Chapter (23) - အစ္ကိုႀကီး ခ်ိန္းေတြ႕ၿပီ/အစ်ကိုကြီး ချိန်းတွေ့ပြီ

24K 3.6K 9
                                    

Chapter (23) - အစ္ကိုႀကီး ခ်ိန္းေတြ႕ၿပီ

႐ႈနင္ မ်က္ရည္မထြက္ဘဲ ငိုေၾကြးေနမိေတာ့သည္။

႐ႈဟိန္က ႐ႈနင္ကို ဆြဲထူေပးလိုက္သည္။ ဒီကေလး အရမ္းအားနည္းလြန္းတယ္။ သူ ေဆး၂ထုပ္စီေသာက္သင့္တယ္။

"အစ္ကိုႀကီး.. တစ္ခုခုလိုလို႔လားဟင္.."

တကယ္လို႔ ဘာမွမလိုရင္ သူ႔ကိုသြားခြင့္ျပဳပါေတာ့..။ ခုလို အရမ္းနီးနီးကပ္ကပ္ပံုစံႀကီးနဲ႔ မဖက္စမ္းပါနဲ႔ဗ်ာ..

"ႏြားႏို႔ေသာက္.."

ဒီႏြားႏို႔က ဘာထူးျခားေနလို႔လဲ..။

႐ႈနင္က သူေသာက္ဖို႔ ဒီေလာက္အေလးအနက္ထားေနသည့္ ႏြားႏို႔က မပူလြန္း မေအးလြန္း အေတာ္ျဖစ္ေနသည္။ ႐ႈဟိန္က သူ႔ကို အေတာ္ေလးဂ႐ုစိုက္ကာ စဥ္းစားေပးသည္။ အစ္ကိုႀကီးက အင္မတန္ကို ေကာင္းလာခဲ့သည္။ သူ ဘာေဆးစားမွားေနတာလဲ။

"ဒီထဲ တိုင္းရင္းေဆး မထည့္ထားပါဘူးေနာ္.."

"အင္း.. ေသာက္လိုက္.. ၿပီးရင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္လိမ့္မယ္.."

႐ႈနင္ ႏြားႏို႔ေသာက္ေနသည္ကိုၾကည့္ရင္း ႐ႈဟိန္၏လည္ဇလုတ္က လႈပ္ရွားသြားသည္။ ႐ႈနင္က ႏြားႏို႔ခြက္ကိုခ်ကာ ဆိုဖာဘက္ထြက္သြားသည္။ တိရိစာၦန္႐ုပ္ႏွင့္ အသီးပံုက ကေလးဆန္လြန္းသည္။ သူက ေလးေထာင့္ပံု ေႏြးေထြးေသာအေရာင္ေဖ်ာ့ ေျဗာင္ဖက္လံုးကိုဖက္ကာ အိပ္လိုက္သည္။

႐ႈနင္က သမ္းကာ မ်က္ဝန္းေထာင့္က မ်က္ရည္စကိုသုတ္ကာ ေစာင္းေစာင္းေလးအိပ္သြားသည္။ ႐ႈနင္အိပ္ေပ်ာ္သြားေတာ့ ႐ႈဟိန္က စာအုပ္ကိုခ်ကာ ဆိုဖာေဘးမွာရပ္ၿပီး အေပၚစီးမွ မိုးၾကည့္ေနသည္။ ဒီကေလးက ေျခလက္ေသးသြယ္ကာ မ်က္ေတာင္ရွည္ရွည္က ယပ္ေတာင္ေတြျဖန္႔ထားသလို လွပစြာရွိေနသည္။ သူက ခဏတုံ႔ဆိုင္းၿပီး လက္ေခ်ာင္းေလးျဖင့္ ထိုမ်က္ေတာင္ရွည္ကို တို႔ထိလိုက္ေတာ့ သူ႔ႏွလံုးအိမ္မွာ ႏူးညံ့စြာခံစားလိုက္ရသည္။

႐ႈနင္ေရာက္လာတာ မၾကာေသးေပမယ့္ သူ႔ရင္ထဲမွာ အေတြးသစ္ေတြေပၚလာခဲ့သည္။ သူက သတိရွိေပမယ့္ ဒီကေလးအေပၚခံစားခ်က္က ေတာက္ေလွ်ာက္တိုးေနၿပီး ရင္ဘတ္ထဲမွာျပည့္လွ်ံလာသလို ခံစားေနရသည္။ ႐ႈနင္က ကိုယ္ေလးကိုက်ံဳ႕ကာ ေကြးေကြးေလးလုပ္လိုက္ေသာေၾကာင့္ ႐ႈဟိန္၏မ်က္ဝန္းတို႔ က်ံဳ႕သြားသည္။ သူေအးေနလို႔လား..။

