Chapter (133)_ အဖေ့ကို အကိုကြီးနဲ့ မှားတဲ့ နင်နင်

12.3K 1.9K 69
                                    

(ေဇာ္ဂ်ီသမားမ်ား ေအာက္ကို ဆြဲခ်ေပးပါ)


Chapter (133)_ အဖေ့ကို အကိုကြီးနဲ့ မှားတဲ့ နင်နင်


"အင်း၊ မင်းကို ဒီရောက်လာအောင် ဘာက ဆင့်ခေါ်လိုက်တာလဲ။ ဘာကြောင့် အဖေ့အခန်းထဲကိုရောက်လာတာလဲ"

ရှုချိန်က သိသိကြီးနှင့် သားကြီးကို တောက်ပစွာကြည့်ကာ ရယ်ရွှင်မြူးစွာမေးလိုက်သည်။

ရှုဟိန်သည်စိတ်ထဲတွင်အလွန်တရာမှိုင်းညို့နေသလို ခံစားရပြီး သူ့အဖေကို မနာလိုဖြစ်ခဲ့သည်။

ရှုနင်နှင့် ရှုချိန် တို့သားအဖ၏ရုပ်ရည်သွင်ပြင်သည်သုံးပုံတစ်ပုံခန့် တူညီကြသည်။ အခုတော့သူတို့နှစ်ယောက်လုံးက ဦး ခေါင်းတွေက ပြိုင်တူ သူ့ဘက်ကိုလှည့်နေကြပြီး မျက်လုံးမှိတ်တုတ်မှိတ်တုတ်နှင့် ကြည့်နေကြသည်။

ပြီးတော့ကန့်သတ်ချက်တွေကျော်ပြီး လူတစ်ယောက်ကိုအနိုင်ကျင့်တာက ဘာသဘောလဲ။ ရှုဟိန်က ရင်ထဲကို ထိမှန်သွားသည့် ဖခင်၏စကားကြောင့် တိတ်ဆိတ်နေလိုက်ရသည်။

 ငါ့အဖေက ငါ့မိန်းမနဲ့အိပ်ချင်နေတယ်၊ ငါ့ကို ဘာကြောင့် ဒီလိုလာရတာလဲလို့မေးနေသေးတယ်။ ဟက်...

ရှုဟိန်က မျက်နှာပြောင်တိုက်ကာ  လက်တစ်ဖက်ဖြင့် သူ၏ခေါင်းအုံးကိုကိုင်ကာ သူကအေးအေးဆေးဆေး ခြေလှမ်းတစ်လှမ်းချင်း  ကုတင်ဆီသို့  လျှောက်လာခဲ့လိုက်သည်။ ရှုနင်က အတွင်းဘက်ကို တိုးပေးလိုက်တဲ့အတွက် ကြားမှာ နေရာလွတ်ကျန်နေသေးတာ ကျေးဇူးတင်စရာပဲ။

ရှုဟိန်က ခပ်တည်တည်ဖြင့် သူ့ခေါင်းအုံးကို အဖေနှင့် ရှုနင်ကြားချကာ သားအဖနှစ်ယောက်ကြား ဝင်ပြီး လှဲလိုက်သည်။
အဖေရင်းနှင့်ပင် သူ့နင်နင်ကို နီးစပ်တာကို မမြင်ချင်လောက်အောင် ရှုဟိန်ရင်ထဲ ပိုင်စိုးလိုစိတ်က အားကြီးနေသည်။
 

ရှုဟိန်သည်ကုတင်၏အခြားတစ်ဖက် နေရာလွတ်တွင် အိပ်နေရင်း သူ့သားကြီးကိုယ်ကို ကျော်ကာ သားအလတ်လေးကို ကြည့်လိုက်သည်။ ခုတင်ကတော်တော်ကြီးလို့တော်သေးတာပေါ့။ မဟုတ်ရင် ယောက်ျားသုံးယောက် ကျိန်းသေပေါက် ဆန့်မည် မဟုတ်ပေ။

 "အခု မင်းတို့က ဘာဖြစ်နေတာလဲ၊ အားလုံး ငါနဲ့အတူအိပ်ဖို့လာနေတယ်။ မင်းတို့ ဒီလိုသာ လာလာအိပ်နေကြရင်း နောင် ငါ့အနာဂါတ်ဇနီးသည်ရှိတဲ့အခါ သူက သဝန်တိုနေတော့မှာပဲ။ "

ရှုဟိန်က ဒီလိုပြောလိုက်ပေမယ့် သူ့မျက်လုံးများထဲက ဝမ်သားသည့်အပြုံးတွေက သူ့သားတွေ သူ့အိပ်ယာကို လာပြီးလုအိပ်နေသည်ကို အရမ်းကြိုက်တယ်ဆိုတာ ပြနေသည်။
  သူက အရွယ်ရောက်နေတဲ့ သားတွေနဲ့ အခုလို အိပ်နိုင်ဖို့ အခွင့်အလမ်းကမများဘူး၊ အနာဂတ်မှာ သူ အတူတူအိပ်ချင်ရင် ရှုနင်ကို ဆွဲခေါ်လိုက်ရုံပဲ။ ဒါဆိုရင် သားကြီးက သူ့ဖာသာလိုက်လာလိမ့်မယ်။

ရှုချိန်က ကောင်းမွန်စွာပြုစုပျိုးထောင်ခံခဲ့ရသည့် သူုဖြစ်လို့ သူ့သားနှစ်ယောက်က ရင်ချင်းဆက်အမြွှာတွေလို တတွဲတွဲဖြစ်နေသည့်အပေါ် ထူးထူးထွေထွေ မတွေးတတ်ခဲ့ပေ။ ညီအကိုချင်း အရမ်းချစ်လို့ အတူတူ အိပ်နေဆဲဟုသာ ထင်ခဲ့သည်။

 ရှုဟိန်သည်ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ကာ ဘေးစောင်းအနေထားဖြင့် မျက်နှာအနည်းငယ်နီရဲနေသော ရှုနင်ကို သူ၏စူးရှသောအကြည့်တို့ဖြင့် ကြည့်ကာ ခေါ်လိုက်သည်။

"Honey (အချစ်) "

ရှုနင်၏ခန္ဓာကိုယ်သည်ချက်ချင်းပင်တောင့်တင်းသွားပြီး ပါးစပ်ကိုစောင်နှင့်အုပ်လိုက်သည်။ သူသည်အထိတ်တလန့်ဖြစ်နေပြီး သူ၏မျက်လုံးကြီးများကို လှည့်လိုက်သောအခါ အရမ်းအရမ်းကို အူယားချင်စရာဖြစ်ခဲ့သည်။

ရှုချိန်၏နှလုံးက ဆောင့်ခုန်သွားသလို ခံစားလိုက်ရသည်။ သူ့သားအကြီးအတွက် အထက်တန်းလွှာ ဂုဏ်ရည်တူထဲက မိန်းကလေးများစွာနှင့် မိတ်ဆက်ပေးခဲ့ပေမယ့် သားကြီးက  သူမတို့ကို စိတ်မ ၀ င်စားခဲ့ပေ၊ ထိုမင်းသမီးလေးတွေက ဘယ်လိုပုံဆိုတာပင် သတိမထားမိခဲ့ကြပေ။ ဒါပေမယ့် ရှုဟိန်သည်ပြည်ပတွင် စာသင်နေစဉ် ကိုယ်ပိုင်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နိုင်သူဖြစ်လို့ ဒီလို ယောကျာ်းမိန်းမ ဆက်ဆံရေးကို သေချာပေါက်တော့ သိမည်ဟု ယုံကြည်သည်။

အခု သူ့သားပါးစပ်မှာ အချစ် လို့ခေါ်သံကို ကြားလာပြီးဆိုတော့ သူက အနာဂါတ် ဇနီးလောင်းအကြောင်းကို စတင်စဉ်းစားနေပြီဆိုတဲ့ သဘောပေါ့....။ ဒါကြောင့် သူက သံကို ပူတုန်းထုရန်ကြိုးစားလိုက်သည်။
   ရှုချိန်လည်းသူ့ခန္ဓာကိုယ်ကိုဘေးကို စောင်းလိုက်ပြီး ခေါင်းကိုလက်မောင်းတစ်ဖက်နဲ့ထောက်ကာ မေးလိုက်သည်။

 "ဒါဆို မင်းက ကော်မိသားစုကမိန်းမပျိုလေးကို မင်းတွေ့ပြီးပြီလား၊ မင်း ဘယ်လိုထင်လဲ"

ဟေ့.... အခု မင်းက ငါ့နောက်ကွယ်မှာ နောက်ထပ် ဘလိုင်းဒိတ် လုပ်နေတုန်းပေါ့လေ..ဟုတ်လား...

ရှုနင်က မျက်လုံးကို မှေးစင်းကာ ရှုဟိန်ကို မကြင်နာတဲ့အကြည့်နဲ့ကြည့်နေတယ်။ ဘယ်လိုဖြေမလဲ ကြည့်ရသေးတာပေါ့...

