အပိုင်း(၄)

6.8K 1.1K 33
                                    

Unicode
ချောင်ယွမ်က အလယ်တန်း ဒုတိယနှစ်တက်နေတာ။ သူက ဝပြီး အသားဖြူတယ်။ ဒါပေမဲ့ အရပ်တော့ အရမ်းမရှည်ဘူး။

ချောင်လန်ရဲ့မျက်နှာက ဝါပြီးပိန်နေပေမဲ့လို့ မိန်းကလေးအများစုက ကြီးထွားတာစောကြတော့ သူမက အရပ်တော့မပုဘူး။ အဲ့တော့ ဝတုတ်လေးချောင်ယွမ်ထက် သူမက ခေါင်းတစ်လုံးစာလောက်တောင် မြင့်နေတယ်။

ချောင်လန်က သူမအရှေ့မှာ ရပ်နေတဲ့ ချောင်ယွမ်ကိုငုံ့ကြည့်လိုက်ပြီး ချောင်ယွမ့်ရဲ့ပုခုံးတွေကို ကိုင်လိုက်တယ်။ သူဘာမှပြန်ပြီး မတုံ့ပြန်နိုင်ခင်မှာပဲ သူမက သူ့ကိုဘေးဘက်ကိုတွန်းလိုက်ပြ အခန်းအပြင်ကိုမောင်းထုတ်လိုက်တယ်။ ပြီးတော့ သူမတံခါးကိုပိတ်ပြီး လော့ချလိုက်တယ်။ အဲ့ဒါပြီးတော့မှ သူမက ပြန်ထိုင်ပြီး သူမရဲ့စာအုပ်ကို ဆက်ဖတ်နေလိုက်တယ်။

ချောင်ယွမ်က ကြောင်အသွားပြီး ကြမ်းပြင်ပေါ်မှာ အကြာကြီးထိုင်နေမိတယ်။ ပြီးတော့မှ သူရုတ်တရက်သတိပြန်ဝင်လာပြီး ချောင်လန့်ရဲ့ တံခါးဆီကို သွားကာ လက်နဲ့ ရိုက်တော့တယ်။ " နင်ကငါ့ကိုတောင်တွန်းရဲတယ်ပေါ့ ဟုတ်လား။ နင်အပြင်ကိုထွက်လာခဲ့စမ်း!!! နင့်မှာ ငါ့ကို မျက်နှာချင်းဆိုင်ဖို့ အရည်အချင်းရှိလို့လား။ ဟမ်။ အထဲမှာပဲ ပုန်းမနေနဲ့ အပြင်ကိုထွက်လာခဲ့လို့။ နင်အခု အပြင်ကိုထွက် မလာလို့ရှိရင် ငါနင့်ကိုပိုက်ဆံမပေးဘူးနော်။ တစ်ကယ်လို့ နင့်မှာ ပိုက်ဆံသာမရှိရင် နင့်ရဲ့ အတန်းဖော်တွေကို ဘယ်လိုချော့ပေါင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့။ "

စာအုပ်ထဲမှာ ရေးထားတာက ချောင်မိသားစုက သမီးချည်းပဲ သုံးယောက်တောင်ဆက်တိုက် မွေးခဲ့တာ။ ချောင်လန်က တတိယမြောက်သမီးဖြစ်တယ်။ ချောင်လန်မွေးလာတော့ ချောင်အဖွားကြီးနဲ့ အဖေချောင်တို့က သူမကို သင်္ချိုင်းမှာသွားပစ်ပြီး တိုက်ရိုက်ကို မီးရှို့ပြီးသတ်ပစ်ချင်တာတဲ့။ ဒါပေမဲ့ကလေးက ဆေးရုံမှာမွေးတာဆိုတော့ သူတို့အဲ့လိုမလုပ်ရဲခဲ့ကြဘူး။

စိတ်တွေတိုပြီးကြတဲ့နောက်မှာ နောက်ဆုံးတော့ ချောင်မိသားစုက သူတို့ရဲ့ ဆန္ဒတွေပြည့်ဝသွားခဲ့ကြပြီး သားလေးတစ်ယောက်ကိုမွေးခဲ့တယ်။ ချောင်မိသားစုထဲက လူတိုင်းက ချောင်ယွမ်လေးကို လက်ဖဝါးကနေကိုမချနိုင်အောင် ချစ်ခဲ့ကြတယ်။ ချောင်လန်ရဲ့ နေရာကတော့ အများစုက ချောင်ယွမ့်ကို အလုပ်အကျွေးပြုဖို့ပဲဖြစ်တယ်။ ချောင်ယွမ်ရဲ့ အဝတ်အစားတွေ ခြေအိတ်တွေကိုလျှော်ပေးရတယ်။ ချောင်ယွမ်မကြိုက်တဲ့ အစားအစာကိုပဲ ချောင်လန်က စားရတယ်။ ပြီးတော့ သူက သူမကို လက်သီးနဲ့ထိုးရင် ကန်ရင်တောင် ချောင်လန်က ဘာမှပြန်မပြောရဲဘူး။ ချောင်ယွမ်က သူ့အိတ်ကပ်တွေ ပြည့်လျှံနေတဲ့အထိ မုန့်ဖိုးတွေအများကြီးရတယ်။ တစ်ဖက်မှာတော့ ချောင်ယွမ်က အရမ်းဆင်းရဲတယ်။ ဆင်းရဲတာမှ ပေါင်မုန့်ကြမ်းလေးတစ်ခုဝယ်စားဖို့တောင် သူမမှာ သေသေချာချာ တွက်ချက်ပြီးမှ ဝယ်ရတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now