
19.1K 3K 43
                                    



(မနက်ဖြန် မတင်အားလို့ ကနေ့ 2 ပိုင်းတင်ပေးလိုက်ပါတယ်။ နောက် တပိုင်း မရှိတော့ပါဘူး။ )


ဒါပေမယ့် ရှုဟိန်က သူ့ချစ်သူမဟုတ်၊ အစ်ကိုကြီးဖြစ်သည်။ အစ်ကိုကြီးဆိုရင် အကျိုးအမြတ်တွက်စရာမလိုဘဲ ပိုရိုးသားစွာ ဆက်ဆံနိုင်သည်။

ဒီလိုတွေးမိစဉ် ရှုနင်၏ကိုယ်လေး တောင့်ခနဲဖြစ်သွားသောကြောင့် ရှုဟိန်မေးလိုက်သည်။

"မင်း ဘာအကြောင်း စဉ်းစားနေတာလဲ.."

"အစ်ကိုကြီးအကြောင်း စဉ်းစားနေတာ.."

ရှုဟိန်၏နှုတ်ခမ်းထက်က ကျေနပ်သောအပြုံး ပေါ်လာသည်။ သူတို့နှစ်ယောက်အတူရှိချိန်က တိုတောင်းသောကြောင့် သူတန်ဖိုးထားရမည်။

ရှုနင်က အစ်ကိုကြီးကိုကြည့်လိုက်တော့ အသားက နေလောင်ကာ ကြေးနီရောင်သမ်းလာပြီး ခန္ဓာကိုယ်ကြွက်သားတွေက ပိုထင်ရှားလာသည်။ ကြည့်ရတာ သူက ကြံကြံခံဖြတ်ကျော်လာနိုင်သည်ထင်ပါရဲ့..။

"အစ်ကိုကြီး.. စစ်ရေးလေ့ကျင့်တာ ပင်ပန်းလား.."

"မင်း ငါ့ကိုနမ်းလိုက်ရင် မပင်ပန်းတော့ဘူး.."

ရှုနင်က အစ်ကိုကြီး၏ ခန့်ညားချောမောသောမျက်နှာကို ခဏကြောင်ကြည့်နေပြီး 'မွ' ဟုအသံအကျယ်ကြီးထွက်ကာ ပါးကိုနမ်းလိုက်သည်။

ရှုဟိန်က ကျေနပ်စွာဖြင့် ပြန်နမ်းကာ ပြောခဲ့သည်။

"မင်းရဲ့အနားမှာရှိနေရရင် မပင်ပန်းဘူး.."

"........."

ဘာကြီးတုန်း.. ဒီစကားကြီးက.. ဘာမှလည်းမချိုသာဘူး..

အား... ငါတော့ သေတော့မှာလဲ..

ရှုနင်၏နားရွက်လေးတွေ ရဲလာခဲ့သည်။ ရှုနင်က အစ်ကိုကြီး၏ကြွက်သားဖြင့် တောင့်တင်းနေသောပေါင်ကို ညှစ်လိုက်သည်။ ဝိုး.. ဒါမှ နတ်ဘုရားရဲ့ပေါင်ကွ..
ရှုဟိန်က ရှုနင်ကိုစိုက်ကြည့်ကာ ညှစ်နေသောလက်လေးတွေကို ဆုပ်ကိုင်လိုက်သည်။ စစ်ရေးလေ့ကျင့်ရေးစခန်းတွင် သူ့အဖိုးကိုယ်တိုင် ရောက်လာချိန်မှာတော့ တပ်မှူးကိုယ်တိုင် သင်တန်းသားတွေကိုကြီးကြပ်ကာ သူကိုယ်တိုင် လိုက်လံလေ့ကျင့်ခဲ့သဖြင့် သင်တန်းသားအားလုံး ခါတိုင်းထက်ပိုတင်းကျပ်ခံရကာ အကုန်လက်မြှောက်ခဲ့ရပေမယ့် ရှုဟိန်က အပြီးထိလေ့ကျင့်နိုင်ခဲ့သည်။ သူ့အဖေရင်းက ညတိုင်း သူအိပ်ပျော်သွားချိန်မှာ အိပ်ဆောင်ကိုရောက်လာပြီး ခြေထောက်တွေကို နှိပ်ပေးခဲ့ပြီး သူမနိုးခင် ပြန်ထွက်သွားသောကြောင့် မျက်နှာချင်းမဆိုင်ခဲ့ရပေ။

"အစ်ကိုကြီး စစ်ရေးလေ့ကျင့်တာ ပြီးပြီလား.."

"အင်း.. အစ်ကိုကြီး အပတ်တိုင်းအိမ်ပြန်လာပြီး မင်းကိုကြည့်မယ်.. တစ်နှစ်က ခဏလေးနဲ့ ကုန်သွားမှာပါ.."

"အင်း.."

သူ့အစ်ကိုကြီးထွက်သွားပြီးတော့ ရှုနင် ကျောင်းကိုထွက်လာခဲ့သည်။ အတန်းထဲက အချမ်းသာဆုံးစူးလန်ထက် ရှုနင်က ပိုချမ်းသာမည်ဟု မည်သူကမှ ထင်မထားကြပေ။ အတန်းသားအများစုက ရှုနင်နှင့် ကောင်းပွန်သောဆက်ဆံရေး ရှိထားကြသဖြင့် ကျေနပ်နေကြသည်။ ရှုနင်အပေါ် အတန်းသားများ၏ သဘောထား ပြောင်းသွားတာနဲ့အတူ သူ့ကိုလာရှာသူတွေ ပိုများလာသည်။ စူးလန့်က ဘယ်လောက်တုန်လှုပ်နေခဲ့သည်ကို သူ့မျက်နှာတစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။ ဘာမှမဟုတ်သည့် ငွေကြေးချမ်းသာမှုကို လိုက်ပြိုင်နေတာကို ရှုနင် သဘောမကျပေ။ တစ်တောင်ထက်ပိုမြင့်သော တခြားတောင်ဆိုတာ ရှိတာပဲလေ..။ အရေးမပါတာနဲ့ ဘာကြောင့် ယှဉ်ပြိုင်နေရမှာလဲ..။ မိဘစည်းစိမ်ကိုပြိုင်မယ့်အစား ကိုယ်ပိုင်ပစ္စည်းချင်း အရွယ်အစားဘယ်လောက်ရှိတယ်ပြိုင်တာကမှ အဓိပ္ပါယ်ရှိဦးမည်။