ဒါပေမယ့် ကို ဘယ်သူထင်နေလို့လဲ။ ရှုနင် ရဲ့ ဒီအကြည့်လေးကို ဘယ်ကြောက်ပါ့မလဲ။ သူက ရှုနင်ရဲ့   နှာခေါင်းဖျားကိုညှစ်ပေးကာ ဖြေလိုက်တယ်၊

"ဒီလိုပါပဲ၊ အဲ့ဒီမိန်းကလေးကို ခံစားချက်မရှိဘူး ထင်တယ်"

"တကယ်လား? နည်းနည်းလေးတောင် ခံစားချက် မရှိခဲ့ဘူးလား။ ဒါပေမယ့်သူမဟာ အရမ်းကောင်းတယ် မဟုတ်လား။ "

 ရှုချိန်က ကောင်မလေးအတွက်စကားအနည်းငယ်ပြောပေးချင်နေသည်။

 "ဒီကောင်မလေးကအရမ်းရဲရင့်တယ်၊ သူကနိုင်ငံတစ်ဝန်းမှာ ထိပ်တန်းတက္ကသိုလ်ကနေ ဘွဲ့ရခဲ့တယ်။ သူမက ဘွဲ့လွန်ကို ဆက်တက်နေတုန်း   သူမမိသားစုကို ဂရုစိုက်ရင်း ကိုယ်ပိုင်စီးပွားရေး စလုပ်တယ်၊ ဒါက တကယ်ကိုရှားပါတယ်။ ပြီးတော့ သူမက အသက်ကြီးတဲ့သူတွေကို ရိုသေကိုင်းရှိုင်းမှုရှိတယ် "

"ကျွန်တော် သူမကို မကြိုက်ဘူး"

ရှုဟိန်က သူ့ဖာသာတွေးနေသည်။ ဘွဲ့ရပြီးမှ စီးပွားရေးတစ်ခုကိုစလုပ်တာက တော်တယ်တဲ့လား။ သူ့နင်နင်ဆိုရင် အလယ်တန်းကျောင်းသားဘဝနှင့် လုပ်ငန်းကို ထူထောင်ခဲ့တယ်မဟုတ်လား။ သူမက အသက်ကြီးသူကို ရိုသေကိုင်းရှိုင်းတယ်တဲ့လား။ ဒါပေမယ့်သူမက ရှုနင်ကဲ့သို့ ဝတ်ကြီးဝတ်ငယ်ပြုစုတဲ့နေရာမှာ တော်မယ်လို့ သူ မယုံကြည်ပေ။

 ရှုချိန် ၏မျက်လုံးများသည်တောက်ပလာပြီး ထပ်ပြောလိုက်သည်။

  "ဝမ့် မိသားစုက ဒုတိယသမီးလေးလည်း မဆိုးဘူး။  သူမက နိုင်ငံရပ်ခြား ဂီတကျောင်းကနေ အဆင့်မြင့် တေးဂီတ  ပညာကိုသင်ယူပြီးနောက် အခု တရုတ်ပြည်ကို ပြန်လာခဲ့တယ်။ သူမရဲ့ စရိုက်က ထူးချွန်ပြီးချစ်စရာကောင်းတယ်။ သူမက ဂီတ၊ စစ်တုရင်၊ ကဗျာ၊ ပုံဆွဲခြင်းစတဲ့ အနုပညာတွေမှာ အရမ်း ထူးချွန်တဲ့ ရှားပါးမိန်းကလေးပဲ။ သူမက ဟင်းကောင်းကောင်းချက်ပြုတ်တတ်သေးတယ်။ ဒီခေတ်မှာ သူမလို မိန်းမမျိုးကို ရှာရတာ အရမ်း ခက်လာပြီ။  မင်း သူ့ကိုတွေ့ချင်လား။ "

ရှုနင်က သတိပေးချက်အပြည့်နဲ့သူ့ခေါင်းကို စောင်းကာ စိုက်ကြည့်နေသည်။

မင်း သူမကို သွားတွေ့ရဲလား။ လုပ်ကြည့်လိုက်လေ။ ငါ မင်းကို သင်းပြီး သတ်ပစ်လိုက်မယ်.ဘာမှတ်နေတလဲ..

အိမ်ရှင်မကောင်း အမျိုးစားလား....

ရှုဟိန်၏မျက်လုံးများသည် အလွန်နူးညံ့သိမ်မွေ့သွားသည်။ ဝမ့်မိသားစုက မိန်းကလေးက သူ့နင်နင်လောက် တော်ပ့ါမလား။ နင်နင်က တစ်အိမ်လုံးကိုသေချာစွာထိန်းကျောင်းနိုင်ပြီး သူ့အဖေကိုပြုစုရာတွင်အလွန်ကောင်းကြောင်း သူ သေချာသိသည်။

 သားဖြစ်သူ စကားမပြောတာကိုမြင်တော့ ရှုချိန်က သူ့သားကြီးကို ကျော်ကာ သားအလတ်လေးရဲ့မျက်နှာကို ပွတ်သပ်ရင်း ထပ်စရန် ပြင်လိုက်သည်။

  "ကျူယောင်းရဲ့ သမီးလည်းမဆိုးဘူး၊ သူမက စစ်တပ်ထဲမှာ အမှုထမ်းနေတာ။ သူမက ရာထူးတိုးထားတယ်။   သူမရဲ့အားလပ်ရက်တွေမှာ ဒီကိုပြန်လာမယ်လို့ သူမအတွင်းရေးမှူးဆီက ကြားခဲ့တယ်။  ငါ ဒီတနင်္ဂနွေမှာ မင်းက သူ့ဆီကို လာလည်ဖို့ ပြောလိုက်မယ် ဘယ်လိုလဲ.. "

"မင်း သိပါတယ်၊ တုံ့ချန်ကွေ့ ရဲ့သမီးသုံးယောက်လုံးလုံးက သွယ်သွယ်လျလျနဲ့  ကြင်နာတယ်၊ နွေးထွေးတယ်၊ ရက်ရောတယ်၊ မျိုးရိုးလည်း သန့်တယ်။  ဒါရိုက်တာတုံ့က သူ့သမီးတွေကိုအမြဲချီးကျူးနေတယ်။  သူတို့ကပန်းချီကားတွေထဲက အရုပ်မလေးတွေလို အရမ်းလှကြတယ်၊ ငါ့ကို လာမယ့်လမှာ ပါတီပွဲတက်ဖို့ ဖိတ်ထားတယ်။ ငါ မင်းကို ခေါ်သွားမယ်။ "

ဘုရားရေ၊ စီးပွားရေးလုပ်ငန်းတစ်ခုထဲက မိန်းကလေးတွေကနေ စစ်တပ်ထဲကို ၀ င်နေတဲ့ မိန်းကလေးတွေ အထိ အကိုကြီးနဲ့ ချိတ်ပေးနေတာလား။  ဘာကျန်သေးလဲ?

ရှုနင် ၏နှလုံးသားသည်မောပန်းလာပြီး မျက်နှာအိုလာခဲ့သည်။   တစ်ချိန်တည်းမှာ သူက သူ့အဖေနဲ့သူ့အစ်ကိုတို့ ရဲ့နှောင့်ယှက်ခြင်းကိုခံနေရတော့ သူ ဘယ်လိုဆက်နေရတော့မလဲ။

"နူးညံ့သိမ်မွေ့ပေမယ့် ဂျစ်ကန်ကန်ပုံစံလေးကို ကျွန်တော် ကြိုက်တယ်"

ရှုဟိန်က ခဏ တိတ်ဆိတ်သွားပြီးနောက် သူ့အဖေကို ရုတ်တရက်ပြောလိုကသ်ည်။ ဒီစကားပြောနေစဉ် ရှုနင်ကို စိုက်ကြည့်နေသဖြင့် ဒါက ဘယ်သူ့ကိုရည်ညွှန်းတယ်ဆိုတာ သိသာနေတာပဲ။

အကိုကြီးရဲ့စကားကြောင့် ရှုနင်၏ နှလုံးသားလေးက ပျားရည်ထဲ စိမ်ထားသလို ချိုသာသွားပြီး စိတ်တွေက ပေါ့ပါးလာခဲ့သည်။ သူက နူတ်ခမ်းကို ပွတ်သပ်ကာတိတ်တဆိတ်ပျော်ရွှင်နေသည်။

ရှုဟိန်ဖွင့်ပြောသည့် ပုံစံကြောင့် ရှုချိန်က စိတ်တက်ကြွလာခဲ့ပြီး သူ၏လေသံမှာအနည်းငယ်ပိုမြန်လာသည်။

"ဒီလိုဆိုရင် Y City မြို့တော်ဝန်ရဲ့သမီးက အသက် နှစ်ဆယ်လောက်ရှိပြီ။  သူမနူးညံ့သိမ်မွေ့ပြီး တော်တော်လှတယ်ဆိုတာကို ငါကြားဖူးတယ် ...... "

ရှုချိန်က သူ့သားကြီး အတွက် ကြင်ဖက်ရဖို့ ပါးစပ်က အမြှုပ်ထွက်မတတ် ပြောနေရသည်။ သူက အဖေနေရာရော၊ အမေနေရာရော ရှိနေရသည့်အတွက် သားကြီးအတွက် လိုက်ဖက်သည့် ကြင်ဖက်ကိုရှာတွေ့ဖို့ အရမ်းကြိုးစားနေရသည်။

