Chapter (51) - သဝန္တိုေသာ အကိုႀကီးနွင့္ ေသတြင္းတူးေသာ ေဟာ္ရန္ (Z+U)

21.5K 3.3K 60
                                    

Chapter (51) – သဝန္တိုေသာ အကိုႀကီးနွင့္ ေသတြင္းတူးေသာ ေဟာ္ရန္ (Z+U)

အခြင့္အေရးယူခံလိုက္ရတဲ့ ႐ႈနင္တစ္ေယာက္ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနရွာသည္။

ဘယ္သူက ေလွ်ာက္ေျပးတာလဲ... ဘယ္သူက ေလွ်ာက္ကစားေနတာလဲ..

ဟင့္.. ဟင့္.. ရႊတ္.. အိုး.. ငါ့ရဲ့အနမ္းေလး.. အနာဂတ္ခင္ပြန္းေလာင္းေရ.. ကၽြန္ေတာ္ တကယ္ကို စိတ္မေကာင္းပါဘူး.. ခင္ဗ်ားအတြက္ ကၽြန္ေတာ့္ 'လွ်ာ' ကိုပဲ ခ်န္ထားႏိုင္ေတာ့တယ္..

႐ႈနင္က မ်က္ရည္မက်ဘဲ ငိုေၾကြးေနမိေတာ့သည္။

"ေကာင္းၿပီ.. အိပ္ခ်ိန္ေရာက္ၿပီ.."

"မအိပ္ဘူး.."

အခြင့္အေရးယူခံလိုက္ရလို႔ အရမ္းစိတ္ဆိုးေနတဲ့ ႐ႈနင္ေလးရဲ့ IQ ေတြက ထြက္ေျပးသြားသလိုပဲ။ နတ္ဘုရားအစ္ကိုႀကီးကို ေၾကာက္ဖို႔ေမ့သြားၿပီး ဆန္႔က်င္ေတာ္လွန္ေတာ့သည္။ အစ္ကိုႀကီးက အခြင့္အေရးယူသြားၿပီး သူက စိတ္ပ်က္က်န္ရစ္ေနရတယ္.. ဒါ မတရားဘူး..

"လိမၼာပါတယ္ကြာ.. အစ္ကိုႀကီးက မင္းကိုေခ်ာ့သိပ္ပါ့မယ္.."

"........."

႐ႈဟိန္ဆီက ခ်ိဳသာေပ်ာ့ေျပာင္းစြာ ေျပာလိုက္သံကိုၾကားေတာ့ ႐ႈနင္ လန္႔သြားသည္။ နတ္ဘုရားတို႔ေရ.. ဒီအစ္ကိုအတုႀကီးကို ျပန္ေခၚသြားေပးပါ.. ကၽြန္ေတာ့္အစ္ကိုအစစ္ကို ျပန္ပို႔ေပးပါ..။

"မင္း ကမ္းေျခကိုသြားရမယ္ဆုိလို႔ စိတ္လႈပ္ရွားေနၿပီလား.."

"ကၽြန္ေတာ္ အျပင္ကို ေလ႐ွဴဖို႔သြားခ်င္တယ္.."

႐ႈနင္က သူ႔တစ္ကိုယ္လံုးကို ႐ႈဟိန္က ေျခေကာလက္ေကာႏွင့္ ဖက္တြယ္ထားၿပီး မ်က္လံုးေလးကလြဲလို႔ ဘာမွမလႈပ္ႏိုင္ေတာ့သျဖင့္ မ်က္လႊာပင့္ကာ ေျပာလိုက္သည္။

"မင္းအရြယ္ေလးနဲ႔ ႀကံဳရတဲ့ျပႆနာေတြက မ်ားေနၿပီ.. အစ္ကိုႀကီး မင္းေဘးမွာ ကာကြယ္ေစာင့္ေရွာက္ေပးမယ္.. မင္းေပ်ာ္သလိုသာေန.. ဘယ္သူမွ မင္းကို မေႏွာင့္ယွက္ေစရဘူး.."

႐ႈဟိန္က ႐ႈနင္၏ေက်ာေလးကိုပုတ္ကာ ႏူးညံ့စြာေျပာလိုက္သည္။

လွ်ပ္တျပက္အတြင္း ႐ႈနင္ေခါင္းထဲက ျပႆနာအားလံုး အေငြ႕ပ်ံေပ်ာက္ကြယ္သြားေတာ့သည္။ သူ႔ဘဝအာမခံခ်က္ရဖို႔ သူက ႐ႈဟိန္ဆိုတဲ့ေရႊေပါင္လံုးႀကီးကို ဖက္ရဖို႔ ႀကိဳးစားေနခဲ့တာမဟုတ္ဘူးလား။

အခုေတာ့ ေရႊေပါင္လံုးႀကီးကိုယ္တိုင္က သူ႔ကို ကာကြယ္ေစာင့္ေရွာက္ပါမယ္ ေျပာေနၿပီဆုိေတာ့ သူ႔က်န္ရွိတဲ့ေန႔ရက္ေတြက ေပ်ာ္စရာေကာင္းေတာ့မွာ ေသခ်ာသည္။ ႐ႈနင္က ၿငိမ္သြားၿပီးေနာက္ သူ႔တစ္ကိုယ္လံုး အပူရွိန္ေတြတရွိန္းရွိန္းတက္လာသလို ခံစားလိုက္ရသည္။

"အစ္ကိုႀကီး.. ကၽြန္ေတာ့္ကို ညႇစ္ထားမိၿပီ.."

႐ႈဟိန္က တြန္႔ဆုတ္စြာနဲ႔ ကေလးေလးကိုခြထားသည့္ သူ႔ေျခေထာက္တစ္ဖက္ကို ျပန္႐ုပ္ကာ ေစာင္ၿခံဳေပးၿပီး ေအးခ်မ္းစြာအိပ္ေပ်ာ္သြားရန္ ေက်ာေလးပုတ္ကာ ေခ်ာ့သိပ္လိုက္သည္။ ႐ႈနင္က ႐ႈဟိန္၏ရင္ဘတ္ကို ေခါင္းမွီၿပီး ႏွလံုးခုန္သံကိုနားေထာင္ကာ အိပ္ေပ်ာ္သြားေတာ့သည္။ အိပ္မက္ထဲတြင္ ႐ႈနင္က အရမ္းခန္႔ေခ်ာကာ သူ႔အစ္ကိုႀကီးလို သူ႔ေခါင္းကို ပြတ္သပ္ေလ့ရွိေသာလူငယ္တစ္ဦးႏွင့္ ေတြ႕ခဲ့ရသည္။

ေနာက္တစ္ေန႔တြင္ ႐ႈဟိန္ႏွင့္႐ႈခ်ိန္က အလုပ္ကိုသြားၿပီး ႐ႈေကာင္းက မိတ္ေဆြမ်ားႏွင့္ လက္ဖက္ရည္ေသာက္ရန္ ထြက္သြားသည္။ အိမ္တြင္ ႐ႈနင္တစ္ေယာက္တည္း က်န္ရစ္ေသာအခါ ခ်င္ယြိက်ိဳးက ႐ႈနင္ကိုဖိအားေပးၿပီး ေဟာ္ရန္ဆီဖုန္းဆက္ကာ ေတာင္းပန္စကားေျပာေစသည္။ ႐ႈက်ီေဟြ႕က ေဟာ္ရန္ႏွင့္မထိုက္တန္တာကိုသိေပမယ့္ ဒီကိစၥကိုအေျခခံၿပီး ႐ႈအိမ္ေတာ္၏ဒုတိယအိမ္ေတာ္ခြဲႏွင့္ ခ်စ္ၾကည္ေရးတည္ေဆာက္ခ်င္သည္။ ဒါမွ ႐ႈဟိန္တိုက္ခိုက္ရာတြင္ အေထာက္အကူရမည္မဟုတ္လား။ ခ်င္ယြိက်ိဳးႏွင့္ ႐ႈဒုတိယအိမ္ေတာ္က ေကာင္းကင္တံခါးေပါက္ကို ခုန္ကူးကာ ငါးဘဝမွ နဂါးျဖစ္ေအာင္ ႀကိဳးစားခ်င္သူမ်ားႏွင့္ တူလွသည္။ ႏွစ္ဦးစလံုးက အက်ိဳးစီးပြားအတြက္ ပူးေပါင္းတာျဖစ္လို႔ ေကာင္းေကာင္းလက္တြဲႏိုင္ေလာက္သည္။ ႐ႈနင္က အရမ္းငယ္ေသးသျဖင့္ သူ႔အတြက္ အေထာက္အပံ့ေပးႏိုင္သူကို ရႏိုင္သမွ် ရွာထားမွျဖစ္မည္။