ရှုနင်ကို ခင်မင်သူတွေပိုတိုးလာပြီး အားကစားလုပ်ရာတွင်၊ ကာရာအိုကေဆိုရာတွင် သူ့ကို အတူခေါ်သွားကြသည်။ ရှုနင်က သီချင်းဆိုရာတွင် အသံလည်းကောင်းကြောင်း နာမည်ကြီးသည်။ အရင်ဘဝကတော့ ဒီလိုလူရာဝင်သည့်အခြေအနေကို ရှုနင် မရခဲ့ပေမယ့် ယခုဘဝတွင်တော့ လူတိုင်းက သူ့ကိုအလေးထားကာ ပေါင်းသင်းကြသည်။

ရှုနင်က အင်္ဂလိပ်စာလည်းကောင်းပြီး စာမေးပွဲမှာ ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်နိုင်သောကြောင့် ဘယ်သူမှ သူ့ကိုအထင်မသေးဝံ့တော့ပေ။

သူက ငယ်ပေမယ့် အရမ်းထူးချွန်သည်။ နောက်ခံအသိုင်းအဝိုင်းက ဘယ်လိုများလဲဟု လူတိုင်းစိတ်ဝင်စားနေကြသည်။ ရှုနင်က သူ့ကိုတိုက်ခိုက်သူများကို စကားတစ်လုံးမှမပြောဘဲ နင်းချေပစ်နိုင်အောင် ပါးနပ်မှုရှိသည်။ သူက သူ့စွမ်းရည်တွေကို ဘယ်တော့မှ အပြည့်ထုတ်မပြသဖြင့် ဘယ်သူမှ သူ့အရည်အချင်းအကုန်ကို မခန့်မှန်းနိုင်ကြပေ။

ကျောင်းဘေးနားတဝိုက်က စားသောက်ဆိုင်ကြီးတစ်ဆိုင်က စီးပွားရေးမကောင်းသဖြင့် ရောင်းချင်နေတာသိလို့ ရှုနင်က ကိုယ်ရံတော်တွေကနေတဆင့် ဝယ်ယူလိုက်သည်။ ထိုအချိန်တွင် မြို့တော်ကမြေဈေးက မကြီးသေးသဖြင့် နှစ်ထပ်အဆောက်အဦးပါသည့် နေရာကျယ်ကျယ်ကို ယွမ်တစ်သန်းနှင့် ဝယ်ယူနိုင်ခဲ့သည်။ ဒါက အရမ်းကို ဈေးချိုသည်။

ချင်ယွိကျိုးသုံးနေကျ ဥပဒေအကျိုးဆောင်အဖွဲ့ကနေတဆင့် တရားဝင်စာရွက်စာတမ်းဖြင့် ခိုင်မာအောင်လုပ်ဆောင်ထားနိုင်ခဲ့သည်။ ဒီနေရာတွင် ၃ထပ်အဆောက်အအုံတစ်ခုဆောက်ကာ သင်တန်းများဖွင့်လှစ်ဖို့ ရည်ရွယ်ထားသည်။ ရှုနင်က ကျူရှင်လာသင်သည့် နိုင်ငံခြားသား အင်္ဂလိပ်ဆရာထံမှတဆင့် အင်္ဂလိပ်ဘာသာစကားက ကမ္ဘာသုံးဖြစ်ကာ မကြာခင် တွင်ကျယ်လာမည်ကို သိနေသည်။ ပြီးတော့ ဒီအဆောက်အအုံမှာ အင်တာနက်ကဖေးဆိုင်များကိုလည်း ဖွင့်ဖို့ ရည်ရွယ်ထားသည်။ ဒါက သိပ်မပင်ပန်းဘဲ ငွေဝင်နိုင်သည်။

ကျောင်းတက်ရသည့်အချိန်များတွင် စူးလန့်က သူ့ရှေ့မှာ ကိုယ်ရည်သွေးဖို့ကြိုးစားတာကလွဲရင် အားလုံးအဆင်ပြေသည်။ တနေ့ စီနီယာကျောင်းသားတစ်ဦးက စူးလန့်ကို လာရှာခဲ့သည်။ တကယ်တော့ စူးလန့်က မြို့တော်က စူးမိသားစုနှင့် အမျိုးတော်စပ်သူဖြစ်သည်။

"ဝမ်းကွဲအစ်ကို.. ကျွန်တော့်ကို လာတွေ့တာလား.."

လာတွေ့သူ ၃ယောက်ကို စူးလန့်က တက်ကြွစွာနှုတ်ဆက်လိုက်သည်။ စူးလန့်ရဲ့နောက်က ကောင်မလေးက သူတို့ရဲ့ အထက်တန်းကျသောဝတ်စားပုံကို အထင်ကြီးနေသည်။ စူးရွှိတ်က ဂုဏ်သရေရှိသော ရုပ်ရည်သွင်ပြင်ကို ပိုင်ထားသည့်အပြင် ဝတ်ကောင်းစားလှဝတ်ထားသောကြောင့် လူတိုင်းအကြည့်ကို ဆွဲဆောင်ထားနိုင်သည်။

စူးရွှိတ်က အတန်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရှုနင်ကိုတွေ့တော့ စိုက်ကြည့်လိုက်သည်။ စူးလန့်က သူ့ဝမ်းကွဲက ရှုနင်ကိုကြည့်နေတာတွေ့တော့ မျက်နှာမည်းသွားပြီး ပေါ်တင်ပဲ စားသောက်ဖို့အကြောင်းပြကာ ခေါ်လာခဲ့သည်။

