အပိုင်း(၄၉)

5.8K 1.1K 26
                                    

Unicode

အားလုံးက အပြင်မှာ ကစားနေကြတယ်။ အခန်းထဲမှာ ၅ယောက် ၆ယောက်လောက်ပဲ ကျန်ခဲ့တယ်။ သူတို့ကလဲ သူတို့အလုပ်သူတို့ လုပ်နေကြတာ။ သူတို့နဲ့ နီးနီးလေးမှာရှိနေတဲ့ ဖေးနင်ကပဲ တစ်ခုခုဖြစ်နေတာကို ခံစားလိုက်မိသလိုပဲ။ သူက သူ့အလိုလို ထန်းမော့နဲ့ ချောင်လန်တို့ဘက်ကို လှမ်းကြည့်လိုက်မိတယ်။ သူက အကြာကြီး တွေးနေပြီးတော့မှ ဂရုတစိုက်နဲ့မေးလိုက်တယ်။ " ငါကူပေးရမလား "

ချက်ချင်းကိုပဲ ထန်းမော့က လက်တွေကို ဆန့်ထုတ်လိုက်တယ်။ သူ့လက်ချောင်းတွေက ကြိုးနီလေးကို ဆုပ်ကိုင်လိုက်တယ်။

" မလိုဘူး "

ချောင်လန်ကလဲ အမြန်ကိုယ်ကို ကိုင်းပေးလိုက်တယ်။ အဲ့တာမှ ထန်းမော့ ဆွဲကြိုးကိုပိုပြီး ကောင်းကောင်း တပ်ပေးလို့ရအောင်လို့ပေါ့။

ဖေးနင်က ပြန်လှည့်သွားတယ်။ သူ့မျက်နှာမှာလဲ တွေဝေမိန်းမောနေတဲ့ အမူအရာကြီးနဲ့။ မနေနိုင်တော့ဘဲ သူနောက်တစ်ခေါက် လှည့်ကြည့်လိုက်မိတယ်။

ဒါပေမဲ့လဲ ထန်းမော့က တစ်ယောက်ယောက်ကို ဆွဲသီးလေးကူချည်ပေးရုံပဲကို သူ့မျက်နှာထားက လူတွေကို စိုးရိမ်ပူပန်စေတယ်။ သူက ဆွဲသီးကို မြဲမြဲကိုင်မထားမိလို့ မတော်တဆပြုတ်ကျသွားမှာကို ကြောက်နေသလိုမျိုး သူ့မျက်နှာမှာ ကြောက်ရွံ့မှုတစ်ချို့ ပေါ်နေတယ်။

ထန်းမော့က တစ်ကယ့်ကို စိတ်လှုပ်ရှားနေတာပါ။

သူတို့တစ်စားပွဲထဲမှာ တူတူထိုင်တဲ့ အချိန်အတောအတွင်းမှာ သူတို့၂ယောက်က တစ်ခါမှ ဒီလောက်မနီးဖူးဘူး။ ၄ ၅ခါလောက်တော့ ချောင်လန်က သူမအိပ်ပျော်သွားရင်နီးဖို့ ထန်းမော့ကို အကူအညီတောင်းဖူးတယ်။ ပြီးတော့ အဲ့တာမျိုးက အရမ်းနီးလွန်းနေပြီလို့ ထန်းမော့က အမြဲတွေးခဲ့တာ။ ဒါပေမဲ့ အခုတော သူတို့က အဲ့ထက်တောင် တစ်ယောက်နဲ့ တစ်ယောက်က အရမ်းနီးကပ်နေကြတယ်။

ကြိုးနီကို ကိုင်ထားတဲ့ ထန်းမော့ရဲ့ အေးစက်နေတဲ့ လက်ချောင်းတွေက အနည်းငယ် မငြိမ်မသက်ဖြစ်နေတယ်။ ပြီးတော့ သူ့လက်ချောင်းထိပ်လေးတွေက မတော်တဆ ချောင်လန့်ရဲ့ နွေးနေတဲ့ အရေပြားကို သွားထိမိတော့ သူ့လက်ချောင်းတွေက အလိုလို တုန်ရီသွားတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now