႐ႈဟိန္က ဘာမွဆက္မေတြးေတာ့ဘဲ ကေလးေလးကိုေပြ႕ကာ သူ႔အိပ္ခန္းကို သယ္လာေတာ့သည္။ သူတို႔က အိပ္ခန္းကပ္လ်က္ရွိေပမယ့္ ႐ႈနင္က ေန႔တိုင္း သြားခ်ည္လာခ်ည္လုပ္ေနရသည္။ ၿမိဳ႕ေတာ္ကအိမ္ကို ျပင္ဆင္ၿပီးေတာ့မွ ဒီဒုကၡက ကင္းေဝးေတာ့မည္။

႐ႈနင္က အိပ္ယာႀကီးေပၚခ်ေပးစဥ္ သူ႔ေခါင္းေလးက ဟိုသည္ယမ္းေနလို႔ ႐ႈဟိန္က ခ်က္ခ်င္း ေဘးမွဝင္လွဲကာ ႐ႈနင္ကို ရင္ခြင္ထဲဆြဲသြင္းလိုက္သည္။ ႐ႈနင္က သူ႔ရင္ခြင္ထဲေရာက္သည္ႏွင့္ သူ႔ကိုယ္ကို ခ်က္ခ်င္းလာဖက္ေတာ့သည္။ ႐ႈဟိန္၏ကိုယ္က ေတာင့္သြားေပမယ့္ မႀကိဳက္တာေတာ့မရွိေပ။ သူက ေနသားတက်ေပြ႕ဖက္ၿပီး စိတ္သက္သာရာရစြာျဖင့္ အိပ္ေမာက်သြားေတာ့သည္။

႐ႈဟိန္က မနက္ေစာေစာႏိုးေတာ့ အေျပးေလ့က်င့္ၿပီး ႐ႈနင္ကႏိုးသည္ႏွင့္ သူ႔အိပ္ခန္းကို ခ်က္ခ်င္းေျပးရေတာ့သည္။ ႐ႈဟိန္က ႏိုးသည္ႏွင့္ company မသြားေတာ့ဘဲ အိမ္မွာနားေနသည္။ ရႈနင္က မိခင္ကို သြားႏႈတ္ဆက္ရေသးသည္၊ အခု အဆိပ္ျပင္းေသာခ်င္ယြိက်ိဳးက တစ္ေန႔တစ္ေန႔ ျပင္ဆင္ကာ shopping ထြက္ၿပီး သူေဌးကေတာ္ တ႐ုန္း႐ုန္းႏွင့္ လည္ပတ္စားေသာက္ေနေတာ့သည္။ သူမက ေအာက္ေျခကတက္လာၿပီး ေနာက္ခံမိသားစုေကာင္း မရွိေပမယ့္ ႐ႈမိသားစု၏ အိမ္ေတာ္သခင္မေနရာကို ပိုင္ႏိုင္စြာရေနၿပီျဖစ္လို႔ ထည္ဝါစြာေနႏိုင္လာေတာ့သည္။ တကယ္လို႔ ႐ႈနင္ေနာက္က်သြားရင္ အလကားျဖစ္ေတာ့မည္။ ခ်င္ယြိက်ိဳးက သီခ်င္းညည္းကာ ကေလးကိုမထိခုိက္ေစမည့္ မိတ္ကပ္ကိုလိမ္းေနသည္။ သူမက ႐ႈနင္ကိုျမင္ေတာ့ မ်က္ႏွာထားကို ခ်က္ခ်င္းျပင္ကာ စိုးရိမ္ဟန္ျဖင့္ ေမးလိုက္သည္။

"ေကာင္းေသာနံနက္ခင္းပါ အေမ.."

"အင္း.. သား.. နင္နင္.. ခုတေလာ ဘယ္လိုလဲ.. ႐ႈဟိန္က သားကို အႏိုင္က်င့္ေသးလား.. သူတစ္ခုခုလုပ္ရင္ အေမ့ကိုေျပာေနာ္.. အေမက ကိုယ္ဝန္ကိုေစာင့္ေရွာက္ေနရလို႔ သားကိုဂ႐ုမစိုက္ႏိုင္ ျဖစ္ေနခဲ့တာ.. ႐ႈဟိန္တစ္ခုခုလုပ္ရင္ အေမေျဖရွင္းေပးမယ္ ဟုတ္ၿပီလား.."

