အပိုင်း(၃၆)

6.3K 1.1K 19
                                    

Unicode
အတန်းထဲကလူတွေတောင်တောင်များများက သူမကို စိုက်ကြည့်လာကြတယ်။ ပြီးတော့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး ခေါင်းတွေခါရမ်းလိုက်ကြတယ်။

" သူမက အခုမှ ထိုင်ခုံနေရာပြောင်းပြီးတာမလား အဲ့တာကို ဘာလို့ အဲ့နေရာကို ပြန်သွားနေသေးတာလဲမသိဘူး??? "

" ငါမြင်တာမမှားဘူးဆိုရင် ခုနက ထန်းမော့ကတစ်ခုခုရေးလိုက်တာမလား "

" ချောင်လန်က သူ့ကိုစနေတာ ဒါမှမဟုတ်ရင် သူနဲ့တစ်ခုခုဆော့နေတာနေမှပေါ့။ သူသာစာရေးနိုင်တယ်ဆိုလို့ကတော့ ငါ စာမေးပွဲမှာ အဆင့်၁ရနေပြီ။ "

အရမ်းကို စာကြိုးစားလုပ်နေတဲ့ ဖေးနင်ကတော့ ဘာတွေဖြစ်သွားတာလဲဆိုတာ သတိမထားမိခဲ့ဘူး။ ချောင်လန်နေရာကနေ ခဏထွက်သွားတာပဲ သူသိလိုက်တယ်။ သူမပြန်လာတော့ တွက်လို့မရတဲ့ ပုစ္ဆာက တစ်ကယ်ကြီး တွက်လို့ပြီးသွားတယ်။

" နင်တွက်ခဲ့တာလား "

သူမထွက်သွားတုန်းက သူလဲ အဲ့ပုစ္ဆာကို ဖြေရှင်းခဲ့တယ်။ ဖေးနင်တစ်ချက်ကြည့်လိုက်တော့ သူ့အဖြေက ချောင်လန့်အဖြေနဲ့ မတူဘူးဆိုတာ တွေ့လိုက်ရတယ်။

" ငါ့အထင် နင့်ဟာမှားနေတယ်နဲ့တူတယ် " ဖေးနင်က ပြောလိုက်တယ်။

ချောင်လန်က ခေါင်းယမ်းလိုက်တယ်။ " ငါကတော့ မှန်တယ်လို့ ထင်တာပဲ "

သူတို့၂ယောက်လုံးက ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ဆိုတော့ ဘာမှပြန်မပြင်ကြဘူး။ စာရွက်တွေကို အပ်ပြီးတဲ့အချိန်မှာ physics ချိန်စတော့တယ်။ စာရွက်တွေလဲ ပြန်ရောက်လာရော ဖေးနင်က သူ့ရဲ့ သုည ဆိုတဲ့အမှတ်ကိုကြည့်ပြီး ချောင်လန့်ရဲ့ ၁၂မှတ်ဆိုတာကို ကြည့်လိုက်တယ်။ သူအံ့ဩသွားတယ်။

ချောင်လန့် စာရွက်ကိုအကြာကြီးကြည့်ပြီးတော့ တစ်ခုခုမှားနေတာကို သူရှာတွေ့သွားတယ်။ " မဟုတ်သေးပါဘူး... ဒါနင်တွက်နေကျ စတိုင်မှမဟုတ်တာ။ နင်တစ်ယောက်ယောက်ကို မေးထားတာမလား။ "

" အင်း "

" ဘယ်သူ့ကို မေးလာတာလဲ "

ချောင်လန်က ပြုံးပြီးပြန်ကြည့်လိုက်တယ်။ "  ဉာဏ်ကြီးရှင်တစ်ယောက် "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now