Chapter (70-2)_ငါတို့က ပုံမှန်ဆက်ဆံရေးမျိုး ရှိလို့လား (Z+U)

19.1K 2.8K 69
                                    

Chapter (70-2)_ငါတို့က ပုံမှန်ဆက်ဆံရေးမျိုး ရှိလို့လား (Z+U)

ထိုစဉ်ရှုကောင်း ရောက်လာပြီး နင်နင်၏ အိပ်ရာပေါ်ကိုမြန်မြန်ထိုင်ပြီးထိုင်လိုက်သည်။ လက်ကိုဆန့်၍ မြေး၏မေးစေ့ကိုမြှောက်လိုက်သည်။

ထို့နောက်ဘယ်ဘက်နှင့်ညာဘက်ကိုကြည့်လိုက်သည်။ သူ့မြေးလေး အခြေနေ ကောင်းသည်ကိုမြင်ရမှ စိတ်ချသွားသည်။ ရှုကောင်းက နင်နင်၏ အခြေအနေနှင့် ပတ်သက်၍ ဆရာဝန်ထံ မေးမြန်းခဲ့ပြီး ဆရာဝန်ကအခြေအနေကိုလျင်မြန်စွာရှင်းပြခဲ့သည်။ ယခု ရှုနင် သည်ပုံမှန်ညဝတ်အင်္ကျီဘောင်းဘီကို ဝတ်ဆင်ထားပြီး စောင်ဖြင့်လည်း သေချာ ခြုံထားသည်။

သူ့အဖိုးက သူနှာခေါင်းသွေးလျှံရုံနှင် စိတ်မကောင်းဖြစ်နေသည်ကို တွေ့တော့ ဒီလိုဂရုစိုက်ခံရသည့်အတွက် ရှုနင် တကယ်ပျော်နေမိသည်။ ဒါက အရင်ဘဝတုန်းက မရနိုင်သည့်အရာများဖြစ်သည်။

သိပ်မကြာခင်မှာ ရှုချိန် လည်းလာပြီး သူ့အသားအရေကလည်း သိပ်မကောင်းပေ။ သူက နှစ်ပေါင်းများစွာ သူ့ဘဝရဲ့ အချိန်အများစုကို ကုမ္ပဏီအလုပ်အတွက် အချိန်ကုန်ကာ ပြေးလွှားနေရသောကြောင့် အလွန်ပင်ပန်းခဲ့သည်။

အကယ်၍ ချင်ယွိကျိုး သာ မရှိခဲ့ရင် သူ အရမ်းကြိုးစားအားထုတ်ရမှာ မဟုတ်ဘူး။

ရှုနင်သည် မိသားစုထဲက အထင်ရှားဆုံး အမျိုးသားအုပ်စုတစ်စု၏ဝိုင်းရံထားတာခံရသောပန်ဒါကဲ့သို့ဖြစ်သည်။ ဒါဟာနည်းနည်းအဆင်မပြေခံစားခဲ့ရပေမယ့် သူ့မျက်နှာပေါ်မှာအပြုံးရှိနေသည်။

ကောင်းမွန်သောနေ့ရက်များသည်အမြဲတမ်း လျင်မြန်စွာဖြတ်သန်း ကုန်ဆုံးသွားသည်။ တနင်္လာနေ့ ရှုဟိန် ပြည်ပသို့ ထွက်ခွာရန်အချိန်ရောက်လာခဲ့လေပြီ။ ရှုနင် သည်လည်း မြို့တော်သို့လည်းပြန်လာခဲ့သည်။ သူသည်ဘာမှမဖြစ်သလို ခပ်အေးအေးမျက်နှာဖြင့် စာသင်ခန်းထဲသို့ဝင်ကာ စာသင်နေခဲ့သည်။ စူးလန့် ဒေါသထွက်ကာ တစ်စုံတစ်ခုကို စတင်လုပ်ချင်ပေမယ့် ရှုနင် သူ့ကိုတချက်ကြည့်လိုက်တော့ လေဖြတ်သလို ခံစားလိုက်ရသည်။ စူးရွှိက်သည် သူတို့အတန်းကို အကြိမ်အနည်းငယ်လာခဲ့ပြီး ရှုနင်နှင့် ရင်းနှီးချင်နေသည်။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးOnde as histórias ganham vida. Descobre agora