ဒါက နာမည်ကြီးနေတဲ့ ဥာဏ်ကြီးရှင်လေးပေါ့ ဟု စူးရွှိတ်က တွေးလိုက်ပြီး စူးလန့်ခေါ်ရာကို လိုက်ခဲ့သည်။
ရှုနင်လည်း ထိုသူဌေးသားအုပ်စုကို ခေါင်းထဲမှာထည့်မထားပေ။ သူတို့မျက်နှာကို တစ်ချက်ကြည့်ရုံနှင့် ရေပေါ်ဆီ လူပေါ်ကျော့သူဌေးသားလေးတွေဆိုတာ နဖူးမှာစာရေးထားသလို ထင်းလို့နေသည်။ လောကမှာ ကိုယ့်အစွမ်းအစဖြင့် တကယ်ရပ်တည်နိုင်မှ ဒီလောကမှာ ရှင်သန်နိုင်မယ်ဆိုတာ ဒီကောင်တွေ ဘယ်လိုနားလည်နိုင်မှာလဲ..။ အခက်အခဲတစ်ခုကြုံတာနှင့် အလွယ်တကူပျက်စီးသွားနိုင်သည့် သူဌေးသားတွေကို သူအထင်မကြီးပေ။

ထိုစဉ် ရည်မွန်ချောမောသော လူချောတစ်ဦး ထပ်ရောက်လာပြီး မေးလိုက်သည်။

"တဆိတ်လောက်ခွင့်ပြုပါ.. ကျွန်တော်က ကျွန်တော့်ညီလေး ရှုနင်ကို လာရှာတာပါ.. ကျေးဇူးပြုပြီး လမ်းနည်းနည်းလောက် ဖယ်ပေးပါဦး.."

"ဟုတ်လား.. တိုက်ဆိုင်လိုက်တာ.."

ရှုကျီရွှမ်းက လမ်းလျှောက်လာသည့်လမ်းမှာ ပန်းများပွင့်စေလောက်အောင် ဆွဲဆောင်နိုင်သော အလှကျက်သရေနှင့်ပြည့်စုံသည်။ သူ့အပြင်ပိုင်း ရည်မွန်ချောမောသောပုံစံလေးကိုကြည့်ရုံနှင့် အတွင်းပိုင်းက ဆရာကျကျတွက်ချက်နိုင်သည့်စိတ်ကို ဘယ်သူမှ သတိပြုမိမည်မဟုတ်ပေ။ သူက စူးရွှိတ်ကို လက်ကမ်းပေးကာ ပြောလိုက်သည်။

"ရှုကျီရွှမ်းပါ.. တွေ့ရတာ ဝမ်းသာပါတယ်.."

"တွေ့ရတာဝမ်းသာပါတယ်.. စူးရွှိတ်ပါ.."

စူးရွှိတ်က ပြုံးရုံပဲပြုံးနေလိုက်သည်။ ဒီကောင်လေးက အတော်ချောမောပေမယ့် မြို့တော်ကဟုတ်ပုံမရပေ။ သူက လိုက်ရောဖို့မကြိုးစားဘဲ နောက်မှအေးဆေးစုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

ရှုနင်က ချင်ယွိကျိုး ဖုန်းဆက်ထားပြီးဖြစ်လို့ ရှုကျီရွှမ်းက သူ့ဆီလာတွေ့တာက အသံဖမ်းစက်လိုမျိုး တစ်ခုခုလာပေးတာကို သိသည်။ သူ့အမေက သူတို့အိမ်မှာ သူလျှိုတွေထည့်မရလို့ ရှုကျီရွှမ်းက မြို့တော်မှာကျောင်းတက်နေကြောင်းပြောကာ တစ်ခုခုလိုအပ်ရင် အကူအညီတောင်းလို့ရကြောင်း ပြောခဲ့သည်။

ရှုကျီရွှမ်းက ရှုနင်အတန်းပြီးသွားတာသိသောကြောင့် အပြင်ကိုခေါ်ထုတ်လိုက်သည်။

"ဝမ်းကွဲညီလေး.. အပြင်မှာ ငါ စားသောက်ဆိုင်မှာ တစ်ဝိုင်းမှာထားတယ်.. သွားရအောင်.."

သူက သင်ခန်းစာလိုချင်နေတာလား..

တွေ့တွေ့ချင်း ခုလိုလုပ်လိုက်ရင် ရှုနင်က သူ့အပေါ်အထင်မြင်ကြီးသွားမည်ကို သိပြီး တမင်လုပ်နေခြင်းဖြစ်သည်။ ရှုကျီရွှမ်းက ပါးစပ်က ပျားရည်လိုချိုသာလှသောကြောင့် တစ်မိသားစုလုံ သူ့ကို မလွန်ဆန်နိုင်ကြပေ။

ရှုနင်က အရမ်းရင်းနှီးသည့်ပုံစံဖမ်းကာ သူ့ကျောပိုးအိတ်ကို ရှုကျီရွှမ်းဆီကမ်းပေးကာ အတူတူ ကျောင်းပြင်ကိုထွက်လာကြသည်။ ရှုကျီရွှမ်းက အလိုလိုက်သည့်အစ်ကိုကြီးဟန်ဖြင့် ရှုနင်၏ခြေထောက် ကောင်းသွားပြီလားဆိုတာ မေးနေသည်။ ရှုနင်က ခြေခေါက်တဲ့ကိစ္စက ပြန်ကောင်းတာ လချီကြာနေသည့်ကိစ္စကို လာမေးနေလို့ အဖက်လုပ်ပြီးမဖြေတော့ပေ။

စူးလန့်က ဒီမြင်ကွင်းကိုကြည့်ပြီး ဒေါသတကြီးနှင့် ပေါက်ကွဲထွက်မလို ခံစားလိုက်ရသည်။ သူတို့က ဝမ်းကွဲရှိတာချင်းတူပေမယ့် သူ့ဝမ်းကွဲအပေါ် သူက ဒီလိုလုပ်ပိုင်ခွင့်မရှိဘဲ အရိပ်ကြည့်ကာ ဖားနေရသည်။

အခု ရှုနင်က သူ့ဝမ်းကွဲအစ်ကိုကို လေလိုပဲသဘောထားနေသည်။ သူတို့နှစ်ယောက် ဘယ်လောက်တောင် ကွာခြားလိုက်သလဲ..။

စူးရွှိတ်က စူးလန့်ကိုစိုက်ကြည့်ကာ ရုတ်တရက် သတိပေးလိုက်သည်။

"ဟိုကောင်လေးနဲ့ ဝေးဝေးနေ.. သူ့နောက်ကြောင်းက ထင်သလောက်မရိုးရှင်းဘူး.. ငြိမ်တဲ့ရေက ခန့်မှန်းရခက်အောင် နက်ရှိုင်းတတ်တယ်.."

