အပိုင်း(၁၄၇)

1.7K 250 4
                                    

Unicode

ပိုင်ယွီက မလုပ်ရဲဘူးလေ။ ပိုင်ယွီက ဟောင်ရင့်ကို အပြစ်လုပ်မိမှာထက် ထန်းမော့ကို ၁၀၀ရာခိုင်နှုန်း ပိုကြောက်တယ်လေ။

ပိုင်ယွီက မလုပ်ရဲဘူး။ ဒါပေမဲ့ အခုဒီနေ့ ဒီနေရာမှာ ရှိနေတာက ပိုင်ယွီနဲ့ ချောင်လန်တို့ ၂ယောက်ထဲတင် မဟုတ်ဘူးလေ။

ချန်ယောင်းရန်နဲ့ နောက်လူ၃ ၄ ယောက်လောက်ကလွဲရင် အတန်းထဲကလူတွေအားလုံး ရှိနေကြတာလေ။ နဂိုကထဲက ထန်းမော့နဲ့ ဟောင်ရင်တို့က လူအာရုံစိုက်စရာဖြစ်နေခဲ့တာလေ။ အခုသူတို့၂ယောက်က တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ရတော့မယ်ဆိုတော့ အားလုံးက နည်းနည်းလေးမှ ဝင်မတားကြဘူးပေါ့။

အထူးသဖြင့် ချောင်လန်နဲ့ အရမ်းခင်တဲ့သူတွေပေါ့။ ချောင်လန်နဲ့ ထန်းမော့တို့က ပုံမန်ဆို သူတို့ကို အရမ်းခွေးစာကျွေးလွန်းလို့ သူတို့က အားလုံးထက်ပိုပြီး အခုအချိန်မှာ အရမ်းတက်ကြွနေကြတာပေါ့။

" သောက် သောက်!! "

ချောင်လန်က နောက်တစ်ခါထပ်ပြီး တားလိုက်ချင်နေတယ်။ ဒါပေမဲ့ ထန်းမော့က အရမ်းကိုတည်ငြိမ်နေတယ်လေ။

ဟောင်ရင်လှမ်းပေးတဲ့ ဘီယာပုလင်းကို ယူလိုက်ပြီး အဖုံးကို အရမ်းကျက်သရေရှိစွာ ဖွင့်လိုက်ပြီး မျက်ခုံးတစ်ဖက်ပင့်လိုက်ကာ ပြောလိုက်တယ်။ " ဘယ်လိုသောက်မှာလဲ "

သူ့တို့ဘေးက ကျောင်းသားကျောင်းသူအုပ်လိုက်ကြီးက ရုတ်တရက်ဆိုသလို ပွက်ပွက်ဆူလာကြတော့တာပေါ့။

ပိုင်ယွီက အစတုန်းက ဟောင်ရင့်စကားကို နားမထောင်ရဲဘူး။ ဒါပေမဲ့လဲ သူမက တစ်ခြားသူတွေထက်ပိုပြီး ဒီစိတ်လှုပ်ရှားစရာကောင်းတာကို ကြည့်ချင်နေခဲ့တာလေ။ အဲ့တာကြောင့် သူမက ထန်းမော့သဘောထားကို တွေ့လိုက်တော့ ချက်ချင်းကိုပဲ ချောင်လန့်ကိုလက်မောင်းကနေ ဆွဲလိုက်ပြီး အော်လိုက်တယ်။

" ဟောင်ရင် ရှုံးသွားပြန်ပြီ " ပိုင်ယွီက သက်ပြင်းချလိုက်တယ်။ " ထန်းမော့က အရမ်းကို ချောတာပဲ။ "

အစကထဲက အချစ်ဆိုတဲ့ filterကို ဖြတ်ပြီးမှ မြင်တဲ့ ချောင်လန်တစ်ယောက်ကတော့ သဘာဝကျစွာပဲ ထန်းမော့ကပိုပြီး ချောတယ်လို့ ခံစားမိတာပေါ့။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now