အပိုင်း(၂၆)

6.5K 1.1K 54
                                    

Unicode
ထန်းမော့က သူမရဲ့ မေးခွန်းကို သူ့ရဲ့ ကိုယ်ပိုင်မေးခွန်းတစ်ခုနဲ့ ပြန်ဖြေလိုက်တယ်။ တစ်ကယ်တမ်းသေချာစဥ်းစားကြည့်မယ်ဆိုရင် ထန်းမော့သူမကို အရင်စကားလာပြောတာ ဒါပထမဆုံး အကြိမ်ပဲ ဟုတ်တယ်မလား။

သူမနဲ့ ထန်းမော့တို့ မျက်နှာချင်းဆိုင်မတွေ့ကြတာ တစ်လတောင်ရှိသွားပြီ။ ပြီးတော့ ဒါကလဲ ထန်းမော့သူမကို အရင်စကားလာပြောတဲ့ ပထမဆုံးအကြိမ်ပဲ။

ထန်းမော့ကပြောတယ် သူ့ကို လူတွေလာပြီးချဥ်းကပ်တာကို သူ မကြိုက်ဘူးတဲ့။ ဒါပေမဲ့ သူက အရင်လက်ဦးမှု ယူလိုက်တယ်ဆိုရင် ဒါက တစ်ကယ်တမ်း သူ သူမချဥ်းကပ်တာကို မမုန်းဘူးလို့ ဆိုလိုတာမလား။

ချောင်လန်တစ်ယောက် သူမ ရင်ဖတ်ထဲက အံ့ဩမှုကို မဖုံးကွယ်နိုင်ဘူး။ " ငါ အလုပ်လုပ်နေတာ "

အလုပ်လုပ်တယ်???

ထန်းမော့က အခုထိ သူမကို စိုက်ကြည့်နေတုန်းပဲ။ " နင် ကျောင်းမသွားတော့ဘူးလား "

" ငါက ပိတ်ရက်တွေနဲ့ ညနေပိုင်းတွေပဲ အလုပ်လုပ်တာ။ အတန်းကို ပုံမှန်သွားပါတယ်ဟ။ "

အထက်တန်းပထမနှစ်က ဘာသာရပ်တွေက အရမ်းကြီး လွယ်နေတာမဟုတ်ဘူး။ ကျောင်းတက်ရတာတောင် ဒီလောက်ခက်ခဲနေတာ သူမက အလုပ်လုပ်နေသေးတာလား။ ထန်းမော့က အဲ့အကြောင်းကို တွေးနေပြီး အကြောင်းရင်းကို ရှာတွေ့သွားတယ်။

" နင် ပိုက်ဆံလိုနေလို့လား "

သူ့ရဲ့ တဲ့တိုးမေးခွန်းကြီးက ချောင်လန့်ကို ရုတ်တရက် အကြပ်ရိုက်သွားစေခဲ့တယ်။

Asperger ရောဂါအကြာင်း သူမ ရှာဖွေကြည့်တုန်းက အကြောင်းအရာတစ်ခုကို ချောင်လန် သတိရသွားတယ်။ Asperger ရောဂါရှိတဲ့လူတွေက ဟိုလိုလို ဒီလိုလို မပြတ်မသားစကားတွေမပြောတက်ကြဘူးတဲ့။ သူတို့က တဲ့တိုးတွေပဲပြောတက်ကြတယ်။ အဲ့တာတွေက တစ်ဖက်လူတွေကို အလွယ်တကူ အရှက်ရစေတာပေါ့။

သေချာပေါက်ပဲ ထန်းမော့က အရမ်း တဲ့တိုးဆန်တယ်။

ချောင်လန်က ညင်ညင်သာသာလေးပြုံးလိုက်တယ်။ " အင်း နဲနဲလိုနေတာ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now