ခ်င္ယြိက်ိဳးက ယခုဆုိလွ်င္ ပထမထပ္မွ တတိယထပ္ရွိ ႐ႈခ်ိန္၏အိပ္ခန္းကို လံုးဝေျပာင္းကာ ေနလိုက္ၿပီျဖစ္သည္။

႐ႈနင္က တံု႔ဆိုင္းဟန္လုပ္ၿပီး ခ်င္ယြိက်ိဳးကို ေျပာလိုက္သည္။

"ကၽြန္ေတာ္ ဒီေန႔ စကားတခ်ိဳ႕ၾကားခဲ့တယ္.. ဘာကိုဆိုလိုသလဲေတာ့ မသိဘူး.."

"ဘာမ်ားလဲ.. ေျပာေလ.."

႐ႈနင္လိုငတံုးေလးက ခုလိုအသံုးဝင္မည္ဟု ခ်င္ယြိက်ိဳး ထင္မထားမိေပ။

"မေန႔က သားက ႐ႈဟိန္ရဲ့စာဖတ္ခန္းေရွ႕က ျဖတ္သြားေတာ့ ဒုတိယေျမကြက္ ရြာကို ျပန္ထူေထာင္ဖို႔ ေျမဝယ္မယ္လို႔ ေျပာသံၾကားတယ္.."

ဘုရားေရ..။ ခ်င္ယြိက်ိဳးက ဝမ္းသာစြာျဖင့္ ႐ႈနင္၏လက္ေမာင္းကို တင္းက်ပ္စြာဆုပ္ကိုင္ကာ ေမးလိုက္သည္။

"ေျမဝယ္မယ္ ဟုတ္လား.. ျပန္လည္ထူေထာင္မယ္.. သားၾကားလိုက္တာ ေသခ်ာလား.."

အသံုးဝင္ေသာသတင္းေပးႏိုင္လို႔ ႐ႈနင္ကို ခ်င္ယြိက်ိဳး အထင္ႀကီးသြားသည္။ ႐ႈဟိန္၏မိခင္ဘက္က အမ်ိဳးေတြက အစိုးရဌာနက အဆင့္ျမင့္အရာရွိႀကီးမ်ားျဖစ္သည္။ သူတို႔က လုပ္ပိုင္ခြင့္အာဏာရွိၾကသည္။ သူတို႔ပူးေပါင္းလုပ္ေဆာင္တယ္ဆိုတာ မီဒီယာေတြသိသြားရင္ ေသခ်ာေပါက္ ႐ႈဟိန္ရဲ့မိခင္ဘက္ကအမ်ိဳးေတြ ေထာင္နန္းစံၾကရမည္။

႐ႈနင္က ေၾကာက္ရြံ႕ဟန္ေဆာင္ကာ ေျပာလိုက္သည္။

"သား ဘာမွမသိေပမယ့္ ဒီစကား၂လံုးကို ၾကားလိုက္ရတာေသခ်ာတယ္.."

ဒါက အေကာင္းဆံုးပဲ..။ ဟိုမိန္းမမိသားစုကို ၿဖိဳခ်ဖို႔ အခြင့္အေရးရၿပီ.. ဟား.. ဟား.. ဟား..

ေပ်ာ္ေနတာလား.. ရယ္ရလြန္းလို႔ ေသေတာ့မွာလား..

႐ႈနင္က သူမကို သက္သာခြင့္မေပးႏိုင္ပါ။ သူဆက္ေျပာလိုက္သည္။

"႐ႈဟိန္က ဖုန္းခ်လိုက္ၿပီး 'good night dad' လို႔ ေျပာလိုက္ေသးတယ္.."

"......"

ခ်င္ယြိက်ိဳး၏ပံုစံက နင္သြားသလိုျဖစ္သြားၿပီး ဘာစကားမွ မေျပာႏိုင္ေတာ့ေပ။

႐ႈနင္က စိတ္ပူဟန္ျဖင့္ ညင္သာစြာေခါင္းငံု႔ထားသည္။

"သားေျပာတဲ့သတင္းေတြက အသံုးဝင္ရဲ့လားဟင္.." (→_→)

ခ်င္ယြိက်ိဳးက ႐ႈနင္၏ပါးကို ျဖတ္႐ိုက္လိုက္ခ်င္စိတ္ကို မနည္းေအာင့္ထားကာ ဖ်စ္ညစ္ၿပံဳးၿပီး ေျပာလိုက္ရသည္။

"တခ်ိဳ႕ေတာ့ အသံုးဝင္ပါတယ္ကြယ္.. ေက်ာင္းသြားဖို႔ျပင္ေတာ့.."

