အပိုင်း(၄၆)

6K 1.1K 25
                                    

Unicode
ကျောင်းကလေထုက စိုထိုင်းနေတဲ့ ချောင်မိသားစုအိမ်က လေထုထက် အများကြီးပိုကောင်းတယ်။

ထန်းမော့က အရင်ကအတိုင်းပဲ။ သူက ကျောင်းမတက်ခင် မိနစ်အနည်းငယ်လောက်အလိုကျမှ ကျောင်းကို လာလေ့ရှိတယ်။ ဒါပေမဲ့ အခုတော့ အရင်ကထက်ပိုပြီး နည်းနည်းစောစောလာသလိုပဲ။

အရင်တုန်းကတော့ သူက ကျောင်းသွားရတာနဲ့ပတ်သက်ပြီး ဘာမှ သိပ်မခံစားရဘူး။ ဒါပေမဲ့ အခုတော့ သူကစာသင်ခန်းရဲ့ နောက်ဆုံးခုံမှာ ထိုင်စရာမလိုတော့ဘူးဆိုတာရယ် ပြီးတော့ သူ့မှာ အခုဆို ချောင်လန်လို့ခေါ်တဲ့ tablemate တစ်ယောက်ရှိလာပြီဆိုတဲ့ အသိတွေကြောင့် ကျောင်းသွားရတာက ထူးခြားတဲ့ အဓိပ္ပာယ်တစ်ခုရှိလာတယ်။

မနေ့က lectureရဲ့ ကျရှုံးခြင်းက ထန်းမော့ကို နည်းနည်းတော့ တွေးမှိုင်နေစေခဲ့တယ်။

သူက ဖတ်စာအုပ်ကို ပြန်ကြည့်ပြီး လေ့ကျင့်ခန်းကို အခုလက်ရှိသင်နေတဲ့ အချိန်ဇယားအတိုင်းလေ့ကျင့်လာခဲ့တယ်။ သူ့နေရာမှာ ထိုင်ပြီးတော့ သူက ခဏလောက်တွေးလိုက်ပြီး ချောင်လန့်ဘက်ကိုလှည့်ကာ သူမရဲ့ physics တွက်တဲ့စာအုပ်ကို တောင်းလိုက်တယ်။

ချောင်လန်က ထန်းမော့ ဘာလုပ်မလို့လဲဆိုတာမသိပေမဲ့ သူ့ကို စာအုပ်ပေးလိုက်သေးတယ်။

ထန်းမော့က စာအုပ်ကိုလှန်လိုက်ပြီး ချောင်လန်ဗလာချန်ထားခဲ့တဲ့ မေးခွန်းတိုင်းကို လိုက်မှတ်နေတယ်။ ပြီးတော့ ချောင်လန့်ကို စာအုပ်ပြန်ပေးလိုက်တယ်။

အခုသူက ကြိုတင်ပြင်ဆင်လို့ရသွားပြီ။ ဒီမေးခွန်းတွေကို အခုလက်ရှိသင်နေတဲ့ အချိန်ဇယားအတိုင်း ကြိုပြီး တွက်ထားလို့ရပြီ။ အဲ့တာဆို သူ ချောင်လန့်ကို အထစ်အငေါ့မရှိ ပြောပြလို့ရပြီ။

ချောင်လန်က ထန်းမော့ရဲ့ လှပတဲ့ လက်ရေးကို ကြည့်ရင်း အမြန်ပြောလိုက်တယ်။ " နင်ဒီလောက်ထိ ဒုက္ခခံဖို့မလိုပါဘူး " တစ်ကယ်လို့ ပုစ္ဆာတစ်ပုဒ်က တစ်ဖက်လူရဲ့ အချိန်တွေကို ဖြုန်းသလိုဖြစ်နေမယ်ဆိုရင် တစ်ဖက်လူကို ဒုက္ခပေးရာရောက်နေမယ်ဆိုရင် သူမက နည်းနည်း စိတ်မသက်မသာဖြစ်မိမှာပဲ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now