အပိုင်း (၁)

11.6K 1.2K 16
                                    

Unicode
စစ်သင်တန်းပြီးသွားပြီးတော့ တစ်လလောက်သိလာကြပြီးတဲ့အချိန်မှာ အထက်တန်း ကျောင်းသားအသစ်လေးတွေက သူတို့ရဲ့ အတန်းဖော်တွေနဲ့ ရင်းနှီးလာကြတယ်။ အဲ့အချိန်အတွင်းမှာ အဖွဲ့လေးတွေဖြစ်လာကြတယ်။ ပြီးတော့ သူတို့က ၃ယောက်တစ်ဖွဲ့ ၅ယောက်တစ်ဖွဲ့ ဝိုင်းဖွဲ့ပြီး စကားပြောနေကြတယ်။

အခုအချိန်က မနက်ခင်း ကာယချိန်ပြီးလို့နောက်တစ်ချိန်မစခင် ကြားအချိန်လေးဖြစ်တယ်။ ဆရာတွေထိန်းမရတဲ့ စည်းမဲ့ကမ်းမဲ့ ကျောင်းသားတွေကတော့ ဆူညံအောင်လုပ်နေကြတယ်။ စားပွဲပေါ်မှာ အိပ်နေတဲ့ ချောင်လန့်ကို နိုးအောင်လို့ သူတို့က ဆက်ဆော့နေကြတယ်။

သူမရဲ့ ဘေးပတ်ဝန်းကျင်က ရှုပ်ရှတ်ခတ်နေတာပဲ။ ပြီးတော့ စကားများနေတာတွေက ဆူညံလွန်းလို့ နားစည်တောင် ပေါက်တော့မလိုဘဲ။ ချောင်လန် ဘာတွေဖြစ်ပျက်နေတာမှန်းမသိတော့ဘူး။ သူမ မျက်လုံးတွေကို ဖွင့်လိုက်လိုက်ချင်း  သူမဘေးမှာ ဆော့နေတဲ့ကောင်လေးတစ်ယောက်က သူမကို ဆောင့်တွန်းဖို့ ​​ပြင်နေတာကို တွေ့လိုက်ရတယ်။

ချောင်လန် အလိုအလျောက် မတ်တပ်ရပ်လိုက်ပြီး ဘေးကို ခုန်လိုက်တယ်။ အဲ့ကောင်လေးက ထိုင်ခုံကို ဝင်တိုက် မိပြီး ကြမ်းပြင်ပေါ်လဲကျသွားတယ်။ သူ ပြန်လှည့်လာတော့ သူ့ရဲ့ နာသွားတဲ့ လက်မောင်းကို ပွတ်ပြီး ဆဲလိုက်တယ်။ သူက ချောင်လန့်ကို စိတ်တိုနေတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ " ချီးပဲ။ မင်းဘာလို့ နေရာ ရွှေ့လိုက်တာလဲ။ "

ချောင်လန် : ? ? ?

ချောင်လန် ကောင်လေးကို ကြည့်လိုက်တယ်။

သူ့မှာ ပန်းကန်ပြားလို မျက်နှာအကြီးကြီးရှိတယ်။ ပြီးတော့ မျက်နှာမှာ ဝက်ခြံ ၂ခု ၃ခုလောက်ရှိနေတော့ လုံးဝကို ကြမ်းတမ်းတဲ့ပုံပေါ်နေတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကလဲ အတော်တောင့်တယ်။ ပြီးတော့ အရပ်ကလဲ 1.9 မီတာလောက်ရှည်တယ်။

သူက ဒီလောက်လူကောင်ကြီးတာကို တောင်းပန်မယ် မရှိဘူး။ အခုဘာတဲ့။ သူမကို ဘာလို့ ရွေ့လိုက်တာလဲလို့ လာမေးနေတယ်။ သူ့ကိုယ်သူ စာရွက်လူသားများထင်နေတာလား။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now