Chapter (125)_ တူလေးဆီမှာ အမိခံလိုက်ရသည့် ဦးလေးဖူ

12.7K 2K 59
                                    

Chapter (125)_ တူလေးဆီမှာ အမိခံလိုက်ရသည့် ဦးလေးဖူ



ရှုနင် သည်အများအကျိုးအတွက် လုပ်တာ မဟုတ်ပေ။ မိမိ၏အကျိုးအမြတ်ကိုရအောင် ဒါကိုလုပ်နေတာ ဖြစ်သည်။ သူ့ ဦး လေးနဲ့ဖိုမင်တို့ချစ်နေတာကို သေချာသိအောင်လုပ်လိုတာက သူ့အဖေကိုပါ တဖက်လှည်နဲ့ အသိပေးရာကျပြီး သူနှင့်အကိုကြီးတို့ဇာတ်လမ်းကိုပါ အဖေ့ကိုအသိပေးချင်တာဖြစ်သည်။ တနည်းအားဖြင့်ပြောရရင်   ကျောက်တုံးတစ်ခုဖြင့်ငှက်သုံးကောင် ပစ်ခြင်းဖြစ်သည်။ ╮ (╯▽╰) ╭

ထိုအချိန်တွင် ရှုချိန်သည် သင့်တော်သည့် မိန်းကလေးတွေနှင့် သားကြီးကို  ရွှင်လန်းစွာမိတ်ဆက်ပေးခဲ့သည်။

သို့သော် ရှုဟိန်သည်သူတို့၏ဖခင်အတွက် ဒီမိန်းကလေးတွေကို တွေ့သည်ဆိုရုံပဲ လုပ်ပေးပြီး အခြားသော ရှုမျိုးနွယ်က ဝါကြီးဆွေမျိုးများနှင့် တွေ့ဆုံပေးသည်ကို ဒီအတိုင်းအလိုက်ထိုက်သာ တွေ့ခဲ့သည်။ သူ့အမြင်တွင် ဒီလူကြီးတွေက မျှော့တွေလိုပဲ ရှုမိသားစုထဲ ခိုဝင်ကာ သူတို့ကိုယ်ကျိုးကို သွေးစုပ်ယူနေသည်။ နင်နင်အတွက် ဒီမျှော့တွေကို သူ ရအောင်ရှင်းပစ်မည်ဟု ဆုံးဖြတ်ပြီးဖြစ်လို့ အခု ဘာမှ မပြောပေ။

အဖေနှင့်သားကြားက ဆက်ဆံရေးက  နူးညံ့သိမ်မွေ့သောခံစားချက်ရှိခဲ့သည်။ ဒါပေမယ့် ရှုနင်က ဖုန်းကောတစ်ခုဖြင့် ရှုဟိန်ကို သူ့အဖေရှေ့ကနေ ဆွဲထုတ်သွားခဲ့သည်။
 
နာရီပေါင်းများစွာအကြာတွင် ရှုနင်သည်အိမ်တံခါးဝ၌ ရပ်နေခဲ့သည်။ မိုးကောင်းကင်ကိုမျှော်ကြည့်ရင်း နေကဖြည်းဖြည်းချင်း ဝင်လာပြီး သူမျှော်လင့်နေသောသူသည် နောက်ဆုံးတွင်ရောက်လာသည်။

ကားရပ်တန့်သွားသော်လည်း ကိုယ်ရံတော်က တံခါးကိုဖွင့်ရန်မလိုအပ်ပါ။ ရှုဟိန်၏ခန္ဓာကိုယ်ပေါ်တွင် နေရောင်ခြည်ထွန်းလင်းနေပြီး  သူ၏ချောမောသောမျက်နှာကို မီးမောင်းထိုးပြသော်လည်း အကိုကြီးပုံကို အနည်းငယ်မြူဆိုင်းသလို ဝေဝါးနေစေပါသည်။ ရှုနင်က ကားဆီကို ချက်ချင်းသွားပြီး သူ့ လက်နှစ်ဖက်ကို ဖြန့်ကားပြီး အကိုကြီးကို ခုန်ဖက်လိုက်သည်။ ရှုဟိန်က နင်နင်ကို ဆီးဖက်ထားလိုက်ပြီး တစ် ဦး ကိုတစ် ဦး စိတ်လှုပ်ရှားမှုအပြည့်ဖြင့ ်ကြည့်နေကြသည်။ ရှုဟိန် သည်တစ်ရက်မျှသာ ခွဲရပေ၇မယ့်  ကောင်းကောင်းမအိပ်နိုင်ခဲ့ပေ။ အထူးသဖြင့် သူ့ဦးလေးတွေရဲ့ အို့...အား... ဟင့်အင်း.. ဆိုတဲ့အသံကိုကြားရပြီးနောက်မှာ အကိုကြီးကို ပိုလွမ်းလာခဲ့သည်။

 "အစ်ကိုကြီး... အဖေ နေကောင်းရဲ့လား... "

"အဖေက နေကောင်းတယ်။ ဒါပေမယ့် ငါက မကောင်းဘူး "
ရှုဟိန်က နင်နင်ကို အသာဖျစ်ညစ်ကာ ပြောလိုက်သည်။
 

ရှုနင်၏နားရွက်လေးများက နီမြန်းလာပြီး အကိုကြီးဆိုလိုသည်ကို နားလည်လိုက်သည်။ သူက ကဲလှသော အကိုကြီးကို မျက်လုံးလှိမ့်ကာကြည့်လိုက်ပြီးပြောလိုက်သည်။
  -" ကျွန်တောတို့သွားကြစို့၊ ဦး လေးနှင့် ဦး လေးဖန်က ဆူပါမားကက်ကနေ ဟင်းချက်စရာတွေ ဝယ်နေတာ လာတော့မယ် ခဏနေရင် သူတို့ချက်ထားတာ  အဆင်သင့်ဖြစ်တော့မယ်"

"ကောင်းပြီ"

ဧည့်ခန်းမှာပရိဘောဂ သိပ်မများပါဘူး၊ နံရံမှာ တီဗွီတစ်ခုတပ်ထားတယ်။ ကော်ဖီစားပွဲခုံနဲ့ သိပ်မဝေးတဲ့နေရာမှာ ဆိုဖာခုံတွေ ခင်းထားတယ်။ ဧည့်ခန်းမှာရှိနေတာအားလုံး ဒီဇိုင်းက ရိုးရှင်းပါတယ်။

လူနှစ် ဦး ၏ နေထိုင်ရာအိမ်ဖြစ်လို့ ပရိဘောဂများက မှးမှိန်သွားပြီး ထိုနေရာသည်အရမ်းသပ်ရပ်လှပခြင်းမရှိပေ။ ရှုဟိန်က လှည့်ပတ်ကြည့်ပေမယ့် ဘာမှ မဝေဖန်ပေ။ ရှုနင်က ရှုဟိန်ကို အပေါ်ထပ် သူ့အိပ်ခန်းကို ခေါ်လာပြီး ကိုယ်ရံတော်များကို ဖရဲသီးခွဲကာ အပေါ်ထပ်ကို လာပို့ခိုင်းခဲ့သည်။

  ရေခဲသေတ္တာထဲမှဖရဲသီးများကို သူ ပြန်ယူသောအခါ ကိုယ်ရံတော်တစ်ယောက်က မကျေမနပ်ဖြစ်နေသည်။   အိမ်မှာကလေး တစ်ယောက်ရှိတာတောင် မီးဖိုချောင်ထဲမှာ ဓါးကို ဒီလို အလွယ်တကူထားရသလား.... သက်တော်စောင့်သည်အသက်ပြင်းပြင်းရှူ ဖရဲသီးကို လေးထောင့်ပုံလှီးကာ အပေါ်ထပ်ကို ပို့ပေးလိုက်သည်။ သခင်လေးက ဘာမှမပြောလို့ စိတ်သက်သာရာရစွာ သက်ပြင်းရှိုက်လိုက်သည်။
 
 ရှုနင်က ဖရဲသီးကို ၂ လုပ်စာ စားလိုက်ပြီး ရှုဟိန်ကို ပြောလိုက်သည်။
 "အကိုကြီး... ဒီကို အကိုကြီးကိုခေါ်လိုက်ရတာ ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ပဲ...    "

ဒါက အဖေ့ အတွက်မဟုတ်လား...

ရှုဟိန်က ရှုနင်ကို ကြည့်ကာ ဖရဲသီးခွံကို အောက်ချလိုက်သည်။
 
"ဦး လေး ဖန် နဲ့ ဦး လေးဖူတို့ အတူတူနေနေကြပြီလို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို ထုတ်မပြောရဲကြဘူး။ ဒီဆက်ဆံရေး က အဆင်ပြေတယ်။ ကြောက်စရာမလိုကြောင်း သိအောင်လုပ်ပြီး တစ်လက်စတည်းက ကျွန်တော်တို့ ဆက်ဆံရေးကိုလည်း သူတို့သိအောင် ဖော်ထုတ်ချင်တယ် "

 
"နောက်ပြီးတော့ကော .... ?"

"နောက်ပြီးတော့လား..."
ရှုနင်သည် သူ၏မျက်နှာနီမြန်းလာပြီး ခဏတွန့်ဆုတ်ကာ မေးလိုက်သည်။

 "အကိုကြီးက ဒီအကြောင်းကို လူကြီးတွေနဲ့ ဆွေးနွေးသင့်တယ်လေ...."