႐ႈနင္က မိခင္၏စိုက္ၾကည့္မႈေအာက္တြင္ ေဟာ္ရန္ကို ဖုန္းေခၚလိုက္သည္။ ေဟာ္ရန္က သူငယ္ခ်င္းမ်ားႏွင့္ ဘက္စကက္ေဘာကစားေနစဥ္ ႐ႈနင္ဖုန္းဆက္လာေသာေၾကာင့္ ဝမ္းသာေနသည္။ ဒါေၾကာင့္ သူတို႔နဲ႔လာကစားဖို႔ ေခၚလိုက္သည္။

ခ်င္ယြိက်ိဳးက ေခါင္းညိတ္ကာ သြားဖို႔သေဘာတူလိုက္သည္။

"ေဟာ္ရန္က မင္းကို သူငယ္ခ်င္းလို သေဘာထားတယ္ၾကည့္စမ္း.. ႐ႈဟိန္က သူ႔အေပၚလုပ္ခဲ့တာအတြက္ မင္းကို အျပစ္မတင္ဘူး.. သူက ႏွာဘူးက်တဲ့အလုပ္ လုပ္ခဲ့ေပမယ့္ အထက္တန္းစားသခင္ေလးတစ္ေယာက္ဆိုတာ သိသာတယ္.. ႐ႈဟိန္က သားကို မိတ္ေဆြေကာင္းမရေအာင္ တမင္လိုက္ဖ်က္ေနတာပဲ.. ဘယ္ေလာက္ေတာင္ ဆိုးဝါးလိုက္တဲ့ေကာင္ေလးလဲ.. ဒီလိုသားရွိတဲ့အတြက္ ဒီမိသားစုက ရင္ေလးစရာပဲ.."

"........."

"မိသားစုထဲမွာ ဟန္ခ်က္ညီဖို႔ မင္းက သူနဲ႔ ရန္သူေတြျဖစ္ေအာင္လုပ္မိရင္ေတာင္ သူ႔ကို ဆန္႔က်င္ရမယ္.."

"........."

"ငါမင္းကို စကားေျပာေနတယ္ေလ.."

"အေမ.. ေဟာ္ရန္က ကၽြန္ေတာ့္ကိုလာခဲ့ဖို႔ ေျပာေနၿပီေလ.. သူ႔မွာ သူငယ္ခ်င္းတစ္အုပ္ႀကီး ရွိေနတယ္.. ကၽြန္ေတာ္ ဘယ္လိုလုပ္ရမလဲ.."

႐ႈနင္က အႀကံရၿပီး ေျပာလိုက္သည္။ ေဟာ္ရန္တို႔နဲ႔ ေပါင္းသင္းႏိုင္မွာျဖစ္လို႔ ခ်င္ယြိက်ိဳးက ပိုက္ဆံထုတ္ေပးဖို႔ ဝန္မေလးေပ။

"အေမ မင္းကို ပိုက္ဆံ ယြမ္ 10000 ေပးလိုက္မယ္.. မျဖဳန္းတီးနဲ႔.."

"အြန္း.."

ဝိုး.. 10000 ေတာင္.. အေမက တကယ္ရက္ေရာတာပဲ.. ဟီး.. ဟီး.. ဘာေၾကာင့္ ကၽြန္ေတာ့္ကို credit card တစ္ကဒ္မေပးလိုက္တာလဲ..။

႐ႈနင္က နာမည္ႀကီးတံဆိပ္ အဝတ္အစားမ်ားဝတ္ဆင္ကာ ကိုယ္ရံေတာ္၄ဦး ၿခံရံၿပီး ဇိမ္ခံကားႏွင့္ထြက္လာခဲ့သည္။ 'လူမွာအဝတ္' ဆိုသည့္စကားက တကယ္မွန္တာပဲ။ ဒါေပမယ့္ စကားေျပာသည့္ေလသံႏွင့္ စကားလံုးကလည္း အေရးႀကီးသည္။ မဟုတ္ရင္ ဘယ္ေလာက္အေကာင္းစား ဝတ္ထားပါေစ၊ အထက္တန္းစားသခင္ေလးေတြၾကား လူပ်က္တစ္ေယာက္ ျဖစ္သြားႏိုင္သည္။

အားကစားကြင္းထဲတြင္ ဆယ္ေက်ာ္သက္ေလးေတြ ေခၽြးတရႊဲရႊဲႏွင့္ ဘက္စကက္ေဘာကို စိတ္ပါလက္ပါ ကစားေနၾကၿပီး အနားယူဖို႔မရည္ရြယ္ၾကေပ။ ႐ႈနင္၏ပံုစံက ၾကက္အုပ္ထဲကၾကက္ဆင္တစ္ေကာင္လို ထင္းထြက္ေနသည္။

"အိုး.. ဘုရားေရ.. မင္းက ဘာေၾကာင့္ ဒီလိုလူႀကီးပံုစံ ဝတ္စားထားတာလဲ.. ေက်ာင္းက လက္ေရြးစင္ ဘက္စကက္ေဘာအသင္းထဲ ကစားဖို႔ မင္းကိုငါ ေခၚလိုက္တာ.."

ေဟာ္ရန္ထြက္လာေတာ့ သူ႔ေနာက္တြင္ တစ္ဖြဲ႕လံုးလိုက္လာၾကသည္။ လူငယ္အားလံုးက ခ်မ္းသာေသာမိသားစုက ဒုတိယမ်ိဳးဆက္မ်ားျဖစ္ၿပီး မိုက္႐ူးရဲေလးေတြျဖစ္ၾကသည္။ ေလာကႀကီးတြင္ ေငြကလြဲၿပီး ဘာမွမသိတတ္ေသာ ခပ္႐ိုင္း႐ိုင္း ေျမာက္ၾကြၾကြေကာင္ေလးေတြျဖစ္ၿပီး ႐ႈနင္က သူတုိ႔ကို သေဘာမက်ေပ။
႐ႈနင္က ေအးေအးေဆးေဆး ေျပာလိုက္သည္။

"ငါက အေညာင္းေျပအညာေျပ ထြက္လာ႐ံုပဲ.. ၿပီးေတာ့ မင္းရဲ့ကစားႏိုင္စြမ္းက ဘယ္လိုလဲဆိုတာ လာၾကည့္တာ.."

"အိုး.. မင္းက ငါ့ကို တကယ္အေလးထားတာပဲ..."

"ဒီေနရာက ဆူလြန္းတယ္.."

ေဟာ္ရန္က ႐ႈနင္ေျပာလိုက္သည့္အဓိပၸါယ္ကို နားလည္လိုက္သည္။ ဒါေၾကာင့္ ေခါင္းညိတ္ကာ သူ႔သူငယ္ခ်င္းမ်ားကို ေျပာလိုက္သည္။

"မင္းတို႔ေကာင္ေတြ သြားကစားႏွင့္ၾကေတာ့.. ငါ လုပ္စရာရွိေသးတယ္.."

