အပိုင်း(၈၁)

4.6K 844 7
                                    

Unicode

ညနေခင်းကျ သူမက ပိုင်ယွီနဲ့ ပြေးခဲ့တယ်။ မနက်ခင်းမှာ စာလုပ်ပြီးသွားတော့ ထန်းမော့က အန်တီချန်ခွဲပေးထားတဲ့ အသီးတွေကို ချောင်လန့်ကို ယူလာပေးတယ်။

ချောင်လန်က ပုံမန်လိုပဲ ချိုတဲ့ အသီးတွေကို ထန်းမော့ကို လှမ်းပေးတယ်။ ပြီးတော့ စားနေရင်းနဲ့ပဲ ထန်းမော့ စာသင်တာကို နားထောင်နေခဲ့တယ်။

အခုတလော ဟောင်ရင်က သူမဆီကို ပုစ္ဆာတွေယူယူလာပြီး ကူတွက်ခိုင်းတုန်းက သူမဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို ချောင်လန်က မှတ်မိသွားပြီး ရုတ်တရက် ထန်းမော့ကို မေးလိုက်တယ်။ " ထန်းမော့ ငါနင့်ကို ဒီလိုမျိုး နေ့တိုင်းနေ့ကြီး စာတွေမေးမေးနေတာ နင် စိတ်ရှုပ်တယ်လို့ ခံစားရလား။ "

ထန်းမော့က ခေါင်းကိုမော့လိုက်ပြီး သူ့မျက်လုံးတွေက သူမကို တည့်တည့်စိုက်ကြည့်လိုက်တယ်။ " နင်က ဘာလို့မေးတာလဲ "

ချောင်လန်က ဘယ်ဘက်ညာဘက် လှည့်ကြည့်လိုက်ပြီး ထန်းမော့နားကို ကပ်လိုက်ကာ သူတို့၂ယောက်ပဲ ကြားနိုင်တဲ့ အသံနဲ့ ပြောလိုက်တယ်။ " ဘာလို့လဲဆိုတော့ ဟောင်ရင်က ငါ့ကိုနေ့တိုင်းနေ့ စာတွေလာလာမေးနေတော့ ငါက နည်းနည်းစိတ်ရှုပ်တယ်လို့ ခံစားရလို့လေ။ "

ထန်းမော့က ကြောင်သွားတယ်။ ပြီးတော့ ရုတ်တရက် ပြုံးလိုက်တယ်။

နေရောင်က ထန်းမော့ပေါ်ကို ကျရောက်နေတယ်။ ကောင်လေးရဲ့ အေးစက်နေတဲ့မျက်နှာအသွင်အပြင်တွေက ပြုံးလိုက်တော့ အရမ်းကို တောက်ပနေခဲ့တယ်။

ချောင်လန်နဲ့ ထန်းမော့နောက်မှာ ထိုင်နေတဲ့ ရှန်းရှောင်ဟန်က ထန်းမော့ကို ပထမဆုံးကျောင်းဖွင့်တဲ့နေ့မှာ အခန်းထဲမှာ တွေ့လိုက်တဲ့ အချိန်ကို သတိရသွားတယ်။

အဲ့နေ့တုန်းကလဲ သူက မနက်ခင်းအစော အလင်းရောင်ထဲမှာ ဒီလိုပဲ မျက်လုံးတွေက ကွေးနေပြီး ပြုံးနေခဲ့တာ။ အဲ့အချိန်တုန်းက သူမက ကောင်လေးရဲ့ ထူးခြားလှတဲ့ မျက်နှာကြောင့် လန့်ပြီး မှင်သက်သွားခဲ့တာ။

သူမက ထန်းမော့နဲ့ ချောင်လန့်နောက်မှာ ထိုင်ခွင့်ရတာကိုတာက သေလောက်အောင်ကံကောင်းခဲ့လို့ပဲ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now