 နောက်ဆုံး ရှုနင်က မနေနိုင်တော့လို့ ရယ်လိုက်ပြီး သူ့အဖေကို ကြားဖြတ်ပြောလိုက်ရသည်။
  "  အဖေ၊ ဒါက မလိုပါဘူး။ အဖေ ဘယ်လောက်ကောင်းတဲ့ မိန်းကလေးကိုရှာရှာ အကိုကြီးက မကြိုက်ရင် အလကားပဲလေ။ ပြီးတော့ ယောကျာ်းတစ်ယောက်ဆိုတာ အသက် 30 ရောက်လည်း အိမ်ထောင်ပြုဖို့ နောက်မကျသေးဘူးဆိုတဲ့ စကားပုံရှိတာပဲ။ အခု အကိုကြီးက အသက် 22 ပြည့်ပြီးရုံပဲ ရှိပါသေးတယ်။ မလောပါနဲ့။ သူ အသက် 25 မှ စပြီး ရှာပေးလည်း နောက်မကျပါဘူး။ တကယ်လို့ အကိုကြီး အသက် 30 ရောက်လို့ ချစ်သူ မရှိသေးရင် အဖေ စိတ်တိုင်းကျ ရှာပြီးပေးစားလိုက်ပေါ့ ။ အဲ့ချိန်မှ လောလည်း နောက်မကျသေးပါဘူး   "

"ငါလည်း ဒီလိုပဲထင်တယ်"

ရှုချိန်က သက်ပြင်းချကာ ဆက်ပြောလိုက်သည်။

  "ဘာ့ကြောင့်လဲမသိဘူး၊ သူ စေ့စပ်ပြီးတာကို မြင်ရမှ ငါ စိတ်အေးမလို ခံစားနေရတယ် "

(အဖေကြီးရဲ့ လိုလိုသိစိတ်လား... သူ့သားလေးကို ရှုဟိန်က အလစ်သုတ်သွားမယ်ဆိုတာ အလိုလို သိနေတယ်ပေါ့.... (>0<))

ရှုချိန်က ဘယ်လောက်ပြောနေပေမယ့် ရှုဟိန်က တိတ်ဆိတ်နေ၏။ သူ့မိန်းမက သူ့ဘေးနားမှာရှိနေပြီး သူ့အဖေက သူ့ကိုအမျိုးသမီးတွေနဲ့ မိတ်ဆက်ပေးဖို့ မရပ်မနားပြောနေတာလား၊ ဒါက အဖေက သူ့ခြေထောက်အောက်က ကော်ဇောကို ဆောင့်ဆွဲနေတာနဲ့ အတူတူပဲ မဟုတ်လား။

ဒီလိုသာဆက်ပြောနေရင် နင်နင် စိတ်ကြီးပုံနဲ့ သူ နှစ်ရက်လောက် ငတ်နေတော့မှာ သေချာတယ်။

 ရှုဟိန်သည်ထိုအကြောင်းကိုစဉ်းစားနေစဉ် ရှုနင်၏ နဖူး၊ နှုတ်ခမ်းနှင့်နှာခေါင်းတို့ကိုနမ်းရန်ခေါင်းငုံ့လိုက်သည်။ ရှုနင်က မမျှော်လင့်ပဲ အတင့်ရဲလှသည့် အနမ်းကြောင့်  အလွန်စိတ်လှုပ်ရှားသွားပြီး သူ့ဝိညာဉ်ချက်ချင်းထွက်သွားတော့မလို ခံစားလိုက်ရသည်။

 သူ့အဖေ ဘာလုပ်နေတယ်ဆိုတာကိုကြည့်ဖို့ခေါင်းကို အမြန်ထောင်လိုက်ရသည်။

ရှုချိန်သည်သူ့ဖုန်းကို လှမ်းယူရန် နောက်ကို လှည့်နေသဖြင့် သူ့ကို ရှုဟိန် နမ်းနေတာကို မမြင်လိုက်ပေ။ ရှုနင်က ရင်ခုန်ရလွန်းလို့ ရင်ဘတ်ကြီး ပေါက်ထွက်မတတ်ဖြစ်နေသည်။

 ရှုချိန်သည်အံ့သြဖွယ်ကောင်းပြီးထက်မြက်သည်၊ ရှုနင်က သူ့မျက်နှာ နီရဲကာ စိတ်လှုပ်ရှားနေသည်ကို မြင်ရင် အဖေ ရိပ်မိသွားမည်စိုးလို့ မျက်နှာကိုစောင်နှင့်အုပ်ရန်ဆုံးဖြတ်လိုက်သည်။ ပေါ့ပါးသောအသံနှင့်အတူ ရှုချိန်က ရှုနင် ခြုံထားသည့် စောင်ကို ဆွဲလှန်ရန် လက်ကို လှမ်းလိုက်စဉ် ပြောလိုက်သည်။

"မင်း အေးနေလို့လား။ ဒီလို ခေါင်းမှီးခြုံအိပ်ရင်....."

သူ လက်ကိုမလှမ်းနိုင်ခင် ရှုဟိန်ရဲ့လက်က မြန်ဆန်စွာဖြင့်နင်နင်ကို အထွေးပွေ့ကာ သူ့လက်မောင်းတွင် ခေါင်းအုံးခိုင်းကာ ဖက်အိပ်လိုက်သည်။

သူ့အဖေရှုကောင်းလည်း သူငယ်စဉ်က အခုလို ဖက်ပြီးအိပ်ခဲ့သည်ကို ပြန်သတိရလိုက်သည်။ ဒီမြင်ကွင်းက အရမ်းရင်းနှီးပြီး နွေးထွေးလွန်းလှသည်။ ရှုချိန်က သူ့အဖေကို သတိရကာ လွမ်းဆွတ်လာမိသည်။

ရှုနင်က မျက်လုံးကို ပွတ်နေတာကို တွေ့တော့ မီးကိုမှိတ်ကာ အိပ်ရန်ပြင်လိုက်သည်။

  လင်းနေသည့် အခန်းက မှောင်ကျသွားပြီး မင်းလက်တွေကိုဆန့်ထုတ်လိုက်ရင်တောင် မင်းလက်ချောင်းတွေကိုမမြင်ရတော့ ဘူး၊ ဒါကြောင့် ရှုနင်က ရှုဟိန်ရဲ့ ရင်ဘတ်ကို ခေါင်းမှီထားလို့ ရှုဟိန် ရဲ့နှလုံးခုန်သံကိုတောင်ကြားနိုင်တဲ့အထိ သူ့စိတ်တွေ ပိုကြည်လင်လာတယ်။

ကျွန်တော်တို့ ဘာလုပ်သင့်သလဲ?

သူက သူ့ကိုယ်သူ အေးအေးဆေးဆေးနေချင်လေလေ သူက ပိုမလုပ်နိုင်လေလေ သူ့အဖေနဲ့အိပ်ချင်ပေမဲ့ သူ့အစ်ကိုလည်းရောက်လာတယ်။ အခုတော့ သူက Sandwich အဖြစ်ပြောင်းလဲသွားလို့ ရှုနင်က ငိုချင်နေသော်လည်း မျက်ရည်မကျလာပေ။ သူက အခြေအနေကိုကောင်းကောင်း မခံစားရခင် ရှုဟိန် ရဲ့ခန္ဓာကိုယ်ပေါ်က အသားကိုကောင်းကောင်း ဖျစ်ညှစ်ပေးခဲ့တယ်။ ဒါပေမယ့် ...... သူက ရှုဟိန် ရဲ့သတ္တိကိုလျှော့တွက်ထားပုံရတယ်။ မင်း ငါ့ကိုထိရင် ငါလည်း မင်းကို ထိမယ်ဆိုတဲ့ သဘောနဲ့ ရှုဟိန်ရဲ့ ကြီးမားသောလက်သည်ရှေ့၊ နောက်၊ ဟိုဟိုသည်သည်ကို ရွှေ့သွားပြီး နင်နင်ကို ပွတ်သပ်နေသည်။

 ရှုနင်၏ ခန္ဓာကိုယ်သည်ပျော့ပျောင်းသွားပြီး သူ၏ခန္ဓာကိုယ်လေးက အကိုကြီးရဲ့ အထိတွေ့ကြောင့် တုန်ယင်နေသည်။ ရှုဟိန် ၏လက်မောင်းသည်ဟိုဟိုဒီဒီရွေ့လျားနေသော်လည်း စောင်သည်သူ့နှင့်အတူရွေ့သွားသဖြင့် ရှုချိန်က မသိပဲ ဘယ်နေမလဲ။

ရှုနင်က အလွန်ကြောက်လန့်သွားပြီးသူ့စိတ်ဝိညာဉ်လွင့်ပါးသွားပြီး သူ့ဘ ၀ တစ်ခုလုံးအရောင်ပျောက်သွားသလို ထင်နေမိ သည်။

ရှုချိန်က အိပ်ယာထဲတွင် မအိပ်ပဲ လှုပ်စိလှုပ်စိလုပ်နေသည့် သားနှစ်ယောက်ကို မေးလိုက်သည်။

 "မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ"

ရှုနင်က အလန့်လွန်ပြီး အသက်ထွက်သွားပြီလားဟု ထင်လို်က်မိသည်။
 ရှုဟိန်၏မျက်နှာသည်ပုံမှန်အတိုင်းပင်၊ ခပ်တည်တည်ပြောလိုက်သည်။

" သူ့ဗိုက်ကိုပွတ်ပေးနေတာ...."  

"အမ်? နင်နင်က နေမကောင်းဘူးလား?"