ရှုဟိန်က ရှုနင် ရဲ့နှာခေါင်းထိပ်ကိုအသာညစ်ကာ ပြောလိုက်သည်။
  -" ကောင်းပြီ၊ ငါ သိပြီ"

ရှုဟိန်ရဲ့အမြင်မှာ ချင်ယွိဖူက ပေါင်မုန့်လိပ်နှင့်တူသည်။ သူက တော်ရုံနှင့်ပြောင်းလဲမှုကို သိပ်မလုပ်နိုင်ပဲ ပြောင်းမယ်ဆိုရင် ဘာမှ သိပ်ထူးမည် မဟုတ်ပေ။

ချင်ယွိဖူနှင့် ဖိုမင်ဦးလေးဖန်တို့က တန်ချိန်များစွာလေးသော ကုန်ပစ္စည်းများနှင့်အတူပြန်လာသည်။ ရှုဟိန်ရောက်နေတာကို တွေ့တော့ သူ့ ကိုနှုတ်ဆက်ပြီးနောက် သူတို့နှစ်ယောက်သည်ညစာစားရန်မီးဖိုချောင်တွင် အတူတကွစုရုံးခဲ့ကြသည်။ ဟင်းပွဲရှစ်မျိုးကိုချက်ပြုတ်ပြီး အလယ်ဗဟိုတွင်ဟင်းချိုတစ်ခွက်ကို စားပွဲပေါ်ခင်းကျင်းခဲ့သည်။ ချင်ယွိဖူက  အနည်းငယ်ပင်ပန်းနေပြီဖြစ်သောကြောင့် ဖိုမင်က သူ့ခါးကို အသာလေး နှိပ်ပေးနေသည်။ ဒီမြင်ကွင်းက အရမ်းကို နူးညံ့သိမ်မွေ့ပြီးချစ်ခြင်းကို ဖော်ပြနိုင်သည်။

  " ညစာစားပြီးတဲ့နောက် မင်းအပေါ်ထပ်မှာ သွားအနားယူသင့်တယ်၊ ငါ ဆေးကြောလိုက်မယ် "

"ခင်ဗျား မဆေးလို့ ကျွန်တော်ဆေးမယ် ထင်လား..."

ဖိုမင်က ရယ်ကာ ပြောလိုက်သည်။
" ကောင်းပြီ ... ကောင်းပြီ၊ ချစ်လှစွာသော ရှောင်ဖူလေး...  ငါ ပန်းကန်တွေကို ဆေးပ့ါမယ်။ "

ချင်ယွိဖူ ရဲ့မျက်နှာကနီရဲလာပြီး တံတောင်ဆစ်က သူ့နောက်ကပ်လျက်က လူကိုတွတ်လိုက်ကာ တီးတိုးပြောလိုက်သည်။

 "လူကြီးပီပီ တည်တည်တံ့တံ့နေစမ်းပါ။ နင်နင်ရှိတယ်။ ပြီးတော သူ့အကိုက သာမန်လူမဟုတ်ဘူး။ ငါတို့ကို ရိပ်မိသွားရင် ဘယ်လိုလုပ်မလဲ...  "
"ငါ သိပါပြီ....ဒီလိုဆိုရင် ကိုယ်တို့က  နေ့ခင်းအလင်းရောင်ကို မမြင်နိုင်ကြဘူးပေါ့..."

ဖိုမင်က ရှောင်ဖူရဲ့ခံစားချက်နှင့် စိုးရိမ်မှုကို သိနေခဲ့သည်။
 

ထိုအချိန် ရှုနင်နှင့် ရှုဟိန် တို့သည် လက်ချင်းတွဲကာ လှေကားထစ်များကိုနင်းကာ အောက်ကို ဆင်းလာကြသည်။

  "ဘာလို့ နေ့ခင်းအလင်းရောင်ကို မမြင်နိုင်မှာလဲ.."

ရှုနင်က နားမလည်သလိုဖြင့် နားစွန်နားဖျားကြားသည်ကို ဝင်မေးလိုက်သည်။

"သေချာပေါက် ဦးလေးကြောင့်ပေါ့ကွာ..မင်းဦးလေးက ဦးလေးကို နေ့ခင်းအလင်းရောင်ကို မမြင်နိုင်ဘူးလို့ ထင်နေတယ်။ သူက သူ့အချစ်တော်ကလေးကို အိမ်ကြီးထဲမှာပဲ ဝှက်ထားချင်တာလေ..."

ဖိုမင်ဦးလေးဖန်က ရှုနင်ကို အရိပ်အမြွတ်နားလည်အောင် တမင်ပြောလိုက်သညင်။


ချင်ယွိဖူ ၏လစာသည် ဖိုမင်ဦးလေးဖန်ထက်ပိုများသဖြင့်  သူသည်မြို့တော်တွင်အိမ်တစ်လုံးနှင့် F City ရှိအိမ်တစ်လုံးကိုလည်း ၀ ယ်ခဲ့သည်။ သူသည်ဝင်ငွေများသူဖြစ်လာပြီ မဟုတ်လား။
 
ရှုနင်က ပြုံးလိုက်ပြီး သူပျော်နေဟန်ကိုကြည့်ပြိး ရှုဟိန်လည်း သဘောကျနေသည်။ ရှုဟိန်ကြောင့် ဖိုမင်ဦးလေးဖန်က ရှိုးတို့ရှန့်တန့်ဖြစ်နေသည်။ သူက မေးစေ့ကို အသာကုတ်ကာ မီးဖိုဘက်ကို လစ်ထွက်သွားခဲ့သည်။ ချင်ယွိဖူက အေပရွန်ကိုစည်းကာ မီးဖိုထဲကထွက်လာပြီးပြောလိုက်သည်။

  " လာပါ၊ အမြန်စားကြရအောင်၊ အစားအစာအေးသွားတဲ့အချိန်မှာ အရသာ ကောင်းမှာမဟုတ်ဘူး"

ရှုဟိန်နှင့်ရှုနင် တို့သည်ထိုင်ခုံတွင် ဝင်ထိုင်ကြပြီး ခါတိုင်းလိုပင် တစ်ပန်းကန်ထဲ အတူတူ စားကြသည်။ တစ်ယောက်ကို တစ်ယောက် အစားစာခွံ့ကျွေးကြပြီး တယောက်ကို တယောက်ပြုံးကာ ကြည့်နေကြသည်။

 ရှုဟိန်က ရေတစ်ခွက်ကိုထည့်ကာ ရှုနင်ကို ကိုယ်တိုင် တိုက်ပေးကာ သူ့ကိုကောင်းကောင်းပြုစုခဲ့သည်။ ချင်ယွိဖူနှင့် ဖိုမင်တို့က စုံတွဲတွေဖြစ်နေကြပေမယ့် သူတို့ပုံက သူငယ်ချင်းလို ဖြစ်ကာ အကွာဝေးကလည်း ခြားနေသည်။
 
ချင်ယွိဖူက ခေါင်းငုံ့ကာ စားသောက်နေပြီး စားနေစဉ် ဟိုကြည့်ဒီကြည့် သိပ်မလုပ်ပေ။ ဒါကြောင့် နင်နင်က ပြသည့် သဲလွန်စကို မရိပ်မိခဲ့ပေ။ ဒါပေမယ့် ထမင်းစားပြီးလို့ အသီးစားကြတဲ့အခါမှ နင်နင်က သူ့အကိုကြီးကို အရမ်းမှီခိုနေပြီး သူ့ဖာသာ မစားပဲ ခွံ့ကျွေးခိုင်းနေသဖြင့် ချင်ယွိဖူက မနေနိုင်တော့ပဲ စားပွဲအောက်ကနေ နင်နင်၏အဝတ်စားအစွန်းကို အသာဆွဲလိုက်သည်။

နင်နင်က ဘာမှမသိသည့်မျက်နှာပေးဖြင့် လှည့်ကြည့်လိုက်သည်။

"မင်း ဘယ်လိုဖြစ်ပြီး မင်း အကိုကြီးပေါင်ပေါ်ကို တက်ထိုင်နေရတာလဲ... အမြန် ဆင်းပြီးကိုယ့်ဖာသာ ထိုင်လေ..."

   

 ရှုနင်က ရှုဟိန်၏လည်ပင်းကို သိုင်းဖက်ကာ မေးလိုက်သည်။
 "အကိုကြီး..ကျွန်တော် လေးလား...."

ရှုဟိန်က နင်နင်၏ နဖူးကို အသာနမ်းကာ မေးစေ့ကို လက်ချောင်းလေးဖြင့် ပွတ်သပ်ကာ ပြုံးပြီးမေးလိုက်သည်။

"ဟင့်အင်း..မလေးပါဘူး။ ဒါဆို... အကိုကြီးရော..လေးလား..."

(ရှုဟိန်က ဘာကြောင့် သူက လေးလားလို့ မေးသလဲ သိကြရဲ့လား..စာဖတ်သူတို့.... ဟဲ..ဟဲ...)


 သူတို့နှစ် ဦး သည်တစ် ဦး ကိုတစ် ဦး ပြုံးကြည့်နေကြသည်။ သူူတို့နှစ်ဦးကြားက လေထုသည်အလွန်ကောင်းမွန်ပြီး ပတ်ဝန်းကျင်ရှိအရာအားလုံးသည် ပျောက်ကွယ်ကာ သူတို့နှစ်ယောက်တည်း ရှိနေပုံရသည်။ ချင်ယွိဖူသည် ရှုနင်တို့ကို ကြည့်ကာ အနည်းငယ်အံ့အားသင့်သွားပြီး အလွန်ထူးဆန်းနေသည်။ ဖိုမင်ကတော့ ဒီမြင်ကွင်းကြောင့် တုန်လှုပ်ချောက်ချားနေသည်။

 သူတို့ ညီအစ်ကိုနှစ်ယောက်၏ဆက်ဆံရေးသည် အလွန်ကောင်းပေမယ့် တခုခုတော့ ပုံမှန်မဟုတ်သလို နည်းနည်း ခံစားနေခဲ့ရသည်။ နောက်ဆုံးမှာတော့ ရှုနင်က သူ့ ဦး လေးရဲ့စကားကိုနားမထောင်ခဲ့ဘူး။ ရှုဟိန် ရဲ့ပေါင်ပေါ်မှာ သက်တာင့်သက်သာ ထိုင်ပြီး ရှုဟိန်က သူ့ကိုချစ်ခင်တွယ်တာသောအ မူယာဖြင့် သစ်သီးဝလံတွေ၊ မုန့်တွေကို ခွံ့ကျွေးနေပြီး တောင်းစရာမလိုပဲ ရေကိုလည်း ယုယစွာ တိုက်ပေးနေသည်။

 (ခွေးစာတွေ စားနေရတဲ့ သနားစရာ ဦးလေးအတွဲ....)