သခင္ေလးေတြအားလံုးက ႐ႈနင္ေၾကာင့္ ေဟာ္ရန္က သူတို႔ကိုထားရစ္ခဲ့တာကို မယံုႏိုင္ေအာင္ျဖစ္ေနသည္။ ႐ႈမိသားစုတြင္ ႐ႈနင္က မ်က္ႏွာသာေပးသိပ္မရသည့္အျပင္ ႐ႈဟိန္က အင္အားႀကီးလြန္းကာ ယွဥ္ႏိုင္ဖို႔မလြယ္ေပ။ ငယ္ရြယ္ေသာသခင္ေလးမ်ားက အေျခအေနက ဘယ္လိုျဖစ္ပ်က္သြားသည္ကို နားမလည္ေသာေၾကာင့္ ႐ႈနင္လို တရားမဝင္ကေလးကို ေဟာ္ရန္က မ်က္ႏွာသာေပးသည္ကိုျမင္ေတာ့ မ်က္ႏွာမေကာင္းေတာ့ေပ။

႐ႈနင္က ေဟာ္ရန္ကို Milk Tea ဆိုင္သို႔ေခၚသြားၿပီး ကိုယ္ရံေတာ္အားလံုးက ဆိုင္ျပင္သို႔ေရွာင္သြားၿပီး သူတုိ႔ကို လြတ္လပ္စြာစကားေျပာႏိုင္ရန္ ခ်န္ထားခဲ့သည္။ ႐ႈနင္ႏွင့္ေဟာ္ရန္တို႔က ျပတင္းေပါက္နားတြင္ ထိုင္ေနၾကသည္။

"မင္းက ဘာေၾကာင့္ ကိုယ္ရံေတာ္ေတြကို ထြက္သြားခိုင္းလိုက္တာလဲ.. သူတို႔က အသံုးမဝင္လို႔လား.. သူေဌးသားေလးေတြကို ျပန္ေပးဆြဲတာ ခဏခဏျဖစ္တယ္ေနာ္.. ငါၾကားဖူးတာေတာ့ မင္းအစ္ကိုက သူ႔အေမဗိုက္ထဲမွာရွိတုန္းက တခါျပန္ေပးဆြဲခံရၿပီး ေသမလိုျဖစ္သြားေသးတယ္တဲ့.. အဲ့ဒီအခ်ိန္တုန္းက သူေသသြားရင္ မင္းက ႐ႈမိသားစုရဲ့ တရားဝင္သခင္ေလး ျဖစ္သြားႏိုင္ေလာက္တယ္.."

"အင္း.. ငါလည္းၾကားဖူးတယ္.. ငါ မင္းကိုလာေတြ႕တာ ႐ႈက်ီေဟြ႕ကိစၥေၾကာင့္ပဲ.."

႐ႈနင္က ေရခဲမုန္႔ကို မွာလိုက္သည္။ ေဟာ္ရန္ဆီကေန ႐ႈဟိန္ငယ္စဥ္ကအေၾကာင္းကိုေျပာတာ ၾကားလိုက္ရေတာ့ စိတ္အေႏွာင့္အယွက္ျဖစ္သြားေပမယ့္ မ်က္ႏွာေပၚမွာမေပၚေအာင္ ထိန္းထားလိုက္သည္။ ႐ႈဟိန္က သူ႔ခႏၶာကိုယ္အားနည္းေသာေၾကာင့္ ေရခဲမုန္႔စားခြင့္မျပဳခဲ့ေပ။ အခုလို ေဟာ္ရန္ကိုလာေတြ႕တာကို အေၾကာင္းျပၿပီး ႐ႈနင္က သူစားခ်င္တာကို မွာစားေနတာျဖစ္သည္။

႐ႈနင္၏ တကယ့္ရည္ရြယ္ခ်က္ကိုသာသိလွ်င္ ေဟာ္ရန္ကိုမ်က္ႏွာလုပ္ဖို႔ ပိုက္ဆံ 10000 ေတာင္ေပးခဲ့ေသာ ခ်င္ယြိက်ိဳးက နံရံႏွင့္ေခါင္းေဆာင့္ေနေလာက္ၿပီ။
ေဟာ္ရန္က အျဖဴေရာင္ဝတ္စံုကို ဝတ္ထားၿပီး သူ၏ပံုစံက ေခ်ာေမာလို႔ေနသည္။

"သူမလား.. သူမက ေတာ္ေတာ္လွတယ္.. သူမအိမ္ကို ငါ ေစ့စပ္လက္ေဆာင္ေတြ ပို႔ခိုင္းလိုက္ၿပီ.. မင္းေရာ ဘယ္လိုလဲ.. ငါတို႔ ေပ်ာ္စရာေလးေတြ လုပ္မွာ.. မင္း လာမလား.."

႐ႈနင္က မသြားခ်င္ေပမယ့္ ခ်င္ယြိက်ိဳးက အင္အားႀကီးသခင္ေလးေတြကို ေပါင္းသင္းေစခ်င္တာျဖစ္လို႔ သူသြားရမွာျဖစ္သည္။

"ငါမလာခ်င္ရင္ေတာင္ လာရမွာပဲမဟုတ္လား.. အရင္စားရေအာင္.. ဒီအရသာ အရမ္းေကာင္းတယ္.."

"ေကာင္းၿပီေလ.."

ေဟာ္ရန္က ေအးေဆးပဲ ေရခဲမုန္႔ကို စားေနလိုက္သည္။ ႐ႈနင္က ေရခဲမုန္႔နည္းနည္းခ်င္း ေကာ္ၿပီး က်က္သေရရွိစြာ စားေနသည္။ ႐ႈနင္၏ စားပံု၊ ေနပံုထိုင္ပံုမွာ ျမင့္ျမတ္ေသာအရိပ္အေငြ႕မ်ား ထြက္ေပၚေနသည္။

"ငါတုိ႔ ဒီည စုေဝးၾကမွာ.. မင္း လာခဲ့ပါလား.. မင္းကို ငါ့ေဘာ္ဒါေတြနဲ႔ မိတ္ဆက္ေပးမယ္.."

ေဟာ္ရန္က သူ႔ကို စိတ္ရင္းနဲ႔ဖိတ္ေခၚေပမယ့္ ႐ႈနင္က ထိုလူေပၚေၾကာ့မ်ားႏွင့္ မဆက္ဆံခ်င္ေပမယ့္ ျပန္လည္ေမြးဖြားလာၿပီးေနာက္ အရက္လံုးဝမေသာက္ရေသးေပ။ ထိုပါတီပြဲမွာ အရက္ေသာက္ႏုိင္ေသာေၾကာင့္ သြားဖို႔ဆံုးျဖတ္လိုက္သည္။ ဒီလိုေတြးလိုက္ေတာ့ ရြံစရာေဟာ္ရန္က နည္းနည္းခ်စ္စရာေကာင္းလာသလိုပင္။ ခ်င္ယြိက်ိဳးလည္း ရွားရွားပါးပါး သူ႔အတြက္အသံုးဝင္တာပဲဟု ႐ႈနင္ ေတြးလိုက္မိသည္။

"မင္း ငါ့ကို ဘာၾကည့္တာလဲ.."

ေဟာ္ရန္က သူ႔မ်က္ႏွာကိုပြတ္ကာ ေျပာလိုက္သည္။

"႐ႈက်ီေဟြ႕ကို မဖိတ္ဘူးလား.. ဒါမွ မင္းတို႔တစ္ေယာက္နဲ႔တစ္ေယာက္ ပိုနားလည္လာမယ္ေလ.."

႐ႈနင္က ရယ္လိုက္ၿပီး အေလးအနက္စိုက္ၾကည့္ကာ ေမးလိုက္သည္။

"မင္းတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ သေဘာထားခ်င္းမတိုက္ဆိုင္ရင္ ေစာေစာစီးစီး လမ္းခြဲတာက ႏွစ္ေယာက္လံုးအတြက္ ပိုေကာင္းတယ္.. မင္းမိဘေတြေျပာတာ မွန္တယ္လို႔ထင္တယ္.."