ရှုချိန်က ရှုဟိန်ကို ကျော်ပြီး ရှုဟိန်ထက် ပိုကြီးတဲ့ လက်ဖဝါးကြီးကို နင်နင်ရဲ့ ပျော့ပြောင်းတဲ့ ဗိုက်သားလေးကို လက်နဲ့ပွတ်သပ်လိုက်တယ်။ ရှုဟိန် ၏လက်သည် ရှုချိန် ၏လက်ကိုပင်မကြာခဏထိမိနေသည်။ ရှုနင် ၏ဗိုက်သည်အလွန်နူးညံ့ သိမ်မွေ့ပြီးချောမွေ့သည်။ ထိုနည်းတူစွာ သူ့ကိုညင်ညင်သာသာပွတ်သပ်ရင်း သူတို့အားလုံးအိပ်ပျော်သွားသည်။

 ရှုနင်လား? သူလည်း အကိုနှင့် အဖေလုပ်သူ ဗိုက်ကိုပွတ်ပေးနေလို့ တိုက်ပွဲကျတာ ကြာလှရောပေါ့...

 နောက်နေ့မနက်တွင် ရှုနင် နိုးလာသည်၊ ဒါပေမယ့ ်သူမျက်လုံးဖွင့်ဖို့ပျင်းလွန်းသည်။ မသိစိတ်က သူ့ကျောကိုခုံးပြီး ဘေးက အိပ်နေတဲ့ လူရဲ့မေးရိုးကို မတော်တဆပွတ်မိလိုက်သည်။

"ဟေး... အပျင်းထူနေတဲ့ ကြောင်ပေါက်လေး"

အင်း၊ ငါ့နှာခေါင်းက ညှစ်ခံရတာလား။ ရှုနင် ၏တစ်ကိုယ်လုံးတုန်ခါသွားသည်၊ ဤအသံသည်က အကိုကြီးရဲ့ အသံ မဟုတ်ပါ။ ဒါက သူ့အဖေရဲ့အသံပဲ။

 ရှုနင်က မျက်လုံးဖွင့်ကာ နူတ်ဆက်လိုက်သည်။

 "ဖေဖေ၊ မင်္ဂလာနံနက်ခင်းပါ ~"

"အင်း..ဟိန်ဟိန်က အပြေးလေ့ကျင့်ဖို့ ထွက်သွားတယ်။ မင်း မနက်စာ ဘာစားချင်လဲ"

"ကျွန်တော်လား? မနေ့ညက အဲဒါကိုစီစဉ်ပြီးပြီ၊ မီးဖိုချောင်ထဲမှာ အဆင်သင့်ဖြစ်ပြီ၊ ကျွန်တော်တို့ အောက်ထပ်ဆင်း ရမလား။ "

"...... သေချာလေး လုပ်ထားတဲ့ အတွက် ငါ့သားကို ကျေးဇူးတင်ပါတယ်ကွာ"

ရှုချိန်က  အရမ်းစိတ်ထိခိုက်သွားတယ်၊ ဒီကောင်လေးက ဒီနှစ်မှ ဆယ့်ခုနစ်နှစ်ပဲရှိသေးသည်။ ရှုဟိန်က  က နင်နင်ရဲ့ နဖူးကို နမ်းရတာကြိုက်သည်ကို စဉ်းစားရင်း ရှုနင်ရဲ့ နဖူးကိုနမ်းဖို့ ကြိုးစားလိုက်သည်။

 သူကအခုအသက်ကြီးနေပြီဆိုပေမယ့် သူက ငယ်ငယ်တုန်းကလိုနူးညံ့နေတုန်းဘဲ၊ အရမ်းကောင်းတယ်၊
"မင်း ဘယ်အချိန် ကျောင်းပြန်တက်မလဲ။ "

"လောလောဆယ် မတက်သေးဘူး။ "

"မင်းစာမေးပွဲမအောင်မှာ မစိုးရိမ်ဘူးလား"

ရှုနင်သည်အလွန်တည်ငြိမ်ပြီး အခိုင်မာ ပြောလိုက်သည်။

 "ဘာမှမဖြစ်ပါဘူး၊ ကျွန်တော် ပြန်လည်စမ်းသပ်မှု တစ်ခုလုပ်နိုင်တယ်။ ရလဒ်တွေကို ကျွန်တော် စိတ်မ ၀ င်စားဘူး၊ ကျွန်တော် အောင်မြင်နေသရွေ့ ကျေနပ်တယ်။ "

"မင်း အဖေ့ အကူညီလိုတဲ့အခါ ပြောဖို့ မမေ့နဲ့ဦး  "

"အင်း..."
ရှုနင်က အနုပညာကျောင်းနားမှာ အရာအားလုံးစီစဉ်ပြီးပြီ။ နောက်ဆုံးတော့ ချင်းမင် က အရမ်းအစွမ်းထက်တယ်၊ သူက ဖြော်ဖြေရေးလုပ်ငန်းတွေထဲက လုပ်လေ့လုပ်ထရှိတဲ့ပုံစံကို လေ့လာပြီး ရှုနင်ကို လွှဲပြောင်းပေးခဲ့လို့ အခု ရှုနင်လုပ်ရတာ အဆင်ပြနေသည်။ချင်းမင်က ဖျော်ဖြေရေးကုမ္ပဏီက တော်တော်လေးအကျိုးအမြတ်ရခဲ့တယ်လို့ခံစားရတယ်။ သူက မူလက ဤနယ်ပယ်၌အထူးကျွမ်းကျင်သူဖြစ်သောကြောင့် သူသည်အလွန်ဗဟုသုတရှိပြီး ထိုနေရာရှိစည်းမျဉ်းများနှင့်စည်းမျဉ်းများအားလုံးကို ကောင်းစွာနားလည်ခဲ့သည်။ ရှုနင် သည် ချင်းမင်က ရည်မှန်းချက် ပန်းတိုင် မရှိသောသူ မဟုတ်ကြောင်းသိသည်၊ ချင်းမင်ဆီမှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိသည်။ ဒီလို အလုပ်ထဲ စိတ်ဝင်တစားနဲ့နစ်မြှုပ်လုပ်ကိုင်သူ ရှားပါးလှသည်။ ဒီလိုလူကို ရှုနင်က အကောင်းဆုံးမြေတောင်မြှောက်ပေးချင်သည်။

အနာဂါတ်မှာ နာမည်ကြီးလာနိုင်သည့် လူတွေကို ရှုနင်က ကြိုတင်သိထားပြီးပြီပဲ။ ဒီလူတွေက အခု ဘယ်မှာရှိတယ်ဆိုတာ မသိပေမယ့် သူက ချင်းမင်ကိုလိုက်ရှာပြီး စာချုပ်ချုပ်ဖို့ လုပ်ခိုင်းထားသည်။ ချင်းမင်ရဲ့ အရည်ချင်းနဲ့ ဒီလူတွေကိုရှာတွေ့ဖို့ မခက်ပေ။

ယခုတော့ ချင်းမင်၏စွမ်းရည်များပေါ်တွင်သာ မူတည်သည်။ တကယ်တော့ ရှုနင် က သူ့ရဲ့ဖျော်ဖြေရေးလုပ်ငန်းကို သိပ်ပြီးဂရုမစိုက်ခဲ့ဘူး၊ ရင်းနှီးမြှပ်နှံမှုစွမ်းအားက ဒီလောက်ဘဲ၊ အဓိက အောင်မြင်စေမည့်အ ရာက ရှန်းကျိုးရဲ့ အခုရိုက်နေတဲ့ရုပ်ရှင်ဇာတ်ကားရဲ့အောင်မြင်မှုပဲ။   ဖျော်ဖြေရေးကုမ္ပဏီသည်အဓိကအားဖြင့်နှစ် ဦး ကြား ပူးပေါင်းဆောင်ရွက်မှုကို လွယ်ကူချောမွေ့စေရန် ဖြစ်ပြီး ရှုနင်က နောင် အနာဂတ်၌ ရှန်းကျိုး ၏အခြားရုပ်ရှင်များတွင် ရင်းနှီးမြှုပ်နှံရန်လည်း စီစဉ်ခဲ့သည်။

လုံခြုံရေးအတွက် ရှုနင်က ချင်းမင်ကို ကူညီရန် မြို့တော်ရုံးချုပ်မှလူများစွာကိုလည်း စေလွှတ်ခဲ့သည်။ ထုံးစံအတိုင်း၊ ဒီလူတွေ အချင်းချင်းစစ်ဆေးပြီး ကြီးကြပ်ကွပ်ကဲဖို့ အတူတကွပူးပေါင်းလုပ်ဆောင်မှ အရာအားလုံးချောချောမွေ့မွေ့ဖြစ်လိမ့်မယ်။

သရုပ်ဆောင်လုပ်ငန်း ရဲ့ ဥက္ကဌဖြစ်လာပြီးနောက်ပိုင်း ချင်းမင် စာချုပ်ချုုပ်ကာ ခေါ်ခဲ့သူက လက်ရှိ ခေါင်းဆောင်မင်းသာ လျှိုရှန်းဖြစ်သည်။ ကျုံးလုကိုတော့ ချင်းမင်က စာချုပ်မချုပ်ခဲ့ပေ။ သူမက ကျောထောက်နောက်ခံ အနုပညာအရည်သွေး သိပ်မပြည့်သောကြောင့် ဖြစ်သည်။ ကျုံးလုက လက်ရှိတွင် အောင်မြင်မှုရထားသူဖြစ်ပေမယ့် ရှန်းကျိုးရဲ့ ရုပ်ရှင်ဖြင့် သရုပ်ဆောင်ထူးချွန်ဆုကို ထပ်မံရခဲ့ပြီး ငွေရောင်ပိတ်ကားဘုရင်ဆိုတဲ့ အမည်ကို ထပ်မံ ရရှိကာ ပရိတ်သတ်အကြားပြန်လည် ရေပန်းစားလာခဲ့သည်။ နောက်ပိုင်း ဇတ်ကားကြီးတွေကို ဆက်လက်ရိုက်ကူးနို်င်ခဲ့သည်။


 "နင်နင်...?"

