အပိုင်း(၇၉)

4.7K 887 15
                                    

Unicode

ဒီလိုအကြည့်နောက်ဆုံးအကြိမ်ပေါ်လာတာက ချောင်လန်က ထန်းမော့ကို အနောက်တိုင်းစားသောက်ဆိုင်ကိုမလာနဲ့တော့ လို့ပြောလိုက်တဲ့အချိန်တုန်းကလေ။ အဲ့တာက ဟိုးးးအရင်တုန်းကကြီးကို။

ချောင်လန်က ရုတ်တရက်လန့်သွားပြီး ထန်းမော့ လက်မောင်းကို သူ့အလိုလိုဆွဲလိုက်မိတယ်။ " နင်ဘာဖြစ်လို့လဲ "

ထန်းမော့က သူမကို ၂စက္ကန့်၃စက္ကန့်လောက် စိုက်ကြည့်နေပြီး ရုတ်တရက် နိုးလာသလိုမျိုး ဖြစ်သွားတယ်။

ဒီစာသင်ခန်းက ချောင်လန့်အတွက်အရမ်းကောင်းတယ်။ ပထမနှစ်တုန်းကလို သူမကို မခင်တဲ့အတန်းဖော်တွေလဲ မရှိဘူး။ ဒီအတန်းဖော်တွေက ချောင်လန့်ကိုဆို အရမ်းအားတက်သရော ကြိုဆိုကြတာကို ထန်းမော့တောင် မြင်နိုင်နေတယ်။ အထူးသဖြင့် ကောင်လေးတွေပေါ့။

ချောင်လန့်ရဲ့ထိုင်ခုံပတ်ပတ်လည်မှာ ပထမနှစ်တုန်းကလို သူမနားမှာရှိနေတာက ဖေးနင်တစ်ယောက်ထဲ မဟုတ်တော့ဘူး။ အခု နေ့တိုင်းနေ့ အတန်းပြီးပြီဆိုရင် သူမနားမှာ အကြောင်းပြချက်မျိုးစုံနဲ့ လာစုနေကြတဲ့လူတွေအများကြီး ရှိနေတယ်။ ချောင်လန့်ကို စကားလာလာပြောကြတဲ့ လူအရေအတွက်က ရုတ်တရက်ကြီး တိုးလာခဲ့တယ်။ အခန်း၁၃တုန်းက စုန့်ယောင်လိုပဲ။

ထန်းမော့က မတုံးဘူး။ သူက ခံစားချက်တွေကို သိပ်နားမလည်ဘူးဆိုပေမဲ့ ချောင်လန်က အခန်း၁၃တုန်းက နာမည်မကြီးဘူးဆိုတာ သူသိတယ်။ ပြီးတော့ သူမက အပယ်တောင်ခံခဲ့ရသေးတာ။

လူ၂ယောက်က တူညီတဲ့အခြေအနေတွေထဲမှာ ဆိုရင် သူတို့က အမြဲတမ်း ရင်းနီးတဲ့ ခံစားချက်တစ်ခု သူ့အလိုလို ခံစားရတယ်။ သူတို့၂ယောက်လုံးက နာမည်မကြီးဘူး။ ပြီးတော့ တစ်ခြားသူငယ်ချင်းလဲ မရှိကြဘူး။ အဲ့တာကြောင့် တစ်ခြားဘယ်သူမှ ဝင်မလာနိုင်တဲ့ သူတို့၂ယောက်ထဲပဲရှိတဲ့ သီးသန့်ကမ္ဘာထဲရောက်နေတယ်လို့ ထင်ယောင်ထင်မှား ဖြစ်နိုင်တယ်။ အဲ့တာကြောင့် ဖေးနင်က နေ့တိုင်းနေ့ ချောင်လန့်ကို စကားလာပြောရင်တောင် ထန်းမော့က ဖေးနင်ကို တစ်ကယ်ကြီး မမုန်းပါဘူး။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now