အပိုင်း(၁၄၉)

1.6K 243 9
                                    

Unicode

သူမက ခေါင်မိုးထပ်လေးကနေ ထွက်လာလိုက်ပြီး အခန်းထဲကို ပြန်သွားလိုက်တယ်။

အခန်းထဲမှာက အခုထိ လူစည်နေတုန်းပဲ။ ထန်းမော့နဲ့ဟောင်ရင်တို့ကြားက ပြိုင်ပွဲကတော့ အဆုံးသတ်နားကိုရောက်လာပြီ။

နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ။

ဘာလို့လဲဆိုတော့ ဟောင်ရင်က အရမ်းကိုမူးသွားပြီမလို့လေ။

ချောင်လန်တစ်ကယ်ကြောင်သွားခဲ့တယ်။ ၁၈၀စင်တီမီတာလောက်ရှည်တဲ့ ဟောင်ရင်က အခု သူနဲ့ညီအစ်ကိုလိုခင်ရတဲ့ သူငယ်ချင်းကိုဖက်ပြီး ငိုနေတာလေ။

ချောင်လန် အနားကိုရောက်လာတော့ ဟောင်ရင်က မျက်ရည်တွေကိုသုတ်လိုက်ပြီး ထန်းမော့ကို ကောင်းချီးဆုတောင်းပေးတာကို ကြားလိုက်ရတယ်။ " ငါမင်းတို့ကို ပျော်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်!! "

ထန်းမော့က မျက်နှာချင်းဆိုင်က ဆိုဖာပေါ်မှာထိုင်နေပြီး မလှုပ်မယှက်နဲ့ ဘာကိုမှ ဂရုမစိုက်တဲ့ပုံစံနဲ့ ပြောလိုက်တယ်။ " ကျေးဇူး "

" ငါစိတ်ထဲမှာ သေလောက်အောင်ကို နေလို့မကောင်းဘူး။ " ဟောင်ရင်ကဆက်ပြီး အော်နေတုန်းပဲ။ မူးနေပြီဆိုတော့ စိတ်ထဲမှာ ရှိသမျှအကုန်လုံး ထွက်လာတော့တာပဲ။ " ငါ့ဘဝမှာ ပထမဆုံး တစ်ယောက်ယောက်ကို အရင်စပြီးလိုက်မိပါတယ်။ ဒါပေမဲ့ သူများလုသွားတာ ခံလိုက်ရတယ်ကွာ။ "

ချောင်လန် : .......ဘယ်လိုကနေ အလုခံရတာက ပါလာတာလဲ... သူမက ဟောင်ရင့်ထက် ထန်းမော့ကို အရင်စောသိတာပါနော်....

သူမက ထန်းမော့ဘေးမှာထိုင်လိုက်ပြီး သူ့ကိုဘယ်လိုနေသေးလဲလို့ မေးလိုက်တယ်။

" အဆင်ပြေပါတယ် " ထန်းမော့က သူမကိုတစ်ချက်ကြည့်လိုက်ပြီး ပြီးတော့ ဟောင်ရင့်ကိုကြည့်လိုက်ကာ ပထမဆုံးအနေနဲ့ ကြင်နာစွာ ပြောလိုက်တယ်။ " မင်းမကြာခင် ရည်းစားရပါစေလို့ ငါဆုတောင်းပေးပါတယ်။ "

ဟောင်ရင်က လက်ကိုယမ်းပြလိုက်ပြီး " ငါအခုမရှာသေးဘူး။ ငါအခု အရမ်းဝမ်းနည်းနေတယ်။ " သူကခေါင်းကိုမော့လိုက်ပြီး ချောင်လန့်ကိုကြည့်လိုက်တယ်။ သူက အရမ်းကိုတောက်ပတဲ့မျက်လုံးတစ်စုံနဲ့ ချောင်လန့်ကိုကြည့်ပြီး ချစ်ခြင်းတွေအပြည့်နဲ့ ပြောလိုက်တယ်။ " သူက နင့်ကိုမလိုချင်တော့ဘူး၊ နင်သူနဲ့ လမ်းခွဲမယ်ဆိုရင် ငါ့ဆီပြန်လာဖို့ မမေ့နဲ့နော်။ ငါက အမြဲတမ်းစောင့်နေ..... "

You've reached the end of published parts.

⏰ Last updated: Mar 04 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now