အပိုင်း(၂၈)

6.3K 1.1K 37
                                    

Unicode
ထိုင်ခုံနေရာပြောင်းတာက တစ်ပတ်လောက်ရှိသွားပြီ။ ပြီးတော့ ချန်ယောင်းရန်က ဒီပြဿနာကို ဘယ်တုန်းကမှနားလည်အောင် မကြိုးစားခဲ့ဘူး။

ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာ ချောင်လန်က ဖေးနင်နဲ့ တစ်စားပွဲထဲမှာ ထိုင်တယ်။ ပြီးတော့ သူမက သူမအနောက်မှာ ထိုင်တဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့လဲ ပုံမန်လိုပဲ ပြောဆို ဆက်ဆံတယ်။ ဒါပေမဲ့ သူမ ဘယ်ဘက်ဘေးမှာထိုင်တဲ့ သူ့ကိုတော့ ဘာအဆက်အသွယ်မှ မလုပ်ခဲ့ဘူး။

ဒါက လုံးဝကို သိသာလွန်းနေတယ်။ ပြီးတော့ ဒါက သေချာပေါက်ကို ပုံမှန်ဟုတ်မနေဘူး။

သူမက တစ်ကယ်ကြီး ကစားပွဲကို ခက်အောင်လုပ်နေတာလား။ ချောင်လန် နည်းနည်းတော့ လွန်သွားပြီ။

ဒီနေ့ အတန်းချိန်က တရုတ်စာ Self-study ချိန်ဖြစ်တယ်။ ဆရာကလဲ ကျောင်းသားတွေစာလုပ်နေတာကို စောင့်ကြည့်နေတယ်။ စာသင်ခန်းကို တစ်ပတ်လောက်ပတ်လျှောက်ပြီးတဲ့ အချိန်မှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ရုတ်တရက် ကြေညာလိုက်တယ်။

အဲ့ဒါကတော့ ထိုင်ခုံနေရာပြောင်းတဲ့ အကြောင်းပဲဖြစ်တယ်။

အဓိကကတော့ ချန်ယောင်းရန်က ပြဿနာဖြစ်နေလို့ပဲဖြစ်တယ်။

ချန်ယောင်းရန်က အရပ်အရမ်းရှည်လွန်းတယ်။ ပြီးတော့ သူက ရှေ့ဆုံးတန်းမှာထိုင်နေတော့ သူ့နောက်က ကျောင်းသားတွေက အရှေ့က ကျောက်သင်ပုန်းကို သေချာမမြင်ကြရဘူး။ ဒါပေမဲ့ ချန်ယောင်းရန်ကို အနောက်ကို ပြောင်းထိုင်ခိုင်းဖို့ရာကလဲ မဖြစ်နိုင်တဲ့ အတွက် အတန်းပိုင်ဆရာက နောက်နည်းလမ်းတစ်ခုကို ပြောလာတယ်။

" နောက်အပတ်ကစပြီး groups တွေ rows တွေက rotate လုပ်ရမယ်။ groups တွေကညာဘက်ကို ရွှေ့ရမယ်။ ပြီးတော့ rowsတွေက အရှေ့ကို တိုးရမယ်။ "

ဒါက ပြောရမယ်ဆိုရင် ပထမ group က နောက်အပတ်ကျရင် ဒုတိယgroup နေရာကို ပြောင်းရမယ်။ ပြီးတော့ ဒုတိယ gp က တတိယ gp ကို ပြောင်းရမယ်။ ထိုင်ခုံအတွက်ကတော့ ဒုတိယ Row က ပထမrow ကို ပြောင်းရမယ်။ ပြီးတော့ ပထမဆုံး rowကတော့ နောက်ဆုံးrow ကို ပြောင်းရမယ်။ အဲ့တာကို ထပ်ခါထပ်ခါလုပ်ရမှာပေါ့။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now