သူက ...... ကလေးလေး တစ်ယောက်လို နင်နင်ကို စောင့်ရှောက်ပေးနေတာလား...

ချင်ယွိဖူက ဒီအဖြစ်အပျက်ကိုဆက်မကြည့်နိုင်တော့တဲ့အတွက် နင်နင် ကိုသတိပေးချင်ပါတယ်။ ဒါပေမယ့် ရှုနင် ရဲ့မျက်လုံးတွေက မှေးစင်းလာခဲ့သဖြင့် ရှုဟိန်က ရှုနင်၏မျက်နှာကို အသာပွတ်သပ်ကာ မေးလိုက်သည်။

  "မင်း အိပ်ချင်နေပြီလား"

"အင်း... ကျွန်တော် ရေမချိုးရသေးဘူး..."

ရှုနင်က အကိုကြီးကို မှီကာ ပျင်းရိစွာဖြေလိုက်သည်။

 "ငါ....မင်းကို.. ရေချိုးပေးမယ်။ မင်း အိပ်ချင်အိပ်လိုက်တော့... "

ရှုနင်သည်သူ၏မျက်စိကိုတကယ်ပိတ်ထားလိုက်သည်။ ထိုအချက်ကြောင့် ဖိုမင်နှင့် ချင်ယွိဖူတို့   နှစ် ဦး စလုံး အံ့အားသင့်သွားကြသည်။ ရှုဟိန်က နင်နင်ကို အရမ်းဂရုစိုက်နေပါလား။  သူ့လက်ထဲက ပွေ့ထားတာက လူတစ်ယောက်မဟုတ်ဘဲ ပျက်စီးလွယ်တဲ့ပစ္စည်းတွေလိုပဲ အရမ်းကို တယုတယတန်ဖိုးထားတယ်ဆိုတာ မြင်ရုံနှင့်သိသာသည်။


" ဆယ်နှစ်ကျော်ကြာကွဲကွာပြီး ပြန်တွေ့တာတောင် သူတို့ညီအစ်ကိုရဲ့ဆက်ဆံရေးက အရမ်းကောင်းတာပဲ.... ကျွန်တော့် အစ်မတွေက အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ သူတို့က ငွေကလွဲပြီး ဘာကိုမှ မမြင်ကြဘူး...တကယ်တော့ မိသားစု သံယောဇဉ်ကလွဲရင် ဘာကမှ ပိုပြီး တန်ဖိုးမရှိဘူး"

 

"အင်း...ငါ အခု ခံစားနေရတာကို မင်းသိလား....  ...... "

" ဘာကိုလဲ" ချင်ယွိဖူက ဖိုမင်ကို ကြည့်လိုက်သည်။

ဖိုမင်က ခေါင်းယမ်းကာ သူ့သံသယကို မြိုသိပ်ထားလိုက်သည်။

 '' ဘာမှ မဟုတ်တော့ဘူး...."

  သူ့မှာလည်း ညီလေးတစ်ယောက်ရှိတာပဲ။ ဖန်ချင်းတို့အဖေ..သူ့ညီလေးနဲ့ငယ်ငယ်တုန်းက အတူဆော့ပြီး ရန်ဖြစ်ကြပေမယ့် အခုလို သူ့ညီလေးကို ရေချိုးပေးတာတို့... ပွေ့ချီပြီး သိပ်ပေးတာတို့ မလုပ်ပေးဖူးပေ။

ရှုဟိန်နှင့် ရှုနင်တို့ကို ကြည့်ရတာ... ငါ နဲ့ ရှောင်ဖူလို ဆက်ဆံရေးမျိုးနဲ့တူတယ်...

ရှုနင်က နုနယ်လို့ သူ့အကိုက ခုလို ဂရုစိုက်တာ ဖြစ်နိုင်မလား...ငါ အတွေးခေါင်တာ ဖြစ်မှာပါ...

သူ့ကိုယ်သူနှစ်သိမ့်ပြီးနောက် အလုပ်သမားများကြီးကြပ်မှူး ဖိုမင်ဦးလေးဖန်သည်စိတ်သက်သာရာရခဲ့သည်။ သို့သော်ညဘက်တွင် သူက ရေသောက်ရန်ထွက်လာသည့်အခါ တစ် ဦး နှင့်တစ် ဦး အလွန်နီးကပ်စွာ ပူးကပ်ဖက်ထားပြီး နမ်းနေသော ရှုနင်နှင့်ရှုဟိန်ကို သူ တွေ့လိုက်ရသည်။ နမ်းနေပုံက သူနှင့်ရှောင်ဖူတို့ နမ်းနေသလိုပင်ဖြစ်သည်။

 အလုပ်သမားများကြီးကြပ်ရေးမှူးက တုန်လှုပ်ခြောက်ခြားပြီး  ကြောက်လန့်တကြားကြည့်ရင်း သူ့အခန်းထဲပြန်ပြေးသွားသည်။ ချင်ယွိဖူက အိပ်ရာပေါ်မှာလဲလျောင်းနေတုန်း ဖုန်းကိုချပြီး သူ့မျက်နှာကိုခက်ခက်ခဲခဲကြည့်လိုက်သည်

"ခင်ဗျား ဘာတွေဖြစ်နေသလဲ"

"ဒါ ...... "

"ဟမ်?"

အလုပ်သမားများကြီးကြပ်ရေးမှူးသည် မြင်ခဲ့သည်ကို ချင်ယွိဖူကို သူ မပြောရဲချေ။ သူက သူတို့ကိုနည်းနည်းပိုပြီး စောင့်ကြည့်ရ ဦး မယ်။
ရှုနင်က အပြင်မှာ သူ့ကို ချစ်လိုက်မည်ဆိုးလို့ အကိုကြီးကို အိပ်ခန်းထဲ ပြန်သွားဖို့ တောင်းပန်လိုက်ရသည်။  ဒါကြောင့် ရှုဟိန်က နင်နင်ကို ပွေ့ချီကာ အခန်းထဲ ခေါ်လာခဲ့သည်။

မနက်ရောက်လာတော့ ရှုနင်နှင့် ချင်ယွိဖူတို့က မနက်ပိုင်း အိပ်ယာက မထနိုင်ကြတော့ပေ။ ညက သူတို့ ခင်ပွန်းသည်တွေနှင့် ပြင်းထန်သောလေ့ကျင့်ခန်းလုပ်လိုက်ရလို့ တူဝရီးနှစ်ယောက်လုံး ပင်ပန်းကာ အိပ်မောကျနေကြသည်။

ဒါကြောင့် ဖိုမင်က မနက်စာ ထချက်နေပြီး ရှုဟိန်က အပေါ်ထပ်က ဆင်းလာပြီး ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။

 ဖိုမင်ဦးလေးက ညက မြင်ခဲ့သည့် မြင်ကွင်းကြောင့်မလုံမလဲဖြစ်ကာ ရှုဟိန်ကို စေ့စေ့မကြည့်ဝံ့ပေ။ ဖိုမင်က သူ့ကိုတွေ့တော့ အပြေးအလွှား စာတစ်စောင်ကို တိတ်တိတ်လေး ပို့နေသည်ကို တွေ့လိုက်ရသည်။

နင်နင်ရဲ့လုပ်ဆောင်ချက်က ထိရောက်ပုံရသည်ဟု ရှုဟိန်က တွေးနေသည်။


 

ရှုနင်က ဖုန်းထဲတွင် စာတိုဝင်လာသဖြင့် နိုးလာပြီး မျက်လုံးကိုပွတ်သပ်ပြီး စားပွဲပေါ်မှဖုန်းကိုကောက်ကိုင်လိုက်သည်။ ထိုသတင်းကိုမြင်လျှင် သူ အလွန်ပျော်သွားပြီးအိပ်ရာထဲ မှထွက်ကာ အဝတ်လဲလိုက်သည်။ သူ့ ဦး လေးအိပ်နေတုန်းပဲ၊ တံခါးကိုသော့ခတ်ထားပေမယ့် ရှုနင် အတွက်တော့ပြသနာတော့မဟုတ်ပေ။ သူက ကလစ်နှင့် အသာကလိလိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။

သူ့ ဦး လေးကအရမ်းအံ့သြလောက်အောင် နှစ်ခြိုက်စွာ အိပ်ပျော်နေတယ်။ ရှုနင်က ဦးလေးခြုံထားသည့် စောင်ကို အသာဆွဲခွာလိုက်စဉ် ပုခုံးပေါ်တွင် နမ်းထားသည့်အရာများ ပွနေသည့် ဦးလေးကို တွေ့လိုက်ရသည်။

ရှုနင်က သူ့ဦးလေးကျောကို အသာပုတ်လိုက်ပေမယ့် ချင်ယွိဖူက မျက်လုံးမဖွင့်ပဲ ညည်းညူရင်းပြောခဲ့သည်။
 "ငါ့ကို နည်းနည်းလောက် ထပ်ပေးအိပ်ပါဦး....နည်းနည်းလေးပါပဲ.. ခင်ဗျား ကျွန်တော့်ကို  တစ်နေ့လုံး လိုက် အနိုင်ကျင့်နေရတာ မမောသေးဘူးလား? "

 ချင်ယွိဖူ၏အသံသည်နည်းနည်း ပြာအက်အက်ဖြစ်နေသည်။ ရှုနင်က သူ့ဦးလေးရဲ့ နှာခေါင်းကို ညစ်လိုက်သည်။ သူက ဦးလေးရဲ့ ဌက်ကုလားအုတ်လို စိတ်ထားကို ဆက်လက်ခွင့်မပြုထားနိုင်တော့ပေ။ ဦးလေးက မိန်းကလေး နှစ်ယောက်ရဲ့လှည့်စားမှုကို ခံခဲ့ရပြီးနောက်ဆုံး အချစ်စစ်နှင့်တွေ့ခဲ့ရပေမယ့် ပွင့်လင်းစွာ မချစ်နိုင်သည့် စိတ်ကို လက်မခံနိုင်ပေ။ သူလည်း Bottom ဖြစ်လို့ သူ့ဦးလေးလည်း သူ့လို အောက်ထပ်က လူဆိုတာ အလိုလိုသိနေသည်။
သူ့ဦးလေးကို ဒီအကြောင့် သေချာဆွေးနွေးပေးရဦးမည်... နောက်ပိုင်းတွင်သူနှင့်စကားပြောသောအခါ သင့်လျော်သောစကားလုံးများကို ရှာဖွေသင့်သည်။