႐ႈနင္က သူ႔အေမ မေထြးႏိုင္မအန္ႏိုင္ ေသြးအန္လုမတတ္ျဖစ္ေနပံုကိုၾကည့္ကာ ေအာက္ထပ္ကိုဆင္းလာသည္။ အရသာရွိေသာဆန္ျပဳတ္ကို ၂ခြက္ေတာင္ေသာက္ၿပီး ေက်ာင္းကို ေပ်ာ္ရႊင္စြာထြက္လာသည္။ ေက်ာင္းမွာ မနက္ပိုင္း physics ခ်ိန္တက္ၿပီး အားကစားခ်ိန္ ေနေရာင္ေအာက္မွာ ဘတ္စကတ္ေဘာကစားရင္ ေခၽြးၿပိဳက္ၿပိဳက္က်ေနသည္။ တက္ၾကြလန္းဆန္းေသာ လူငယ္ဘဝက ေကာင္းလိုက္တာ။ ခြန္အားေတြ မကုန္ဆံုးႏိုင္ေအာင္ရွိၿပီး က်န္းမာေသာခႏၶာျဖင့္ ႐ႈနင္ သူ႔အသက္အရြယ္ကိုေမ့ကာ ကေလးေတြနဲ႔ ေျပးလႊားေဆာ့ကစားေနသည္။

အထက္တန္းေက်ာင္းမွာေတာ့ တကၠသိုလ္ဝင္ခြင့္စာေမးပြဲ က်င္းပေနေသာေၾကာင့္ ဖိအားမ်ားလ်က္ရွိသည္။ လူတိုင္း ေခါင္းငံု႔ကာ စာဖတ္မွတ္ေနစဥ္ ႐ႈဟိန္က ရႊီက်င္းႏွင့္အတူ လမ္းေလွ်ာက္လာရင္း ၿမိဳ႕ေတာ္ကကိစၥကို ေျပာဆုိေနသည္။ သူက သူ႔စြမ္းရည္ကိုျပသဖို႔ ၿမိဳ႕ေတာ္ကိုသြားမွာျဖစ္ၿပီး သူမ်ားေတြလို အရည္မရ အဖက္မရကိစၥမွာ အခ်ိန္ကုန္ဆံုးေစမွာမဟုတ္ေပ။ ႐ႈဟိန္၏မ်က္ႏွာေၾကာင့္  ၿမိဳ႕ေတာ္အသိုင္းအဝိုင္းကလူမ်ားက သူ႔ေဘးကိုဝိုင္းလာမွာေသခ်ာသည္။

မိန္းကေလးအုပ္ႀကီး၏ေနာက္တြင္ ယန္ေဝေဝက လက္ကိုင္ပုဝါကို ေဒါသတႀကီးဆုပ္ေခ်ကာ မ်က္ဝန္းထဲ ခါးသီးမႈႏွင့္ျပည့္ေနသည္။ 'စာေမးပြဲမတိုင္ခင္ ခ်ိန္းေတြ႕မယ္' ဆိုတဲ့ကတိက ဘာလဲ..။ အလွနတ္သမီးကို ခ်ိန္းမေတြ႕ဘဲ ယန္ေဝေဝလိုမိန္းကေလးကို ခ်ိန္းေတြ႕မည္ဟု နတ္ဘုရား႐ႈဟိန္က ေျပာခဲ့ေပမယ့္ တကယ္ေတာ့ သူမဆီကိုလည္း ေရာက္မလာေပ။

ငါ ထပ္မေစာင့္ႏိုင္ေတာ့ဘူး။

ခပ္ဝဝမိန္းကေလးက ယန္ေဝေဝကို တိုက္တြန္းလိုက္သည္။

"ျမန္ျမန္လိုက္သြားေလ.. တကၠသိုလ္တက္ရင္ လူခ်င္းကြဲရေတာ့မွာ.. ခု နင္မႀကိဳးစားရင္ သူနဲ႔ ထာဝရမေတြ႕ရေတာ့ဘူး.. သြား.."

ယန္ေဝေဝက သတၱိေမြးကာ ေရွ႕ကို တစ္လွမ္းခ်င္းတိုးသြားလိုက္သည္။

ရႊီက်င္း၏အရပ္ရွည္ရွည္ႏွင့္ ေခ်ာေမာေသာမ်က္ႏွာက ယန္ေဝေဝကိုၾကည့္လိုက္ေတာ့ ႐ႈဟိန္လည္း လွည့္ၾကည့္လိုက္သည္။ နတ္ဘုရား၂ပါးက သူမကိုၾကည့္လာေသာေၾကာင့္ ယန္ေဝေဝ၏မ်က္ႏွာက နီရဲလာၿပီး စိတ္လႈပ္ရွားလာသည္။