ရှုကျီရွှမ်းက စမတ်ကျတဲ့လူဖြစ်မှတော့ သူ့ဝမ်းကွဲလည်း သာမန်လူ ဘယ်ဖြစ်နိုင်မှာလဲ..။ စူးလန့်က ကတိပေးလိုက်ရချိန် မပျော်မရွှင်ဖြစ်နေသည်။

စူးလန့်က သူ့စကားကို တကယ်အလေးမထားသည်ကိုတွေ့တော့ စူးရွှိတ် ဘာမှထပ်မပြောတော့ပေ။

"မင်း နေ့ခင်းပိုင်း ပထမအတန်းချိန်ကို တက်စရာမလိုတော့ဘူး.. မင်းရဲ့ဆရာကို ငါ ခွင့်တိုင်ခဲ့ပြီ.."

ရှုကျီရွှမ်းက ကားကို ကိုယ်တိုင်မောင်းရင်း ပြောလိုက်သည်။ ရှုကျီရွှမ်းက ရှုဟိန်ထက် ၂လပဲငယ်သောကြောင့် ကားမောင်းလိုင်စင်ရကာ ကိုယ်တိုင်မောင်းနေတာကြည့်ပြီး ရှုနင် အားကျမနာလိုဖြစ်လာသည်။

ငါလည်း ကားမောင်းချင်တယ်..

"စားသောက်ဆိုင်ရောက်ရင် ငါမှာထားတဲ့ဟင်းကို တစ်ချက်ကြည့်လိုက်.. မကြိုက်ရင် ထပ်မှာလို့ရတယ်.. ငါတို့ဝမ်းကွဲညီအစ်ကိုတွေ ရှားရှားပါးပါးဆုံရခိုက် ငါ့ညီကို စိတ်တိုင်းကျ ပြုစုပါရစေ.."

ရှုနင်က ကြည့်ရုံသာကြည့်ပြီး ဘာမှပြန်မပြောလိုက်ပေ။

"မင်း ငါ့ကို အရမ်းမုန်းတာပဲလား.."

ရှုကျီရွှမ်းက ရှုနင် သူ့ကိုမနှစ်သက်ဘူးဆိုတာ ခံစားမိသောကြောင့် မေးလိုက်သည်။

"ကျွန်တော်တို့က အနေဝေးပြီး စိမ်းကြလို့ပါ.."

ရှုနင်က နုံအသောလူတစ်ယောက်တော့ မဟုတ်ပေ။ နောင်မှာ မြို့တော်မှာ တွင်ကျယ်သောလုပ်ငန်းကို ထူထောင်ဖို့ plan ချထားပြီးဖြစ်သည်။ ဒါပေမယ့် ရှုဟိန်က ခုကတည်းက ကိုယ်ပိုင်လုပ်ငန်းနှင့် ငွေရှာနိုင်ပြီဆိုတာ တွေးမိတော့ ကိုယ့်ဘာသာ စိတ်ဓာတ်ကျသွားသည်။ အိုး.. ရှုဟိန်နဲ့တော့ ဘယ်ယှဉ်လို့ရနိုင်ပါ့မလဲဟု ဖြေတွေးလိုက်သည်။

"မြို့တော်မှာ ငါ့အိမ်တစ်လုံးရှိတယ်.. ကျောင်းပိတ်ရက် လာလည်ပါဦး.. ဟော်ရန်က မြို့တော်ကို ကျောင်းပြောင်းချင်တယ်ဆိုလို့ တကျီကျီလုပ်နေလို့ ကျီဟွေ့က ဒီကိစ္စကို စီစဉ်နေတယ်.."

"အထက်တန်းကျောင်း ပြောင်းမှာလား.. သူ့အဆင့်နဲ့လား.."

"ဒီနေရာနဲ့ နှစ်လမ်းအကွာက ပုဂ္ဂလိကအလယ်တန်းကျောင်းကို ပြောင်းလာမှာ.. မင်းအခုတက်နေတဲ့ကျောင်းက ကျောင်းသားတွေက အဲ့ဒီကျောင်းက ထွက်ကြတဲ့သူတွေချည်းပဲ.."

ရှုကျီရွှမ်းက ရှုနင်၏ထိုင်ခုံခါးပတ်ကို ကူဖြုတ်ပေးမလို့လုပ်နေခိုက် ရှုနင်က သွက်လက်စွာ ခါးပတ်ဖြုတ်ကာ ကားတံခါးဖွင့်ပြီး ဆင်းသွားပြီးလေပြီ။ ရှုကျီရွှမ်းက စိတ်ဓာတ်ကျသွားပေမယ့် နောက်ကနေ မြန်ဆန်စွာလိုက်ခဲ့သည်။

သူတို့ သီးသန့်ခန်းထဲရောက်တော့ စားပွဲထိုးက ရေငှဲ့ပေးပြီး စားစရာများ ချက်ချင်းချပေးခဲ့သည်။ ရှုကျီရွှမ်းက စကားပြောဖို့ အခွင့်အရေးချောင်းနေသည်။

"ဒီကဟင်းတွေက နာမည်ကြီးတယ်.. မြည်းကြည့်ပါဦး.."