နာရီဝက်အကြာတွင် ဖိုမင်သည် မနက်စာ ရှုဟိန်က သူ့ကို တား လိုက်သည်။  

" ကျွန်တော် သွားလိုက်မယ်"

ရှုဟိန်က ရှုနင်ကို အနှောက်ယှက်မဖြစ်စေချင်လို့ပြောလိုက်သည်။
 
"အိုး..ကောင်းပြီ။ ငါ ..... အချိုရည် သွားဝယ်လိုက်ဦးမယ်။ "

ရှုဟိန်က အပေါ်ထပ်ကိုမတက်ခဲ့ဘူး ။ သူက စာတိုပို့လိုက်သည်။ နာရီ၊ဝက်ကြာပြီးတော့ ရှုနင်က သူ့ဦးလေးနှင့် အတူဆင်းလာသည်။ ချင်ယွီဖူ၏မျက်နှာက နီရဲနေပြီး သူ့မျက်လုံးတွေက ရှက်ရွံ့မှုနှင့် ပြည့်နေသည်။  သူက ရှုဟိန်နှင့် ဖိုမင်ကို မကြည့်ရဲပဲ မျက်လွှာချကာ သူ့ခြေထောက်တွေကိုပဲ စိုက်ကြည့်နေသည်။

  သူ အရမ်းရှက်နေတယ်။ သူ ဘယ်မှာထိုင်နေသည်ကိုပင် သေချာမသိတော့ပေ။ ရှုနင်သည် ရှုဟိန်ကို တောက်ပစွာကြည့်ကာ အဆင်ပြေသည်သည့်အကြောင်း ပြုံးကာအ ချက်ပြလိုက်သည်။ သူနှင့် အကိုကြီးတို့ ပူးပေါင်းမှုက လုံးဝကို အောင်မြင်သည်။
 
ပြုံးပျော်ကာ တောက်ပနေသည့် နင်နင်ရဲ့ပုံလေးက အရမ်းချစ်စရာကောင်းတယ်၊ ရှုဟိန်က နင်နင်ကို  ဘယ်လောက်ပဲကြည့်ကြည့် သူက အရမ်း ချစ်စရာကောင်းတာပဲလို့ခံစား နေရတာပဲ။

ထိုနေ့လည်ခင်းတွင် အလုပ်ကို ကားနှင့်ထွက်လာစဉ် ချင်ယွိဖူက ထိုအရာကို ဖိုမင်ကို ပြောခဲ့သည်။ ဖိုမင်က ကြားလိုက်ရသည့် စကားကြောင့် အရူးကဲ့သို့အံ့အားသင့်သွားပြီး မေးလိုက်သည်။

" တကယ်လား၊ ဘယ်လိုဖြစ်နိုင်လဲ။ သူတို့က ညီအစ်ကိုတွေပဲ!"

"တိတ်တိတ်လေးနေ... ခင်ဗျားသိရမှာက သူတို့တွေက အတူရှိလို့ရတယ်... အဲ့ဒါကို  နောက်တစ်ခါထပ်မမေးပါနဲ့"

"ကောင်းပြီ၊ မင်းက ငါ့ မိန်းမပဲ။ မင်းပြောသမျှကို ငါ နားထောင်မယ်"

ချင်ယွိဖူဟာ ထိုင်ခုံမှာ  ကောင်းကောင်းထိုင်လို့မရဘူး။ သူက လက်သီးဆုပ်ကာ ရှက်ခြင်း၊  ဒေါသတွေနဲ့ ဖိုမင်ကို ထုလိုက်သည်။    
"နှာဘူးကြီး..ခင်ဗျားကြောင့် နင်နင်သိသွားတာ... နင်နင် ရှိနေတယ် ။ မလုပ်ပါနဲ့ဆိုတာ မရဘူး။ အတင်းလုပ်ချင်တယ်...အခုတော့ နင်နင် သိသွားပြီ။တစ်လောကလုံးကို ကျွန်တော် ဘယ်လို မျက်နှာပြရတော့မလဲ..."


"ဟမ်၊ ငါတို့အကြောင်းကို နင်နင်သိသွားတာလား?  ...."

အလုပ်သမားများကြီးကြပ်မှူးသည်ကားကို လမ်းဘေးချရပ်ကာ စိတ်လှုပ်ရှားမှုများစွာဖြင့် ချင်ယွိဖူကို မေးလိုက်သည်။ သူက ချင်ယွိဖူ၏လက်မောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ  မေးလိုက်သည်။
"ခင်ဗျား..ခင်ဗျား... ...... "

"ဒါဆိုရင် နင်နင်က အခုအရာအားလုံးသိနေပြီ။ သူ ဘာပြောတာလဲ။ သူ လက်ခံလိုက်တာလား"

ချင်ယွိဖူက ခေါင်းငြိမ့်လိုက်ရင်း သူ၏မျက်ဝန်းထောင့်က စီးကျလာသည့် ဝမ်းသာမျက်ရည်က သက်သေပြနေသဖြင့် ဖိုမင်က ချင်ယွိဖူ ၏လက်မောင်းကိုဆွဲဆုပ်ကာ အနီးကပ်ဆွဲကာ နမ်းလိုက်သည်။

ဖိုမင်က သူ့ဘဝမှာ   အမှန်တကယ်ကောင်းချီးပေးခြင်း ခံလိုက်ရသည်ဟု ခံစားခဲ့ရပြီး အရာအားလုံးသည်လည်း ပြည့်စုံလွန်းသည်ဟုခံစားခဲ့ရသည်။ နင်နင်က အရမ်းစမတ်ကျသော ဂရုစိုက်တတ်သောကလေးငယ်တစ် ဦး ဖြစ်ကြောင်း သေချာပေါက် ပြောပြနိုင်သည်။

အခြားတစ်ဖက်တွင်မူ ရှုနင်နှင့် ရှုဟိန်တို့က သူတို့ကားပေါ်တက်ကာ ထွက်ခွာသွားကြပြီး သူတို့အတွက်  အချိန်အချို့ပေးခဲ့သည်။

" အစ်ကိုကြီး... ဘယ်သွားမလို့လဲ"

"C စီးတီးက အိမ်ကို ပြန်ကြမယ် "

"အကိုက အဖေ စီစဉ်ပေးတဲ့ မိန်းကလေးတွေနဲ့ ထပ်သွားတွေ့မလို့လား.... "

ရှုနင်က ပြောပြီး အကိုကြိးရဲ့ကျောပြင်ကို ရိုက်လိုက်သည်။ ရှုဟိန်က ရှုနင် ကိုတင်းတင်းဖက်လိုက်သည်။  

" မင်း ပေါက်ကရတွေ ထပ်ပြောရင် ငါ မင်းကို အခုချက်ချင်း အနိုင်ကျင့်ပစ်လိုက်မယ်...."

 "...... " (⊙ o ⊙)

"အခု ငါ မင်းကိုအနိုင်ကျင့်ချင်တယ်ဆိုရင် မင်းဘာလုပ်မှာလဲ"

"...... "

"မင်းကို အနိုင်ကျင့်တာက အရမ်းကိုကျေနပ်တယ်"

"အစ်ကိုကြီး ......  ဒီလိုမျိုးဆက်လုပ်ခဲ့မယ်ဆိုရင် အကိုကြီး ဖုန်းခေါ်ရင် ကျွန်တော် မကိုင်ပဲ ထားလိုက်မယ်။ သတိထားပါ။ "

ရှုနင်က ရှုဟိန်ကို ကျောပေးကာ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်တော့သူရဲ့နှလုံးကမြန်မြန်ဆန်ဆန်ပဲခုန်နေတယ်။

**-**












Chapter (125)_ တူေလးဆီမွာ အမိခံလိုက္ရသည့္ ဦးေလးဖူ



ရႈနင္ သည္အမ်ားအက်ိဳးအတြက္ လုပ္တာ မဟုတ္ေပ။ မိမိ၏အက်ိဳးအျမတ္ကိုရေအာင္ ဒါကိုလုပ္ေနတာ ျဖစ္သည္။ သူ႔ ဦး ေလးနဲ႔ဖိုမင္တို႔ခ်စ္ေနတာကို ေသခ်ာသိေအာင္လုပ္လိုတာက သူ႔အေဖကိုပါ တဖက္လွည္နဲ႔ အသိေပးရာက်ၿပီး သူႏွင့္အကိုႀကီးတို႔ဇာတ္လမ္းကိုပါ အေဖ့ကိုအသိေပးခ်င္တာျဖစ္သည္။ တနည္းအားျဖင့္ေျပာရရင္   ေက်ာက္တုံးတစ္ခုျဖင့္ငွက္သုံးေကာင္ ပစ္ျခင္းျဖစ္သည္။ ╮ (╯▽╰) ╭

ထိုအခ်ိန္တြင္ ရႈခ်ိန္သည္ သင့္ေတာ္သည့္ မိန္းကေလးေတြႏွင့္ သားႀကီးကို  ႐ႊင္လန္းစြာမိတ္ဆက္ေပးခဲ့သည္။

သို႔ေသာ္ ရႈဟိန္သည္သူတို႔၏ဖခင္အတြက္ ဒီမိန္းကေလးေတြကို ေတြ႕သည္ဆို႐ုံပဲ လုပ္ေပးၿပီး အျခားေသာ ရႈမ်ိဳးႏြယ္က ဝါႀကီးေဆြမ်ိဳးမ်ားႏွင့္ ေတြ႕ဆုံေပးသည္ကို ဒီအတိုင္းအလိုက္ထိုက္သာ ေတြ႕ခဲ့သည္။ သူ႔အျမင္တြင္ ဒီလူႀကီးေတြက ေမွ်ာ့ေတြလိုပဲ ရႈမိသားစုထဲ ခိုဝင္ကာ သူတို႔ကိုယ္က်ိဳးကို ေသြးစုပ္ယူေနသည္။ နင္နင္အတြက္ ဒီေမွ်ာ့ေတြကို သူ ရေအာင္ရွင္းပစ္မည္ဟု ဆုံးျဖတ္ၿပီးျဖစ္လို႔ အခု ဘာမွ မေျပာေပ။