႐ႈဟိန္က သူ႔ကိုရည္းစားစာေပးရဲသည့္ မိန္းကေလးမွန္းမွတ္မိကာ သူမသတၱိကို ေလးစားသြားသည္။

ယန္ေဝေဝ၏လက္က ေခၽြးေတြျပန္လာၿပီး ႐ႈဟိန္ႏွင့္အၾကည့္ခ်င္းဆံုေတာ့ မ်က္လႊာခ်ကာ ဘာေျပာၿပီး ဘာလုပ္ရမွန္းမသိ သတိေမ့သြားေတာ့သည္။

ရႊီက်င္းက ၿပံဳးကာေျပာလိုက္သည္။

"မိန္းမလွေလးက မင္းနဲ႔ခ်ိန္းေတြ႕ဖို႔ ႀကိဳးစားတာထင္တယ္.. ငါ အရင္သြားေတာ့မယ္.."

ရႊီက်င္းက သူတို႔၂ေယာက္ကိုထားကာ ေရွာင္သြားေတာ့ ႐ႈဟိန္က လက္ကိုင္ပုဝါကိုေခ်ေနေသာ မိန္းကေလးကိုစိုက္ၾကည့္ကာ ေမးလိုက္သည္။

"မင္း ဘာလိုခ်င္လို႔လဲ.."

================

Chapter (23) - အစ်ကိုကြီး ချိန်းတွေ့ပြီ

ရှုနင် မျက်ရည်မထွက်ဘဲ ငိုကြွေးနေမိတော့သည်။

ရှုဟိန်က ရှုနင်ကို ဆွဲထူပေးလိုက်သည်။ ဒီကလေး အရမ်းအားနည်းလွန်းတယ်။ သူ ဆေး၂ထုပ်စီသောက်သင့်တယ်။

"အစ်ကိုကြီး.. တစ်ခုခုလိုလို့လားဟင်.."

တကယ်လို့ ဘာမှမလိုရင် သူ့ကိုသွားခွင့်ပြုပါတော့..။ ခုလို အရမ်းနီးနီးကပ်ကပ်ပုံစံကြီးနဲ့ မဖက်စမ်းပါနဲ့ဗျာ..

"နွားနို့သောက်.."

ဒီနွားနို့က ဘာထူးခြားနေလို့လဲ..။

ရှုနင်က သူသောက်ဖို့ ဒီလောက်အလေးအနက်ထားနေသည့် နွားနို့က မပူလွန်း မအေးလွန်း အတော်ဖြစ်နေသည်။ ရှုဟိန်က သူ့ကို အတော်လေးဂရုစိုက်ကာ စဉ်းစားပေးသည်။ အစ်ကိုကြီးက အင်မတန်ကို ကောင်းလာခဲ့သည်။ သူ ဘာဆေးစားမှားနေတာလဲ။

"ဒီထဲ တိုင်းရင်းဆေး မထည့်ထားပါဘူးနော်.."

"အင်း.. သောက်လိုက်.. ပြီးရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လိမ့်မယ်.."

ရှုနင် နွားနို့သောက်နေသည်ကိုကြည့်ရင်း ရှုဟိန်၏လည်ဇလုတ်က လှုပ်ရှားသွားသည်။ ရှုနင်က နွားနို့ခွက်ကိုချကာ ဆိုဖာဘက်ထွက်သွားသည်။ တိရိစ္ဆာန်ရုပ်နှင့် အသီးပုံက ကလေးဆန်လွန်းသည်။ သူက လေးထောင့်ပုံ နွေးထွေးသောအရောင်ဖျော့ ဗြောင်ဖက်လုံးကိုဖက်ကာ အိပ်လိုက်သည်။

ရှုနင်က သမ်းကာ မျက်ဝန်းထောင့်က မျက်ရည်စကိုသုတ်ကာ စောင်းစောင်းလေးအိပ်သွားသည်။ ရှုနင်အိပ်ပျော်သွားတော့ ရှုဟိန်က စာအုပ်ကိုချကာ ဆိုဖာဘေးမှာရပ်ပြီး အပေါ်စီးမှ မိုးကြည့်နေသည်။ ဒီကလေးက ခြေလက်သေးသွယ်ကာ မျက်တောင်ရှည်ရှည်က ယပ်တောင်တွေဖြန့်ထားသလို လှပစွာရှိနေသည်။ သူက ခဏတုံ့ဆိုင်းပြီး လက်ချောင်းလေးဖြင့် ထိုမျက်တောင်ရှည်ကို တို့ထိလိုက်တော့ သူ့နှလုံးအိမ်မှာ နူးညံ့စွာခံစားလိုက်ရသည်။

