အပိုင်း(၈၃)

4.6K 821 14
                                    

Unicode
တစ်ခန်းချင်းစီက ကွင်းကိုပတ်လျှောက်ရတယ်။ သူတို့လမ်းလျှောက်လို့ပြီးပြီဆိုရင် သတ်မှတ်ထားတဲ့နေရာကိုယ်စီကိုသွားပြီး တစ်ခြားအခန်းတွေလျှောက်တာကို ကြည့်ရတယ်။ အလယ်တန်းကျောင်းသူကျောင်းသားတွေက အရင်လျှောက်ရတယ်။ ပြီးမှ အထက်တန်းပထမနှစ်တွေ ပြီးမှ ဒုတိယနှစ်​တွေ နောက်ဆုံးပြီးတော့မှ တတိယနှစ်တွေပေါ့။ ကျောင်းသူကျောင်းသားတွေအကုန်လုံးက လမ်းလျှောက်ရတာကို စိတ်မဝင်စားကြဘူး။ သူတို့အကုန်လုံးစိတ်ဝင်စားတာက အခန်းတစ်ခန်းချင်းစီရဲ့ ဆိုင်းဘုတ်ကိုင်တဲ့ အစ်မတွေကိုပဲ။ ဘယ်တစ်ယောက်က ကြည့်ကောင်းတယ်။ ဘယ်တစ်ယောက်က ခြေတံရှည်တယ်ဆိုတဲ့ဟာတွေပေါ့။

အဲ့နေ့မှာ အထက်တန်းဒုတိယနှစ်ရဲ့ အခန်း၁၈လမ်းလျှောက်တော့ ကျောင်းသူကျောင်းသားတွေရဲ့ ဆူညံမှု level က အမြင့်ဆုံးရောက်သွားခဲ့တယ်။

လူအုပ်ထဲမှာ ပုန်းကွယ်နေတဲ့ ချောင်လုက မနာလိုလွန်းလို့ ဘာစကားတစ်ခွန်းမှတောင် ပြောမထွက်တေ့ဘူး။ မတ်တပ်ရပ်နေတဲ့နေရာမှာ တက်ကြွနေတဲ့ အလယ်တန်းကျောင်းသားတွေနဲ့အတူ ချောင်ယွမ်ကလဲ အားလုံးအော်နေကြတဲ့ ဘက်ကိုလှည့်ကြည့်လိုက်တော့ ၁နှစ်ခွဲနီးပါးလောက်မတွေးခဲ့ရတဲ့ သူ့အစ်မကို တွေ့လိုက်ရတယ်။

" Shit! အဲ့အစ်မလေးက ဘယ်သူလဲ။ "

" ငါ သူမခြေထောက်တွေကို အရမ်းကြိုက်တာပဲ။ သူမက ဘယ်အတန်းကလဲဆိုတာ သိတဲ့လူများရှိကြလား။ "

ချောင်ယွမ်က လန့်သွားခဲ့တယ်။ ၁နှစ်ခွဲလောက်ပျောက်သွားပြီးတော့ ချောင်လန်က လုံးဝကို တစ်ခြားသူကြီးဖြစ်သွားသလိုပဲ။ သူ့မကို မြင်ပြီးသွားတော့ သူ့ရဲ့ပထမဆုံး reaction က အာ..... ငါကြွားဖို့ နောက်တစ်ခုရသွားပြီဆိုတာပဲ။

" အင်းးး အဲ့တာက ငါ့အစ်မလေကွာ။ ငါ့အစ်မ။ "

" ငါ မယုံဘူး!! " တစ်ချို့လူတွေက မယုံကြဘူး။ သူတို့က ဖက်တီးချောင်ယွမ်ကို အပေါ်အောက်ကြည့်နေပြီးတော့ ပိန်ပိန်ပါးပါးနဲ့ အရပ်ရှည်ရှည် လှပတဲ့စီနီယာအစ်မလေးကို ကြည့်လိုက်ကြတယ်။ သူတို့၂ယောက်က သေချာပေါက် ဗိုက်တစ်ခုထဲက ထွက်လာတာတော့ မဖြစ်နိုင်ဘူး။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now