အပိုင်း(၅၅)

5.6K 1.1K 20
                                    

Unicode
ချောင်မိသားစုဘက်မှာတော့ ချောင်လန်က ချောင်ယွမ့်ကို အစကနေ အဆုံးထိ စာပြမပေးခဲ့ဘူး။ သူမမှာ အချိန်လဲမရှိဘူး။ ပြီးကို သူ့ကို ကူလဲ မပြပေးချင်ဘူးလေ။

ကံကောင်းစွာနဲ့ပဲ ချောင်လန်က သူမရဲ့ အားလပ်ရက်အများစုကို အနောက်တိုင်းစားသောက်ဆိုင်မှာပဲ ကုန်ဆုံးခဲ့တယ်။ သူမက စားသောက်ဆိုင်မှာပဲ စားတဲ့အတွက် အိမ်ပြန်စရာမလိုဘူး။ သူမက မနက်တိုင်း အိမ်ကနေ အစောကြီးထွက်သွားပြီး ညကျ ၁၂နာရီကျော်မှ ပြန်လာတယ်။ ဒါပေမဲ့ သူမ ချောင်မိသားစုနဲ့တော့ ရန်မဖြစ်နိုင်ဘူး။

အဖေချောင်နဲ့ အမေချောင်တို့က အံကြိတ်ပြီး ချောင်ယွမ့်ကို ကျောင်းကဆရာတစ်ယောက်အိမ်မှာ ကျူရှင်ယူခိုင်းတယ်လို့ သူမကြားတယ်။ အတန်းတစ်ခုကို ယွမ်၁၀၀ပေးရတယ်။ ပြီးတော့ သူက အတန်းတစ်ခုထက်ပိုလိုနေတော့ ဆောင်းရာသီပိတ်ရက်တစ်ခုလုံးရဲ့ ကျူရှင်ခတွေက ယွမ်ထောင်ကျော်တောင် ကျသွားတာပေါ့။

အဲ့တာကြောင့် တစ်ခါတစ်လေ ချောင်လန် အိမ်ပြန်လာလို့ TVကြည့်နေတဲ့ အမေချောင်နဲ့ တိုးမိလို့ရှိရင် အမေချောင်က ချောင်လန်က သူမကို ပိုက်ဆံအကြွေးတင်နေတဲ့ ပုံစံကြီးနဲ့ ချောင်လန့်ကို ကြည့်တယ်။

ချောင်လန်က သူမအခန်းတံခါးကို ပိတ်လိုက်ပြီး ဒီ semester ကျရင် ကျောင်းအဆောင်လျှောက်ရင်ကောင်းမလားဆိုတာ တွေးနေခဲ့တယ်။ ချောင်မိသားစုကလူတွေနဲ့ နေ့တိုင်းနေ့ မျက်နှာချင်းဆိုင်တွေ့နေရတာ အရမ်းပင်ပန်းလွန်းတယ်။

ဒါပေမဲ့ ကျောင်းအဆောင်မှာနေတဲ့ ကျောင်းသူကျောင်းသားတွေက ည၁၁နာရီကျော်ရင် အပြင်မထွက်ရဆိုတဲ့ စည်းကမ်းရှိတယ်။ သူမက ညမှာပဲ အလုပ်လုပ်ရတာလေ။ အဲ့တော့ ၁၂နာရီမတိုင်ခင်အထိ ပြန်လာလို့ရမှာ မဟုတ်ဘူး။ ဒါက ပြဿနာပဲ။

၂ဖက်လုံးပြေလည်စေမယ့် နည်းလမ်းကောင်းကောင်းကို သူမ စဥ်းစားလို့မရဘူး။ အဲ့တာကြောင့် ကျောင်းအဆောင်မှာနေမဲ့ အတွေးကို ပယ်ဖျက်ပစ်ရုံပဲရှိတော့တယ်။ သူမ ပထမနှစ်ပြီးတဲ့အချိန်ထိ စောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတာနဲ့ ဒုတိယနှစ်စတာနဲ့ ကျောင်းအဆောင်ကို ချက်ချင်းလျှောက်လိုက်မယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Hikayelerin yaşadığı yer. Şimdi keşfedin