အပိုင်း(၁၂၂)

3.4K 633 17
                                    

Unicode

အမေချောင်က ရက်အတော်ကြာ ရူးနေခဲ့တယ်။ ဒါပေမဲ့ သူမက အခုထိ ပိုက်ဆံမရသေးဘူး။ ပြီးတော့ သူမက အတော်လေးလဲ အိုစာသွားတယ်။

သူမက ဆေးရုံမှာ ချောင်ယွမ့်ကို အဖွားချောင်နဲ့တူတူ စောင့်ရှောက်ပေးနေခဲ့တယ်။ ဆရာဝန်ပြောစကားတွေကို နားထောင်ပြီးတာ့ အဖွားချောင်က ခုံပေါ်ကနေ အမြန်ထလိုက်ပြီး ဆရာဝန်ကို သွားဆွဲကာ အမြန်ပြောလိုက်တယ်။ " ကျောက်ကပ်ကို ဝယ်စရာမလိုတော့ဘူး။ ကျွန်မမှာ မြေးမလေးတစ်ယောက်ရှိသေးတယ်။ မြေးလေးထက် အသက်၂နှစ်လောက်ပဲ ကြီးတာလေ။ လုံးဝလဲကျန်းမာတယ်။ သူမကျောက်ကပ်ကို ကျွန်မမြေးလေးထဲ ပြောင်းထည့်ပေးလို့ မရဘူးလား။ "

အမေချောင်ကလဲ ကြောင်သွားခဲ့တယ်။ ပြီးတော့ သူမက ရုတ်တရက် ခေါင်းကိုမော့လိုက်တယ်။ သူမမျက်လုံးတွေကလဲ ကမ္ဘာအသစ်ကို တွေ့လိုက်ရသလိုမျိုး တောက်ပသွားတယ်။ ဒါပေမဲ့ ဆရာဝန်ကတော့ ချက်ချင်းကိုပဲ မျက်ခုံးတွန့်သွားတယ်။

အဖွားချောင်ပြောတဲ့ မြေးမက ဒီမှာ မရှိဘူး။ ဒါပေမဲ့ အဖွားချောင်က သူမမြေးမရဲ့ ကျောက်ကပ်ကို မြေးလေးထဲကို ပြောင်းထည့်ပေးမယ်လို့ ချက်ချင်းပြောနေတယ်။ တစ်ကယ်လို့ မြေးမှာ ကျောက်ကပ်တစ်လုံးမရှိလို့ သေမယ်ဆိုရင် အဲ့တာဆို မြေးမက သူမကျောက်ကပ်ကို တစ်ခြားတစ်ယောက်ကို ပေးလိုက်မယ်ဆိုရင်လဲ သူမမှာ တစ်လုံးပဲ ကျန်တော့မှာလေ။ အဲ့တာကျတော့ ဘာလို့ စိတ်မပူကြတာလဲ။

ဆရာဝန်က ဒီလို ယောက်ျားလေးကို ပိုအလေးထားတဲ့ မိသားစုမျိုးကို တစ်ကယ်အရမ်းမုန်းတယ်။ အဲ့တာကြောင့် သူ့အသံက အေးစက်သွားတယ်။

" ဆွေမျိုးဆိုတိုင်းလဲ ကိုက်ညီတာ မဟုတ်ဘူး "

" ကိုက်ညီတာ မကိုက်ညီတာထားလိုက်ပါဦး။ တစ်ယောက်ယောက်ခေါ်ပြီး စစ်ခိုင်းပေးပါ။ တစ်ကယ်လို့ ကိုက်ညီတယ်ဆို ဘယ်လိုလုပ်မှာလဲ။ "

ဆရာဝန်က အချိန်အကြာကြီး တိတ်ဆိတ်သွားတယ်။ " ဒီလိုကိစ္စမျိုးက ကာယကံရှင်ရဲ့ သဘောတူညီချက်လဲ လိုသေးတယ်။ "

အဖွားချောင်က မျက်လုံးပြူးပြီး အော်လိုက်တယ်။ " သူမဒီလောက်ထိကြီးလာအောင် အိမ်ကထမင်းကျွေးလာခဲ့ရတာ မဟုတ်ဘူးလား။ ဘာလို့ သဘောတူတာက လိုနေဦးမှာလဲ။ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now