အပိုင်း(၁၁၃)

3.9K 717 36
                                    

Unicode

ချောင်လန်က သူတို့၂ယောက်လုံးအတွက်မှာပြီးသွားတော့ သူမက ထန်းမော့နဲ့မျက်နှာချင်းဆိုင်က ထိုင်ခုံမှာ ထိုင်လိုက်တယ်။ သူမထိုင်လိုက်တော့ သူတို့နဲ့ သိပ်မဝေးနဲ့ နေရာက ကောင်မလေးတစ်ချို့ရဲ့ တိတ်တခိုး သက်ပြင်းချသံလေးတွေကို ကြားလိုက်ရတယ်။ တစ်ကယ်လို့ အဲ့စကားတွေကို သေသေချာချာနားထောင်ကြည့်မယ်ဆိုရင် သူတို့ဘာတွေပြောနေကြလဲဆိုတာ ကြားရနိုင်တယ်။

" ဟိုဘက်နားက အဲ့မောင်လေးက ကြည့်လို့ကောင်းတယ်နော်။ သူ့အသားအရေကလဲ ကြည်လင်နေတာပဲ။ ပြီးတော့ သူ့မျက်နှာအသွင်အပြင်တွေကလဲ သေလောက်အောင် မိုက်တာပဲ။ "

" ကြည့်ရတာ idol လားမသိဘူးနော်။ တစ်ကယ်လို့ ငါသူ့ဆီကနေ wechat ID သွားတောင်းရင် ရနိုင်လောက်လား။ နင်ဘယ်လိုထင်လဲ။ "

" ဒါပေမဲ့ သူ့ဆီကိုလျှောက်သွားတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်ဟ။ အဲ့တစ်ယောက်က ငါတို့လို အကွက်ရွှေ့ဖို့ လုပ်လိုက်တဲ့သူ မဟုတ်ရင် အဲ့ကောင်မလေးက သူ့ရည်းစားဖြစ်နိုင်တယ်ဟ။ "

" အင်းနော်။ အဲ့ဒီ့ပုံပေါ်တယ်။ " ကောင်မလေးက စိတ်ပျက်မှုကို ဖုံးကွယ်မထားနိုင်တော့ဘူး။ ချောင်လန်က အဲ့ကောင်မလေးတွေကို နောက်ကျောပေးထိုင်နေတာဆိုတော့ သူတို့က ချောင်လန့်မျက်နှာကိုတော့ မမြင်ရဘူးပေါ့။ အဲ့ကောင်မလေးက ချောင်လန့်နောက်ကျောကိုပဲ ခဏလောက်စိုက်ကြည့်ပြီး " သူမပုံက ဘယ်လိုရှိလဲတော့ မသိပေမဲ့ သူမခြေထောက်တွေကတော့ အရမ်းရှည်တာပဲဟ။ "

ထန်းမော့က အရင်တုန်းက သူ့အကြားအာရုံက အရမ်း sensitive ဖြစ်လွန်းနေတာကို မကြိုက်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူကအမြဲတမ်း သူမကြားချင်ရတာတွေကို ကြားနေရလို့လေ။ အခုကျတော့မှ သူ့အကြားအာရုံ အရမ်း sensitive ဖြစ်လွန်းတာက ကောင်းတဲ့အရာတစ်ခုပဲဆိုတာကို ခံစားမိတော့တယ်။

ချစ်သူတွေ၊ အတွဲ၊ ကောင်မလေး ဒီလိုစကားလုံးတွေပေါ့။ သူ ဒီလိုစကားလုံးတွေကို တစ်သက်လုံးနားထောင်ရမယ်ဆိုရင်တောင် အဲ့တာတွေကို ငြီးငွေ့မှာ မဟုတ်လောက်ဘူး။

ချောင်လန်က မတူတဲ့ ဖျော်ရည်၂မျိုးကို မှာလိုက်တယ်။ ပြီးတော့ ထန်းမော့ကို Grass jelly tea တစ်ခွက်ပေးလိုက်တယ်။ အားလုံးလဲ ရောက်လာပြီဆိုတော့ သူမက သူမခွက်ကို တစ်ငုံသောက်လိုက်ပြီး သေချာသတိထားပြီး သောက်ဖို့လုပ်နေတဲ့ ထန်းမော့ကို ကြည့်လိုက်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now