ရှုကျီရွှမ်းက တူကိုကမ်းပေးရင်း ပြောလိုက်သည်။

ရှုနင်က အင်မတန်ကြင်နာတတ်သော အစ်ကိုကြီးပုံစံဖမ်းနေသည့် ရှုကျီဟွေ့ကို အံ့သြစွာကြည့်လိုက်မိသည်။ ဒီပုံစံကို ဘယ်သူမှ လွန်ဆန်နိုင်မည်မထင်ပေ။ တကယ်လို့ အတိတ်ဘဝက ရှုကျီဟွေ့ရဲ့ အထက်ဖားအောက်ဖိ ရွံစရာစိတ်ဓာတ်ကိုသာ မသိထားရင် သူလည်း သေချာပေါက် ဒီကောင်ရဲ့ပရိယာယ်အောက် ကျရှုံးသွားမှာဖြစ်သည်။ ရှုကျီဟွေ့က သူ့အတွက် အကျိုးရှိမည့်လူအပေါ်မှာပဲ ဖော်ရွေကြင်နာပြီး နိမ့်ကျသူကို အေးစက်မာကျောစွာဆက်ဆံကာ ချနင်းတတ်သည့်ကောင်ဖြစ်သည်။

ရှုနင်စားကြည့်တော့ အစားအစာတွေက အတော်လေးအရသာရှိနေသည်။ ကြည့်ရတာ ချင်ယွိကျိုးဆီကနေ သူဘာဟင်းကြိုက်တတ်သည်ကို ကြိုမေးကာ မှာပေးထားပုံရသည်။

"တချို့ကိစ္စတွေက စီစဉ်ထားတဲ့အတိုင်း လုပ်တာပိုကောင်းပါတယ်.."

ရှုနင်က ဟော်ရန်တို့မြို့တော်ကို ပြောင်းလာမည့်ကိစ္စကို ပြောလိုက်သည်။ ဟော်ရန်ရောက်လာရင် သူ့ရဲ့ အေးဆေးတဲ့နေ့ရက်လေးတွေ ပျက်စီးတော့မှာသေချာသည်။ ဒီခွေးသားလင်မယား တစ်ယောက်နဲ့တစ်ယောက် မုန်းတီးပြီး သေတဲ့အထိကိုက်တာကို မြင်ရဖို့ မစောင့်နိုင်တော့ပေ။ သူတို့ငိုကြွေးသံ ပိုမြိုင်သွားဖို့ သူက လောင်စာဆီလောင်းချပေးရုံပေါ့..။

ရှုကျီရွှမ်း၏မျက်ဝန်းတွေ ကျုံ့သွားသည်။ ရှုနင်က တစ်ခုခုကို သိထားတာလား..။ ချင်ယွိကျိုးက သူမသားကို ပြောပြထားတာထင်သည်။

သူ့အမေက ချင်ယွိကျိုးနှင့်ပူးပေါင်းတာ ကောင်းပေမယ့် အရာအားလုံး ဖွင့်မပြောသင့်ကြောင်း သတိပေးရဦးမည်။

ပထမတော့ ဟော်ရန်က ရှုနင် မြို့တော်ကိုပြောင်းသွားပေမယ့် သူ့ကိုဝန်းရံနေသော ပရိသတ်ရှိရာမြို့က မခွာချင်ပေ။ ဒါပေမယ့် ဒုတိယအိမ်တော်က အကြံအစည်ရှိထားသောကြောင့် ရှုကျီဟွေ့ကနေတဆင့် ဟော်ရန်ကို ဆွဲဆောင်စေသည်။ မြို့တော်ကနေပို့လိုက်သည့် ဂိမ်းအသစ်အဆန်းများနှင့် လက်ဆောင်များကိုပေးစေပြီး မြို့တော်မှာ လည်ပတ်စရာ၊ ပျော်ပါးစရာ ပိုပေါကြောင်း ပြောခိုင်းလိုက်သည်။ အပျော်အပါးမက်သော ဟော်ရန်က စိတ်ပါလာပြီး တက်ကြွစွာဖြင့် မြို့တော်ကိုပြောင်းဖို့လုပ်တာဖြစ်နိုင်သည်။
သူတို့က ဘာကြောင့် ဒီလောက်စိတ်အားထက်သန်နေကြတာလဲ..

သူတို့က သာရာနားချင်ကြတာလား..။ ဒါပေမယ့် ဟော်မိသားစုအကြီးအကဲတွေက ခေါင်းမာကြတော့ ဒုတိယအိမ်တော်က စိုးရိမ်လာပုံရသည်။

ကူယာနှင့် ချင်ယွိကျိုးတို့က ကလေးတွေရဲ့စိတ်က ယိမ်းယိုင်လွယ်ပြီး အတူတူနီးနီးကပ်ကပ်ထားတာ မကောင်းဘူးဆိုတာ သိပုံမရပေ။ ဒါကြောင့် အရာအားလုံးက သူလိုချင်သည့်ပုံစံအတိုင်း ဆက်ဖြစ်နေတာကို ကျေနပ်ဖွယ်သိလိုက်ရသည်။

ရှုနင်က ဟင်းရည်သောက်လိုက်တော့ အရသာအရမ်းလတ်ဆတ်သည်ကို သတိထားလိုက်မိသည်။ ရှုကျီရွှမ်းက ပြုံးကာ ပြောလိုက်သည်။

"ငါတို့ညီအစ်ကိုချည်းပဲရှိတာ.. ရှက်စရာမလိုဘူး.. ထပ်စားပါဦး.."

"ဝမ်းကွဲအစ်ကို.. ကျွန်တော် ပုစွန်စားချင်တယ်.."

ရှုကျီရွှမ်းက ကျောက်ပုစွန်ကို လက်နှင့်ဖဲ့ကာ အခွံကိုဆွဲခွာလိုက်သည်။ စေးကပ်သောအရည်များ သူ့လက်ကိုပေသွားပေမယ့် ရှုကျီရွှမ်းက မျက်နှာတစ်ချက်မပျက်၊ ငြူစူဟန် တစ်စလေးတောင်မပြပေ။

ဒါကိုစောင့်ကြည့်နေသော ရှုနင်က သက်ပြင်းခိုးချလိုက်သည်။ ဒီလူက ရုပ်လည်းချော၊ စိတ်ရှည်စွာဂရုစိုက်တတ်ပေမယ့် မကောင်းသည့်စိတ်ထားက သူ့ကို အောက်ကိုကျအောင် ဆွဲချနေတာပဲ..။ နှမြောစရာကောင်းလိုက်တာ..