ရှုနင်ရောက်လာတာ မကြာသေးပေမယ့် သူ့ရင်ထဲမှာ အတွေးသစ်တွေပေါ်လာခဲ့သည်။ သူက သတိရှိပေမယ့် ဒီကလေးအပေါ်ခံစားချက်က တောက်လျှောက်တိုးနေပြီး ရင်ဘတ်ထဲမှာပြည့်လျှံလာသလို ခံစားနေရသည်။ ရှုနင်က ကိုယ်လေးကိုကျုံ့ကာ ကွေးကွေးလေးလုပ်လိုက်သောကြောင့် ရှုဟိန်၏မျက်ဝန်းတို့ ကျုံ့သွားသည်။ သူအေးနေလို့လား..။

ရှုဟိန်က ဘာမှဆက်မတွေးတော့ဘဲ ကလေးလေးကိုပွေ့ကာ သူ့အိပ်ခန်းကို သယ်လာတော့သည်။ သူတို့က အိပ်ခန်းကပ်လျက်ရှိပေမယ့် ရှုနင်က နေ့တိုင်း သွားချည်လာချည်လုပ်နေရသည်။ မြို့တော်ကအိမ်ကို ပြင်ဆင်ပြီးတော့မှ ဒီဒုက္ခက ကင်းဝေးတော့မည်။

ရှုနင်က အိပ်ယာကြီးပေါ်ချပေးစဉ် သူ့ခေါင်းလေးက ဟိုသည်ယမ်းနေလို့ ရှုဟိန်က ချက်ချင်း ဘေးမှဝင်လှဲကာ ရှုနင်ကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ ရှုနင်က သူ့ရင်ခွင်ထဲရောက်သည်နှင့် သူ့ကိုယ်ကို ချက်ချင်းလာဖက်တော့သည်။ ရှုဟိန်၏ကိုယ်က တောင့်သွားပေမယ့် မကြိုက်တာတော့မရှိပေ။ သူက နေသားတကျပွေ့ဖက်ပြီး စိတ်သက်သာရာရစွာဖြင့် အိပ်မောကျသွားတော့သည်။

ရှုဟိန်က မနက်စောစောနိုးတော့ အပြေးလေ့ကျင့်ပြီး ရှုနင်ကနိုးသည်နှင့် သူ့အိပ်ခန်းကို ချက်ချင်းပြေးရတော့သည်။ ရှုဟိန်က နိုးသည်နှင့် company မသွားတော့ဘဲ အိမ်မှာနားနေသည်။ ရှုနင်က မိခင်ကို သွားနှုတ်ဆက်ရသေးသည်၊ အခု အဆိပ်ပြင်းသောချင်ယွိကျိုးက တစ်နေ့တစ်နေ့ ပြင်ဆင်ကာ shopping ထွက်ပြီး သူဌေးကတော် တရုန်းရုန်းနှင့် လည်ပတ်စားသောက်နေတော့သည်။ သူမက အောက်ခြေကတက်လာပြီး နောက်ခံမိသားစုကောင်း မရှိပေမယ့် ရှုမိသားစု၏ အိမ်တော်သခင်မနေရာကို ပိုင်နိုင်စွာရနေပြီဖြစ်လို့ ထည်ဝါစွာနေနိုင်လာတော့သည်။ တကယ်လို့ ရှုနင်နောက်ကျသွားရင် အလကားဖြစ်တော့မည်။ ချင်ယွိကျိုးက သီချင်းညည်းကာ ကလေးကိုမထိခိုက်စေမည့် မိတ်ကပ်ကိုလိမ်းနေသည်။ သူမက ရှုနင်ကိုမြင်တော့ မျက်နှာထားကို ချက်ချင်းပြင်ကာ စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။

"ကောင်းသောနံနက်ခင်းပါ အမေ.."

"အင်း.. သား.. နင်နင်.. ခုတလော ဘယ်လိုလဲ.. ရှုဟိန်က သားကို အနိုင်ကျင့်သေးလား.. သူတစ်ခုခုလုပ်ရင် အမေ့ကိုပြောနော်.. အမေက ကိုယ်ဝန်ကိုစောင့်ရှောက်နေရလို့ သားကိုဂရုမစိုက်နိုင် ဖြစ်နေခဲ့တာ.. ရှုဟိန်တစ်ခုခုလုပ်ရင် အမေဖြေရှင်းပေးမယ် ဟုတ်ပြီလား.."