ရှုနင်က အတွေးလွန်နေရာကနေ  ခေါင်းကိုမော့လိုက်ပြီး ရှုချိန် ကိုကြည့်ကာ "ဘာဖြစ်လို့လဲဖေဖေ"

"ဘာမှမဖြစ်ပါဘူး၊ မင်းအရာအားလုံးစီစဉ်ပြီးပြီဆိုရင် အခု ထဖို့ အချိန်ရောက်ပြီ"

ရှုချိန်က ရှုဟိန် မဟုတ်ပါ။ ရှုဟိန်က သူ အပြေးလေ့ကျင့်စရာရှိလို့ နင်နင် အအေးပတ်နေမည်စိုးလို့ သူ့အဖေရင်ခွင်ထဲ နင်နင်ကို ထားရစ်ခဲ့တာဖြစ်သည်။ ရှုချိန်လည်း သားလေးကို ရတနာတပါးလို ထွေးပွေ့ပေးခဲ့သည်။ ဒါပေမယ့် နင်နင်က ကလေးမဟုတ်တော့လို့ နိုးလာပြီးနောက ်ဆက်လက် ဖက်မထားတော့ပေ။

 ရှုဟိန်က ပြေးပြီးပြန်လာချိန်တွင် ရှုနင်က မျက်နှာသစ်၊ အဝတ်လဲပြီးတော့သားအဖ နှစ်ယောက် မနက်စာစားဖို့ အောက်ထပ်ကို အတူူတူဆင်းလာချိန်နှင့်တိုးကြသည်။

ရှုနင်နှင့် ရှုချိန်က အိမ်ထဲ ဝင်လာသည့် ရှုဟိန်ကို တပြိုင်တည်းလှည့်ကြည့်ပုံ မျက်နှာအမူယာက တထပ်တည်းကို တူနေသည်။

ရှုချိန်က သားကြီးကို ပြောလိုက်သည်။

 "လက်ဆေးပြီး လာခဲ့တော့... ထမင်းစားရအောင်"

ရှုချိန်က စကားပြောပြီးသည်နှင့်သူ့ဖုန်းမြည်လာသည်။ သူသည်ကြမ်းပြင်မှ မျက်နှာကျက်ထိ မြင့်သည့် ဖန်ပြတင်းပေါက်သို့လျှောက်သွားပြီး ဖုန်းဖြေလိုက်သည်။

ရှုနင်က ရှုဟိန်ကိုမျက်စောင်းထိုးလိုက်ပြီး ရှုဟိန်ကရေချိုးခန်းထဲကိုလိုက်လာခဲ့သည်။ တံခါးပိတ်ပြီးနောက် ရှုနင် ရဲ့မျက်နှာကလေးနက်လာတယ်။

"အကိုကြီး ဘယ်လိုဖြစ်ပြီး ကျွန်တော့်ကို ထားသွားရတာလဲ.. အကိုကြီး သွားတော့ ဘာလို့ မနိုးသွားခဲ့တာလဲ  "

"ဘာဖြစ်လို့လဲ?"

မင်း ငါ့ကိုမေးဖို့မျက်နှာရှိသေးလား။ ငါ အဖေ့ရင်ခွင်ထဲနိုးလာတဲ့အခါ ငါ သေလုနီးပါးကြောက်ရွံ့ခဲ့တယ်ဆိုတာ မင်းမသိဘူးလား။ ရှုချိန်သာ စကားမပြောရင် ရှုနင် က သူ့အဖေကို သူ့ လောင်ကုန်းမှတ်ပြီး သူ့ကို နမ်းဖို့ပြောမိလိမ့်မယ်။ ၏
 
 သူက အကိုကြီးနဲ့သူ့ကြားက ဆက်ဆံရေးကို ဖော်လု နီးပါးဖြစ်သွားမှာပဲ။

  "အကိုကြီးက အရမ်းကို သေချာပြီး ယုံကြည်မှုရှိနေတယ်ပေါ့လေ "

"မင်းက အဖေရဲ့ကုတင်ပေါ်ကို တွားချင်နေတဲ့သူပဲ မဟုတ်လား။ "

"...... "

"ဒီကမ္ဘာပေါ်မှာ ဘာတွေဖြစ်တာလဲ၊ အဖေက မင်းကိုနမ်းခဲ့သေးလား"

"အမ်း "

"ဘယ်ကို နမ်းခဲ့တာလဲ?"

ရှုနင်ကမျ က်မှောင်ကြုတ်ပြီးသူ့နဖူးကိုအမြန်ညွှန်ပြသည်။ ရှုဟိန်က ရှုနင် ၏မျက်နှာကို လက်နှစ်ဘက်ဖြင့် ပင့်မလိုက်ပြီး နွေးထွေးစွာပြုံးပြီး ငုံ့လာစဉ် ရှုနင်၏ မျက်နှာနီမြန်းကာမျက်လုံးများကိုပိတ်လိုက်သည်။ သူသည်သူ့လက်များကိုသဘာဝအတိုင်းမြှောက်ကာ ရှုဟိန်၏ခါးတွင် ရစ်ပတ်ထားလိုက်သည်။ ရှူဟိန်သည် ရှုနင် ၏နဖူးကိုနမ်းရန် ရုတ်တရက် သူတို့ အိပ်ခန်းတံခါးက ပွင့်သွားခဲ့သည်။

(ဘယ်သူ ဝင်လာတယ် ထင်လဲ... ဖြေကြည့်လိုက်စမ်းဘာ.....>o<)


**-***











Chapter (133)_ အေဖ့ကို အကိုႀကီးနဲ႔ မွားတဲ့ နင္နင္


"အင္း၊ မင္းကို ဒီေရာက္လာေအာင္ ဘာက ဆင့္ေခၚလိုက္တာလဲ။ ဘာေၾကာင့္ အေဖ့အခန္းထဲကိုေရာက္လာတာလဲ"

ရႈခ်ိန္က သိသိႀကီးႏွင့္ သားႀကီးကို ေတာက္ပစြာၾကည့္ကာ ရယ္႐ႊင္ျမဴးစြာေမးလိုက္သည္။

ရႈဟိန္သည္စိတ္ထဲတြင္အလြန္တရာမႈိင္းညိဳ႕ေနသလို ခံစားရၿပီး သူ႔အေဖကို မနာလိုျဖစ္ခဲ့သည္။

ရႈနင္ႏွင့္ ရႈခ်ိန္ တို႔သားအဖ၏႐ုပ္ရည္သြင္ျပင္သည္သုံးပုံတစ္ပုံခန႔္ တူညီၾကသည္။ အခုေတာ့သူတို႔ႏွစ္ေယာက္လုံးက ဦး ေခါင္းေတြက ၿပိဳင္တူ သူ႔ဘက္ကိုလွည့္ေနၾကၿပီး မ်က္လုံးမွိတ္တုတ္မွိတ္တုတ္ႏွင့္ ၾကည့္ေနၾကသည္။

ၿပီးေတာ့ကန႔္သတ္ခ်က္ေတြေက်ာ္ၿပီး လူတစ္ေယာက္ကိုအႏိုင္က်င့္တာက ဘာသေဘာလဲ။ ရႈဟိန္က ရင္ထဲကို ထိမွန္သြားသည့္ ဖခင္၏စကားေၾကာင့္ တိတ္ဆိတ္ေနလိုက္ရသည္။

 ငါ့အေဖက ငါ့မိန္းမနဲ႔အိပ္ခ်င္ေနတယ္၊ ငါ့ကို ဘာေၾကာင့္ ဒီလိုလာရတာလဲလို႔ေမးေနေသးတယ္။ ဟက္...

