အပိုင်း (၃၀)

6.6K 1.1K 22
                                    

Unicode
ဖေးနင် အဲ့အတိုင်းကြီးပဲ ခဏလောက် အူကြောင်ကြောင်ဖြစ်သွားတယ်။ ပြီးတော့ မျက်နှာအမူအရာမပြောင်းဘဲ အဲ့အတိုင်း အရှေ့ကို ပြန်လှည့်လာတယ်။ သူ့ရဲ့ နဂိုမူလနေရာမှာ ထိုင်ရင်း ဖေးနင်တစ်ယောက် သူ့ဘဝအကြောင်းကို စပြီးမေးခွန်းထုတ်လာတော့တယ်။

ဘဝအကြောင်းကို လျှောက်တွေး ပြီးတော့ သူ့တည်ရှိမှုအကြောင်းကို မေးခွန်းထုတ်ပြီးတဲ့နောက်မှာတော့ ဖေးနင်တစ်ခုခုကို သိလိုက်ရတယ်။ သူခုနက နောက်လှည့်ကြည့်တုန်းက ထန်းမော့လက်ထဲက စာအုပ်က သူထင်ထားခဲ့သလို သာမန်ရုပ်ပြစာအုပ်မဟုတ်ဘူးဆိုတာကို သူ သိလိုက်ရတယ်။

အဲ့စာအုပ်က အင်္ဂလိပ်လိုတွေချည်းပဲ ရေးထားတဲ့ စာအုပ်အထူကြီး။ ပြီးတော့ အဲ့ထဲမှာ physics ပုံတွေလဲ အများကြီးပါနေသလိုပဲ။ အူကြောင်ကြောင်ဖြစ်နေတ​ဲ့ ဖေးနင်တစ်ယောက် ပိုပြီးတော့တောင် စိတ်ရှုပ်ထွေးလာပြီ။

အချိန်ခဏလောက်တော့ စပ်စုချင်စိတ်က သူ့စိတ်ကို လွှမ်းမိုးလာပြီး ထန်းမော့ ဘာဖတ်နေတာလဲဆိုတာ သိရဖို့ အနောက်ပြန်လှည့်ပြီး အနီးကပ်ကြည့်လိုက်ချင်မိတယ်။ ဒါပေမဲ့ ခုနက ထန်းမော့မျက်လုံးထဲက အကြည့်ကို သတိရသွားပြီး အထိတ်တလန့်နဲ့ စိတ်ကို ပြန်ထိန်းလိုက်ရတယ်။

သူ အမြင်မှားတာပဲနေမှာ။

ထန်းမော့က ဘယ်လိုလုပ် စာအုပ်ကို ဖတ်နိုင်မှာလဲ။

ပိုဆိုးတာက ထန်းမော့က အဲ့လိုစာအုပ်ကို ဘယ်လိုလုပ် ဖတ်နိုင်မှာလဲ။

ဖေးနင် ဘာတွေးနေတာလဲဆိုတာ ချောင်လန်ကတော့ မသိဘူး။ ဒါပေမဲ့ အဲ့တာကို လျှောက်မေးနေရအောင်လဲ သူမက အချိန်ရှိမနေဘူး။ သူမက သူမထန်းမော့ကို ဘာများအမှားလုပ်မိတာလဲဆိုတာ သိအောင်စဥ်းစားနေတာနဲ့တင် အလုပ်ရှုပ်နေတာ။

ဒါပေမဲ့ ဟိုတွေး ဒီတွေး လျှောက်တွေးပြီးသွားတာတောင် ဘယ်နေရာက မှားသွားတာလဲဆိုတာ သူမ အခုထိ ရှာမတွေ့သေးဘူး။

ခက်ခက်ခဲခဲတည်ဆောက်ထားရတဲ့ သူတို့၂ယောက်ကြားက ကျိုးပဲ့လွယ်တဲ့ ဆက်သွယ်မှုလေးက ဒီဟာကြောင့်မလို့ ပျက်စီးသွားမှာကို ချောင်လန်စိုးရိမ်နေတယ်။ အဲ့တာကြောင့်မလို့ နေ့လည်ခင်းကျ သူမက အရင်စပြီး ထန်းမော့ကို စကားသွားပြောတယ်။ ဒါပေမဲ့ ထန်းမော့က တစ်ခါမှ ပြန်မတုံ့ပြန်ခဲ့ဘူး။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now