အေဖႏွင့္သားၾကားက ဆက္ဆံေရးက  ႏူးညံ့သိမ္ေမြ႕ေသာခံစားခ်က္ရွိခဲ့သည္။ ဒါေပမယ့္ ရႈနင္က ဖုန္းေကာတစ္ခုျဖင့္ ရႈဟိန္ကို သူ႔အေဖေရွ႕ကေန ဆြဲထုတ္သြားခဲ့သည္။
 
နာရီေပါင္းမ်ားစြာအၾကာတြင္ ရႈနင္သည္အိမ္တံခါးဝ၌ ရပ္ေနခဲ့သည္။ မိုးေကာင္းကင္ကိုေမွ်ာ္ၾကည့္ရင္း ေနကျဖည္းျဖည္းခ်င္း ဝင္လာၿပီး သူေမွ်ာ္လင့္ေနေသာသူသည္ ေနာက္ဆုံးတြင္ေရာက္လာသည္။

ကားရပ္တန႔္သြားေသာ္လည္း ကိုယ္ရံေတာ္က တံခါးကိုဖြင့္ရန္မလိုအပ္ပါ။ ရႈဟိန္၏ခႏၶာကိုယ္ေပၚတြင္ ေနေရာင္ျခည္ထြန္းလင္းေနၿပီး  သူ၏ေခ်ာေမာေသာမ်က္ႏွာကို မီးေမာင္းထိုးျပေသာ္လည္း အကိုႀကီးပုံကို အနည္းငယ္ျမဴဆိုင္းသလို ေဝဝါးေနေစပါသည္။ ရႈနင္က ကားဆီကို ခ်က္ခ်င္းသြားၿပီး သူ႔ လက္ႏွစ္ဖက္ကို ျဖန႔္ကားၿပီး အကိုႀကီးကို ခုန္ဖက္လိုက္သည္။ ရႈဟိန္က နင္နင္ကို ဆီးဖက္ထားလိုက္ၿပီး တစ္ ဦး ကိုတစ္ ဦး စိတ္လႈပ္ရွားမႈအျပည့္ျဖင့ ္ၾကည့္ေနၾကသည္။ ရႈဟိန္ သည္တစ္ရက္မွ်သာ ခြဲရေပ၇မယ့္  ေကာင္းေကာင္းမအိပ္ႏိုင္ခဲ့ေပ။ အထူးသျဖင့္ သူ႔ဦးေလးေတြရဲ႕ အို႔...အား... ဟင့္အင္း.. ဆိုတဲ့အသံကိုၾကားရၿပီးေနာက္မွာ အကိုႀကီးကို ပိုလြမ္းလာခဲ့သည္။

 "အစ္ကိုႀကီး... အေဖ ေနေကာင္းရဲ႕လား... "

"အေဖက ေနေကာင္းတယ္။ ဒါေပမယ့္ ငါက မေကာင္းဘူး "
ရႈဟိန္က နင္နင္ကို အသာဖ်စ္ညစ္ကာ ေျပာလိုက္သည္။
 

ရႈနင္၏နား႐ြက္ေလးမ်ားက နီျမန္းလာၿပီး အကိုႀကီးဆိုလိုသည္ကို နားလည္လိုက္သည္။ သူက ကဲလွေသာ အကိုႀကီးကို မ်က္လုံးလွိမ့္ကာၾကည့္လိုက္ၿပီးေျပာလိုက္သည္။
  -" ကြၽန္ေတာတို႔သြားၾကစို႔၊ ဦး ေလးႏွင့္ ဦး ေလးဖန္က ဆူပါမားကက္ကေန ဟင္းခ်က္စရာေတြ ဝယ္ေနတာ လာေတာ့မယ္ ခဏေနရင္ သူတို႔ခ်က္ထားတာ  အဆင္သင့္ျဖစ္ေတာ့မယ္"

"ေကာင္းၿပီ"

ဧည့္ခန္းမွာပရိေဘာဂ သိပ္မမ်ားပါဘူး၊ နံရံမွာ တီဗြီတစ္ခုတပ္ထားတယ္။ ေကာ္ဖီစားပြဲခုံနဲ႔ သိပ္မေဝးတဲ့ေနရာမွာ ဆိုဖာခုံေတြ ခင္းထားတယ္။ ဧည့္ခန္းမွာရွိေနတာအားလုံး ဒီဇိုင္းက ႐ိုးရွင္းပါတယ္။

လူႏွစ္ ဦး ၏ ေနထိုင္ရာအိမ္ျဖစ္လို႔ ပရိေဘာဂမ်ားက မွးမွိန္သြားၿပီး ထိုေနရာသည္အရမ္းသပ္ရပ္လွပျခင္းမရွိေပ။ ရႈဟိန္က လွည့္ပတ္ၾကည့္ေပမယ့္ ဘာမွ မေဝဖန္ေပ။ ရႈနင္က ရႈဟိန္ကို အေပၚထပ္ သူ႔အိပ္ခန္းကို ေခၚလာၿပီး ကိုယ္ရံေတာ္မ်ားကို ဖရဲသီးခြဲကာ အေပၚထပ္ကို လာပို႔ခိုင္းခဲ့သည္။

  ေရခဲေသတၱာထဲမွဖရဲသီးမ်ားကို သူ ျပန္ယူေသာအခါ ကိုယ္ရံေတာ္တစ္ေယာက္က မေက်မနပ္ျဖစ္ေနသည္။   အိမ္မွာကေလး တစ္ေယာက္ရွိတာေတာင္ မီးဖိုေခ်ာင္ထဲမွာ ဓါးကို ဒီလို အလြယ္တကူထားရသလား.... သက္ေတာ္ေစာင့္သည္အသက္ျပင္းျပင္းရႉ ဖရဲသီးကို ေလးေထာင့္ပုံလွီးကာ အေပၚထပ္ကို ပို႔ေပးလိုက္သည္။ သခင္ေလးက ဘာမွမေျပာလို႔ စိတ္သက္သာရာရစြာ သက္ျပင္းရႈိက္လိုက္သည္။
 
 ရႈနင္က ဖရဲသီးကို ၂ လုပ္စာ စားလိုက္ၿပီး ရႈဟိန္ကို ေျပာလိုက္သည္။
 "အကိုႀကီး... ဒီကို အကိုႀကီးကိုေခၚလိုက္ရတာ ကြၽန္ေတာ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ႏိုင္ဖို႔ပဲ...    "

ဒါက အေဖ့ အတြက္မဟုတ္လား...

ရႈဟိန္က ရႈနင္ကို ၾကည့္ကာ ဖရဲသီးခြံကို ေအာက္ခ်လိုက္သည္။
 
"ဦး ေလး ဖန္ နဲ႔ ဦး ေလးဖူတို႔ အတူတူေနေနၾကၿပီလို႔ ကြၽန္ေတာ္ထင္တယ္။ ဒါေပမဲ့ သူတို႔က ကြၽန္ေတာ့္ကို ထုတ္မေျပာရဲၾကဘူး။ ဒီဆက္ဆံေရး က အဆင္ေျပတယ္။ ေၾကာက္စရာမလိုေၾကာင္း သိေအာင္လုပ္ၿပီး တစ္လက္စတည္းက ကြၽန္ေတာ္တို႔ ဆက္ဆံေရးကိုလည္း သူတို႔သိေအာင္ ေဖာ္ထုတ္ခ်င္တယ္ "

 
"ေနာက္ၿပီးေတာ့ေကာ .... ?"

"ေနာက္ၿပီးေတာ့လား..."
ရႈနင္သည္ သူ၏မ်က္ႏွာနီျမန္းလာၿပီး ခဏတြန႔္ဆုတ္ကာ ေမးလိုက္သည္။

 "အကိုႀကီးက ဒီအေၾကာင္းကို လူႀကီးေတြနဲ႔ ေဆြးေႏြးသင့္တယ္ေလ...."

ရႈဟိန္က ရႈနင္ ရဲ႕ႏွာေခါင္းထိပ္ကိုအသာညစ္ကာ ေျပာလိုက္သည္။
  -" ေကာင္းၿပီ၊ ငါ သိၿပီ"

ရႈဟိန္ရဲ႕အျမင္မွာ ခ်င္ယြိဖူက ေပါင္မုန႔္လိပ္ႏွင့္တူသည္။ သူက ေတာ္႐ုံႏွင့္ေျပာင္းလဲမႈကို သိပ္မလုပ္ႏိုင္ပဲ ေျပာင္းမယ္ဆိုရင္ ဘာမွ သိပ္ထူးမည္ မဟုတ္ေပ။

ခ်င္ယြိဖူႏွင့္ ဖိုမင္ဦးေလးဖန္တို႔က တန္ခ်ိန္မ်ားစြာေလးေသာ ကုန္ပစၥည္းမ်ားႏွင့္အတူျပန္လာသည္။ ရႈဟိန္ေရာက္ေနတာကို ေတြ႕ေတာ့ သူ႔ ကိုႏႈတ္ဆက္ၿပီးေနာက္ သူတို႔ႏွစ္ေယာက္သည္ညစာစားရန္မီးဖိုေခ်ာင္တြင္ အတူတကြစု႐ုံးခဲ့ၾကသည္။ ဟင္းပြဲရွစ္မ်ိဳးကိုခ်က္ျပဳတ္ၿပီး အလယ္ဗဟိုတြင္ဟင္းခ်ိဳတစ္ခြက္ကို စားပြဲေပၚခင္းက်င္းခဲ့သည္။ ခ်င္ယြိဖူက  အနည္းငယ္ပင္ပန္းေနၿပီျဖစ္ေသာေၾကာင့္ ဖိုမင္က သူ႔ခါးကို အသာေလး ႏွိပ္ေပးေနသည္။ ဒီျမင္ကြင္းက အရမ္းကို ႏူးညံ့သိမ္ေမြ႕ၿပီးခ်စ္ျခင္းကို ေဖာ္ျပႏိုင္သည္။

  " ညစာစားၿပီးတဲ့ေနာက္ မင္းအေပၚထပ္မွာ သြားအနားယူသင့္တယ္၊ ငါ ေဆးေၾကာလိုက္မယ္ "

"ခင္ဗ်ား မေဆးလို႔ ကြၽန္ေတာ္ေဆးမယ္ ထင္လား..."