ေဟာ္ရန္၏အမူအယာက မည္းေမွာင္လာၿပီး ပုခံုးတြန္႔ကာ ေျပာလိုက္သည္။

"ငါက ကစားခ်င္႐ံုပဲ.. ဒါကို မင္းတို႔ဘက္က ဘာေၾကာင့္ေစ့စပ္တာ၊ လက္ထပ္ကာထိ လုပ္ခ်င္ၾကသလဲ မသိေတာ့ဘူး.."

"........."

႐ႈနင္က ေရခဲမုန္႔ကို စားေနရင္း ဘာမွမေျပာေတာ့ေပ။
အိုး.. အခု ေဟာ္ရန္၏စိတ္ရင္းကို ႐ႈနင္ ေသခ်ာနားလည္သြားေလၿပီ။

"ဟီး.. ဟီး.. ႐ႈနင္.. မင္းက ငါ့သူငယ္ခ်င္းျဖစ္ေနလို႔ သူမအေပၚ ငါ ေကာင္းေပးမွာပါကြာ.."

"စိတ္မပူနဲ႔.. သူမကို ငါ သိေတာင္မသိဘူး.."

"ငါ သေဘာေပါက္ၿပီ.."

႐ႈနင္က ႐ႈဒုတိယအိမ္ေတာ္ခြဲကို လံုးဝဂ႐ုမစိုက္တာကို သေဘာေပါက္လိုက္ေသာေၾကာင့္ ေဟာ္ရန္က လံုးဝကို ေက်နပ္သြားသည္။

"မင္းက အေကာင္းဆံုးပဲ.."

႐ႈနင္က ခ်င္ယြိက်ိဳးဆီကို အေျခအေနကို စာပို႔လိုက္သည္။ ခ်င္ယြိက်ိဳးက သူမသားက ေနာက္ဆံုးမွာ သူမလိုခ်င္ေသာလမ္းေၾကာင္းေပၚ ေရာက္လာၿပီး ေဟာ္ရန္၏ေနာက္ကို လိုက္ႏိုင္ေတာ့မည္ကို သိရေတာ့ ေက်နပ္သြားသည္။ ႐ႈနင္က ႐ႈအိမ္ေတာ္၏ တရားမဝင္သားျဖစ္ေသာေၾကာင့္ ပါတီပြဲမွာ ဘယ္သခင္ေလးနဲ႔မွ မိတ္ဆက္လို႔မရတဲ့အျဖစ္ကေန အခုဆိုရင္ ေဟာ္ရန္၏အရွိန္ျဖင့္ အထက္တန္းလႊာထဲ ဝင္ဆံ့ႏိုင္ၿပီး ႐ႈဟိန္ကို ရင္ဆိုင္ႏိုင္လာေတာ့မည္။ ေဟာ္ရန္၏အကူအညီျဖင့္ ႐ႈဟိန္ကို ႐ႈမိသားစုကေန ကန္ထုတ္ႏုိင္ေတာ့မည္။

ထိုစဥ္ ခ်င္ယြိက်ိဳးက ေခါင္းကိုက္လာၿပီး အန္ခ်င္လာေသာေၾကာင့္ အိမ္သာထဲေျပးဝင္ကာ အန္ခ်လိုက္သည္။ ဆရာဝန္က ဒီလိုဆက္အန္ရင္ အႏၱရာယ္ရွိသည္ဟုေျပာၿပီး သူမကို ဘာမွမစဥ္းစားဘဲ အနားယူဖုိ႔ေျပာထားသည္။ ဒါေပမယ့္ ႐ႈမိသားစုထဲမွာ ႐ႈဟိန္ရွိေနသေရြ႕ သူမ ဘယ္လုိစိတ္ေအးလက္ေအး နားႏိုင္မွာလဲ..။

ထိုအခ်ိန္တြင္ အစည္းအေဝးခန္းမထဲတြင္ရွိေနေသာ ႐ႈဟိန္၏ဖုန္းက တုန္ခါလာၿပီး စာတစ္ေစာင္ဝင္လာသည္။ ဒီစာကိုဖတ္ၿပီး ႐ႈဟိန္၏မ်က္ႏွာ မည္းေမွာင္ကာ ေအးစက္စက္အေငြ႕က ပ်ံ႕လြင့္လာေသာေၾကာင့္ ေဘးကလက္ေထာက္က ေၾကာက္လန္႔ကာ ေထာင့္ကိုတိုးကပ္ကာ ပုန္းခ်င္ေနေတာ့သည္။

ဘယ္သူက ငါတို႔သခင္ေလးကို ေဒါသထြက္ေအာင္လုပ္ရတာလဲ.. (_(:зゝ∠)_)

႐ႈခ်ိန္လည္း ထိုသို႔ စာတစ္ေစာင္ရလိုက္သည္။

'ၾသ.. ငါ့သားငယ္ေလးက သူငယ္ခ်င္းအသစ္ေတြ ရေနၿပီပဲ.. သူ႔ကို ဂုဏ္ျပဳမယ္..'

႐ႈေကာင္းက ထိုစာကိုၾကည့္ကာ မ်က္ခံုးပင့္ၿပီး သူ႔ေနာက္လိုက္ကို ေမးလိုက္သည္။

"နင္နင္ေနာက္ကို ဒီေန႔ ဘယ္သူလိုက္သြားတာလဲ.."

ဆြန္းလင္းက အပင္ကိုေရေလာင္းရင္း သိမ္ေမြ႕စြာေျပာလိုက္သည္။

"ခ်င္ယြိက်ိဳးက ကိုယ္ရံေတာ္၄ေယာက္ ထည့္ေပးလိုက္ပါတယ္ သခင္ႀကီး.. ေနာက္ထပ္ လွ်ိဳ႕ဝွက္ေစာင့္ေရွာက္ဖို႔ လူလႊတ္လိုက္ခ်င္လား.."

"အင္း.. စီစဥ္လိုက္.."

ဆြန္းလင္းက ေရကရားကိုခ်ကာ တစ္ခ်က္လွမ္းၾကည့္လိုက္ေတာ့ အခန္းျပင္မွ ႀကံ့ခိုင္ေတာင့္တင္းေသာ ေနာက္လိုက္တစ္ဦးဝင္လာၿပီး ဆြန္းလင္း၏အမိန္႔ကိုၾကားေတာ့ အထူးေလ့က်င့္ထားေသာ ထိပ္တန္းကိုယ္ရံေတာ္တစ္စုကိုေခၚကာ ထြက္သြားလိုက္သည္။ ခ်င္ယြိက်ိဳးလႊတ္လိုက္ေသာ ကိုယ္ရံေတာ္မ်ားက ခ်င္ယြိက်ိဳး၏ ေနာက္လိုက္မ်ားသာျဖစ္သည္။

ေဟာ္ရန္သည္ အေပ်ာ္အပါးကိစၥမ်ားတြင္ အေတာ္ႏွံ႔စပ္ကာ စိတ္ခ်ရသည္။ သူက ႐ႈနင္ကိုေခၚကာ ဘိလိယက္သြားကစားသည္။ ဒါေပမယ့္ အသက္ ၃၀ အရြယ္ ႐ႈနင္က ခ်ာတိတ္ေလးေဟာ္ရန္ကို မႏိုင္တာကေတာ့ အေတာ္ရွက္စရာေကာင္းလွသည္။

ေဟာ္ရန္က ဘတ္စကတ္ေဘာသာမက ဘိလိယက္လည္း ေကာင္းေကာင္းကစားႏိုင္သည္။ မၾကာခင္ မိန္းကေလးတစ္စုက သူ႔ေဘးကိုေရာက္လာၿပီး 'ကိုကို' ဟု ခ်ိဳသာစြာေခၚေနၾကသည္။

မိန္းကေလးတခ်ိဳ႕က မိတ္ကပ္ထူထူလိမ္းထားၿပီး အသက္ 17၊ 18 ေလာက္ရွိေနၾကၿပီး ရင္ဘတ္ထြားထြားမ်ားက ေယာက္်ားေလးေတြရဲ့မ်က္လံုးကို လံုးဝဆြဲေဆာင္ထားၾကသည္။ ေဟာ္ရန္က ခုလို မိန္းမပ်ိဳေလးေတြဝိုင္းေနတာကို အရမ္းသာယာေပ်ာ္ရႊင္ေနသည္။ ဘိလိယက္႐ံုထဲက ေယာက္်ားမ်ားက ႏို႔နံ႔မစင္ေသးေသာ ေကာင္ေလးႏွစ္ေယာက္နား မိန္းမလွေလးေတြ ဝိုင္းေနတာျမင္ရေတာ့ မေက်မနပ္ျဖစ္ေနၾကသည္။

ဒီငခၽြတ္ေလးေတြ ေအာက္ေမႊးေတာင္ စံုေအာင္ေပါက္ေနၿပီလား.. ဟီး.. ဟီး.. ခ်ာတိတ္ေလးေတြရဲ့ပစၥည္းက ဖယာင္းတိုင္ေလးေတြေလာက္ပဲ ရွိမွာေသခ်ာတယ္.. သံုးလို႔ေတာင္ ရဦးမယ္မထင္ဘူး..

