အပိုင်း(၉၅)

4K 690 12
                                    

Unicode
တနင်္ဂနွေနေ့မှာ ချောင်လန်က ပုံမန်လိုပဲ ဘတ်စ်ကားစီးပြီး ကျောင်းကိုပြန်ဖို့ လုပ်လိုက်တယ်။ ဘာပဲပြောပြော သူမက တနင်္ဂနွေညကျ နောက်ကျတဲ့အထိ စာလုပ်ရမှာလေ။ ဒါပေမဲ့ အပြင်မှာ မိုးသည်းနေလိမ့်မယ်လို့တော့ သူမမထင်ထားခဲ့ဘူး။

ဦးလေးချန်က အပြင်ကို တစ်ချက်ကြည့်လိုက်ပြီး အနောက်ကိုလှည့်လိုက်ကာ ချောင်လန့်ကို ပြောလိုက်တယ်။ " လန်လန် ဒီနေ့အလောတကြီးမသွားနဲ့တော့။ ခဏနေရင် ဦးလေး သမီးကို ကျောင်းကို လိုက်ပို့ပေးမယ်။ မငြင်းနဲ့နော်။ အပြင်မှာ မိုးက အရမ်းသည်းနေတာ။ သမီးကိုလိုက်ပို့ရလို့လဲ အလုပ်မရှုပ်သွားပါဘူး။ "

အဲ့လိုပြောလိုက်တော့ ချောင်လန်က မငြင်းနိုင်တော့ဘူး။ ဦးလေးချန်ကို ကျေးဇူးတင်လိုက်ပြီး သူမက ၄နာရီထိုးခါနီးအထိ စောင့်နေခဲ့တယ်။ ပြီးတော့မှ ဦးလေးချန်နောက်ကို လွယ်အိတ်လေးလွယ်ပြီး လိုက်သွားခဲ့တယ်။

အထက်တန်းကျောင်းသား ကျောင်းသူတွေက တနင်္ဂနွေညဆို နောက်ကျတဲ့အထိ စာလုပ်ရတယ်။ အဲ့တာကြောင်း ကျောင်းသားကျောင်းသူ တော်တော်များများက အိမ်စာလုပ်ဖို့ စောစောလာကြတယ်။ ဒီအချိန်ဆို ကျောင်းဂိတ်ပေါက်ဝမှာ လူတွေမှ အများကြီးပဲ။ ချောင်လန် ကားထဲကနေထွက်ပြီးတော့ ကျောင်းထဲကို ဝင်သွားပြီးသွားတော့ ဘယ်အခန်းကမှန်း မသိတဲ့ ကောင်မလေးတစ်ချို့က တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ မေးလိုက်တယ်။ " ခုနကဟာက ချောင်လန်မလား "

" ဟုတ်လား " ကောင်မလေးတစ်ချို့က လှမ်းကြည့်လိုက်ကြတယ်။ အခုလက်ရှိမှာ ဒီကျောင်းထဲမှာ ချောင်လန်ကဘယ်သူလဲဆိုတာ မသိတဲ့လူမရှိဘူးလေ။

" သူမက ခုနတုန်းက အဲ့ကားပေါ်ကနေ ဆင်းလာတာလား.. "

ကောင်မလေးက မသေမချာနဲ့ပြောလိုက်တယ်။ " အဲ့ကားက ထန်းမော့ကို နေ့တိုင်းနေ့ လာလာကြိုနေတဲ့ ကားဖြစ်ဖို့များတယ်။ ငါ သိပ်မကြာခင်တုန်းက ကျောင်းဖိုရမ်မှာ အဲ့ကားရဲ့ဈေးက ဂဏာန်း၈လုံးလောက်တောင် ရှိတယ်လို့ မြင်မိသလိုပဲ..... "

ဒီကိစ္စကို သိပ်ပြီးအာရုံမစိုက်ဖြစ်တဲ့ကောင်မလေးတွေက ဂဏာန်၈လုံးဆိုတာကို ကြားလိုက်ရတော့ လန့်သွားကြတယ်။ ဒါပေမဲ့ အဲ့တာပြီးသွားတော့ ပြဿနာကို ရှာတွေ့သွားခဲ့တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now