ဖိုမင္က ရယ္ကာ ေျပာလိုက္သည္။
" ေကာင္းၿပီ ... ေကာင္းၿပီ၊ ခ်စ္လွစြာေသာ ေရွာင္ဖူေလး...  ငါ ပန္းကန္ေတြကို ေဆးပ့ါမယ္။ "

ခ်င္ယြိဖူ ရဲ႕မ်က္ႏွာကနီရဲလာၿပီး တံေတာင္ဆစ္က သူ႔ေနာက္ကပ္လ်က္က လူကိုတြတ္လိုက္ကာ တီးတိုးေျပာလိုက္သည္။

 "လူႀကီးပီပီ တည္တည္တံ့တံ့ေနစမ္းပါ။ နင္နင္ရွိတယ္။ ၿပီးေတာ သူ႔အကိုက သာမန္လူမဟုတ္ဘူး။ ငါတို႔ကို ရိပ္မိသြားရင္ ဘယ္လိုလုပ္မလဲ...  "
"ငါ သိပါၿပီ....ဒီလိုဆိုရင္ ကိုယ္တို႔က  ေန႔ခင္းအလင္းေရာင္ကို မျမင္ႏိုင္ၾကဘူးေပါ့..."

ဖိုမင္က ေရွာင္ဖူရဲ႕ခံစားခ်က္ႏွင့္ စိုးရိမ္မႈကို သိေနခဲ့သည္။
 

ထိုအခ်ိန္ ရႈနင္ႏွင့္ ရႈဟိန္ တို႔သည္ လက္ခ်င္းတြဲကာ ေလွကားထစ္မ်ားကိုနင္းကာ ေအာက္ကို ဆင္းလာၾကသည္။

  "ဘာလို႔ ေန႔ခင္းအလင္းေရာင္ကို မျမင္ႏိုင္မွာလဲ.."

ရႈနင္က နားမလည္သလိုျဖင့္ နားစြန္နားဖ်ားၾကားသည္ကို ဝင္ေမးလိုက္သည္။

"ေသခ်ာေပါက္ ဦးေလးေၾကာင့္ေပါ့ကြာ..မင္းဦးေလးက ဦးေလးကို ေန႔ခင္းအလင္းေရာင္ကို မျမင္ႏိုင္ဘူးလို႔ ထင္ေနတယ္။ သူက သူ႔အခ်စ္ေတာ္ကေလးကို အိမ္ႀကီးထဲမွာပဲ ဝွက္ထားခ်င္တာေလ..."

ဖိုမင္ဦးေလးဖန္က ရႈနင္ကို အရိပ္အႁမြတ္နားလည္ေအာင္ တမင္ေျပာလိုက္သညင္။


ခ်င္ယြိဖူ ၏လစာသည္ ဖိုမင္ဦးေလးဖန္ထက္ပိုမ်ားသျဖင့္  သူသည္ၿမိဳ႕ေတာ္တြင္အိမ္တစ္လုံးႏွင့္ F City ရွိအိမ္တစ္လုံးကိုလည္း ၀ ယ္ခဲ့သည္။ သူသည္ဝင္ေငြမ်ားသူျဖစ္လာၿပီ မဟုတ္လား။
 
ရႈနင္က ၿပဳံးလိုက္ၿပီး သူေပ်ာ္ေနဟန္ကိုၾကည့္ၿပိး ရႈဟိန္လည္း သေဘာက်ေနသည္။ ရႈဟိန္ေၾကာင့္ ဖိုမင္ဦးေလးဖန္က ရႈိးတို႔ရွန႔္တန႔္ျဖစ္ေနသည္။ သူက ေမးေစ့ကို အသာကုတ္ကာ မီးဖိုဘက္ကို လစ္ထြက္သြားခဲ့သည္။ ခ်င္ယြိဖူက ေအပ႐ြန္ကိုစည္းကာ မီးဖိုထဲကထြက္လာၿပီးေျပာလိုက္သည္။

  " လာပါ၊ အျမန္စားၾကရေအာင္၊ အစားအစာေအးသြားတဲ့အခ်ိန္မွာ အရသာ ေကာင္းမွာမဟုတ္ဘူး"

ရႈဟိန္ႏွင့္ရႈနင္ တို႔သည္ထိုင္ခုံတြင္ ဝင္ထိုင္ၾကၿပီး ခါတိုင္းလိုပင္ တစ္ပန္းကန္ထဲ အတူတူ စားၾကသည္။ တစ္ေယာက္ကို တစ္ေယာက္ အစားစာခြံ႕ေကြၽးၾကၿပီး တေယာက္ကို တေယာက္ၿပဳံးကာ ၾကည့္ေနၾကသည္။

 ရႈဟိန္က ေရတစ္ခြက္ကိုထည့္ကာ ရႈနင္ကို ကိုယ္တိုင္ တိုက္ေပးကာ သူ႔ကိုေကာင္းေကာင္းျပဳစုခဲ့သည္။ ခ်င္ယြိဖူႏွင့္ ဖိုမင္တို႔က စုံတြဲေတြျဖစ္ေနၾကေပမယ့္ သူတို႔ပုံက သူငယ္ခ်င္းလို ျဖစ္ကာ အကြာေဝးကလည္း ျခားေနသည္။
 
ခ်င္ယြိဖူက ေခါင္းငုံ႔ကာ စားေသာက္ေနၿပီး စားေနစဥ္ ဟိုၾကည့္ဒီၾကည့္ သိပ္မလုပ္ေပ။ ဒါေၾကာင့္ နင္နင္က ျပသည့္ သဲလြန္စကို မရိပ္မိခဲ့ေပ။ ဒါေပမယ့္ ထမင္းစားၿပီးလို႔ အသီးစားၾကတဲ့အခါမွ နင္နင္က သူ႔အကိုႀကီးကို အရမ္းမွီခိုေနၿပီး သူ႔ဖာသာ မစားပဲ ခြံ႕ေကြၽးခိုင္းေနသျဖင့္ ခ်င္ယြိဖူက မေနႏိုင္ေတာ့ပဲ စားပြဲေအာက္ကေန နင္နင္၏အဝတ္စားအစြန္းကို အသာဆြဲလိုက္သည္။

နင္နင္က ဘာမွမသိသည့္မ်က္ႏွာေပးျဖင့္ လွည့္ၾကည့္လိုက္သည္။

"မင္း ဘယ္လိုျဖစ္ၿပီး မင္း အကိုႀကီးေပါင္ေပၚကို တက္ထိုင္ေနရတာလဲ... အျမန္ ဆင္းၿပီးကိုယ့္ဖာသာ ထိုင္ေလ..."

   

 ရႈနင္က ရႈဟိန္၏လည္ပင္းကို သိုင္းဖက္ကာ ေမးလိုက္သည္။
 "အကိုႀကီး..ကြၽန္ေတာ္ ေလးလား...."

ရႈဟိန္က နင္နင္၏ နဖူးကို အသာနမ္းကာ ေမးေစ့ကို လက္ေခ်ာင္းေလးျဖင့္ ပြတ္သပ္ကာ ၿပဳံးၿပီးေမးလိုက္သည္။

"ဟင့္အင္း..မေလးပါဘူး။ ဒါဆို... အကိုႀကီးေရာ..ေလးလား..."

(ရႈဟိန္က ဘာေၾကာင့္ သူက ေလးလားလို႔ ေမးသလဲ သိၾကရဲ႕လား..စာဖတ္သူတို႔.... ဟဲ..ဟဲ...)


 သူတို႔ႏွစ္ ဦး သည္တစ္ ဦး ကိုတစ္ ဦး ၿပဳံးၾကည့္ေနၾကသည္။ သူူတို႔ႏွစ္ဦးၾကားက ေလထုသည္အလြန္ေကာင္းမြန္ၿပီး ပတ္ဝန္းက်င္ရွိအရာအားလုံးသည္ ေပ်ာက္ကြယ္ကာ သူတို႔ႏွစ္ေယာက္တည္း ရွိေနပုံရသည္။ ခ်င္ယြိဖူသည္ ရႈနင္တို႔ကို ၾကည့္ကာ အနည္းငယ္အံ့အားသင့္သြားၿပီး အလြန္ထူးဆန္းေနသည္။ ဖိုမင္ကေတာ့ ဒီျမင္ကြင္းေၾကာင့္ တုန္လႈပ္ေခ်ာက္ခ်ားေနသည္။

 သူတို႔ ညီအစ္ကိုႏွစ္ေယာက္၏ဆက္ဆံေရးသည္ အလြန္ေကာင္းေပမယ့္ တခုခုေတာ့ ပုံမွန္မဟုတ္သလို နည္းနည္း ခံစားေနခဲ့ရသည္။ ေနာက္ဆုံးမွာေတာ့ ရႈနင္က သူ႔ ဦး ေလးရဲ႕စကားကိုနားမေထာင္ခဲ့ဘူး။ ရႈဟိန္ ရဲ႕ေပါင္ေပၚမွာ သက္တာင့္သက္သာ ထိုင္ၿပီး ရႈဟိန္က သူ႔ကိုခ်စ္ခင္တြယ္တာေသာအ မူယာျဖင့္ သစ္သီးဝလံေတြ၊ မုန႔္ေတြကို ခြံ႕ေကြၽးေနၿပီး ေတာင္းစရာမလိုပဲ ေရကိုလည္း ယုယစြာ တိုက္ေပးေနသည္။

 (ေခြးစာေတြ စားေနရတဲ့ သနားစရာ ဦးေလးအတြဲ....)