ဒီမိန္းမလွေလးေတြက အၾကင္နာမဲ့ၿပီး ရက္စက္လွတယ္။ ဒီကေလးႏွစ္ေကာင္က သူတုိ႔ေအာက္မွာ ေသမတတ္ႏွိပ္စက္ခံရေလာက္သည္။

မိန္းမလွတစ္ေယာက္ အနားကပ္လာတိုင္း ႐ႈနင္က လက္ယမ္းကာ ေမာင္းထုတ္ၿပီး အနားမကပ္ေစေပ။ ေဟာ္ရန္၏ ေနာက္ေျပာင္လိုေသာ ညစ္က်ယ္က်ယ္စိတ္က ျမင့္တက္လာၿပီး မိန္းမလွတစ္ဦးကို ႐ႈနင္ဆီကို တြန္းလႊတ္လိုက္သည္။

======================



Chapter (51) – သဝန်တိုသော အကိုကြီးနှင့် သေတွင်းတူးသော ဟော်ရန် (Z+U)

အခွင့်အရေးယူခံလိုက်ရတဲ့ ရှုနင်တစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်နေရှာသည်။

ဘယ်သူက လျှောက်ပြေးတာလဲ... ဘယ်သူက လျှောက်ကစားနေတာလဲ..

ဟင့်.. ဟင့်.. ရွှတ်.. အိုး.. ငါ့ရဲ့အနမ်းလေး.. အနာဂတ်ခင်ပွန်းလောင်းရေ.. ကျွန်တော် တကယ်ကို စိတ်မကောင်းပါဘူး.. ခင်ဗျားအတွက် ကျွန်တော့် 'လျှာ' ကိုပဲ ချန်ထားနိုင်တော့တယ်..

ရှုနင်က မျက်ရည်မကျဘဲ ငိုကြွေးနေမိတော့သည်။

"ကောင်းပြီ.. အိပ်ချိန်ရောက်ပြီ.."

"မအိပ်ဘူး.."

အခွင့်အရေးယူခံလိုက်ရလို့ အရမ်းစိတ်ဆိုးနေတဲ့ ရှုနင်လေးရဲ့ IQ တွေက ထွက်ပြေးသွားသလိုပဲ။ နတ်ဘုရားအစ်ကိုကြီးကို ကြောက်ဖို့မေ့သွားပြီး ဆန့်ကျင်တော်လှန်တော့သည်။ အစ်ကိုကြီးက အခွင့်အရေးယူသွားပြီး သူက စိတ်ပျက်ကျန်ရစ်နေရတယ်.. ဒါ မတရားဘူး..

"လိမ္မာပါတယ်ကွာ.. အစ်ကိုကြီးက မင်းကိုချော့သိပ်ပါ့မယ်.."

"........."

ရှုဟိန်ဆီက ချိုသာပျော့ပြောင်းစွာ ပြောလိုက်သံကိုကြားတော့ ရှုနင် လန့်သွားသည်။ နတ်ဘုရားတို့ရေ.. ဒီအစ်ကိုအတုကြီးကို ပြန်ခေါ်သွားပေးပါ.. ကျွန်တော့်အစ်ကိုအစစ်ကို ပြန်ပို့ပေးပါ..။

"မင်း ကမ်းခြေကိုသွားရမယ်ဆိုလို့ စိတ်လှုပ်ရှားနေပြီလား.."

"ကျွန်တော် အပြင်ကို လေရှူဖို့သွားချင်တယ်.."

ရှုနင်က သူ့တစ်ကိုယ်လုံးကို ရှုဟိန်က ခြေကောလက်ကောနှင့် ဖက်တွယ်ထားပြီး မျက်လုံးလေးကလွဲလို့ ဘာမှမလှုပ်နိုင်တော့သဖြင့် မျက်လွှာပင့်ကာ ပြောလိုက်သည်။

"မင်းအရွယ်လေးနဲ့ ကြုံရတဲ့ပြဿနာတွေက များနေပြီ.. အစ်ကိုကြီး မင်းဘေးမှာ ကာကွယ်စောင့်ရှောက်ပေးမယ်.. မင်းပျော်သလိုသာနေ.. ဘယ်သူမှ မင်းကို မနှောင့်ယှက်စေရဘူး.."

ရှုဟိန်က ရှုနင်၏ကျောလေးကိုပုတ်ကာ နူးညံ့စွာပြောလိုက်သည်။

လျှပ်တပြက်အတွင်း ရှုနင်ခေါင်းထဲက ပြဿနာအားလုံး အငွေ့ပျံပျောက်ကွယ်သွားတော့သည်။ သူ့ဘဝအာမခံချက်ရဖို့ သူက ရှုဟိန်ဆိုတဲ့ရွှေပေါင်လုံးကြီးကို ဖက်ရဖို့ ကြိုးစားနေခဲ့တာမဟုတ်ဘူးလား။

အခုတော့ ရွှေပေါင်လုံးကြီးကိုယ်တိုင်က သူ့ကို ကာကွယ်စောင့်ရှောက်ပါမယ် ပြောနေပြီဆိုတော့ သူ့ကျန်ရှိတဲ့နေ့ရက်တွေက ပျော်စရာကောင်းတော့မှာ သေချာသည်။ ရှုနင်က ငြိမ်သွားပြီးနောက် သူ့တစ်ကိုယ်လုံး အပူရှိန်တွေတရှိန်းရှိန်းတက်လာသလို ခံစားလိုက်ရသည်။

"အစ်ကိုကြီး.. ကျွန်တော့်ကို ညှစ်ထားမိပြီ.."

ရှုဟိန်က တွန့်ဆုတ်စွာနဲ့ ကလေးလေးကိုခွထားသည့် သူ့ခြေထောက်တစ်ဖက်ကို ပြန်ရုပ်ကာ စောင်ခြုံပေးပြီး အေးချမ်းစွာအိပ်ပျော်သွားရန် ကျောလေးပုတ်ကာ ချော့သိပ်လိုက်သည်။ ရှုနင်က ရှုဟိန်၏ရင်ဘတ်ကို ခေါင်းမှီပြီး နှလုံးခုန်သံကိုနားထောင်ကာ အိပ်ပျော်သွားတော့သည်။ အိပ်မက်ထဲတွင် ရှုနင်က အရမ်းခန့်ချောကာ သူ့အစ်ကိုကြီးလို သူ့ခေါင်းကို ပွတ်သပ်လေ့ရှိသောလူငယ်တစ်ဦးနှင့် တွေ့ခဲ့ရသည်။

