အပိုင်း(၁၄၈)

1.3K 229 6
                                    

Unicode

ထန်းမော့နဲ့ ဟောင်ရင်တို့ရဲ့ ပွဲက အတော်လေးကို အရှိန်မြင့်လာခဲ့တယ်။

အထူးသဖြင့် ဟောင်ရင်ပေါ့။ သူ့ရဲ့ချောမောလှပတဲ့ မျက်နှာလေးမှာ မူးနေပြီဆိုတာကို မြင်နိုင်နေတယ်လေ။

လူတွေက ဘယ်လောက်ပဲ သောက်နိုင်သောက်နိုင် အများကြီးသောက်လို့ မဖြစ်ဘူးလေ။ အစကထဲက နည်းနည်းသောက်လာပြီးသားဖြစ်တဲ့ ဟောင်ရင်ဆိုပိုဆိုးပေါ့။

မူးနေတဲ့လူတွေက တအားစိတ်ညစ်ဖို့ကောင်းတာပဲ။

ချောင်လန့်အပေါ်ထားတဲ့ ဟောင်ရင်ရဲ့ သဘောထားက အမြဲတမ်း မှန်ကန်နေခဲ့တာ။ ဖြစ်နိုင်တာက သူကချောင်လန့်ကို သဘောကျလို့နေမှာပေါ့။ အဲ့တာကြောင့် သူကတစ်ခြားသူတွေကို ဘယ်လောက်ပဲ စစ သူကချောင်လန့်အရှေ့မှာတော့ နည်းနည်းရှက်နေတက်တယ်လေ။

ဒါပေမဲ့ မူးနေတဲ့ဟောင်ရင်ကတော့ အရမ်းကိုစိတ်ညစ်ဖို့ကောင်းတယ်။ စိတ်ညစ်ဖို့ကောင်းရုံတင်မဟုတ်ဘူး သူက အရမ်းလဲ ကျိုးကြောင်းမဆီလျော်ဘူး။

' ယောက်ျားလေးတွေကြားက ပြိုင်ပွဲမှာ မိန်းကလေးတွေဝင်ပါစရာမလိုဘူး ' ဆိုတာကြီးကို ပြောပြီး ချောင်လန့်ကို ထန်းမော့နဲ့ဝေးဝေးကို ဆွဲခေါ်သွားခိုင်းတယ်လေ။

ချောင်လန် : " ..... ?? "

ခုနလေးတုန်းက အရမ်းကိုစိတ်လှုပ်ရှားနေခဲ့တဲ့ ပိုင်ယွီကလဲ ခဏကြည့်ပြီးသွားတော့ ဆက်ကြည့်ဖို့ အားသိပ်မရှိတော့ဘူး။ သူမက ချောင်လန့်ကို သီချင်းဆိုဖို့ ဆွဲခေါ်သွားခဲ့တယ်။

ချောင်လန်က သီချင်းဆိုဖို့ကို သိပ်စိတ်မဝင်စားဘူး။ ထန်းမော့နဲ့ဟောင်ရင်တို့ကို ကောင်လေးတွေက ဝိုင်းထားလိုက်တယ်။ အဲ့တာနဲ့ ချောင်လန်လဲ လက်လျှော့လိုက်ရတော့တယ်။

ဟောင်ရင့်ပုံကြည့်ရတာတော့ မူးနေပြီ။ ဒါပေမဲ့ထန်းမော့ကတော့ အဆင်ပြေနေသေးတဲ့ပုံပဲ။

အရင်လိုပဲဘာသိဘာသာမျက်နှာထားကြီးနဲ့ပဲ အေးစက်နေတယ်။ သူစသောက်တုန်းကပုံစံနဲ့ ဘာမှသိပ်မကွာတဲ့ပုံပဲ။

ချောင်လန်က ပိုပြီးစိတ်ပေါ့သွားတယ်။ သူမက ဖုန်းကိုခဏလောက်ဆော့ပြီးတော့ ပျင်းလာတယ်။ အဲ့တာကြောင့် သူမက လေကောင်းလေသန့်ရှူဖို့ အပြင်ထွက်လိုက်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now