သူက ...... ကေလးေလး တစ္ေယာက္လို နင္နင္ကို ေစာင့္ေရွာက္ေပးေနတာလား...

ခ်င္ယြိဖူက ဒီအျဖစ္အပ်က္ကိုဆက္မၾကည့္ႏိုင္ေတာ့တဲ့အတြက္ နင္နင္ ကိုသတိေပးခ်င္ပါတယ္။ ဒါေပမယ့္ ရႈနင္ ရဲ႕မ်က္လုံးေတြက ေမွးစင္းလာခဲ့သျဖင့္ ရႈဟိန္က ရႈနင္၏မ်က္ႏွာကို အသာပြတ္သပ္ကာ ေမးလိုက္သည္။

  "မင္း အိပ္ခ်င္ေနၿပီလား"

"အင္း... ကြၽန္ေတာ္ ေရမခ်ိဳးရေသးဘူး..."

ရႈနင္က အကိုႀကီးကို မွီကာ ပ်င္းရိစြာေျဖလိုက္သည္။

 "ငါ....မင္းကို.. ေရခ်ိဳးေပးမယ္။ မင္း အိပ္ခ်င္အိပ္လိုက္ေတာ့... "

ရႈနင္သည္သူ၏မ်က္စိကိုတကယ္ပိတ္ထားလိုက္သည္။ ထိုအခ်က္ေၾကာင့္ ဖိုမင္ႏွင့္ ခ်င္ယြိဖူတို႔   ႏွစ္ ဦး စလုံး အံ့အားသင့္သြားၾကသည္။ ရႈဟိန္က နင္နင္ကို အရမ္းဂ႐ုစိုက္ေနပါလား။  သူ႔လက္ထဲက ေပြ႕ထားတာက လူတစ္ေယာက္မဟုတ္ဘဲ ပ်က္စီးလြယ္တဲ့ပစၥည္းေတြလိုပဲ အရမ္းကို တယုတယတန္ဖိုးထားတယ္ဆိုတာ ျမင္႐ုံႏွင့္သိသာသည္။


" ဆယ္ႏွစ္ေက်ာ္ၾကာကြဲကြာၿပီး ျပန္ေတြ႕တာေတာင္ သူတို႔ညီအစ္ကိုရဲ႕ဆက္ဆံေရးက အရမ္းေကာင္းတာပဲ.... ကြၽန္ေတာ့္ အစ္မေတြက အရမ္းစိတ္ပ်က္ဖို႔ေကာင္းတယ္။ သူတို႔က ေငြကလြဲၿပီး ဘာကိုမွ မျမင္ၾကဘူး...တကယ္ေတာ့ မိသားစု သံေယာဇဥ္ကလြဲရင္ ဘာကမွ ပိုၿပီး တန္ဖိုးမရွိဘူး"

 

"အင္း...ငါ အခု ခံစားေနရတာကို မင္းသိလား....  ...... "

" ဘာကိုလဲ" ခ်င္ယြိဖူက ဖိုမင္ကို ၾကည့္လိုက္သည္။

ဖိုမင္က ေခါင္းယမ္းကာ သူ႔သံသယကို ၿမိဳသိပ္ထားလိုက္သည္။

 '' ဘာမွ မဟုတ္ေတာ့ဘူး...."

  သူ႔မွာလည္း ညီေလးတစ္ေယာက္ရွိတာပဲ။ ဖန္ခ်င္းတို႔အေဖ..သူ႔ညီေလးနဲ႔ငယ္ငယ္တုန္းက အတူေဆာ့ၿပီး ရန္ျဖစ္ၾကေပမယ့္ အခုလို သူ႔ညီေလးကို ေရခ်ိဳးေပးတာတို႔... ေပြ႕ခ်ီၿပီး သိပ္ေပးတာတို႔ မလုပ္ေပးဖူးေပ။

ရႈဟိန္ႏွင့္ ရႈနင္တို႔ကို ၾကည့္ရတာ... ငါ နဲ႔ ေရွာင္ဖူလို ဆက္ဆံေရးမ်ိဳးနဲ႔တူတယ္...

ရႈနင္က ႏုနယ္လို႔ သူ႔အကိုက ခုလို ဂ႐ုစိုက္တာ ျဖစ္ႏိုင္မလား...ငါ အေတြးေခါင္တာ ျဖစ္မွာပါ...

သူ႔ကိုယ္သူႏွစ္သိမ့္ၿပီးေနာက္ အလုပ္သမားမ်ားႀကီးၾကပ္မႉး ဖိုမင္ဦးေလးဖန္သည္စိတ္သက္သာရာရခဲ့သည္။ သို႔ေသာ္ညဘက္တြင္ သူက ေရေသာက္ရန္ထြက္လာသည့္အခါ တစ္ ဦး ႏွင့္တစ္ ဦး အလြန္နီးကပ္စြာ ပူးကပ္ဖက္ထားၿပီး နမ္းေနေသာ ရႈနင္ႏွင့္ရႈဟိန္ကို သူ ေတြ႕လိုက္ရသည္။ နမ္းေနပုံက သူႏွင့္ေရွာင္ဖူတို႔ နမ္းေနသလိုပင္ျဖစ္သည္။

 အလုပ္သမားမ်ားႀကီးၾကပ္ေရးမႉးက တုန္လႈပ္ေျခာက္ျခားၿပီး  ေၾကာက္လန႔္တၾကားၾကည့္ရင္း သူ႔အခန္းထဲျပန္ေျပးသြားသည္။ ခ်င္ယြိဖူက အိပ္ရာေပၚမွာလဲေလ်ာင္းေနတုန္း ဖုန္းကိုခ်ၿပီး သူ႔မ်က္ႏွာကိုခက္ခက္ခဲခဲၾကည့္လိုက္သည္

"ခင္ဗ်ား ဘာေတြျဖစ္ေနသလဲ"

"ဒါ ...... "

"ဟမ္?"

အလုပ္သမားမ်ားႀကီးၾကပ္ေရးမႉးသည္ ျမင္ခဲ့သည္ကို ခ်င္ယြိဖူကို သူ မေျပာရဲေခ်။ သူက သူတို႔ကိုနည္းနည္းပိုၿပီး ေစာင့္ၾကည့္ရ ဦး မယ္။
ရႈနင္က အျပင္မွာ သူ႔ကို ခ်စ္လိုက္မည္ဆိုးလို႔ အကိုႀကီးကို အိပ္ခန္းထဲ ျပန္သြားဖို႔ ေတာင္းပန္လိုက္ရသည္။  ဒါေၾကာင့္ ရႈဟိန္က နင္နင္ကို ေပြ႕ခ်ီကာ အခန္းထဲ ေခၚလာခဲ့သည္။

မနက္ေရာက္လာေတာ့ ရႈနင္ႏွင့္ ခ်င္ယြိဖူတို႔က မနက္ပိုင္း အိပ္ယာက မထႏိုင္ၾကေတာ့ေပ။ ညက သူတို႔ ခင္ပြန္းသည္ေတြႏွင့္ ျပင္းထန္ေသာေလ့က်င့္ခန္းလုပ္လိုက္ရလို႔ တူဝရီးႏွစ္ေယာက္လုံး ပင္ပန္းကာ အိပ္ေမာက်ေနၾကသည္။

ဒါေၾကာင့္ ဖိုမင္က မနက္စာ ထခ်က္ေနၿပီး ရႈဟိန္က အေပၚထပ္က ဆင္းလာၿပီး ေရခ်ိဳးခန္းထဲ ဝင္သြားခဲ့သည္။

 ဖိုမင္ဦးေလးက ညက ျမင္ခဲ့သည့္ ျမင္ကြင္းေၾကာင့္မလုံမလဲျဖစ္ကာ ရႈဟိန္ကို ေစ့ေစ့မၾကည့္ဝံ့ေပ။ ဖိုမင္က သူ႔ကိုေတြ႕ေတာ့ အေျပးအလႊား စာတစ္ေစာင္ကို တိတ္တိတ္ေလး ပို႔ေနသည္ကို ေတြ႕လိုက္ရသည္။

နင္နင္ရဲ႕လုပ္ေဆာင္ခ်က္က ထိေရာက္ပုံရသည္ဟု ရႈဟိန္က ေတြးေနသည္။


 

ရႈနင္က ဖုန္းထဲတြင္ စာတိုဝင္လာသျဖင့္ ႏိုးလာၿပီး မ်က္လုံးကိုပြတ္သပ္ၿပီး စားပြဲေပၚမွဖုန္းကိုေကာက္ကိုင္လိုက္သည္။ ထိုသတင္းကိုျမင္လွ်င္ သူ အလြန္ေပ်ာ္သြားၿပီးအိပ္ရာထဲ မွထြက္ကာ အဝတ္လဲလိုက္သည္။ သူ႔ ဦး ေလးအိပ္ေနတုန္းပဲ၊ တံခါးကိုေသာ့ခတ္ထားေပမယ့္ ရႈနင္ အတြက္ေတာ့ျပသနာေတာ့မဟုတ္ေပ။ သူက ကလစ္ႏွင့္ အသာကလိလိုက္ၿပီး တံခါးကို ဖြင့္လိုက္သည္။

သူ႔ ဦး ေလးကအရမ္းအံ့ၾသေလာက္ေအာင္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနတယ္။ ရႈနင္က ဦးေလးၿခဳံထားသည့္ ေစာင္ကို အသာဆြဲခြာလိုက္စဥ္ ပုခုံးေပၚတြင္ နမ္းထားသည့္အရာမ်ား ပြေနသည့္ ဦးေလးကို ေတြ႕လိုက္ရသည္။

ရႈနင္က သူ႔ဦးေလးေက်ာကို အသာပုတ္လိုက္ေပမယ့္ ခ်င္ယြိဖူက မ်က္လုံးမဖြင့္ပဲ ညည္းညဴရင္းေျပာခဲ့သည္။
 "ငါ့ကို နည္းနည္းေလာက္ ထပ္ေပးအိပ္ပါဦး....နည္းနည္းေလးပါပဲ.. ခင္ဗ်ား ကြၽန္ေတာ့္ကို  တစ္ေန႔လုံး လိုက္ အႏိုင္က်င့္ေနရတာ မေမာေသးဘူးလား? "

