အပိုင်း(၁၁၉)

3.4K 616 7
                                    

Unicode

သူတို့ရဲ့ တစ်ရက်ထဲသော နှစ်သစ်ကူးကျောင်းပိတ်ရက်လေးမှာ အန်တီချန်က ချောင်လန့်ကို ဖုန်းဆက်ပြီး ညစာလာစားလို့ ဖိတ်ခဲ့တယ်။

စနေနေ့အတန်းတွေပြီးတော့ ချောင်လန်နဲ့ ထန်းမော့တို့က ကျောင်းကနေ အတူထွက်လာခဲ့ကြတယ်။ လူတွေအများကြီးက ချောင်လန်နဲ့ ထန်းမော့တို့ ကားထဲအတူဝင်သွားပြီး ထွက်သွားတာကို စိုက်ကြည့်နေခဲ့ကြတယ်။

အခုဆိုရင် ကျောင်းမှာရှိတဲ့လူတိုင်းက သူတို့၂ယောက်ရဲ့ သမီးရည်းစားအခြေအနေကို သိနေကြပြီလေ။ ပြီးတော့ အစတုန်းက ခံစားရတဲ့ သူတို့ရဲ့ အံ့ဩမှုတွေကလဲ တစ်ဖြည်းဖြည်းနဲ့ လျော့နည်းသွားပြီး သူတို့က နေသားကျသွားကြပြီ။

ချောင်လန် တတိယနှစ်ကိုစတက်ကထဲက သူမထန်းမော့အိမ်ကို လာလည်တဲ့ အကြိမ်အရေအတွက်က အများကြီးကို နည်းသွားခဲ့တယ်။ ဒါကြောင့်မလို့လဲ သူမနောက်ဆုံး ညစာလာစားဖို့ အချိန်ရတော့ အန်တီချန်က နည်းမျိုးစုံကိုသုံးပြီး ချောင်လန့်ကို အာဟာရပြည့်အောင် ကျွေးတော့တယ်။

စားပြီးသွားတော့ ချောင်လန်က အန်တီချန့်အခန်းထဲသွားပြီး စာသွားဖတ်လိုက်တယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ည၁၂နာရီရောက်သွားတယ်။ အရမ်းနောက်ကျနေပြီဆိုတာတွေ့လိုက်ရတော့ ချောင်လန်က သူမပစ္စည်းတွေကို သိမ်းပြီးရင် အိပ်မယ်ဆိုပြီး ပြင်လိုက်တယ်။ ဒါပေမဲ့ ခဏလောက် အိပ်ယာပေါ်မှာလဲပြီးသွားတော့ သူမက နောက်တစ်ခါပြန်ထလိုက်ပြီး ရေသွားသောက်လိုက်တယ်။

အိမ်က တိတ်ဆိတ်နေတာပဲ။ ပြီးတော့ ဘယ်သူမှလဲ မရှိဘူး။ အားလုံးအိပ်နေလောက်ပြီလို့ ချောင်လန်ကထင်သွားတယ်။ အဲ့တာကြောင့် သူမက မီးတွေကိုမဖွင့်ခဲ့ဘူး။ အန်တီချန်နဲ့ တစ်ခြားသူတွေကို အနှောင့်အယှက်မဖြစ်စေချင်လို့ပေါ့။ ဒါပေမဲ့ သူမလဲ ဧည့်ခန်းဘက်ကိုလာလိုက်ရော အခုမှရေချိုးပြီးတဲ့ ထန်းမော့က သူ့အခန်းထဲကနေ ထွက်လာခဲ့တယ်။

ချောင်လန်က ထန်းမော့ရင်ဘတ်ကို သူမခေါင်းနဲ့ ဝင်တိုက်မိသွားခဲ့တယ်။ ပြီးတော့ ထန်းမော့ကလဲ ချောင်လန့်လက်မောင်းကို လက်တစ်ဖက်နဲ့ အမြန်လှမ်းဆွဲလိုက်ပြီး သူ့နောက်လက်တစ်ဖက်နဲ့ မီးကိုလှမ်းဖွင့်လိုက်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now