အပိုင်း(၈၀)

5K 848 7
                                    

Unicode

အပတ်တိုင်းချောင်လန်လာပြီဆိုရင် အန်တီချန်က အစားအသောက်တွေအများကြီးပဲ ပြင်ဆင်ပေးတယ်။ ချောင်လန်စားလို့ပြီးသွားတော့ သူမက အန်တီချန့်ကို သွားပြီး ပန်းကန်သွားကူဆေးတယ်။ ဒါပေမဲ့ အန်တီချန်က သူမကို ကန်ထုတ်လိုက်ပြီး ထန်းမော့နဲ့ စကားသွားပြောချည်လို့ ပြောလိုက်တယ်။

ချောင်လန်က ပြုံးလိုက်ပြီး မီးဖိုချောင်ထဲက ထွက်လာခဲ့တယ်။ သူမထန်းမော့ကို ရှာတွေ့တော့ ထန်းမော့က စာပဲဖတ်နေတာကို သူမတွေ့လိုက်ရတယ်။

ချောင်လန်က သူ့ဘေးမှာထိုင်လိုက်ပြီး သူ့ကိုအကြာကြီးကြည့်နေကာ ပြောလိုက်တယ်။ " ထန်းမော့ တစ်ခါတစ်လေကျရင် စာဖတ်တာအပြင် နင်တစ်ခြားဟာတွေလဲ လုပ်လို့ရသေးတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေ ပြီးတော့ ရုပ်ရှင်ကားတွေက စာအုပ်တွေကိုဖတ်တာထက်ပိုပြီး နားလည်ရလွယ်တယ်။ အဲ့တာတွေထဲမှာဆိုရင် အထူးသဖြင့် ဇာတ်ကောင်တွေရဲ့ ခံစားချက်တွေကို နင်ပိုမြင်နိုင်တယ်။ "

ထန်းမော့က စာအုပ်ကိုပိတ်လိုက်ပြီး ပြန်ပြောလိုက်တယ်။ " နင်က ဘာကြည့်မှာလဲ "

ချောင်လန်က ဒီတိုင်းပဲ ပြောကြည့်တာပါ။ ဒါပေမဲ့ ထန်းမော့က ဒီလောက်မြန်မြန်ကြီး လက်ခံလိုက်လိမ့်မယ်လို့ သူမမထင်ထားခဲ့ဘူး။ ခဏလောက်စဥ်းစားလိုက်ပြီး အမြန်ပြောလိုက်တယ်။ " ငါ့အထင်တော့ နင်က သိပ္ပံစိတ်ကူးယဥ်ဇာတ်ကားတွေကို အရမ်းစိတ်ဝင်စားလောက်မယ် ထင်တာပဲ။ ဒါပေမဲ့ ငါကတော့ နင့်ကို ခံစားရတဲ့ ရုပ်ရှင်ကားတွေကို ကြည့်သင့်တယ်လို့ အကြံပေးချင်တယ်။ "

အချစ်၊ မိသားစု၊ သူငယ်ချင်း..... အစရှိသဖြင့်ပေါ့။ အကုန်ရတယ်။

" ငါအသေးစိတ်ကိုတော့ ခဏလေးနဲ့တော့ စဥ်းစားလို့မရဘူး။ ငါအချိန်ရရင် အွန်လိုင်းပေါ်မှာ ရှာထားမယ်လေ။ အဲ့ဒီ့ ဂန္တာဝင်ဇာတ်ကားတွေက အရမ်းကောင်းတာနော်။ "

ထန်းမော့က သူ့ဖုန်းကိုထုတ်လိုက်ပြီး စာအချို့ကိုရိုက်လိုက်ပြီး ရုပ်ရှင်ခေါင်းစဥ်တွေ တစ်သီကြီးကို ရှာလိုက်တယ်။ ကမ္ဘာကျော်နာမည်ကြီး ရုပ်ရှင်မျိုးစုံပဲ။ The Legend of 1900, Titanic, Edward Scissorgands,..... အစရှိသဖြင့်ပေါ့။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now