 ခ်င္ယြိဖူ၏အသံသည္နည္းနည္း ျပာအက္အက္ျဖစ္ေနသည္။ ရႈနင္က သူ႔ဦးေလးရဲ႕ ႏွာေခါင္းကို ညစ္လိုက္သည္။ သူက ဦးေလးရဲ႕ ဌက္ကုလားအုတ္လို စိတ္ထားကို ဆက္လက္ခြင့္မျပဳထားႏိုင္ေတာ့ေပ။ ဦးေလးက မိန္းကေလး ႏွစ္ေယာက္ရဲ႕လွည့္စားမႈကို ခံခဲ့ရၿပီးေနာက္ဆုံး အခ်စ္စစ္ႏွင့္ေတြ႕ခဲ့ရေပမယ့္ ပြင့္လင္းစြာ မခ်စ္ႏိုင္သည့္ စိတ္ကို လက္မခံႏိုင္ေပ။ သူလည္း Bottom ျဖစ္လို႔ သူ႔ဦးေလးလည္း သူ႔လို ေအာက္ထပ္က လူဆိုတာ အလိုလိုသိေနသည္။
သူ႔ဦးေလးကို ဒီအေၾကာင့္ ေသခ်ာေဆြးေႏြးေပးရဦးမည္... ေနာက္ပိုင္းတြင္သူႏွင့္စကားေျပာေသာအခါ သင့္ေလ်ာ္ေသာစကားလုံးမ်ားကို ရွာေဖြသင့္သည္။

နာရီဝက္အၾကာတြင္ ဖိုမင္သည္ မနက္စာ ရႈဟိန္က သူ႔ကို တား လိုက္သည္။  

" ကြၽန္ေတာ္ သြားလိုက္မယ္"

ရႈဟိန္က ရႈနင္ကို အေႏွာက္ယွက္မျဖစ္ေစခ်င္လို႔ေျပာလိုက္သည္။
 
"အိုး..ေကာင္းၿပီ။ ငါ ..... အခ်ိဳရည္ သြားဝယ္လိုက္ဦးမယ္။ "

ရႈဟိန္က အေပၚထပ္ကိုမတက္ခဲ့ဘူး ။ သူက စာတိုပို႔လိုက္သည္။ နာရီ၊ဝက္ၾကာၿပီးေတာ့ ရႈနင္က သူ႔ဦးေလးႏွင့္ အတူဆင္းလာသည္။ ခ်င္ယြီဖူ၏မ်က္ႏွာက နီရဲေနၿပီး သူ႔မ်က္လုံးေတြက ရွက္႐ြံ႕မႈႏွင့္ ျပည့္ေနသည္။  သူက ရႈဟိန္ႏွင့္ ဖိုမင္ကို မၾကည့္ရဲပဲ မ်က္လႊာခ်ကာ သူ႔ေျခေထာက္ေတြကိုပဲ စိုက္ၾကည့္ေနသည္။

  သူ အရမ္းရွက္ေနတယ္။ သူ ဘယ္မွာထိုင္ေနသည္ကိုပင္ ေသခ်ာမသိေတာ့ေပ။ ရႈနင္သည္ ရႈဟိန္ကို ေတာက္ပစြာၾကည့္ကာ အဆင္ေျပသည္သည့္အေၾကာင္း ၿပဳံးကာအ ခ်က္ျပလိုက္သည္။ သူႏွင့္ အကိုႀကီးတို႔ ပူးေပါင္းမႈက လုံးဝကို ေအာင္ျမင္သည္။
 
ၿပဳံးေပ်ာ္ကာ ေတာက္ပေနသည့္ နင္နင္ရဲ႕ပုံေလးက အရမ္းခ်စ္စရာေကာင္းတယ္၊ ရႈဟိန္က နင္နင္ကို  ဘယ္ေလာက္ပဲၾကည့္ၾကည့္ သူက အရမ္း ခ်စ္စရာေကာင္းတာပဲလို႔ခံစား ေနရတာပဲ။

ထိုေန႔လည္ခင္းတြင္ အလုပ္ကို ကားႏွင့္ထြက္လာစဥ္ ခ်င္ယြိဖူက ထိုအရာကို ဖိုမင္ကို ေျပာခဲ့သည္။ ဖိုမင္က ၾကားလိုက္ရသည့္ စကားေၾကာင့္ အ႐ူးကဲ့သို႔အံ့အားသင့္သြားၿပီး ေမးလိုက္သည္။

" တကယ္လား၊ ဘယ္လိုျဖစ္ႏိုင္လဲ။ သူတို႔က ညီအစ္ကိုေတြပဲ!"

"တိတ္တိတ္ေလးေန... ခင္ဗ်ားသိရမွာက သူတို႔ေတြက အတူရွိလို႔ရတယ္... အဲ့ဒါကို  ေနာက္တစ္ခါထပ္မေမးပါနဲ႔"

"ေကာင္းၿပီ၊ မင္းက ငါ့ မိန္းမပဲ။ မင္းေျပာသမွ်ကို ငါ နားေထာင္မယ္"

ခ်င္ယြိဖူဟာ ထိုင္ခုံမွာ  ေကာင္းေကာင္းထိုင္လို႔မရဘူး။ သူက လက္သီးဆုပ္ကာ ရွက္ျခင္း၊  ေဒါသေတြနဲ႔ ဖိုမင္ကို ထုလိုက္သည္။    
"ႏွာဘူးႀကီး..ခင္ဗ်ားေၾကာင့္ နင္နင္သိသြားတာ... နင္နင္ ရွိေနတယ္ ။ မလုပ္ပါနဲ႔ဆိုတာ မရဘူး။ အတင္းလုပ္ခ်င္တယ္...အခုေတာ့ နင္နင္ သိသြားၿပီ။တစ္ေလာကလုံးကို ကြၽန္ေတာ္ ဘယ္လို မ်က္ႏွာျပရေတာ့မလဲ..."


"ဟမ္၊ ငါတို႔အေၾကာင္းကို နင္နင္သိသြားတာလား?  ...."

အလုပ္သမားမ်ားႀကီးၾကပ္မႉးသည္ကားကို လမ္းေဘးခ်ရပ္ကာ စိတ္လႈပ္ရွားမႈမ်ားစြာျဖင့္ ခ်င္ယြိဖူကို ေမးလိုက္သည္။ သူက ခ်င္ယြိဖူ၏လက္ေမာင္းကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ကာ  ေမးလိုက္သည္။
"ခင္ဗ်ား..ခင္ဗ်ား... ...... "

"ဒါဆိုရင္ နင္နင္က အခုအရာအားလုံးသိေနၿပီ။ သူ ဘာေျပာတာလဲ။ သူ လက္ခံလိုက္တာလား"

ခ်င္ယြိဖူက ေခါင္းၿငိမ့္လိုက္ရင္း သူ၏မ်က္ဝန္းေထာင့္က စီးက်လာသည့္ ဝမ္းသာမ်က္ရည္က သက္ေသျပေနသျဖင့္ ဖိုမင္က ခ်င္ယြိဖူ ၏လက္ေမာင္းကိုဆြဲဆုပ္ကာ အနီးကပ္ဆြဲကာ နမ္းလိုက္သည္။

ဖိုမင္က သူ႔ဘဝမွာ   အမွန္တကယ္ေကာင္းခ်ီးေပးျခင္း ခံလိုက္ရသည္ဟု ခံစားခဲ့ရၿပီး အရာအားလုံးသည္လည္း ျပည့္စုံလြန္းသည္ဟုခံစားခဲ့ရသည္။ နင္နင္က အရမ္းစမတ္က်ေသာ ဂ႐ုစိုက္တတ္ေသာကေလးငယ္တစ္ ဦး ျဖစ္ေၾကာင္း ေသခ်ာေပါက္ ေျပာျပႏိုင္သည္။

အျခားတစ္ဖက္တြင္မူ ရႈနင္ႏွင့္ ရႈဟိန္တို႔က သူတို႔ကားေပၚတက္ကာ ထြက္ခြာသြားၾကၿပီး သူတို႔အတြက္  အခ်ိန္အခ်ိဳ႕ေပးခဲ့သည္။

" အစ္ကိုႀကီး... ဘယ္သြားမလို႔လဲ"

"C စီးတီးက အိမ္ကို ျပန္ၾကမယ္ "

"အကိုက အေဖ စီစဥ္ေပးတဲ့ မိန္းကေလးေတြနဲ႔ ထပ္သြားေတြ႕မလို႔လား.... "

ရႈနင္က ေျပာၿပီး အကိုႀကိးရဲ႕ေက်ာျပင္ကို ႐ိုက္လိုက္သည္။ ရႈဟိန္က ရႈနင္ ကိုတင္းတင္းဖက္လိုက္သည္။  

" မင္း ေပါက္ကရေတြ ထပ္ေျပာရင္ ငါ မင္းကို အခုခ်က္ခ်င္း အႏိုင္က်င့္ပစ္လိုက္မယ္...."

 "...... " (⊙ o ⊙)

"အခု ငါ မင္းကိုအႏိုင္က်င့္ခ်င္တယ္ဆိုရင္ မင္းဘာလုပ္မွာလဲ"

"...... "

"မင္းကို အႏိုင္က်င့္တာက အရမ္းကိုေက်နပ္တယ္"

"အစ္ကိုႀကီး ......  ဒီလိုမ်ိဳးဆက္လုပ္ခဲ့မယ္ဆိုရင္ အကိုႀကီး ဖုန္းေခၚရင္ ကြၽန္ေတာ္ မကိုင္ပဲ ထားလိုက္မယ္။ သတိထားပါ။ "

ရႈနင္က ရႈဟိန္ကို ေက်ာေပးကာ ျပတင္းေပါက္အျပင္ဘက္ကိုၾကည့္လိုက္ေတာ့သူရဲ႕ႏွလုံးကျမန္ျမန္ဆန္ဆန္ပဲခုန္ေနတယ္။

**-**















ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now