ရုတ်တရက် ရှုနင်က အရင်ဘဝက သူ့ချစ်သူကောင်လေးကို သတိရသွားသည်။ ဒီချစ်သူရဲ့စိတ်ထဲ အကျိုးအမြတ်ကိုပဲ တွေးနေတာဆိုတော့ တကယ်လို့ ငွေအတွက်ဆိုရင်ရော အဲ့ဒီကောင် bottom ထိုင်လောက်လား..။

အရင်ဘဝတုန်းကတော့ သူ့စီးပွားရေးအဆင်ပြေရင် သူ့ချစ်သူနဲ့လက်ထပ်ပြီး ဘဝကို တည်တည်ငြိမ်ငြိမ်နေဖို့ စီစဉ်ထားပေမယ့် မအောင်မြင်သေးခင် သူ့အမေရဲ့ကောင်းမှုကြောင့် ထောင်ကျခဲ့ရသည်။ အဲ့ဒီအချိန် သူ့ချစ်သူက မိန်းမတစ်ယောက်နဲ့ ချက်ချင်းလက်ထပ်သွားခဲ့သည်။ ပထမတော့ သူ့ချစ်သူက ဘဝတက်လမ်းကြောင့် လက်ထပ်လိုက်သည်ဟုထင်ပေမယ့် ထောင်ထဲထိ တမင်ထောင်ဝင်စာလာတွေ့ပြီး သူ့ကိုစော်ကားပြောဆိုသွားခဲ့သည်။ မင်္ဂလာဦးညမှ သူသေချာသိသွားတာက မိန်းမနဲ့အတူနေတာက ယောက်ျားတစ်ယောက်နဲ့ အတူနေရတာထက် ဘယ်လိုကွာခြားပြီး ကောင်းမွန်သလဲဆိုတာ အကျယ်ချဲ့ပြောခဲ့သည်။ မိန်းမနဲ့အတူနေရင် သားသမီးရနိုင်ပြီး ယောက်ျားနဲ့နေပါက မျိုးဆက်ပြတ်နိုင်ကြောင်း၊ ရှုနင်နှင့်တွဲခဲ့မိသည်ကို နောင်တရမိကြောင်း၊ ဟိုမိုတွေကြားမှာ ခန္ဓာကိုယ်နှီးနှောဖို့ကလွဲပြီး ဘာမှမရှိကြောင်း ပြောဆိုသွားခဲ့သည်။

လူတစ်ယောက်နဲ့အိပ်တာပဲဖြစ်ဖြစ်၊ လူ ၁၀ ယောက်နဲ့အိပ်တာပဲဖြစ်ဖြစ် မကောင်းမှုကျူးလွန်တာပဲဖြစ်သည်။ ရှုနင်ရဲ့ နောက်ခံမိသားစုကြောင့် လိင်ဆက်ဆံခဲ့မိတာကို သူ့ဘဝမှာ တသက်လုံး နောင်တရနေသည်ဟု ပြောသွားသည်။ ရှုနင်က အောက်ပုဂ္ဂိုလ်ဖြစ်ပေမယ့်လည်း သူ့အဆင့်အတန်းနဲ့ ဘာကြောင့် အထက်ပုဂ္ဂိုလ် မဖြစ်နိုင်ရမှာလဲ..။ မင်းက ဈေးပေါတာလား..။ တစ်ခုခု ချို့ယွင်းနေလို့လား..

"ဝမ်းကွဲညီလေး.."

ရှုကျီဟွေ့က ရှုနင် စိတ်ပျံ့လွင့်နေတာတွေ့တော့ ခွာထားပြီးသောပုစွန်အသားကို ပန်းကန်ထဲထည့်မပေးဘဲ ပါးစပ်ထဲ တိုက်ရိုက်ခွံ့ပေးလိုက်သည်။ ရှုနင်က အမှတ်တမဲ့ ပါးစပ်ဟကာ ပုစွန်အသားကို စားလိုက်မိသည်။

ဒီမြင်ကွင်းကို သူ့အစ်ကိုကြီးကသိသွားပြီး နောင်မှာ ပြဿနာတက်လာနိုင်သည်ကို မသိဘဲ ရှုနင်က ပြောလိုက်သည်။

"ကျွန်တော်က ဟော်ရန်ရဲ့ပြဿနာကို စဉ်းစားနေတာပါ.."

"ဟော်ရန်က ရုတ်တရက် ဘာပြဿနာဖြစ်နိုင်လို့လဲ.."

ရှုကျီရွှမ်းက ရယ်စရာပြောသလိုနှင့် သတင်းနှိုက်လိုက်သည်။ သူက ရှုမိသားစုထဲက အတွင်းသတင်းကို ရှုနင်ဆီကနေ သိချင်နေသည်။ ချင်ယွိကျိုးက သူမက အတွင်းသတင်းကိုမသိနိုင်ကြောင်း ဒုတိယအိမ်တော်ကို ပေးမသိထားပေ။

ရှုနင်က တစ်ခုခုပြောဖို့ တွန့်ဆုတ်နေပုံရတော့ ရှုကျီရွှမ်းက တိုက်တွန်းလိုက်သည်။

"ဝမ်းကွဲညီလေး.. ကျီဟွေ့က ငါ့ရဲ့ တစ်ဦးတည်းသောညီမလေးပါ.. သူမ ထိခိုက်စရာရှိရင် ငါ့ကိုထိန်ချန်မထားဘဲ ပြောပြပေးပါလား.."

"ဟော်မိသားစုခေါင်းဆောင်ကြီးက မကြာခင် ဆုံးပါးတော့မယ်လို့ကြားတယ်.. တကယ်လို့ ညီမလေးကျီဟွေ့သာ လာခဲ့ရင် အသုဘပွဲနဲ့တည့်တည့်တိုးပြီး.. ဖြစ်နိုင်တာက.."

ရှုနင်က တမင်တုံ့ဆိုင်းဟန် လုပ်လိုက်သည်။

ရှုကျီရွှမ်းက မျက်နှာပျက်သွားပြီး မျက်နှာထားပြန်ပြင်လိုက်ကာ တီးတိုးပြောလိုက်သည်။

"ကျေးဇူးပဲ ဝမ်းကွဲညီလေး.. ဒီသတင်းကို လျှို့ဝှက်ထားပေးပါ.. ငါ့ဘာသာ ကြည့်စီစဉ်လိုက်ပါ့မယ်.."

