အပိုင်း(၅)

6.7K 1K 17
                                    

Unicode
အဲ့တာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ချောင်လန်ရဲ့ အင်္ဂလိပ်အမှတ်တွေက အရမ်းကောင်းနေတာမဟုတ်ဘူးလေ။ အိမ်စာလုပ်ဖို့ ပေးလိုက်တိုင်း သူမက အမြဲ သူများဆီကနေပဲကူးချတာလေ။ အိမ်စာပဲဖြစ်ဖြစ် စာကျက်ခိုင်းလိုက်တာပဲဖြစ်ဖြစ် သူမက ဘယ်တော့မှ အဲ့တာတွေလုပ်ဖို့ စိတ်ကူးထဲတောင်ရှိခဲ့တာမဟုတ်ဘူးလေ။

ဒီနေ့မနက်ခင်းတုန်းက ချောင်လန်က သူတို့ ဘယ်unit ရဲ့ vocubulary ကိုရောက်​ေနတာလဲဆိုတာတောင် မေးခဲ့သေးတာလေ။ သူမက တစ်ချိန်လုံးတောင် သူတို့ဘယ်unit ​ရောက်လို့ ရောက်နေမှန်းတောင် သိတာမဟုတ်ဘူးလေ။

ဒါပေမဲ့ အခုတော့ သူမက တစ်ကယ်ကြီး အကုန်လုံး မှန်အောင်ရေးနိုင်ခဲ့တာတဲ့။

သူမက အခုရောက်နေတဲ့ unit က ဟာတွေကို မှန်ရုံတင်မကဘူး အရင်ပြီးခဲ့တဲ့ unit ကဟာတွေကိုပါ မှန်အောင် ရေးနိုင်ခဲ့တာတဲ့လေ။

ဒါဆို ချောင်လန်က သူမတို့ အခု ဘယ်unit ရောက်နေတာလဲဆိုတာ သိရုံတင်မကဘူး။ သူမက အဲ့စာလုံးတွေကို အရင်ကတည်းက ကြေအောင် ကျက်ပြီးထားတာပေါ့။ အဲ့တာနဲ့တောင် သူမက ဘာမှမကျက်ရသေးဟန်ဆောင်ပြီး ငါ့ကို ဘယ်unit ရောက်နေပြီလဲလို့ လာပြီး ဟန်ဆောင်မေးသေးတယ်ပေါ့။

မနက်ခင်းတုန်းကတော့ သူမချောင်လန်ကို တမင်သက်သက် လျစ်လျူရှုထားတုန်းက ချောင်လန်က ဘာများတွေးနေမလဲဆိုတာ သူမ တွေးမိသွားတယ်။ အခုအချိန်မှာ သူမ မျက်နှာက ရှက်ပြီးနေတာကိုတောင် ဂရုမစိုက်နိုင်ဘဲ သူမကို လှည့်စားဖို့ ဟန်ဆောင်ခဲ့တဲ့ ချောင်လန်ကို သူမအရမ်းမုန်းတယ်။

လောင်လျှိုကတော့ ချောင်လန်က ရုတ်တရက်ကြီး မှန်လာလို့ သူက အရမ်းပျော်နေတယ်။ သူက ချောင်လန်ကို အချိန်အတော်ကြာ ချီးမွမ်းနေခဲ့တယ်။ ပြီးတော့ သူခေါင်းကို လှည့်လိုက်တဲ့အချိန်မှာ ချင်းယန်က သူ့မျက်နှာပေါ်မှာ ဘာမှန်းမသိတဲ့ အမူအရာနဲ့ ချောင်လန်ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရတော့ လောင်လျှိုက ချက်ချင်းပဲ ထပ်ပြီး စိတ်တိုလာပြန်တယ်။

" မင်းက ဘာကြည့်တာလဲ။ တစ်ခြားသူတွေရေးထားတာကို ကြည့်။ ပြီးတော့ မင်းရေးထားတာကိုလဲ ပြန်ကြည့်ဦး။ ၂၃လုံးမေးတဲ့ထဲက ၁၄လုံးတောင်မှားနေတယ်။ ဝက်တွေတောင်မှ မင်းထက်ပိုတော်ဦးမယ်ကွာ။ အဲ့တာတောင် မင်းက လျှောက်ဆော့နေပြီး သူများစာကူးချဖို့ မျက်နှာရှိသေးတယ်ပေါ့။ ချောင်လန်ကလွဲလို့ မင်းတို့အကုန်လုံး မှားတဲ့စာလုံးတွေကို အခေါက်၁၀၀စီပြန်ကူးရေးကြစမ်း။ မင်းတို့ရေးပြီးသွားရင် ငါ့ဆီစစ်ဖို့ လာထပ်ကြ။ ကြားလား။ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now