ရႈဟိန္က မ်က္ႏွာေျပာင္တိုက္ကာ  လက္တစ္ဖက္ျဖင့္ သူ၏ေခါင္းအုံးကိုကိုင္ကာ သူကေအးေအးေဆးေဆး ေျခလွမ္းတစ္လွမ္းခ်င္း  ကုတင္ဆီသို႔  ေလွ်ာက္လာခဲ့လိုက္သည္။ ရႈနင္က အတြင္းဘက္ကို တိုးေပးလိုက္တဲ့အတြက္ ၾကားမွာ ေနရာလြတ္က်န္ေနေသးတာ ေက်းဇူးတင္စရာပဲ။

ရႈဟိန္က ခပ္တည္တည္ျဖင့္ သူ႔ေခါင္းအုံးကို အေဖႏွင့္ ရႈနင္ၾကားခ်ကာ သားအဖႏွစ္ေယာက္ၾကား ဝင္ၿပီး လွဲလိုက္သည္။
အေဖရင္းႏွင့္ပင္ သူ႔နင္နင္ကို နီးစပ္တာကို မျမင္ခ်င္ေလာက္ေအာင္ ရႈဟိန္ရင္ထဲ ပိုင္စိုးလိုစိတ္က အားႀကီးေနသည္။
 

ရႈဟိန္သည္ကုတင္၏အျခားတစ္ဖက္ ေနရာလြတ္တြင္ အိပ္ေနရင္း သူ႔သားႀကီးကိုယ္ကို ေက်ာ္ကာ သားအလတ္ေလးကို ၾကည့္လိုက္သည္။ ခုတင္ကေတာ္ေတာ္ႀကီးလို႔ေတာ္ေသးတာေပါ့။ မဟုတ္ရင္ ေယာက္်ားသုံးေယာက္ က်ိန္းေသေပါက္ ဆန႔္မည္ မဟုတ္ေပ။

 "အခု မင္းတို႔က ဘာျဖစ္ေနတာလဲ၊ အားလုံး ငါနဲ႔အတူအိပ္ဖို႔လာေနတယ္။ မင္းတို႔ ဒီလိုသာ လာလာအိပ္ေနၾကရင္း ေနာင္ ငါ့အနာဂါတ္ဇနီးသည္ရွိတဲ့အခါ သူက သဝန္တိုေနေတာ့မွာပဲ။ "

ရႈဟိန္က ဒီလိုေျပာလိုက္ေပမယ့္ သူ႔မ်က္လုံးမ်ားထဲက ဝမ္သားသည့္အၿပဳံးေတြက သူ႔သားေတြ သူ႔အိပ္ယာကို လာၿပီးလုအိပ္ေနသည္ကို အရမ္းႀကိဳက္တယ္ဆိုတာ ျပေနသည္။
  သူက အ႐ြယ္ေရာက္ေနတဲ့ သားေတြနဲ႔ အခုလို အိပ္ႏိုင္ဖို႔ အခြင့္အလမ္းကမမ်ားဘူး၊ အနာဂတ္မွာ သူ အတူတူအိပ္ခ်င္ရင္ ရႈနင္ကို ဆြဲေခၚလိုက္႐ုံပဲ။ ဒါဆိုရင္ သားႀကီးက သူ႔ဖာသာလိုက္လာလိမ့္မယ္။

ရႈခ်ိန္က ေကာင္းမြန္စြာျပဳစုပ်ိဳးေထာင္ခံခဲ့ရသည့္ သူုျဖစ္လို႔ သူ႔သားႏွစ္ေယာက္က ရင္ခ်င္းဆက္အႁမႊာေတြလို တတြဲတြဲျဖစ္ေနသည့္အေပၚ ထူးထူးေထြေထြ မေတြးတတ္ခဲ့ေပ။ ညီအကိုခ်င္း အရမ္းခ်စ္လို႔ အတူတူ အိပ္ေနဆဲဟုသာ ထင္ခဲ့သည္။

 ရႈဟိန္သည္ေခါင္းကို လက္တစ္ဖက္ျဖင့္ ေထာက္ကာ ေဘးေစာင္းအေနထားျဖင့္ မ်က္ႏွာအနည္းငယ္နီရဲေနေသာ ရႈနင္ကို သူ၏စူးရွေသာအၾကည့္တို႔ျဖင့္ ၾကည့္ကာ ေခၚလိုက္သည္။

"Honey (အခ်စ္) "

ရႈနင္၏ခႏၶာကိုယ္သည္ခ်က္ခ်င္းပင္ေတာင့္တင္းသြားၿပီး ပါးစပ္ကိုေစာင္ႏွင့္အုပ္လိုက္သည္။ သူသည္အထိတ္တလန႔္ျဖစ္ေနၿပီး သူ၏မ်က္လုံးႀကီးမ်ားကို လွည့္လိုက္ေသာအခါ အရမ္းအရမ္းကို အူယားခ်င္စရာျဖစ္ခဲ့သည္။

ရႈခ်ိန္၏ႏွလုံးက ေဆာင့္ခုန္သြားသလို ခံစားလိုက္ရသည္။ သူ႔သားအႀကီးအတြက္ အထက္တန္းလႊာ ဂုဏ္ရည္တူထဲက မိန္းကေလးမ်ားစြာႏွင့္ မိတ္ဆက္ေပးခဲ့ေပမယ့္ သားႀကီးက  သူမတို႔ကို စိတ္မ ၀ င္စားခဲ့ေပ၊ ထိုမင္းသမီးေလးေတြက ဘယ္လိုပုံဆိုတာပင္ သတိမထားမိခဲ့ၾကေပ။ ဒါေပမယ့္ ရႈဟိန္သည္ျပည္ပတြင္ စာသင္ေနစဥ္ ကိုယ္ပိုင္လုပ္ငန္းကို ဦးစီးလုပ္ကိုင္ႏိုင္သူျဖစ္လို႔ ဒီလို ေယာက်ာ္းမိန္းမ ဆက္ဆံေရးကို ေသခ်ာေပါက္ေတာ့ သိမည္ဟု ယုံၾကည္သည္။

အခု သူ႔သားပါးစပ္မွာ အခ်စ္ လို႔ေခၚသံကို ၾကားလာၿပီးဆိုေတာ့ သူက အနာဂါတ္ ဇနီးေလာင္းအေၾကာင္းကို စတင္စဥ္းစားေနၿပီဆိုတဲ့ သေဘာေပါ့....။ ဒါေၾကာင့္ သူက သံကို ပူတုန္းထုရန္ႀကိဳးစားလိုက္သည္။
   ရႈခ်ိန္လည္းသူ႔ခႏၶာကိုယ္ကိုေဘးကို ေစာင္းလိုက္ၿပီး ေခါင္းကိုလက္ေမာင္းတစ္ဖက္နဲ႔ေထာက္ကာ ေမးလိုက္သည္။

 "ဒါဆို မင္းက ေကာ္မိသားစုကမိန္းမပ်ိဳေလးကို မင္းေတြ႕ၿပီးၿပီလား၊ မင္း ဘယ္လိုထင္လဲ"

ေဟ့.... အခု မင္းက ငါ့ေနာက္ကြယ္မွာ ေနာက္ထပ္ ဘလိုင္းဒိတ္ လုပ္ေနတုန္းေပါ့ေလ..ဟုတ္လား...

ရႈနင္က မ်က္လုံးကို ေမွးစင္းကာ ရႈဟိန္ကို မၾကင္နာတဲ့အၾကည့္နဲ႔ၾကည့္ေနတယ္။ ဘယ္လိုေျဖမလဲ ၾကည့္ရေသးတာေပါ့...

ဒါေပမယ့္ ကို ဘယ္သူထင္ေနလို႔လဲ။ ရႈနင္ ရဲ႕ ဒီအၾကည့္ေလးကို ဘယ္ေၾကာက္ပါ့မလဲ။ သူက ရႈနင္ရဲ႕   ႏွာေခါင္းဖ်ားကိုညႇစ္ေပးကာ ေျဖလိုက္တယ္၊

"ဒီလိုပါပဲ၊ အဲ့ဒီမိန္းကေလးကို ခံစားခ်က္မရွိဘူး ထင္တယ္"

"တကယ္လား? နည္းနည္းေလးေတာင္ ခံစားခ်က္ မရွိခဲ့ဘူးလား။ ဒါေပမယ့္သူမဟာ အရမ္းေကာင္းတယ္ မဟုတ္လား။ "

 ရႈခ်ိန္က ေကာင္မေလးအတြက္စကားအနည္းငယ္ေျပာေပးခ်င္ေနသည္။

 "ဒီေကာင္မေလးကအရမ္းရဲရင့္တယ္၊ သူကႏိုင္ငံတစ္ဝန္းမွာ ထိပ္တန္းတကၠသိုလ္ကေန ဘြဲ႕ရခဲ့တယ္။ သူမက ဘြဲ႕လြန္ကို ဆက္တက္ေနတုန္း   သူမမိသားစုကို ဂ႐ုစိုက္ရင္း ကိုယ္ပိုင္စီးပြားေရး စလုပ္တယ္၊ ဒါက တကယ္ကိုရွားပါတယ္။ ၿပီးေတာ့ သူမက အသက္ႀကီးတဲ့သူေတြကို ႐ိုေသကိုင္းရႈိင္းမႈရွိတယ္ "

"ကြၽန္ေတာ္ သူမကို မႀကိဳက္ဘူး"

ရႈဟိန္က သူ႔ဖာသာေတြးေနသည္။ ဘြဲ႕ရၿပီးမွ စီးပြားေရးတစ္ခုကိုစလုပ္တာက ေတာ္တယ္တဲ့လား။ သူ႔နင္နင္ဆိုရင္ အလယ္တန္းေက်ာင္းသားဘဝႏွင့္ လုပ္ငန္းကို ထူေထာင္ခဲ့တယ္မဟုတ္လား။ သူမက အသက္ႀကီးသူကို ႐ိုေသကိုင္းရႈိင္းတယ္တဲ့လား။ ဒါေပမယ့္သူမက ရႈနင္ကဲ့သို႔ ဝတ္ႀကီးဝတ္ငယ္ျပဳစုတဲ့ေနရာမွာ ေတာ္မယ္လို႔ သူ မယုံၾကည္ေပ။

 ရႈခ်ိန္ ၏မ်က္လုံးမ်ားသည္ေတာက္ပလာၿပီး ထပ္ေျပာလိုက္သည္။

  "ဝမ့္ မိသားစုက ဒုတိယသမီးေလးလည္း မဆိုးဘူး။  သူမက ႏိုင္ငံရပ္ျခား ဂီတေက်ာင္းကေန အဆင့္ျမင့္ ေတးဂီတ  ပညာကိုသင္ယူၿပီးေနာက္ အခု တ႐ုတ္ျပည္ကို ျပန္လာခဲ့တယ္။ သူမရဲ႕ စ႐ိုက္က ထူးခြၽန္ၿပီးခ်စ္စရာေကာင္းတယ္။ သူမက ဂီတ၊ စစ္တုရင္၊ ကဗ်ာ၊ ပုံဆြဲျခင္းစတဲ့ အႏုပညာေတြမွာ အရမ္း ထူးခြၽန္တဲ့ ရွားပါးမိန္းကေလးပဲ။ သူမက ဟင္းေကာင္းေကာင္းခ်က္ျပဳတ္တတ္ေသးတယ္။ ဒီေခတ္မွာ သူမလို မိန္းမမ်ိဳးကို ရွာရတာ အရမ္း ခက္လာၿပီ။  မင္း သူ႔ကိုေတြ႕ခ်င္လား။ "

ရႈနင္က သတိေပးခ်က္အျပည့္နဲ႔သူ႔ေခါင္းကို ေစာင္းကာ စိုက္ၾကည့္ေနသည္။

မင္း သူမကို သြားေတြ႕ရဲလား။ လုပ္ၾကည့္လိုက္ေလ။ ငါ မင္းကို သင္းၿပီး သတ္ပစ္လိုက္မယ္.ဘာမွတ္ေနတလဲ..

