အပိုင်း(၁၄၃)

1.3K 261 8
                                    

မင်မင် အကြာကြီးစာမတင်ဖြစ်တာ တောင်းပန်ပါတယ်နော်။ စာမေးပွဲတွေ ရှိနေလို့ပါ။ အခု wattpad မှာ ပုံမှန်လို့ပြန်တင်ပေးပါ့မယ်။ paid gp တွေကတော့ ၃လပိုင်းနောက်ပိုင်းမှ ပြန်စပါ့မယ်။

Unicode

ချောင်ယွမ်က အရိုက်ခံရပြီး ဆေးရုံရောက်လာတာ။ သူက ဒီမတိုင်ခင်တုန်းကလဲ ဆေးရုံကို လာဖူးတယ်။

ခွဲစိတ်မှုတွေပြီးသွားတော့ ချောင်မိသားစုက ချောင်ယွမ့်ကို သေေချာချာကို ဂရုစိုက်ပေးထားခဲ့တာ။ အဲ့တာကြောင့် ချောင်ယွမ်က သူ့ခန္ဓာကိုယ်က ဘာပြဿနာမှ မရှိတော့ဘူးလို့ ထင်နေတာလေ။ အဲ့တာကြောင့်လဲ အိမ်ကထွက်ပြေးသွားတော့ ဘာဆေးမှ ယူမသွားခဲ့တာပေါ့။ အရမ်းကို မိုက်လွန်းတာလေ။

အဖွားချောင်နဲ့အမေချောင်တို့က ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ချောင်ယွမ့်ကို ပရိုတင်းတွေပါတဲ့အစားအစာတွေကို ကျွေးခဲ့တယ်။ ပြီးတော့ သူ့ကို အဆီများတဲ့ အစားအစာတွေ ဆားငံတဲ့ အစားအစာတွေကို မစားစေခဲ့ဘူး။ သူတို့က ချောင်ယွမ့်ရဲ့ နေ့စဥ်စားတဲ့ ပမာဏကိုလဲ ထိန်းချုပ်ထားခဲ့တယ်။ ဘာလို့လဲဆိုတော့ အဝလွန်တာက အရမ်းအန္တရာယ်များလို့လေ။

ချောင်ယွမ်က အစကထဲက ဝပြီး အစားမက်တယ်လေ။ သူကနောက်ဆုံး ၁လကျော်လောက်ကြာမှ အပြင်ကိုထွက်ခဲ့ရတာဆိုတော့ သူ့အတွက် ဘယ်အရာက ဆိုးကျိုးဖြစ်စေလဲဆိုတာ မသိဘူးလေ။ သူက အဆီများတဲ့ အစားအစာတွေ အရသာလေးတဲ့ အစားအစာတွေကို အလွန်အကျွံစားခဲ့တယ်။ ရလဒ်အနေနဲ့ကတော့ ၂ပတ်အတွင်းမှာပဲ သူက ဝမ်းလျှောတယ်၊ အဖျားကြီးတယ်၊ ပြီးတော့ အန်တယ် အစရှိတာတွေ ဖြစ်လာခဲ့တော့တယ်။ နောက်ဆုံးတော့ သူက ရေဓာတ်ခမ်းခြောက်ပြီး ဆေးရုံမှာ ရက်အနည်းငယ်လောက် တက်လိုက်ရသေးတယ်။

ဆေးရုံတက်တာက ပိုက်ဆံတွေအများကြီး ကုန်တယ်လေ။ ချောင်ယွမ်က ယွမ်၂သောင်းထဲယူလာခဲ့တာ။ သူက အဲ့ပိုက်ဆံတွေကို သူငယ်ချင်းအသစ်တွေနဲ့ရင်းနီးအောင်လို့ သုံးခဲ့တယ်။ ချောင်ယွမ်တွေ့ခဲ့တဲ့ သူငယ်ချင်းအသစ်တွေက ချောင်ယွမ့်ကို ငတုံးလို့သတ်မှတ်ပြီးတော့ သူ့ကိုတမင်သက်သက် ပိုက်ဆံတွေကုန်အောင် လုပ်ခဲ့တယ်။ အဲ့လိုနဲ့ပဲ ပိုက်ဆံယွမ်၂သောင်းက ရက်အနည်းငယ်အတွင်းမှာပဲ သုံးလို့ကုန်သွားခဲ့တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Waar verhalen tot leven komen. Ontdek het nu