ဘယ်လောက်ပါးနပ်လိုက်တဲ့ ရှုကျီရွှမ်းလဲ..။ ဒီအမူအယာက တမင်လုပ်ပြနေသည်ကို ရှုနင်သိသည်။ ဒုတိယမျိုးဆက်ထက် တတိယမျိုးဆက်က ပိုပါးနပ်ပြီး အာဏာနဲ့ငွေကြေးကို ပိုမက်မောလာကြတာပဲဟု ရှုနင် စဉ်းစားနေသည်။

တကယ်ဆိုရင် ဒုတိယအိမ်တော်ရဲ့ ချမ်းသာမှုနဲ့ဆိုရင် ရှုကျီဟွေ့က တခြားသြဇာအာဏာရှိသော မိသားစုကလူငယ်ကို လက်ထပ်နိုင်ပါလျက် ဘာကြောင့်ဟော်ရန့်ကို ရွေးလိုက်ရတာလဲ..။ ဟော်မိသားစုက ပြိုင်ဖက်ကို ရက်စက်စွာတိုက်ခိုက်တတ်ကြောင်း C မြို့တော်မှာ နာမည်ဆိုးနဲ့ကျော်ကြားသည်။ ဒါဆိုရင် ဒုတိယအိမ်တော်က ဟော်မိသားစု၏လက်ကိုငှားပြီး ရှုပင်မအိမ်တော်ကို ဖြုတ်ချချင်တာလား..။ ရှုချိန်က လက်ရှိမှာ အုပ်ချုပ်နေတာ သူတစ်ခုခုဖြစ်သွားလျှင် ရှုကောင်းက ရှုမိသားစုလုပ်ငန်းကို ဦးစီးနိုင်ပေမယ့် ရှုကောင်းမှာ နှလုံးရောဂါရှိသည်။ ဒါကြောင့် သူတို့က ရှုကောင်းကို ထပ်တလဲလဲ ဒေါသထွက်အောင်လုပ်ဖို့ ကြံစည်နေတာလား။

ရှုကျီရွှမ်း ငြိမ်နေသောကြောင့် ရှုနင်က တမင်မေးလိုက်သည်။

"ရှုမိသားစုက ကာလတိုမှာ အကျိုးအမြတ် ရှိနိုင်သေးရဲ့လား ဝမ်းကွဲအစ်ကို.."

"ဒါပေါ့.. ပင်မအိမ်တော်က အခြေအနေကောင်းပါတယ်.. ဒါပေမယ့် ဒုတိယအိမ်တော်က ဘာဖြစ်သွားမလဲဆိုတာ ငါ့ညီ မသိနိုင်ဘူး.."

ရှုကျီရွှမ်းက သူ့အဖေက စီးပွားရေးကိုဂရုမစိုက်ဘဲ အနုပညာလုပ်လိုက်၊ မိန်းမပွေလိုက်လုပ်နေစဉ် သူ့မိခင်က မောင်နှမသုံးယောက်ကို ထိန်းကျောင်းကာ စီးပွားရေးကို ဦးဆောင်ခဲ့ရကြောင်း စီကာပတ်ကုံး သနားစဖွယ်ဖြစ်အောင် ပြောပြနေသည်။ အတိတ်ဘဝကဆိုလျှင် ရှုနင်က သေချာပေါက် သူ့အပြောမှာ မျောသွားလောက်လေပြီ။

ရှုနင်က တောဘက်ကလာသည်ဆိုပြီး အလွယ်တကူလှည့်နိုင်မည်ဟု ယူဆနေခဲ့သည်။

"အစ်ကိုတော့ မင်းရှေ့မှာ ရယ်စရာဖြစ်နေပါပြီ.. တကယ်ဆိုရင် မင်းရဲ့အစ်ကို ရှုဟိန်က အစ်ကိုနဲ့ အသက်မတိမ်းမယိမ်းပဲ.. သူက အခု အေးတိအေးစက်နေပေမယ့် မကြာခင် မင်းနဲ့ရင်းနှီးလာမှာပါ.."

တကယ်တော့ ရှုဟိန်နဲ့ ဘယ်လောက်ရင်းနှီးတယ်ဆိုတာ အပြင်လူတွေမသိကြပေ။ တကယ်လို့ သူ့အတွက်ချည်းပဲဆိုရင် ရှုကျီရွှမ်းကို ရှုနင်က ဒီလောက်ဂရုမစိုက်ပေ။ ဒီကောင်က လောဘကြီးလို့ သူ့ကို အလွယ်တကူ ပုတ်ချနိုင်သည်။

ဒါပေမယ့် သူက ရှုဟိန်ကိုပါ သေစေချင်ပြီး အကြိမ်ကြိမ် နောက်ကျောကနေ ဓားနှင့်ထိုးခဲ့သောကြောင့် အစ်ကိုကြီးအတွက် ကလဲ့စားပြန်ချေပေးရမည်။

အစ်ကိုကြီးရေ.. အစ်ကိုကြီး အရင်ဘဝက ကျွန်တော့်အပေါ် ကြင်နာပေးခဲ့တာကို ကျွန်တော် ဒီဘဝ အားလုံးပြန်ပေးဆပ်ပါ့မယ်..

ရှုကျီရွှမ်းက ခပ်ပြုံးပြုံးနှင့် ပုစွန်ခွာပြီး ရှုနင်ပန်းကန်ထဲထည့်ပေးကာ ပြောလိုက်သည်။

"စားဦး ညီလေး.."