နောက်တစ်နေ့တွင် ရှုဟိန်နှင့်ရှုချိန်က အလုပ်ကိုသွားပြီး ရှုကောင်းက မိတ်ဆွေများနှင့် လက်ဖက်ရည်သောက်ရန် ထွက်သွားသည်။ အိမ်တွင် ရှုနင်တစ်ယောက်တည်း ကျန်ရစ်သောအခါ ချင်ယွိကျိုးက ရှုနင်ကိုဖိအားပေးပြီး ဟော်ရန်ဆီဖုန်းဆက်ကာ တောင်းပန်စကားပြောစေသည်။ ရှုကျီဟွေ့က ဟော်ရန်နှင့်မထိုက်တန်တာကိုသိပေမယ့် ဒီကိစ္စကိုအခြေခံပြီး ရှုအိမ်တော်၏ဒုတိယအိမ်တော်ခွဲနှင့် ချစ်ကြည်ရေးတည်ဆောက်ချင်သည်။ ဒါမှ ရှုဟိန်တိုက်ခိုက်ရာတွင် အထောက်အကူရမည်မဟုတ်လား။ ချင်ယွိကျိုးနှင့် ရှုဒုတိယအိမ်တော်က ကောင်းကင်တံခါးပေါက်ကို ခုန်ကူးကာ ငါးဘဝမှ နဂါးဖြစ်အောင် ကြိုးစားချင်သူများနှင့် တူလှသည်။ နှစ်ဦးစလုံးက အကျိုးစီးပွားအတွက် ပူးပေါင်းတာဖြစ်လို့ ကောင်းကောင်းလက်တွဲနိုင်လောက်သည်။ ရှုနင်က အရမ်းငယ်သေးသဖြင့် သူ့အတွက် အထောက်အပံ့ပေးနိုင်သူကို ရနိုင်သမျှ ရှာထားမှဖြစ်မည်။

ရှုနင်က မိခင်၏စိုက်ကြည့်မှုအောက်တွင် ဟော်ရန်ကို ဖုန်းခေါ်လိုက်သည်။ ဟော်ရန်က သူငယ်ချင်းများနှင့် ဘက်စကက်ဘောကစားနေစဉ် ရှုနင်ဖုန်းဆက်လာသောကြောင့် ဝမ်းသာနေသည်။ ဒါကြောင့် သူတို့နဲ့လာကစားဖို့ ခေါ်လိုက်သည်။

ချင်ယွိကျိုးက ခေါင်းညိတ်ကာ သွားဖို့သဘောတူလိုက်သည်။

"ဟော်ရန်က မင်းကို သူငယ်ချင်းလို သဘောထားတယ်ကြည့်စမ်း.. ရှုဟိန်က သူ့အပေါ်လုပ်ခဲ့တာအတွက် မင်းကို အပြစ်မတင်ဘူး.. သူက နှာဘူးကျတဲ့အလုပ် လုပ်ခဲ့ပေမယ့် အထက်တန်းစားသခင်လေးတစ်ယောက်ဆိုတာ သိသာတယ်.. ရှုဟိန်က သားကို မိတ်ဆွေကောင်းမရအောင် တမင်လိုက်ဖျက်နေတာပဲ.. ဘယ်လောက်တောင် ဆိုးဝါးလိုက်တဲ့ကောင်လေးလဲ.. ဒီလိုသားရှိတဲ့အတွက် ဒီမိသားစုက ရင်လေးစရာပဲ.."

"........."

"မိသားစုထဲမှာ ဟန်ချက်ညီဖို့ မင်းက သူနဲ့ ရန်သူတွေဖြစ်အောင်လုပ်မိရင်တောင် သူ့ကို ဆန့်ကျင်ရမယ်.."

"........."

"ငါမင်းကို စကားပြောနေတယ်လေ.."

"အမေ.. ဟော်ရန်က ကျွန်တော့်ကိုလာခဲ့ဖို့ ပြောနေပြီလေ.. သူ့မှာ သူငယ်ချင်းတစ်အုပ်ကြီး ရှိနေတယ်.. ကျွန်တော် ဘယ်လိုလုပ်ရမလဲ.."

ရှုနင်က အကြံရပြီး ပြောလိုက်သည်။ ဟော်ရန်တို့နဲ့ ပေါင်းသင်းနိုင်မှာဖြစ်လို့ ချင်ယွိကျိုးက ပိုက်ဆံထုတ်ပေးဖို့ ဝန်မလေးပေ။

"အမေ မင်းကို ပိုက်ဆံ ယွမ် 10000 ပေးလိုက်မယ်.. မဖြုန်းတီးနဲ့.."

"အွန်း.."

ဝိုး.. 10000 တောင်.. အမေက တကယ်ရက်ရောတာပဲ.. ဟီး.. ဟီး.. ဘာကြောင့် ကျွန်တော့်ကို credit card တစ်ကဒ်မပေးလိုက်တာလဲ..။

ရှုနင်က နာမည်ကြီးတံဆိပ် အဝတ်အစားများဝတ်ဆင်ကာ ကိုယ်ရံတော်၄ဦး ခြံရံပြီး ဇိမ်ခံကားနှင့်ထွက်လာခဲ့သည်။ 'လူမှာအဝတ်' ဆိုသည့်စကားက တကယ်မှန်တာပဲ။ ဒါပေမယ့် စကားပြောသည့်လေသံနှင့် စကားလုံးကလည်း အရေးကြီးသည်။ မဟုတ်ရင် ဘယ်လောက်အကောင်းစား ဝတ်ထားပါစေ၊ အထက်တန်းစားသခင်လေးတွေကြား လူပျက်တစ်ယောက် ဖြစ်သွားနိုင်သည်။

အားကစားကွင်းထဲတွင် ဆယ်ကျော်သက်လေးတွေ ချွေးတရွှဲရွှဲနှင့် ဘက်စကက်ဘောကို စိတ်ပါလက်ပါ ကစားနေကြပြီး အနားယူဖို့မရည်ရွယ်ကြပေ။ ရှုနင်၏ပုံစံက ကြက်အုပ်ထဲကကြက်ဆင်တစ်ကောင်လို ထင်းထွက်နေသည်။

"အိုး.. ဘုရားရေ.. မင်းက ဘာကြောင့် ဒီလိုလူကြီးပုံစံ ဝတ်စားထားတာလဲ.. ကျောင်းက လက်ရွေးစင် ဘက်စကက်ဘောအသင်းထဲ ကစားဖို့ မင်းကိုငါ ခေါ်လိုက်တာ.."

ဟော်ရန်ထွက်လာတော့ သူ့နောက်တွင် တစ်ဖွဲ့လုံးလိုက်လာကြသည်။ လူငယ်အားလုံးက ချမ်းသာသောမိသားစုက ဒုတိယမျိုးဆက်များဖြစ်ပြီး မိုက်ရူးရဲလေးတွေဖြစ်ကြသည်။ လောကကြီးတွင် ငွေကလွဲပြီး ဘာမှမသိတတ်သော ခပ်ရိုင်းရိုင်း မြောက်ကြွကြွကောင်လေးတွေဖြစ်ပြီး ရှုနင်က သူတို့ကို သဘောမကျပေ။
ရှုနင်က အေးအေးဆေးဆေး ပြောလိုက်သည်။

"ငါက အညောင်းပြေအညာပြေ ထွက်လာရုံပဲ.. ပြီးတော့ မင်းရဲ့ကစားနိုင်စွမ်းက ဘယ်လိုလဲဆိုတာ လာကြည့်တာ.."

"အိုး.. မင်းက ငါ့ကို တကယ်အလေးထားတာပဲ..."

"ဒီနေရာက ဆူလွန်းတယ်.."

ဟော်ရန်က ရှုနင်ပြောလိုက်သည့်အဓိပ္ပါယ်ကို နားလည်လိုက်သည်။ ဒါကြောင့် ခေါင်းညိတ်ကာ သူ့သူငယ်ချင်းများကို ပြောလိုက်သည်။

"မင်းတို့ကောင်တွေ သွားကစားနှင့်ကြတော့.. ငါ လုပ်စရာရှိသေးတယ်.."

