အပိုင်း(၉၁)

3.8K 674 2
                                    

Unicode
ချောင်လန်နဲ့ ပိုင်ယွီတို့ အဆောင်ကိုပြန်ရောက်လာတော့ ရှန်းရှောင်ဟန်က အဆောင်က ယန်မိန်လို့ ခေါ်တဲ့ နောက်ထပ်ကောင်မလေးတစ်ယောက်နဲ့ စကားများနေကြတယ်။

ချောင်လန်နေတဲ့ အဆောင်ခန်းမှာ စုစုပေါင်း၈ယောက်ရှိတယ်။ ဒါပေမဲ့ တစ်ကယ်တမ်းကြည့်ရင် ၃ ၄ဖွဲ့လောက်ကွဲနေတာဖြစ်တယ်။ အားလုံးက တစ်ခန်းထဲမှာ နေရတာလေ။ အကုန်ခြုံကြည့်လိုက်မယ်ဆိုရင်တော့ သူတို့က အရမ်းကြီးခင်နေကြတာတော့ မဟုတ်ဘူး။ နေ့တိုင်း ဟိုနားဒီနား အသေးအမွှားပြဿနာလေးတွေတော့ ရှိကြတာပေါ့။

ဒါပေမဲ့ ဒီလိုပေါ်တင်ကြီး ရန်ဖြစ်တာတော့ ရှားပါတယ်။

ချောင်လန်နဲ့ ပိုင်ယွီတို့ ဝင်လာတော့ စကားများနေကြတဲ့ လူတွေအပြင် အဆောင်ခန်းထဲမှာ နောက်ထပ်ကောင်မလေး၂ယောက်ရှိသေးတယ်။ တစ်ယောက်က ရှန်းရှောင်ဟန်ရဲ့ အလယ်တန်းကထဲက သူငယ်ချင်းဖြစ်တယ်။ အဲ့တစ်ယောက်က ရှန်းရှောင်ဟန်နဲ့ အလယ်တန်းမှသိတာမဟုတ်ဘူး၊ မူလတန်းမှာကထဲက ခင်တာလို့လဲ ချောင်လန်ကြားတယ်။ သူတို့၂ယောက်က အရမ်းခင်ကြတယ်။

ရှန်းရှောင်ဟန်က ဒီကောင်မလေး၂ယောက်ကို သူတို့အဆောင်ခန်းထဲကို မကြာခဏခေါ်ခေါ်လာလေ့ရှိတယ်။ ချောင်လန်ကလဲ သူတို့ကိုမြင်ရင် ခေါင်းညိတ်ပြပြီး နှုတ်ဆတ်လိုက်တယ်။

အခုလက်ရှိမှာ ရှန်းရှောင်ဟန်နဲ့ ယန်မိန်တို့က စကားများနေကြတယ်။ ကောင်မလေး၂ယောက်က ဘေးမှာရပ်နေပြီး ရှက်နေကြတယ်။ ချောင်လန်နဲ့ ပိုင်ယွီတို့လဲ ခဏလောက်နားထောင်လိုက်တော့ သူတို့ ဘာလို့ စကားများကြတာလဲဆိုတာ နားလည်သွားကြတယ်။

အခန်း၁၈ကိုဝင်လို့ရတဲ့ ကျောင်းသားကျောင်းသူတွေက တစ်ချိန်တုန်းက သူတို့ကိုယ်ပိုင်အခန်းထဲမှာ ထိပ်တန်းကျောင်းသားကျောင်းသူတွေ ဖြစ်ခဲ့တာလေ။ ဒါပေမဲ့ ဒုတိယနှစ်မှာ ဒီကျောင်းသူကျောင်းသားတွေကို အခန်း၁၈ထဲကို အတူတူပေါင်းထည့်လိုက်တော့ သူတို့က အရင်ကလိုအခန်းထဲမှာ အဆင့်၁၊ ၂ မရတော့ဘူးလေ။

ချောင်လန်က အဆောင်ခန်းထဲမှာ အဆင့်အကောင်းဆုံးပဲ။ ဘာပဲပြောပြော သူမက တစ်နှစ်လုံးရဲ့ အဆင့်၂နေရာကို မြဲမြဲထိန်းထားနိုင်ခဲ့တာပဲလေ။ တစ်ဖက်မှာတော့ ရှန်းရှောင်ဟန်က အဆောင်ခန်းထဲမှာ အဆင့်ကအဆိုးဆုံးဖြစ်တယ်။ သူမအဆင့်တွေက အခန်း၁၈မှာ အလယ်နားလောက် ဒါမှမဟုတ် အောက်ပိုင်းနားမှာ ရှိနေတာလေ။ ဒါပေမဲ့ သူမက တစ်နှစ်လုံးမှာတော့ ထိပ်ဆုံးအယောက်၂၀၀ထဲတော့ ဝင်ပါသေးတယ်။ ယန်မိန်နဲ့ ပိုင်ယွီတို့က အတူတူလောက်ပဲ။ အလယ်နားလောက်မှာ။ ဒါပေမဲ့ ယန်မိန်က ပိုင်ယွီထက် နည်းနည်းလေး ပိုသာတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now