အပိုင်း(၅၁)

5.8K 1.1K 30
                                    

Unicode

အတန်းချိန်ပြီးခါနီးတော့ စတိတ်ခုံပေါ်မှာရပ်နေတဲ့ သင်္ချာဆရာတောင် ဒါကို မြင်နေရတယ်။

ကျောက်သင်ပုန်းက ဒီမှာလေ။ ချောင်လန့် မျက်နှာပေါ်မှာမဟုတ်ဘူး။ ထန်းမော့က lecture တွေကို လိုက်နားမထောင်ဘူးဆိုရင်တောင်မှ နေ့တိုင်းနေ့ ကျောက်သင်ပုန်းကို ကြည့်ဖို့မလိုဘူး ဆိုရင်တောင်မှ ဒါကြီးကတော့ တစ်ခြားလူတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်လေ။ ဟုတ်တယ်မလား။

roll call ခေါ်တော့ အားလုံးရဲ့ အာရုံက ထန်းမော့အပေါ်ရောက်လာတယ်။ အဲ့တာနဲ့ ထန်းမော့ကလဲ အကြည့်ရုတ်လိုက်တယ်။ ချက်ချင်းကိုပဲ မျက်နှာသေကြီးနဲ့ အေးစက်စက်ကောင်လေး အဖြစ်ကို ပြန်ပြောင်းသွားပြန်တယ်။

ကောင်လေးက wheelchair ပေါ်မှာ ထိုင်နေတာဆိုတော့ အခြားကျောင်းသားတွေလို နာမည်အခေါ်ခံရလို့ရှိရင် မတ်တပ်ရပ်ပြီး ထဖြေစရာမလိုဘူး။ သူက သင်္ချာဆရာကို အေးစက်စွာလှမ်းကြည့်လိုက်တယ်။ သူက တစ်ခုခုအမှားလုပ်ထားတယ်လို့ နည်းနည်းလေးမှ မခံစားရဘဲနဲ့ပေါ့။ သင်္ချာဆရာက နည်းနည်း စိတ်တိုစရာကောင်းပြီး သူ့ကို နှောင့်ယှက်လိုက်တယ်ပေါ့~~

သင်္ချာဆရာက ကျောက်သင်ပုန်းကို စိတ်တိုတိုနဲ့ ခေါက်လိုက်ပြီး " ဒီပုစ္ဆာကို မင်းတို့ဘယ်လို တွက်မလဲ "

အတန်းထဲက ကျောင်းသားတော်တော်များများက စိတ်ရှုပ်သွားကြတယ်။ သူတို့အဲ့တာကို လုံးဝနားမလည်ကြဘူး။ အဲ့တာနဲ့ ထန်းမော့ကို မေးခွန်းဖြေပေးဖို့ ခေါ်ကြတယ်။ ဒါပေမဲ့ ဒီမေးခွန်းက အရမ်းခက်လွန်းတာဆိုတော့ ထန်းမော့တောင်မှ တွက်ရတာခက်လိမ့်မယ်လို့ သူတို့က ထင်ခဲ့ကြတယ်။ ပုံမန်ဆိုရင် ဒီလိုမေးခွန်းတွေက ထူးခြားတဲ့ပွဲတွေအတွက် သီးသန့်ချန်ထားတာလေ။

ထန်းမော့က မျက်နှာသေကြီးနဲ့ ဘောပင်ကို ကိုင်လိုက်တယ်။ ပြီးတော့ သူ့ စာအုပ်ထဲမှာ ရေးလိုက်ပြီး မိနစ်ဝက်လောက်ကြာတော့ ပြောလိုက်တယ်။

သူစကားပြောတာက မြန်တယ်။ ဒါပေမဲ့ ရှင်းတယ်။ ချောင်လန်လဲ ဒီမေးခွန်းကို ဖတ်ပြီးပြီ။ သူမထင်တာက ဒါကို ပြီးအောင်တွက်ဖို့ အဆင့်တွေအများကြီးလိုမယ်လို့ပေါ့။ ဒါပေမဲ့ ထန်းမော့က အထက်တန်းသင်ရိုးညွှန်းထဲမပါတဲ့ ဖော်မြူလာတွေနဲ့ရောကာ စကားလုံးအနည်းငယ်ပဲ ပြောလိုက်ပြီး အဖြေရသွားတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Wo Geschichten leben. Entdecke jetzt