။ ၃လပိုင်းအကုန်လောက်ကျမှ ပြန်ဖွင့်မှာပါ။ အခု အဆုံးထိပြီးထားတာက ဗီလိန်ရဲ့လမ်းပြကြယ်နဲ့ တော်ဝင်ကိုယ်လုပ်တော် ၂ပုဒ်တော့ ရှိပါတယ်။ တစ်ကယ်လို့ အဲ့၂ခုကို ဝင်ချင်တယ်ဆိုရင် မင်မင့်ကို telegram ကနေ လာပြောလို့ရပါတယ်နော်။ wattpad ရဲ့ message က သိပ်မကြည့်ဖြစ်လို့ပါ။ tele acc က @crystalkyi6 ပါ။ ပြီးတော့ အခု မင်မင်က wave ကနေ လက်မခံတော့ပါဘူး။ ဖုန်းပြောင်းလိုက်ပြီးတော့ အရင်ဖုန်းကဟာကို confirm မလုပ်လိုက်ရဘဲ ဖျက်လိုက်မိလို့ အဲ့acc ထဲ ပြန်ဝင်လို့မရတော့လို့ပါ။ အဲ့တာ ဘယ်လိုလုပ်ရမလဲ မသိတော့လို့ပါ။ အခု kpay နဲ့ Telenor ph bill လက်ခံပါတယ်။ အဲ့တာ ပြီးထားတဲ့ ၂ခုကို gpဝင်ချင်တယ်ဆိုရင် telegram ကနေ လာပြောလို့ရပါတယ်နော်။

Unicode

အရင်တုန်းက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးတဲ့အချိန်နဲ့စာရင် ချောင်လန်က ဒီတစ်ခေါက်စာမေးပွဲပြီးတော့ အများကြီးပိုပြီး စိတ်ပေါ့ပါးနေတယ်။

လတ်စသတ်တော့ လူတစ်ယောက်ကို မှီခိုရတယ်ဆိုတာ၊ ခေါင်းကိုအနောက်လည့်လိုက်တာနဲ့ ကိုယ့်အနောက်မှာ လူတစ်ယောက်ရှိသေးတာကို မြင်ရတဲ့ခံစားချက်က ဒီလိုမျိုးကိုး။

အဲ့အချိန်တုန်းက ချောင်လန်နဲ့ ကျောင်းသူကျောင်းသားတွေအကုန်လုံးက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို တူတူဖြေလို့ ပြီးခဲ့ကြတယ်။ ပြီးတော့ အားလုံးက သူတို့ရဲ့အိမ်တွေကို ပြန်ပြီး ၃လတာကျောင်းပိတ်ရက်ကို အနားယူကြတော့တယ်။ အတန်းဖော်အများစုက စိတ်လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်နေကြတယ်။ သူတို့ရဲ့ အနာဂတ် တက္ကသိုလ်ကိုလဲ စိတ်မပူကြဘူး၊ ဘွဲ့ရပြီးလို့ ဘယ်မှသွားစရာမရှိမှာကိုလဲ စိတ်မပူကြဘူး။ အားလုံးမှာက သူတို့နောက်မှာ မိသားစုနဲ့ မိဘတွေရှိကြတယ်လေ။

ချောင်လန်မှတ်မိသေးတယ် အဲ့တုန်းက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးတဲ့ ပထမဆုံးနေ့မှာ သူမက အလုပ်တွေလိုက်ရှာနေတာနဲ့ အလုပ်ရှုပ်နေခဲ့တယ်။ အဲ့နွေရာသီမှာ သူမက ကျောင်းအဆောင်ကနေ နောက်ဆုံးမှ ထွက်သွားတဲ့ ဘွဲ့ရကျောင်းသူတစ်ယောက်ပဲ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now