အပိုင်း(၇၀)

5.2K 976 15
                                    

Unicode
တစ်ကယ်လို့ သူမသာ ထန်းမော့အကြောင်းမသိတဲ့လူဆိုရင် ထန်းမော့က ဘာသာရပ်တစ်ခုလုံးစာကြီးတောင်လျော့နေတာကို အဆင့်၃ရနေသေးတာကို သက်ပြင်းချပြီး အံ့အားသင့်နေမိမှာပဲ။

တရုတ်စာ စာမေးပွဲဖြေတဲ့နေ့က ထန်းမော့ စာမေးပွဲခန်းထဲဝင်သွားတာကို ချောင်လန် သေသေချာချာကြီးမြင်လိုက်ပါတယ်။ အဲ့တာကြောင့် ဒီအမှတ်ရတာက သွားမဖြေတာကြောင့်တော့မဟုတ်ဘူး။

ချောင်လန် သူမဖုန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ခေါင်းကိုလှည့်လိုက်ကာ ထန်းမော့မျက်နှာကို ကြည့်လိုက်တယ်။ ကောင်လေးရဲ့ နူးညံ့ပြီးလှပတဲ့ မျက်နှာလေးကလဲ သူမကို ကြည့်နေခဲ့တယ်။ ချောင်လန်လှည့်ကြည့်လိုက်တော့ သူက လူမိသွားတဲ့ပုံဖြစ်သွားပြီး သူ့ရဲ့မျက်နှာသေကြီး အနည်းငယ်စိုးရိမ်သွားတဲ့ပုံ ပြလာတယ်။

ချောင်လန်က အသက်ပြင်းပြင်းရှူလိုက်ပြီး " ထန်းမော့ နင် အဖြေလွှာကို ဗလာကြီး အပ်ခဲ့တာလား "

ကောင်လေးရဲ့ အညိုဖျော့ရောင်မျက်လုံးလေးတွေက တုန်လှုပ်သွားတယ်။ ပြီးတော့ သူက မျက်နှာကို ဘေးဘက်ကို လှည့်လိုက်တယ်။ " .. အဲ့တာ..... ငါက အဲနေ့တုန်းက နေလို့မကောင်းလို့ "

ဘာမျက်နှာအမူအရာမှတော့ မရှိဘူး။ ဒါပေမဲ့ သူကလိမ်နေတယ်။ သဲလွန်စတွေက အရမ်းသိသာလွန်းနေတယ်။ သူက ပြီးပြည့်စုံအောင် လုပ်ပြနိုင်ခဲ့တယ်လို့ သူ့ကိုယ်သူထင်နေတဲ့ ကလေးလေးတစ်ယောက်လိုပဲ။

ချောင်လန် တိတ်ဆိတ်နေခဲ့တယ်။

ထန်းမော့က ဒီလိုအခြေအနေမျိုးကို အကြောက်ဆုံးပဲ။

သူက တစ်ဖက်လူရဲ့ မျက်နှာအမူအရာတွေ ပြီးတော့ သူမရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို နားမလည်နိုင်ဘူး။ သူမက စကားမပြောခဲ့ဘူး။ ပြီးတော့ သူကလဲ သူမတိတ်ဆိတ်နေတာကို တွေတွေကြီး ငေးကြည့်နေခဲ့တယ်။

အတန်းပိုင်ဆရာက သူ့ကို scholarship တွေအကြောင်းပြောတုန်းက သူကဒီနည်းလမ်းကို စဥ်းစားမိခဲ့တာ။ ချောင်လန်က ဘာလို့ သူမအတွက်နဲ့ သူ့ကိုပိုက်ဆံမသုံးခိုင်းချင်တာလဲ ဆိုတာတော့ သူနားမလည်သေးပေမဲ့ သူကတစ်ခြားနည်းလမ်းနဲ့လဲ သူမကိုပေးလို့ရတယ်ဆိုတာကို သူနည်းနည်း နားလည်သွားတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Место, где живут истории. Откройте их для себя