အပိုင်း(၄၄)

6.1K 1.1K 32
                                    

Unicode
အတန်းပိုင်ဆရာက ဝင်လာလာချင်းမှာပဲ နောက်ဆုံးမှာထိုင်နေတဲ့ ထန်းမော့ကို မြင်လိုက်တယ်။ ကောင်လေးက ဆံပင်ညှပ်လိုက်တော့ သူ့တစ်ကိုယ်လုံးက လုံးဝမတူတော့ဘူး။ သူ့အဆင့်တွေကြောင့်လားတော့မသိဘူး အတန်းပိုင်ဆရာက ထန်းမော့ကို ရတနာတစ်ခုကို ကြည့်သလိုမျိုး ကြည့်နေတယ်။

တစ်ခြားကျောင်းသားတွေလိုမျိုး စိတ်လှုပ်ရှားနေတာတို့ စိုးရိမ်ပူပန်နေတာတို မရှိဘဲ ဒီကလေးက မလှုပ်မယှက် ထိုင်နေတယ်။ သူ့မျက်နှာမှာလဲ ဘာအမူအရာမှ မရှိဘူး။ အားလုံးက ထိုင်ခုံနေရာပြောင်းဖို့ကို စောင့်မျှော်နေကြတဲ့အချိန်မှာ သူက ဘာကိုမှ မစောင့်မျှော်နေတဲ့ အတိုင်းကြီးပဲ။

ဒါပေမဲ့ အခုအချိန်မှာ ထန်းမော့က စိုးရိမ်ပူပန်နေတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ဘူး။

သူက လက်တွေကို wheelchair ပေါ်မှာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတယ်။ သူ့မျက်လုံးတွကလဲ တင်းအားကြောင့် တောင့်နေတယ်။ ခဏ ခဏတိုင်း သူက ချောင်လန့်ကို ခိုးခိုးကြည့်နေတယ်။ ပြီးတော့ ပြန်ရုတ်လိုက်တယ်။

မကြာခင်မှာပဲ သူက ချောင်လန်နဲ့ တစ်ခုံထဲမှာ တူတူထိုင်ရတော့တယ်။

ဘာပဲပြောပြော သူက စာမေးပွဲမှာ အဆင့်၁ရထားတာပဲလေ။ ပြီးတော့ အတန်းပိုင်ဆရာကလဲ သူ့ကို နေရာပြောင်းပေးဖို့ သဘောတူလိုက်ပြီးပြီ။ ဒါက ပြောင်းလဲလို့မရနိုင်တဲ့ အမှန်တရားတစ်ခုပဲ။

ဒါပေမဲ့...

ထန်းမော့က ချောင်လန့်ကို အလိုလို လှမ်းကြည့်လိုက်တယ်။ ဖေးနင်က ချောင်လန့်ကို စကားပြောနေတယ်။ ဒီဘက်ကနေကြည့်ရင် ချောင်လန်ရဲ့ ပြုံးနေတဲ့ မျက်နှာလေးကို မြင်နေရတယ်။

သူမက ပြုံးပြီး ဖေးနင်နဲ့ စကားပြောနေတယ်။

သူမနဲ့ ဖေးနင်က တစ်ကယ့်ကို ဆက်ဆံရေးကောင်းတယ်။ ဒါကို ချောင်လန် သူ့ရှေ့မှာ ထိုင်ကထဲက သူသိထားပြီးသားပါ။ သူတို့၂ယောက်က သူနဲ့ သူမတို့ စကားပြောတာထက် အများကြီး ပိုစကားပြောကြတယ်။

ချောင်လန်ကရော သူနဲ့ ထပ်တူ ခံစားမိလား။ ပြီးတော့ သူတို့ တူတူထိုင်ရဖို့ ဆန္ဒရှိလား။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now