အပိုင်း(၅၆)

5.6K 1.1K 39
                                    

Unicode
စားသောက်ဆိုင်ကလူအားလုံးက ထန်းမော့နဲ့ သူမတို့ရဲ့ ဆက်ဆံရေးကို အထင်လွဲနေကြတယ်။ သူမနဲ့ ထန်းမော့တို့က ဒီတိုင်း အတန်းဖော် သူငယ်ချင်းပါပဲလို့ ချောင်လန်ဘယ်လောက်ပဲ ရှင်းပြရှင်းပြ သူမကို ဘယ်သူမှ မယုံကြည်ကြဘူး။

ချောင်လန်က သူတို့ကို Asperger ရောဂါဆိုတာ ဘာလဲဆိုတာ ရှင်းပြဖို့ မလိုဘူးဆိုတော့ သူမဒီတိုင်းပဲ ထားလိုက်တော့တယ်။

ဦးလေးချန်နဲ့ ထန်းမော့တို့ဆီလျှောက်သွားလိုက်ပြီး သူတို့ကို နှုတ်ဆက်လိုက်တယ်။ ဦးလေးချန်က သူမကို ပြုံးပြီး ကြည့်လိုက်တယ်။ " ဦးလေးက တစ်လလောက်မတွေ့လိုက်ရတာနဲ့ သမီးက အသားပိုဖြူလာသလိုပဲ။ "

" ဆောင်းတွင်းမှာ အားလုံးက အသားဖြူလာကြတာပါပဲ " ချောင်လန်က ထန်းမော့ကို ငုံ့ကြည့်လိုက်ပြီး ပြောလိုက်တယ်။ " ဒီနေ့ နင့်ရဲ့ အကြိုက်ဆုံးနေရာမှာ ဘယ်သူမှမရှိဘူး။ သွားကြစို့။ "

ဝင်လာကထဲက ချောင်လန့်ကိုပဲ စိုက်ကြည့်နေတဲ့ ထန်းမော့တစ်ယောက် နောက်ဆုံးတော့ ပါးစပ်ဖွင့်လာခဲ့တယ်။ " အင်း "

သူ သူမကို မတွေ့ရတာ တစ်လလောက်ရှိပြီ။

တစ်ကယ်လို့ တစ်ချို့ကိစ္စတွေက သူ့ကို အတင်းနေခိုင်းခဲ့တာမဟုတ်ရင် သူ ဒီကို ဒီထက်ပိုစောစော ပြန်လာခဲ့မှာ။

ချောင်လန့်ကို ပြန်တွေ့လိုက်ရတဲ့ ခံစားချက်က ဒီကိုမလာခင်တုန်းက သူတွေးတောထားတာထက် အများကြီး ပိုကောင်းတယ်။

ထန်းမော့က သူမကို မစိုက်ကြည့်ပဲ မနေနိုင်ခဲ့ဘူး။ ပြီးတော့ အဲ့လိုလဲ သူလုပ်ခဲ့တယ်လေ။

ခုနလေးတုန်းက ဦးလေးချန်က ပြောတယ် ချောင်လန်က အရင်ကထက် အသားပိုဖြူလာတယ်တဲ့။ ဒါပေမဲ့ ထန်းမော့ သူမကို အနီးကပ်ကြည့်ကြည့်တော့ သူမမြင်ရပါဘူး။

ဒါပေမဲ့ သူ ဦးလေးချန်ပြောတာကို စဥ်းစားမိသွားတော့ အဓိပ္ပာယ်ရှိသားပဲ။ ချောင်လန်က ဆောင်းရာသီကျောင်းပိတ်ရက်တစ်လျှောက်လုံး အလုပ်ရှုပ်နေခဲ့တာလေ။ ပြီးတော့ သူ့လို ဘယ်သူကမှ သူမကို အစားအသောက်ကောင်းတာတွေ မကျွေးကြဘူးလေ။ အဲ့တော့ သူမက အာဟာရချို့တဲ့ နေမှာပဲ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now