အပိုင်း(၈)

6.4K 1K 16
                                    

Unicode
ရေသောက်တယ်ဆိုတာ အကောင်းနဲ့အဆိုးကို ခွဲခြားတက်ဖို့ အရမ်းငယ်သေးတဲ့ ထန်းမော့လေးအတွက်တော့ အိမ်မက်ဆိုးနဲ့တူတဲ့ စနောက် မှုတစ်ခုပါပဲ။ ကားအက်စီးဒင့်ဖြစ်သွားပြီး ခြေထောက်တွေ လှုပ်လို့မရတော့တဲ့ ထန်းမော့အတွက်တော့ အဲ့တာက သေရတာထက် ပိုဆိုးတဲ့ ပြောပြလို့မရတဲ့ အရှက်ရမှုတစ်ခုပဲ။

သူငယ်တုန်းက သူနဲ့အတူကျောင်းသွားတဲ့သူငယ်ချင်းတွေက သူ့အပေါ်ကောင်းဟန်ဆောင်ပြီး ပေါင်းကြတယ်။ ပြီးတော့ သူတို့က ရေထဲကို တစ်ခုခု ခိုးထည့်ကြတယ်။ တစ်ခါတစ်လေ အဲ့တာက ယားစေတဲ့အမှုန့်တွေ၊ တစ်ခါတစ်လေ သဲတွေ၊ တစ်ခါတစ်လေ ပိုးကောင်တွေ ဒါမှမဟုတ်လဲ ရွံစရာကောင်းတဲ့ဟာတွေပေါ့။

သူအဲ့တာတွေ​ကိုသောက်ပြီး ပျို့လာပြီး ချောင်းဆိုးတာ အသေချောင်းဆိုးတာ။ လည်ပင်းအစ်လောက်တဲ့အထိတောင် ဖြစ်ခဲ့တာ။

အဲ့အချိန်ကစပြီး သူကျောင်းကို နောက်ထပ်ရေဘူးယူမလာတော့ဘူး။ ပြီးတော့ ကျောင်းကရေလဲ တစ်ငုံမှမသောက်တော့ဘူး။ ကျောင်းမှာ ဘာမှတောင်မစားတော့ဘူး။

နောက်ပိုင်းမှာ သူ့ခြေထောက်ကမသန်တော့ဘူး။ သူမတ်တပ်ရပ်လို့မရတော့ဘူး။ အဲ့အချိန်ကျတော့ ပိုလို့တောင်ကျောင်းမှာ ရေတစ်ငုံမှမသောက်တော့ဘူး။ ဘာလို့လဲဆိုတော့ ရေသောက်ပြီးရင် အိမ်သာကိုသွားရမယ်လေ။ အဲ့တာက လူတိုင်းအတွက် နေ့စဉ်ပုံမှန်ဖြစ်စဥ်ပဲလေ။ ဒါပေမဲ့ အဲ့တာက ထန်းမော့အတွက်တော့ အရှက်ရဆုံးနှိပ်စက်မှုတစ်ခုပဲ။

ဒါ့ကြောင့် အဲ့ကောင်မလေး သူမကဘာလို့ သူ့ကို စကားစပြီးလာလာပြောရတာလဲ။ ဘာဖြစ်လို့ သူမက သူ့ကို အရင် လာပြီးရေတိုက်ရတာလဲ။

သူအဲ့အကြောင်းကို တွေးဖို့အချိန်သိပ်မရလိုက်ဘူး။ အချိန်တစ်ခုလောက်အထိတော့ သူ့စိတ်ထဲမှာ သူ့အရင်အတန်းဖော်တွေရဲ့ လှောင်ပြောင်မှုတွေ ချဲ့ကားပြောဆိုစနောက်မှုတွေနဲ့ပဲ ပြည့်နှက်နေခဲ့တယ်။

" ထန်းမော့ အိမ်သာသွားလေကွာ "

" ထန်းမော့ မသန်စွမ်းတဲ့လူကရော အိမ်သာသွားတာပဲလား။ မင်းဘယ်သူ့အကူအညီနဲ့သွားတာလဲ။ ငါရော ကူညီပေးရမလား။ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now