သူက ကောင်းနိုးရာရာကို ရှုနင်ပန်းကန်ထဲ ထည့်ပေးနေပြီး သူ့မျက်ဝန်းထဲက ကြင်နာနူးညံ့နေပုံက မြင်သူတိုင်းကို ကြွေဆင်းသွားစေနိုင်သည်။

စားသောက်ပြီးတော့ ရှုကျီဟွေ့က ရှုနင်ကို ချင်ယွိကျိုးပေးလိုက်သည့်ပစ္စည်းနှင့်တကွ ကျောင်းကိုပြန်ပို့ပေးလိုက်သည်။ သူ့ကိုယ်သူအမိခံဖို့ ရှုနင်ကို အိမ်ပြန်မပို့ပေ။ ရှုနင်က ကျောင်းခန်းထဲပြန်ဝင်လာတော့ စူးလန့်က သူ့ကိုမကျေမနပ် စူးရဲစွာကြည့်နေသည်။

ဒီကောင်က ဘာကြောင့် ပထမအချိန်ကို ပျက်ခွင့်ရလိုက်တာလဲ..။ သူ့ဝမ်းကွဲနဲ့ အပြင်ကိုလည်း လိုက်စားခွင့်ရလိုက်သေးတယ်..

ရှုကျီရွှမ်းက လူရည်လည်ပြီး ဆရာကိုရိုသေစွာဖြင့်ခွင့်တောင်းကာ အဓိကမေဂျာချိန်မတိုင်ခင် ပြန်ပို့ပေးမည်ပြောသောကြောင့် ဆရာက ကြည်ကြည်သာသာ ခွင့်ပေးလိုက်တာဖြစ်သည်။

ရှုနင်က သူ့ခုံမှာထိုင်ကာ ဘောလ်ပင်လှည့်ရင်း ရှုကျီရွှမ်းအတွက် သေတွင်းတူးပေးရရင်ကောင်းမလားဟု စဉ်းစားနေသည်။

ချင်ယွိကျိုး၏ဆွဲဆောင်မှုအောက် ကူယာသာမက ရှုကျီရွှမ်းပင် ရောက်သွားပုံရသည်။ ရှုချိန်က သားကြီး ရှုဟိန်ကိုသာ မျက်စိထဲထည့်ထားသောကြောင့် အမေနှစ်ဦးက အကျိုးတူပူးပေါင်းကာ သူတို့သားအတွက် အကျိုးအမြတ်ကို လုယူဖို့ကြံနေပုံရသည်။

ကျောင်းဆင်းတော့ ရှုနင်က စက်ဘီးစီးပြီးပြန်လာစဉ် စူးလန့်က ကားမှန်ကိုချကာ လက်ညှိုးထိုးပြီး လှောင်ပြောင်ရယ်မောကာ ထွက်သွားခဲ့သည်။

(⊙o⊙) ဒီအရူးက ဘာဖြစ်သွားတာလဲ..

ရှုကောင်းက ချင်ယွိကျိုးကို စောင့်ကြည့်နေသူဆိုတော့ သူမ တစ်ခုခုကြံစည်တာ သိနိုင်သည်။ ဒီအကြောင်း သူ့အဖိုးကို ဖုန်းဆက်ပြောသင့်သည်။

ရှုနင်က ဖုန်းဆက်ကာ အဖိုးကျန်းမာရေးအကြောင်းမေးဖို့ ဆုံးဖြတ်လိုက်သည်။

"အဖိုး.."

"မြေးလေး.. အဖိုးကို သတိရနေတာလား.."

"သတိရတာပေါ့.. အဖိုး.. မနက်က ဖုန်းမဆက်ဘူး.."

"အဲ့တာ မင်းအမေကြောင့်လေ.. သူမက ကိုယ်ဝန် ၈လရှိပြီဆိုတော့ စိတ်ပူနေရတယ်.. ဘယ်လိုလဲ.. မင်းအမေဆီက လက်ဆောင်ရရဲ့လား.."

"အင်း.. ကျွန်တော် ကျောင်းကပြန်မရောက်သေးလို့ မကြည့်ရသေးဘူး.."

"နင်နင်.. မြေးလေးက စာကြိုးစားဖို့ အရေးကြီးတယ်.. လက်ခံရရှိတဲ့ပစ္စည်းတိုင်းကို စစ်ဆေးကြည့်ဖို့ အန်တီတွေကိုပဲပေးလိုက်.. ဟုတ်ပြီလား.."

"ဟုတ်ကဲ့ဖိုးဖိုး.. အဖိုးရဲ့စကားကို နားထောင်ပါ့မယ်.."

"ဟားဟားဟား.."

ရှုကောင်းက ကျေနပ်စွာဖြင့် ကျယ်လောင်စွာရယ်ကာ ဆက်ပြောလိုက်သည်။

"ငါ့မြေးကြီး.. အောက်တိုဘာကျောင်းပိတ်ရက် မကြာခင်ရောက်လာတော့မယ်.. အိမ်ကိုစောပြန်လာကြ.."

"မသေချာသေးဘူးအဖိုး.. အစ်ကိုကြီးက ဘာစီစဉ်ထားလဲမသိဘူး.. အဖိုး သူ့ကို မေးကြည့်လိုက်ပါလား.."

"သူနဲ့မပြောပါရစေနဲ့.. သူက အသက်ကြီးပဲ.. သူ့ဘာသာပြန်လာလာ မလာလာ.. ငါ့မြေးလေးက ပြန်လာမယ်မဟုတ်လား.."

"ကျွန်တော် အစ်ကိုကြီးရဲ့အစီအစဉ်ကို တစ်ချက်ကြည့်လိုက်ဦးမယ်.."

"........."

ရှုကောင်းက ပန်းသီးပုပ်နင်သွားသလို ဖြစ်သွားသည်။ ရှုဟိန်၏သရုပ်မှန်ကို ဖွင့်မပြောဖို့ ရှုချိန်ကိုကတိပေးထားလို့ ရှုကောင်း ဘာမှမတတ်နိုင်တော့ပေ။

ရှုကောင်းနှင့်ဖုန်းပြောပြီး ချလိုက်တော့ နောက်ထပ်ဖုန်းတစ်ကော ဝင်လာသည်။ ဖုန်းနံပါတ်ကိုကြည့်ပြီး ရှုနင်၏မျက်လုံး ဝင်းလက်သွားခဲ့သည်။

ဒါက ရှုဟိန်ပဲ.. (*^__^*)

-----------------------------------




Chapter (64)– အကိုကြီးရဲ့သဘောကို အရင်ကြည့်သော ညီငယ်လေး (Z+U)

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now