အိမ္ရွင္မေကာင္း အမ်ိဳးစားလား....

ရႈဟိန္၏မ်က္လုံးမ်ားသည္ အလြန္ႏူးညံ့သိမ္ေမြ႕သြားသည္။ ဝမ့္မိသားစုက မိန္းကေလးက သူ႔နင္နင္ေလာက္ ေတာ္ပ့ါမလား။ နင္နင္က တစ္အိမ္လုံးကိုေသခ်ာစြာထိန္းေက်ာင္းႏိုင္ၿပီး သူ႔အေဖကိုျပဳစုရာတြင္အလြန္ေကာင္းေၾကာင္း သူ ေသခ်ာသိသည္။

 သားျဖစ္သူ စကားမေျပာတာကိုျမင္ေတာ့ ရႈခ်ိန္က သူ႔သားႀကီးကို ေက်ာ္ကာ သားအလတ္ေလးရဲ႕မ်က္ႏွာကို ပြတ္သပ္ရင္း ထပ္စရန္ ျပင္လိုက္သည္။

  "က်ဴေယာင္းရဲ႕ သမီးလည္းမဆိုးဘူး၊ သူမက စစ္တပ္ထဲမွာ အမႈထမ္းေနတာ။ သူမက ရာထူးတိုးထားတယ္။   သူမရဲ႕အားလပ္ရက္ေတြမွာ ဒီကိုျပန္လာမယ္လို႔ သူမအတြင္းေရးမႉးဆီက ၾကားခဲ့တယ္။  ငါ ဒီတနဂၤေႏြမွာ မင္းက သူ႔ဆီကို လာလည္ဖို႔ ေျပာလိုက္မယ္ ဘယ္လိုလဲ.. "

"မင္း သိပါတယ္၊ တုံ႔ခ်န္ေကြ႕ ရဲ႕သမီးသုံးေယာက္လုံးလုံးက သြယ္သြယ္လ်လ်နဲ႔  ၾကင္နာတယ္၊ ေႏြးေထြးတယ္၊ ရက္ေရာတယ္၊ မ်ိဳး႐ိုးလည္း သန႔္တယ္။  ဒါ႐ိုက္တာတုံ႔က သူ႔သမီးေတြကိုအၿမဲခ်ီးက်ဴးေနတယ္။  သူတို႔ကပန္းခ်ီကားေတြထဲက အ႐ုပ္မေလးေတြလို အရမ္းလွၾကတယ္၊ ငါ့ကို လာမယ့္လမွာ ပါတီပြဲတက္ဖို႔ ဖိတ္ထားတယ္။ ငါ မင္းကို ေခၚသြားမယ္။ "

ဘုရားေရ၊ စီးပြားေရးလုပ္ငန္းတစ္ခုထဲက မိန္းကေလးေတြကေန စစ္တပ္ထဲကို ၀ င္ေနတဲ့ မိန္းကေလးေတြ အထိ အကိုႀကီးနဲ႔ ခ်ိတ္ေပးေနတာလား။  ဘာက်န္ေသးလဲ?

ရႈနင္ ၏ႏွလုံးသားသည္ေမာပန္းလာၿပီး မ်က္ႏွာအိုလာခဲ့သည္။   တစ္ခ်ိန္တည္းမွာ သူက သူ႔အေဖနဲ႔သူ႔အစ္ကိုတို႔ ရဲ႕ေႏွာင့္ယွက္ျခင္းကိုခံေနရေတာ့ သူ ဘယ္လိုဆက္ေနရေတာ့မလဲ။

"ႏူးညံ့သိမ္ေမြ႕ေပမယ့္ ဂ်စ္ကန္ကန္ပုံစံေလးကို ကြၽန္ေတာ္ ႀကိဳက္တယ္"

ရႈဟိန္က ခဏ တိတ္ဆိတ္သြားၿပီးေနာက္ သူ႔အေဖကို ႐ုတ္တရက္ေျပာလိုကသ္ည္။ ဒီစကားေျပာေနစဥ္ ရႈနင္ကို စိုက္ၾကည့္ေနသျဖင့္ ဒါက ဘယ္သူ႔ကိုရည္ၫႊန္းတယ္ဆိုတာ သိသာေနတာပဲ။

အကိုႀကီးရဲ႕စကားေၾကာင့္ ရႈနင္၏ ႏွလုံးသားေလးက ပ်ားရည္ထဲ စိမ္ထားသလို ခ်ိဳသာသြားၿပီး စိတ္ေတြက ေပါ့ပါးလာခဲ့သည္။ သူက ႏူတ္ခမ္းကို ပြတ္သပ္ကာတိတ္တဆိတ္ေပ်ာ္႐ႊင္ေနသည္။

ရႈဟိန္ဖြင့္ေျပာသည့္ ပုံစံေၾကာင့္ ရႈခ်ိန္က စိတ္တက္ႂကြလာခဲ့ၿပီး သူ၏ေလသံမွာအနည္းငယ္ပိုျမန္လာသည္။

"ဒီလိုဆိုရင္ Y City ၿမိဳ႕ေတာ္ဝန္ရဲ႕သမီးက အသက္ ႏွစ္ဆယ္ေလာက္ရွိၿပီ။  သူမႏူးညံ့သိမ္ေမြ႕ၿပီး ေတာ္ေတာ္လွတယ္ဆိုတာကို ငါၾကားဖူးတယ္ ...... "

ရႈခ်ိန္က သူ႔သားႀကီး အတြက္ ၾကင္ဖက္ရဖို႔ ပါးစပ္က အျမႇဳပ္ထြက္မတတ္ ေျပာေနရသည္။ သူက အေဖေနရာေရာ၊ အေမေနရာေရာ ရွိေနရသည့္အတြက္ သားႀကီးအတြက္ လိုက္ဖက္သည့္ ၾကင္ဖက္ကိုရွာေတြ႕ဖို႔ အရမ္းႀကိဳးစားေနရသည္။

 ေနာက္ဆုံး ရႈနင္က မေနႏိုင္ေတာ့လို႔ ရယ္လိုက္ၿပီး သူ႔အေဖကို ၾကားျဖတ္ေျပာလိုက္ရသည္။
  "  အေဖ၊ ဒါက မလိုပါဘူး။ အေဖ ဘယ္ေလာက္ေကာင္းတဲ့ မိန္းကေလးကိုရွာရွာ အကိုႀကီးက မႀကိဳက္ရင္ အလကားပဲေလ။ ၿပီးေတာ့ ေယာက်ာ္းတစ္ေယာက္ဆိုတာ အသက္ 30 ေရာက္လည္း အိမ္ေထာင္ျပဳဖို႔ ေနာက္မက်ေသးဘူးဆိုတဲ့ စကားပုံရွိတာပဲ။ အခု အကိုႀကီးက အသက္ 22 ျပည့္ၿပီး႐ုံပဲ ရွိပါေသးတယ္။ မေလာပါနဲ႔။ သူ အသက္ 25 မွ စၿပီး ရွာေပးလည္း ေနာက္မက်ပါဘူး။ တကယ္လို႔ အကိုႀကီး အသက္ 30 ေရာက္လို႔ ခ်စ္သူ မရွိေသးရင္ အေဖ စိတ္တိုင္းက် ရွာၿပီးေပးစားလိုက္ေပါ့ ။ အဲ့ခ်ိန္မွ ေလာလည္း ေနာက္မက်ေသးပါဘူး   "

"ငါလည္း ဒီလိုပဲထင္တယ္"

ရႈခ်ိန္က သက္ျပင္းခ်ကာ ဆက္ေျပာလိုက္သည္။

  "ဘာ့ေၾကာင့္လဲမသိဘူး၊ သူ ေစ့စပ္ၿပီးတာကို ျမင္ရမွ ငါ စိတ္ေအးမလို ခံစားေနရတယ္ "

(အေဖႀကီးရဲ႕ လိုလိုသိစိတ္လား... သူ႔သားေလးကို ရႈဟိန္က အလစ္သုတ္သြားမယ္ဆိုတာ အလိုလို သိေနတယ္ေပါ့.... (>0<))