ချင်ယွိကျိုးက ယခုဆိုလျှင် ပထမထပ်မှ တတိယထပ်ရှိ ရှုချိန်၏အိပ်ခန်းကို လုံးဝပြောင်းကာ နေလိုက်ပြီဖြစ်သည်။

ရှုနင်က တုံ့ဆိုင်းဟန်လုပ်ပြီး ချင်ယွိကျိုးကို ပြောလိုက်သည်။

"ကျွန်တော် ဒီနေ့ စကားတချို့ကြားခဲ့တယ်.. ဘာကိုဆိုလိုသလဲတော့ မသိဘူး.."

"ဘာများလဲ.. ပြောလေ.."

ရှုနင်လိုငတုံးလေးက ခုလိုအသုံးဝင်မည်ဟု ချင်ယွိကျိုး ထင်မထားမိပေ။

"မနေ့က သားက ရှုဟိန်ရဲ့စာဖတ်ခန်းရှေ့က ဖြတ်သွားတော့ ဒုတိယမြေကွက် ရွာကို ပြန်ထူထောင်ဖို့ မြေဝယ်မယ်လို့ ပြောသံကြားတယ်.."

ဘုရားရေ..။ ချင်ယွိကျိုးက ဝမ်းသာစွာဖြင့် ရှုနင်၏လက်မောင်းကို တင်းကျပ်စွာဆုပ်ကိုင်ကာ မေးလိုက်သည်။

"မြေဝယ်မယ် ဟုတ်လား.. ပြန်လည်ထူထောင်မယ်.. သားကြားလိုက်တာ သေချာလား.."

အသုံးဝင်သောသတင်းပေးနိုင်လို့ ရှုနင်ကို ချင်ယွိကျိုး အထင်ကြီးသွားသည်။ ရှုဟိန်၏မိခင်ဘက်က အမျိုးတွေက အစိုးရဌာနက အဆင့်မြင့်အရာရှိကြီးများဖြစ်သည်။ သူတို့က လုပ်ပိုင်ခွင့်အာဏာရှိကြသည်။ သူတို့ပူးပေါင်းလုပ်ဆောင်တယ်ဆိုတာ မီဒီယာတွေသိသွားရင် သေချာပေါက် ရှုဟိန်ရဲ့မိခင်ဘက်ကအမျိုးတွေ ထောင်နန်းစံကြရမည်။

ရှုနင်က ကြောက်ရွံ့ဟန်ဆောင်ကာ ပြောလိုက်သည်။

"သား ဘာမှမသိပေမယ့် ဒီစကား၂လုံးကို ကြားလိုက်ရတာသေချာတယ်.."

ဒါက အကောင်းဆုံးပဲ..။ ဟိုမိန်းမမိသားစုကို ဖြိုချဖို့ အခွင့်အရေးရပြီ.. ဟား.. ဟား.. ဟား..

ပျော်နေတာလား.. ရယ်ရလွန်းလို့ သေတော့မှာလား..

ရှုနင်က သူမကို သက်သာခွင့်မပေးနိုင်ပါ။ သူဆက်ပြောလိုက်သည်။

"ရှုဟိန်က ဖုန်းချလိုက်ပြီး 'good night dad' လို့ ပြောလိုက်သေးတယ်.."

"......"

ချင်ယွိကျိုး၏ပုံစံက နင်သွားသလိုဖြစ်သွားပြီး ဘာစကားမှ မပြောနိုင်တော့ပေ။

ရှုနင်က စိတ်ပူဟန်ဖြင့် ညင်သာစွာခေါင်းငုံ့ထားသည်။

"သားပြောတဲ့သတင်းတွေက အသုံးဝင်ရဲ့လားဟင်.." (→_→)

ချင်ယွိကျိုးက ရှုနင်၏ပါးကို ဖြတ်ရိုက်လိုက်ချင်စိတ်ကို မနည်းအောင့်ထားကာ ဖျစ်ညစ်ပြုံးပြီး ပြောလိုက်ရသည်။

"တချို့တော့ အသုံးဝင်ပါတယ်ကွယ်.. ကျောင်းသွားဖို့ပြင်တော့.."