သခင်လေးတွေအားလုံးက ရှုနင်ကြောင့် ဟော်ရန်က သူတို့ကိုထားရစ်ခဲ့တာကို မယုံနိုင်အောင်ဖြစ်နေသည်။ ရှုမိသားစုတွင် ရှုနင်က မျက်နှာသာပေးသိပ်မရသည့်အပြင် ရှုဟိန်က အင်အားကြီးလွန်းကာ ယှဉ်နိုင်ဖို့မလွယ်ပေ။ ငယ်ရွယ်သောသခင်လေးများက အခြေအနေက ဘယ်လိုဖြစ်ပျက်သွားသည်ကို နားမလည်သောကြောင့် ရှုနင်လို တရားမဝင်ကလေးကို ဟော်ရန်က မျက်နှာသာပေးသည်ကိုမြင်တော့ မျက်နှာမကောင်းတော့ပေ။

ရှုနင်က ဟော်ရန်ကို Milk Tea ဆိုင်သို့ခေါ်သွားပြီး ကိုယ်ရံတော်အားလုံးက ဆိုင်ပြင်သို့ရှောင်သွားပြီး သူတို့ကို လွတ်လပ်စွာစကားပြောနိုင်ရန် ချန်ထားခဲ့သည်။ ရှုနင်နှင့်ဟော်ရန်တို့က ပြတင်းပေါက်နားတွင် ထိုင်နေကြသည်။

"မင်းက ဘာကြောင့် ကိုယ်ရံတော်တွေကို ထွက်သွားခိုင်းလိုက်တာလဲ.. သူတို့က အသုံးမဝင်လို့လား.. သူဌေးသားလေးတွေကို ပြန်ပေးဆွဲတာ ခဏခဏဖြစ်တယ်နော်.. ငါကြားဖူးတာတော့ မင်းအစ်ကိုက သူ့အမေဗိုက်ထဲမှာရှိတုန်းက တခါပြန်ပေးဆွဲခံရပြီး သေမလိုဖြစ်သွားသေးတယ်တဲ့.. အဲ့ဒီအချိန်တုန်းက သူသေသွားရင် မင်းက ရှုမိသားစုရဲ့ တရားဝင်သခင်လေး ဖြစ်သွားနိုင်လောက်တယ်.."

"အင်း.. ငါလည်းကြားဖူးတယ်.. ငါ မင်းကိုလာတွေ့တာ ရှုကျီဟွေ့ကိစ္စကြောင့်ပဲ.."

ရှုနင်က ရေခဲမုန့်ကို မှာလိုက်သည်။ ဟော်ရန်ဆီကနေ ရှုဟိန်ငယ်စဉ်ကအကြောင်းကိုပြောတာ ကြားလိုက်ရတော့ စိတ်အနှောင့်အယှက်ဖြစ်သွားပေမယ့် မျက်နှာပေါ်မှာမပေါ်အောင် ထိန်းထားလိုက်သည်။ ရှုဟိန်က သူ့ခန္ဓာကိုယ်အားနည်းသောကြောင့် ရေခဲမုန့်စားခွင့်မပြုခဲ့ပေ။ အခုလို ဟော်ရန်ကိုလာတွေ့တာကို အကြောင်းပြပြီး ရှုနင်က သူစားချင်တာကို မှာစားနေတာဖြစ်သည်။

ရှုနင်၏ တကယ့်ရည်ရွယ်ချက်ကိုသာသိလျှင် ဟော်ရန်ကိုမျက်နှာလုပ်ဖို့ ပိုက်ဆံ 10000 တောင်ပေးခဲ့သော ချင်ယွိကျိုးက နံရံနှင့်ခေါင်းဆောင့်နေလောက်ပြီ။
ဟော်ရန်က အဖြူရောင်ဝတ်စုံကို ဝတ်ထားပြီး သူ၏ပုံစံက ချောမောလို့နေသည်။

"သူမလား.. သူမက တော်တော်လှတယ်.. သူမအိမ်ကို ငါ စေ့စပ်လက်ဆောင်တွေ ပို့ခိုင်းလိုက်ပြီ.. မင်းရော ဘယ်လိုလဲ.. ငါတို့ ပျော်စရာလေးတွေ လုပ်မှာ.. မင်း လာမလား.."

ရှုနင်က မသွားချင်ပေမယ့် ချင်ယွိကျိုးက အင်အားကြီးသခင်လေးတွေကို ပေါင်းသင်းစေချင်တာဖြစ်လို့ သူသွားရမှာဖြစ်သည်။

"ငါမလာချင်ရင်တောင် လာရမှာပဲမဟုတ်လား.. အရင်စားရအောင်.. ဒီအရသာ အရမ်းကောင်းတယ်.."

"ကောင်းပြီလေ.."

ဟော်ရန်က အေးဆေးပဲ ရေခဲမုန့်ကို စားနေလိုက်သည်။ ရှုနင်က ရေခဲမုန့်နည်းနည်းချင်း ကော်ပြီး ကျက်သရေရှိစွာ စားနေသည်။ ရှုနင်၏ စားပုံ၊ နေပုံထိုင်ပုံမှာ မြင့်မြတ်သောအရိပ်အငွေ့များ ထွက်ပေါ်နေသည်။

"ငါတို့ ဒီည စုဝေးကြမှာ.. မင်း လာခဲ့ပါလား.. မင်းကို ငါ့ဘော်ဒါတွေနဲ့ မိတ်ဆက်ပေးမယ်.."

ဟော်ရန်က သူ့ကို စိတ်ရင်းနဲ့ဖိတ်ခေါ်ပေမယ့် ရှုနင်က ထိုလူပေါ်ကြော့များနှင့် မဆက်ဆံချင်ပေမယ့် ပြန်လည်မွေးဖွားလာပြီးနောက် အရက်လုံးဝမသောက်ရသေးပေ။ ထိုပါတီပွဲမှာ အရက်သောက်နိုင်သောကြောင့် သွားဖို့ဆုံးဖြတ်လိုက်သည်။ ဒီလိုတွေးလိုက်တော့ ရွံစရာဟော်ရန်က နည်းနည်းချစ်စရာကောင်းလာသလိုပင်။ ချင်ယွိကျိုးလည်း ရှားရှားပါးပါး သူ့အတွက်အသုံးဝင်တာပဲဟု ရှုနင် တွေးလိုက်မိသည်။

"မင်း ငါ့ကို ဘာကြည့်တာလဲ.."

ဟော်ရန်က သူ့မျက်နှာကိုပွတ်ကာ ပြောလိုက်သည်။

"ရှုကျီဟွေ့ကို မဖိတ်ဘူးလား.. ဒါမှ မင်းတို့တစ်ယောက်နဲ့တစ်ယောက် ပိုနားလည်လာမယ်လေ.."

ရှုနင်က ရယ်လိုက်ပြီး အလေးအနက်စိုက်ကြည့်ကာ မေးလိုက်သည်။

"မင်းတို့ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းမတိုက်ဆိုင်ရင် စောစောစီးစီး လမ်းခွဲတာက နှစ်ယောက်လုံးအတွက် ပိုကောင်းတယ်.. မင်းမိဘတွေပြောတာ မှန်တယ်လို့ထင်တယ်.."

ဟော်ရန်၏အမူအယာက မည်းမှောင်လာပြီး ပုခုံးတွန့်ကာ ပြောလိုက်သည်။

"ငါက ကစားချင်ရုံပဲ.. ဒါကို မင်းတို့ဘက်က ဘာကြောင့်စေ့စပ်တာ၊ လက်ထပ်ကာထိ လုပ်ချင်ကြသလဲ မသိတော့ဘူး.."

"........."

ရှုနင်က ရေခဲမုန့်ကို စားနေရင်း ဘာမှမပြောတော့ပေ။
အိုး.. အခု ဟော်ရန်၏စိတ်ရင်းကို ရှုနင် သေချာနားလည်သွားလေပြီ။

"ဟီး.. ဟီး.. ရှုနင်.. မင်းက ငါ့သူငယ်ချင်းဖြစ်နေလို့ သူမအပေါ် ငါ ကောင်းပေးမှာပါကွာ.."

