အပိုင်း(၆၇)

5.2K 1K 27
                                    

Unicode
သူမက ဒီရက်ပိုင်း အရမ်းအားနေတာ။ အဲ့တော့ ချောင်လန်က တစ်ခါတစ်လေ ထန်းမော့အကြောင်းကိုတွေးနေမိတယ်။

သူမက ဒီကမ္ဘာကိုတည်ဆောက်ထားတဲ့ ဝတ္ထုစာအုပ်ရဲ့နာမည်ကိုမှတ်မိတယ်။ ဒါပေမဲ့ အခုဒီကမ္ဘာမှာ သူမအဲ့စာအုပ်ကို လုံးဝရှာလို့မတွေ့ဘူး။ အဲ့တော့ ချောင်လန်လဲ သူမမှတ်ဥာဏ်ကိုပဲ အားကိုးပြီး စာအုပ်ထဲက အကြောင်းအရာတွေကို ပြန်မှတ်မိအောင်လုပ်ရတော့တယ်။

ထန်းမော့က အရံဇာတ်ကောင်တစ်ယောက်။ ဒါပေမဲ့ သူကဒုတိယအရံဇာတ်ကောင်လဲ မဟုတ်ဘူး။ အဲ့တော့ သူက ဝတ္ထုထဲမှာ အများကြီးမပါဘူး။ ဒါပေမဲ့ သူပေါ်လာတဲ့အချိန်တိုင်း သူက ချောင်လန့်ကို အံ့အားသင့်စေခဲ့တယ်။

စာအုပ်ထဲမှာ ထန်းမော့ပထမဆုံးပေါ်လာတဲ့အချိန်ကလဲ ဒီအထက်တန်းပထမနှစ်မှာပဲ။ ဒါပေမဲ့နောက်တော့ သူက သူ့အတန်းဖော်တွေဆီကနေ အမြဲအနိုင်ကျင့်ခံရတာကြောင့် ကျောင်းထွက်ခဲ့တယ်။ ဇာတ်လိုက်နဲ့ဇာတ်လိုက်မတို့ တက္ကသိုလ်တက်တဲ့အချိန်ရောက်မှ သူကနောက်တစ်ခေါက်ပြန်ပေါ်လာခဲ့တယ်။

အဲ့အချိန်ကပဲ ထန်းမော့က စာဖတ်သူတော်တော်များများကို ဆွဲဆောင်နိုင်ခဲ့တာ။ ဇာတ်လိုက်မဖြစ်တဲ့စုန့်ယောင်က သူ့ကို ၃ ၄ ၅ခါလောက်ဂရုစိုက်ဖူးတာကို သူကမှတ်မိတာကြောင့် သူက သူ့ရဲ့ခိုင်မာတောင့်တင်းတဲ့ ငွေကြေးအရင်အမြစ်တွေနဲ့ အထူးကောင်းမွန်တဲ့ စီးပွားရေးတွေကို မှီခိုပြီး ဇာတ်လိုက်မင်းသား စီးပွားရေးအကျပ်အတည်းဖြစ်နေတဲ့အချိန်မှာ ကူညီပေးခဲ့တယ်။ ဒါပေမဲ့ သူကနောက်ဆုံးတော့ကောင်းကောင်းနေနိုင်တော့မယ်လို့ အားလုံးကထင်နေကြတဲ့အချိန်မှာပဲ သူ့ရဲ့ depression က ပိုပိုပြီးဆိုးရွားလာခဲ့တယ်။

နောက်ဆုံးတော့ ၂နှစ်ကြာပြီးတော့ ထန်းမော့က ကိုယ့်ကိုယ်ကို အဆုံးစီရင်တာကနေ သေဆုံးသွားခဲ့တယ်။

ချောင်လန်က ဒါကိုမြင်လိုက်တဲ့အချိန်မှာ အဲ့ဝတ္ထုကို ဆက်မဖတ်ခဲ့တော့ဘူး။ သူမအကြိုက်ဆုံးဇာတ်ကောင်က မရှိတော့ဘူး။ ပြီးတော့ ချောင်လန်က ဇာတ်လိုက်နဲ့ ဇာတ်လိုက်မအကြောင်းကို နည်းနည်းလေးမှ စိတ်မဝင်စားဘူးလေ။

ဗီလိန်ရဲ့ လမ်းပြကြယ်Opowieści tętniące życiem. Odkryj je teraz