အပိုင်း(၁၀၃)

4K 698 6
                                    

Unicode

" တက္ကသိုလ် စာမေးပွဲပြီးရင် အမေ့ကို ပိုက်ဆံပေးမယ်။ အခုအချိန်ကစပြီး သမီးဘာသာ သေသေရှင်ရှင် ဆင်းရဲရဲ ချမ်းသာသာ အမေတို့နဲ့ဘာမှမဆိုင်တော့ဘူး။ "

အမေချောင်က ကြောင်သွားတယ်။ ဒါကို ကြားကြားရချင်း သူမရဲ့ ပထမဆုံး reaction က ချောင်လန်က ဒီလောက်ပိုက်ဆံအများကြီးကို ဘယ်ကရတာပါလိမ့်လို့ သူမစိတ်ထဲမှာ တွေးမိတာပဲ ဖြစ်တယ်။ သူမက တစ်ကယ် ချောင်ယွမ်ပြောသလို ဖြစ်နေတာများလား။ ချောင်လန့်ကို အရမ်းချမ်းသာတဲ့ ကောင်လေးတစ်ယောက်က တစ်ကယ် လိုက်ပိုးနေတာလား။ မျက်တောင်တောင် မခတ်ဘဲ ယွမ်သောင်းချီ သိန်းချီကို ဖြုန်းပစ်နိုင်လောက်တဲ့အထိ ချမ်းသာတာလား။

ဒါပေမဲ့ တစ်ကယ်လို့ အဲ့လိုလူရှိမယ်ဆိုရင် ချောင်လန်က ဘာလို့ ပိုက်ဆံကို တက္ကသိုလ်စာမေးပွဲ ဖြေပြီးမှ ပေးမယ်လို့ ပြောရတာလဲ။

အမေချောင်က မတွေးတက်တော့ဘူး " ညည်းလိမ်နေတာမှန်း ငါက ဘယ်လိုလုပ်သိမှာလဲ။ တစ်ကယ်လို့ တက္ကသိုလ်စာမေးပွဲ ပြီးသွားရင် ညည်းက အဝေးက တက္ကသိုလ်မှာ သွားတက်ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်သွားရင် ဘယ်လိုလုပ်မလဲ။ ငါညည်းကို ဘယ်နားသွားရှာရတော့မှာလဲ။ "

" အမေ သဘောမတူလဲ ရတယ်လေ။ သမီးက ဒီကနေ ရက်အနည်းငယ်လောက်အတွင်းမှာ ထွက်သွားချင်ထွက်သွားလိုက်မှာ။ အဲ့ကျမှ အမေ ဘဝတစ်သက်လုံး သမီးကို ရှာလို့တွေ့တော့မှာ မဟုတ်တော့ဘူး။ "

ရုတ်တရက် အမေချောင်ကို ဖြောင်းဖြလို့ရသွားခဲ့တယ်။

တစ်ကယ်လို့ ချောင်လန် တစ်ကယ်ကြီး ထွက်ပြေးသွားရင် သူမပိုက်ဆံတွေအကုန်လုံး ဆုံးရှုံးသွားရလိမ့်မယ်။ အဲ့အချိန်ကျမှ ငိုဖို့ မျက်ရည်တောင် အလုံအလောက်ကျန်ခဲ့မှာ မဟုတ်တော့ဘူး။

အမေချောင်က ချောင်လန် ဘယ်ကနေ ပိုက်ဆံကို ရနိုင်တာလဲဆိုတာ တစ်ခြားနည်းလမ်းကို မတွေးတက်တော့ဘူး။

ချောင်လန်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကနေ ဆုရနိုင်ချေကို သူမကလုံးဝ မစဥ်းစားမိဘူး။ ချောင်လန်က သူမလက်ထဲမှာ ပိုက်ဆံအများကြီးရှိနေရတာက ဘာလို့လဲဆိုတော့ သူမနောက်မှာ ချမ်းသာနဲ့ ကျောင်းသားတစ်ချို့နောက်ခံရှိနေလို့ လို့ပဲ အမေချောင်က တွေးခဲ့တယ်။ သူတို့က လော့ညန်မိသားစုထက်တောင် ပိုချမ်းသာချင် ပိုချမ်းသာနေဦးမှာလေ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now