ရှုနင်က သူ့အမေ မထွေးနိုင်မအန်နိုင် သွေးအန်လုမတတ်ဖြစ်နေပုံကိုကြည့်ကာ အောက်ထပ်ကိုဆင်းလာသည်။ အရသာရှိသောဆန်ပြုတ်ကို ၂ခွက်တောင်သောက်ပြီး ကျောင်းကို ပျော်ရွှင်စွာထွက်လာသည်။ ကျောင်းမှာ မနက်ပိုင်း physics ချိန်တက်ပြီး အားကစားချိန် နေရောင်အောက်မှာ ဘတ်စကတ်ဘောကစားရင် ချွေးပြိုက်ပြိုက်ကျနေသည်။ တက်ကြွလန်းဆန်းသော လူငယ်ဘဝက ကောင်းလိုက်တာ။ ခွန်အားတွေ မကုန်ဆုံးနိုင်အောင်ရှိပြီး ကျန်းမာသောခန္ဓာဖြင့် ရှုနင် သူ့အသက်အရွယ်ကိုမေ့ကာ ကလေးတွေနဲ့ ပြေးလွှားဆော့ကစားနေသည်။

အထက်တန်းကျောင်းမှာတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျင်းပနေသောကြောင့် ဖိအားများလျက်ရှိသည်။ လူတိုင်း ခေါင်းငုံ့ကာ စာဖတ်မှတ်နေစဉ် ရှုဟိန်က ရွှီကျင်းနှင့်အတူ လမ်းလျှောက်လာရင်း မြို့တော်ကကိစ္စကို ပြောဆိုနေသည်။ သူက သူ့စွမ်းရည်ကိုပြသဖို့ မြို့တော်ကိုသွားမှာဖြစ်ပြီး သူများတွေလို အရည်မရ အဖက်မရကိစ္စမှာ အချိန်ကုန်ဆုံးစေမှာမဟုတ်ပေ။ ရှုဟိန်၏မျက်နှာကြောင့်  မြို့တော်အသိုင်းအဝိုင်းကလူများက သူ့ဘေးကိုဝိုင်းလာမှာသေချာသည်။

မိန်းကလေးအုပ်ကြီး၏နောက်တွင် ယန်ဝေဝေက လက်ကိုင်ပုဝါကို ဒေါသတကြီးဆုပ်ချေကာ မျက်ဝန်းထဲ ခါးသီးမှုနှင့်ပြည့်နေသည်။ 'စာမေးပွဲမတိုင်ခင် ချိန်းတွေ့မယ်' ဆိုတဲ့ကတိက ဘာလဲ..။ အလှနတ်သမီးကို ချိန်းမတွေ့ဘဲ ယန်ဝေဝေလိုမိန်းကလေးကို ချိန်းတွေ့မည်ဟု နတ်ဘုရားရှုဟိန်က ပြောခဲ့ပေမယ့် တကယ်တော့ သူမဆီကိုလည်း ရောက်မလာပေ။

ငါ ထပ်မစောင့်နိုင်တော့ဘူး။

ခပ်ဝဝမိန်းကလေးက ယန်ဝေဝေကို တိုက်တွန်းလိုက်သည်။

"မြန်မြန်လိုက်သွားလေ.. တက္ကသိုလ်တက်ရင် လူချင်းကွဲရတော့မှာ.. ခု နင်မကြိုးစားရင် သူနဲ့ ထာဝရမတွေ့ရတော့ဘူး.. သွား.."

ယန်ဝေဝေက သတ္တိမွေးကာ ရှေ့ကို တစ်လှမ်းချင်းတိုးသွားလိုက်သည်။

ရွှီကျင်း၏အရပ်ရှည်ရှည်နှင့် ချောမောသောမျက်နှာက ယန်ဝေဝေကိုကြည့်လိုက်တော့ ရှုဟိန်လည်း လှည့်ကြည့်လိုက်သည်။ နတ်ဘုရား၂ပါးက သူမကိုကြည့်လာသောကြောင့် ယန်ဝေဝေ၏မျက်နှာက နီရဲလာပြီး စိတ်လှုပ်ရှားလာသည်။

ရှုဟိန်က သူ့ကိုရည်းစားစာပေးရဲသည့် မိန်းကလေးမှန်းမှတ်မိကာ သူမသတ္တိကို လေးစားသွားသည်။

ယန်ဝေဝေ၏လက်က ချွေးတွေပြန်လာပြီး ရှုဟိန်နှင့်အကြည့်ချင်းဆုံတော့ မျက်လွှာချကာ ဘာပြောပြီး ဘာလုပ်ရမှန်းမသိ သတိမေ့သွားတော့သည်။

ရွှီကျင်းက ပြုံးကာပြောလိုက်သည်။

"မိန်းမလှလေးက မင်းနဲ့ချိန်းတွေ့ဖို့ ကြိုးစားတာထင်တယ်.. ငါ အရင်သွားတော့မယ်.."

ရွှီကျင်းက သူတို့၂ယောက်ကိုထားကာ ရှောင်သွားတော့ ရှုဟိန်က လက်ကိုင်ပုဝါကိုချေနေသော မိန်းကလေးကိုစိုက်ကြည့်ကာ မေးလိုက်သည်။

"မင်း ဘာလိုချင်လို့လဲ.."

================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now