အပိုင်း(၂၁)

6.5K 1K 30
                                    

Unicode
ထန်းမော့ကမွေးကထဲက စိတ်ခံစားချက်တွေကို သိမြင်တဲ့အပိုင်းမှာ နှေးကွေးတယ်။ ဒါကသူ့ကို နူးညံ့ပြီး ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တွေကို ခွဲခြားတဲ့နေရာမှာ ပိုပြီးခက်ခဲစေတယ်။ ဒါက Asperger ရောဂါရဲ့ အကြီးမားဆုံး လက္ခဏာတစ်ခုပဲဖြစ်တယ်။

စိတ်ပျက်အားငယ်ခြင်း၊ နောင်တရခြင်း၊ အားကျခြင်း၊ သဝန်တိုခြင်း အစရှိတဲ့ ခံစားချက်တွေက ထန်းမော့ရဲ့ တိုတောင်းလှတဲ့ ၁၅နှစ်တာ ကာလအတွင်းမှာပေါ်လာခဲတယ်။ ဒါပေမဲ့ အဲ့ခံစားချက်တွေက ပေါ်လာခဲ့ရင်လဲ ထန်းမော့ကိုယ်တိုင်တောင် အဲ့ခံစားချက်အတက်အကျကို မမှတ်မိတော့ သူကအဲ့တာတွေကို ရိုးရှင်းပြီး ရင်းနီးတဲ့ခံစားချက်တွေဖြစ်တဲ့ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း စတာတွေထဲကိုပဲ ပေါင်းထည့်လိုက်တယ်။

အခုအချိန်မှာ လှည့်ပြီးထွက်သွားတဲ့ ချောင်လန်ရဲ့ နောက်ကျောကိုကြည့်ရင်း ထန်းမော့ရဲ့ ရင်ဘတ်ထဲမှာ သူကိုယ်တိုင်တောင်မဖော်ပြနိုင်တဲ့ ချဥ်စုတ်နေတဲ့ ခံစားချက်တစ်ခုဖြစ်ပေါ်လာတယ်။ ပြီးတော့ ချောင်လန့်ကို တစ်ခုခုရှင်းပြချင်စိတ်ဖြစ်ပေါ်လာတယ်။ ဥပမာပြောရရင် သူ့ကို လူတွေက လာချဥ်းကပ်တာကို သူတစ်ကယ်မုန်းတယ်။ ပြီးတော့ တစ်ခြားသူတွေက သူ့ကို လာနှောင့်ယှက်တာကိုလဲ သူတစ်ကယ်မကြိုက်ဘူး။ ဒါပေမဲ့ ရက်အတော်ကြာ ချောင်လန့်ရဲ့ ချဥ်းကပ်တာကို သူတစ်ကယ်မုန်းမနေဘူး။

ချောင်လန့်ရဲ့ စကားတွေကိုနားထောင်ပြီးသွားတော့ သူမကအရမ်းအရေးကြီးတဲ့ အချက်ကို နားလည်မှုလွဲသွားလို့ သူကဒီလိုreactionပြတယ်ဆိုတာ သူသိတယ်။ ဒါပေမဲ့ ဒီလိုပြင်းထန်ပြီးအားကောင်းတဲ့ စိတ်ခံစားချက်အတက်အကျက နောင်တလို့ခေါ်တဲ့ စိတ်ခံစားချက်ဆိုတာကို သူ အခုထိ နားမလည်သေးဘူး။

ချောင်လန်တက်တဲ့ အထက်တန်းကျောင်းက အလယ်တန်းကျောင်းနဲ့လဲ တွဲထားတယ်။ စာမေးပွဲတစ်ခုပြီးတာနဲ့ စာသင်နှစ်တစ်ခုချင်းစီကနေ နှစ်အလိုက် Top ten အယောက် ၁၀၀စာရင်းကို ထုတ်ပေးတယ်။ အဲ့စာရင်းကို အားလုံးမြင်နိုင်အောင် display board မှာ ကပ်ထားပေးတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Kde žijí příběhy. Začni objevovat