"စိတ်မပူနဲ့.. သူမကို ငါ သိတောင်မသိဘူး.."

"ငါ သဘောပေါက်ပြီ.."

ရှုနင်က ရှုဒုတိယအိမ်တော်ခွဲကို လုံးဝဂရုမစိုက်တာကို သဘောပေါက်လိုက်သောကြောင့် ဟော်ရန်က လုံးဝကို ကျေနပ်သွားသည်။

"မင်းက အကောင်းဆုံးပဲ.."

ရှုနင်က ချင်ယွိကျိုးဆီကို အခြေအနေကို စာပို့လိုက်သည်။ ချင်ယွိကျိုးက သူမသားက နောက်ဆုံးမှာ သူမလိုချင်သောလမ်းကြောင်းပေါ် ရောက်လာပြီး ဟော်ရန်၏နောက်ကို လိုက်နိုင်တော့မည်ကို သိရတော့ ကျေနပ်သွားသည်။ ရှုနင်က ရှုအိမ်တော်၏ တရားမဝင်သားဖြစ်သောကြောင့် ပါတီပွဲမှာ ဘယ်သခင်လေးနဲ့မှ မိတ်ဆက်လို့မရတဲ့အဖြစ်ကနေ အခုဆိုရင် ဟော်ရန်၏အရှိန်ဖြင့် အထက်တန်းလွှာထဲ ဝင်ဆံ့နိုင်ပြီး ရှုဟိန်ကို ရင်ဆိုင်နိုင်လာတော့မည်။ ဟော်ရန်၏အကူအညီဖြင့် ရှုဟိန်ကို ရှုမိသားစုကနေ ကန်ထုတ်နိုင်တော့မည်။

ထိုစဉ် ချင်ယွိကျိုးက ခေါင်းကိုက်လာပြီး အန်ချင်လာသောကြောင့် အိမ်သာထဲပြေးဝင်ကာ အန်ချလိုက်သည်။ ဆရာဝန်က ဒီလိုဆက်အန်ရင် အန္တရာယ်ရှိသည်ဟုပြောပြီး သူမကို ဘာမှမစဉ်းစားဘဲ အနားယူဖို့ပြောထားသည်။ ဒါပေမယ့် ရှုမိသားစုထဲမှာ ရှုဟိန်ရှိနေသရွေ့ သူမ ဘယ်လိုစိတ်အေးလက်အေး နားနိုင်မှာလဲ..။

ထိုအချိန်တွင် အစည်းအဝေးခန်းမထဲတွင်ရှိနေသော ရှုဟိန်၏ဖုန်းက တုန်ခါလာပြီး စာတစ်စောင်ဝင်လာသည်။ ဒီစာကိုဖတ်ပြီး ရှုဟိန်၏မျက်နှာ မည်းမှောင်ကာ အေးစက်စက်အငွေ့က ပျံ့လွင့်လာသောကြောင့် ဘေးကလက်ထောက်က ကြောက်လန့်ကာ ထောင့်ကိုတိုးကပ်ကာ ပုန်းချင်နေတော့သည်။

ဘယ်သူက ငါတို့သခင်လေးကို ဒေါသထွက်အောင်လုပ်ရတာလဲ.. (_(:зゝ∠)_)

ရှုချိန်လည်း ထိုသို့ စာတစ်စောင်ရလိုက်သည်။

'သြ.. ငါ့သားငယ်လေးက သူငယ်ချင်းအသစ်တွေ ရနေပြီပဲ.. သူ့ကို ဂုဏ်ပြုမယ်..'

ရှုကောင်းက ထိုစာကိုကြည့်ကာ မျက်ခုံးပင့်ပြီး သူ့နောက်လိုက်ကို မေးလိုက်သည်။

"နင်နင်နောက်ကို ဒီနေ့ ဘယ်သူလိုက်သွားတာလဲ.."

ဆွန်းလင်းက အပင်ကိုရေလောင်းရင်း သိမ်မွေ့စွာပြောလိုက်သည်။

"ချင်ယွိကျိုးက ကိုယ်ရံတော်၄ယောက် ထည့်ပေးလိုက်ပါတယ် သခင်ကြီး.. နောက်ထပ် လျှို့ဝှက်စောင့်ရှောက်ဖို့ လူလွှတ်လိုက်ချင်လား.."

"အင်း.. စီစဉ်လိုက်.."

ဆွန်းလင်းက ရေကရားကိုချကာ တစ်ချက်လှမ်းကြည့်လိုက်တော့ အခန်းပြင်မှ ကြံ့ခိုင်တောင့်တင်းသော နောက်လိုက်တစ်ဦးဝင်လာပြီး ဆွန်းလင်း၏အမိန့်ကိုကြားတော့ အထူးလေ့ကျင့်ထားသော ထိပ်တန်းကိုယ်ရံတော်တစ်စုကိုခေါ်ကာ ထွက်သွားလိုက်သည်။ ချင်ယွိကျိုးလွှတ်လိုက်သော ကိုယ်ရံတော်များက ချင်ယွိကျိုး၏ နောက်လိုက်များသာဖြစ်သည်။

ဟော်ရန်သည် အပျော်အပါးကိစ္စများတွင် အတော်နှံ့စပ်ကာ စိတ်ချရသည်။ သူက ရှုနင်ကိုခေါ်ကာ ဘိလိယက်သွားကစားသည်။ ဒါပေမယ့် အသက် ၃၀ အရွယ် ရှုနင်က ချာတိတ်လေးဟော်ရန်ကို မနိုင်တာကတော့ အတော်ရှက်စရာကောင်းလှသည်။

ဟော်ရန်က ဘတ်စကတ်ဘောသာမက ဘိလိယက်လည်း ကောင်းကောင်းကစားနိုင်သည်။ မကြာခင် မိန်းကလေးတစ်စုက သူ့ဘေးကိုရောက်လာပြီး 'ကိုကို' ဟု ချိုသာစွာခေါ်နေကြသည်။

မိန်းကလေးတချို့က မိတ်ကပ်ထူထူလိမ်းထားပြီး အသက် 17၊ 18 လောက်ရှိနေကြပြီး ရင်ဘတ်ထွားထွားများက ယောက်ျားလေးတွေရဲ့မျက်လုံးကို လုံးဝဆွဲဆောင်ထားကြသည်။ ဟော်ရန်က ခုလို မိန်းမပျိုလေးတွေဝိုင်းနေတာကို အရမ်းသာယာပျော်ရွှင်နေသည်။ ဘိလိယက်ရုံထဲက ယောက်ျားများက နို့နံ့မစင်သေးသော ကောင်လေးနှစ်ယောက်နား မိန်းမလှလေးတွေ ဝိုင်းနေတာမြင်ရတော့ မကျေမနပ်ဖြစ်နေကြသည်။

ဒီငချွတ်လေးတွေ အောက်မွှေးတောင် စုံအောင်ပေါက်နေပြီလား.. ဟီး.. ဟီး.. ချာတိတ်လေးတွေရဲ့ပစ္စည်းက ဖယာင်းတိုင်လေးတွေလောက်ပဲ ရှိမှာသေချာတယ်.. သုံးလို့တောင် ရဦးမယ်မထင်ဘူး..

ဒီမိန်းမလှလေးတွေက အကြင်နာမဲ့ပြီး ရက်စက်လှတယ်။ ဒီကလေးနှစ်ကောင်က သူတို့အောက်မှာ သေမတတ်နှိပ်စက်ခံရလောက်သည်။

မိန်းမလှတစ်ယောက် အနားကပ်လာတိုင်း ရှုနင်က လက်ယမ်းကာ မောင်းထုတ်ပြီး အနားမကပ်စေပေ။ ဟော်ရန်၏ နောက်ပြောင်လိုသော ညစ်ကျယ်ကျယ်စိတ်က မြင့်တက်လာပြီး မိန်းမလှတစ်ဦးကို ရှုနင်ဆီကို တွန်းလွှတ်လိုက်သည်။

======================




ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now