ရႈခ်ိန္က ဘယ္ေလာက္ေျပာေနေပမယ့္ ရႈဟိန္က တိတ္ဆိတ္ေန၏။ သူ႔မိန္းမက သူ႔ေဘးနားမွာရွိေနၿပီး သူ႔အေဖက သူ႔ကိုအမ်ိဳးသမီးေတြနဲ႔ မိတ္ဆက္ေပးဖို႔ မရပ္မနားေျပာေနတာလား၊ ဒါက အေဖက သူ႔ေျခေထာက္ေအာက္က ေကာ္ေဇာကို ေဆာင့္ဆြဲေနတာနဲ႔ အတူတူပဲ မဟုတ္လား။

ဒီလိုသာဆက္ေျပာေနရင္ နင္နင္ စိတ္ႀကီးပုံနဲ႔ သူ ႏွစ္ရက္ေလာက္ ငတ္ေနေတာ့မွာ ေသခ်ာတယ္။

 ရႈဟိန္သည္ထိုအေၾကာင္းကိုစဥ္းစားေနစဥ္ ရႈနင္၏ နဖူး၊ ႏႈတ္ခမ္းႏွင့္ႏွာေခါင္းတို႔ကိုနမ္းရန္ေခါင္းငုံ႔လိုက္သည္။ ရႈနင္က မေမွ်ာ္လင့္ပဲ အတင့္ရဲလွသည့္ အနမ္းေၾကာင့္  အလြန္စိတ္လႈပ္ရွားသြားၿပီး သူ႔ဝိညာဥ္ခ်က္ခ်င္းထြက္သြားေတာ့မလို ခံစားလိုက္ရသည္။

 သူ႔အေဖ ဘာလုပ္ေနတယ္ဆိုတာကိုၾကည့္ဖို႔ေခါင္းကို အျမန္ေထာင္လိုက္ရသည္။

ရႈခ်ိန္သည္သူ႔ဖုန္းကို လွမ္းယူရန္ ေနာက္ကို လွည့္ေနသျဖင့္ သူ႔ကို ရႈဟိန္ နမ္းေနတာကို မျမင္လိုက္ေပ။ ရႈနင္က ရင္ခုန္ရလြန္းလို႔ ရင္ဘတ္ႀကီး ေပါက္ထြက္မတတ္ျဖစ္ေနသည္။

 ရႈခ်ိန္သည္အံ့ၾသဖြယ္ေကာင္းၿပီးထက္ျမက္သည္၊ ရႈနင္က သူ႔မ်က္ႏွာ နီရဲကာ စိတ္လႈပ္ရွားေနသည္ကို ျမင္ရင္ အေဖ ရိပ္မိသြားမည္စိုးလို႔ မ်က္ႏွာကိုေစာင္ႏွင့္အုပ္ရန္ဆုံးျဖတ္လိုက္သည္။ ေပါ့ပါးေသာအသံႏွင့္အတူ ရႈခ်ိန္က ရႈနင္ ၿခဳံထားသည့္ ေစာင္ကို ဆြဲလွန္ရန္ လက္ကို လွမ္းလိုက္စဥ္ ေျပာလိုက္သည္။

"မင္း ေအးေနလို႔လား။ ဒီလို ေခါင္းမွီးၿခဳံအိပ္ရင္....."

သူ လက္ကိုမလွမ္းႏိုင္ခင္ ရႈဟိန္ရဲ႕လက္က ျမန္ဆန္စြာျဖင့္နင္နင္ကို အေထြးေပြ႕ကာ သူ႔လက္ေမာင္းတြင္ ေခါင္းအုံးခိုင္းကာ ဖက္အိပ္လိုက္သည္။

သူ႔အေဖရႈေကာင္းလည္း သူငယ္စဥ္က အခုလို ဖက္ၿပီးအိပ္ခဲ့သည္ကို ျပန္သတိရလိုက္သည္။ ဒီျမင္ကြင္းက အရမ္းရင္းႏွီးၿပီး ေႏြးေထြးလြန္းလွသည္။ ရႈခ်ိန္က သူ႔အေဖကို သတိရကာ လြမ္းဆြတ္လာမိသည္။

ရႈနင္က မ်က္လုံးကို ပြတ္ေနတာကို ေတြ႕ေတာ့ မီးကိုမွိတ္ကာ အိပ္ရန္ျပင္လိုက္သည္။

  လင္းေနသည့္ အခန္းက ေမွာင္က်သြားၿပီး မင္းလက္ေတြကိုဆန႔္ထုတ္လိုက္ရင္ေတာင္ မင္းလက္ေခ်ာင္းေတြကိုမျမင္ရေတာ့ ဘူး၊ ဒါေၾကာင့္ ရႈနင္က ရႈဟိန္ရဲ႕ ရင္ဘတ္ကို ေခါင္းမွီထားလို႔ ရႈဟိန္ ရဲ႕ႏွလုံးခုန္သံကိုေတာင္ၾကားႏိုင္တဲ့အထိ သူ႔စိတ္ေတြ ပိုၾကည္လင္လာတယ္။

ကြၽန္ေတာ္တို႔ ဘာလုပ္သင့္သလဲ?

သူက သူ႔ကိုယ္သူ ေအးေအးေဆးေဆးေနခ်င္ေလေလ သူက ပိုမလုပ္ႏိုင္ေလေလ သူ႔အေဖနဲ႔အိပ္ခ်င္ေပမဲ့ သူ႔အစ္ကိုလည္းေရာက္လာတယ္။ အခုေတာ့ သူက Sandwich အျဖစ္ေျပာင္းလဲသြားလို႔ ရႈနင္က ငိုခ်င္ေနေသာ္လည္း မ်က္ရည္မက်လာေပ။ သူက အေျခအေနကိုေကာင္းေကာင္း မခံစားရခင္ ရႈဟိန္ ရဲ႕ခႏၶာကိုယ္ေပၚက အသားကိုေကာင္းေကာင္း ဖ်စ္ညႇစ္ေပးခဲ့တယ္။ ဒါေပမယ့္ ...... သူက ရႈဟိန္ ရဲ႕သတၱိကိုေလွ်ာ့တြက္ထားပုံရတယ္။ မင္း ငါ့ကိုထိရင္ ငါလည္း မင္းကို ထိမယ္ဆိုတဲ့ သေဘာနဲ႔ ရႈဟိန္ရဲ႕ ႀကီးမားေသာလက္သည္ေရွ႕၊ ေနာက္၊ ဟိုဟိုသည္သည္ကို ေ႐ႊ႕သြားၿပီး နင္နင္ကို ပြတ္သပ္ေနသည္။

 ရႈနင္၏ ခႏၶာကိုယ္သည္ေပ်ာ့ေပ်ာင္းသြားၿပီး သူ၏ခႏၶာကိုယ္ေလးက အကိုႀကီးရဲ႕ အထိေတြ႕ေၾကာင့္ တုန္ယင္ေနသည္။ ရႈဟိန္ ၏လက္ေမာင္းသည္ဟိုဟိုဒီဒီေ႐ြ႕လ်ားေနေသာ္လည္း ေစာင္သည္သူ႔ႏွင့္အတူေ႐ြ႕သြားသျဖင့္ ရႈခ်ိန္က မသိပဲ ဘယ္ေနမလဲ။

ရႈနင္က အလြန္ေၾကာက္လန႔္သြားၿပီးသူ႔စိတ္ဝိညာဥ္လြင့္ပါးသြားၿပီး သူ႔ဘ ၀ တစ္ခုလုံးအေရာင္ေပ်ာက္သြားသလို ထင္ေနမိ သည္။

ရႈခ်ိန္က အိပ္ယာထဲတြင္ မအိပ္ပဲ လႈပ္စိလႈပ္စိလုပ္ေနသည့္ သားႏွစ္ေယာက္ကို ေမးလိုက္သည္။

 "မင္းတို႔ႏွစ္ေယာက္ ဘာလုပ္ေနတာလဲ"

ရႈနင္က အလန႔္လြန္ၿပီး အသက္ထြက္သြားၿပီလားဟု ထင္လို္က္မိသည္။
 ရႈဟိန္၏မ်က္ႏွာသည္ပုံမွန္အတိုင္းပင္၊ ခပ္တည္တည္ေျပာလိုက္သည္။

" သူ႔ဗိုက္ကိုပြတ္ေပးေနတာ...."  

"အမ္? နင္နင္က ေနမေကာင္းဘူးလား?"

ရႈခ်ိန္က ရႈဟိန္ကို ေက်ာ္ၿပီး ရႈဟိန္ထက္ ပိုႀကီးတဲ့ လက္ဖဝါးႀကီးကို နင္နင္ရဲ႕ ေပ်ာ့ေျပာင္းတဲ့ ဗိုက္သားေလးကို လက္နဲ႔ပြတ္သပ္လိုက္တယ္။ ရႈဟိန္ ၏လက္သည္ ရႈခ်ိန္ ၏လက္ကိုပင္မၾကာခဏထိမိေနသည္။ ရႈနင္ ၏ဗိုက္သည္အလြန္ႏူးညံ့ သိမ္ေမြ႕ၿပီးေခ်ာေမြ႕သည္။ ထိုနည္းတူစြာ သူ႔ကိုညင္ညင္သာသာပြတ္သပ္ရင္း သူတို႔အားလုံးအိပ္ေပ်ာ္သြားသည္။

 ရႈနင္လား? သူလည္း အကိုႏွင့္ အေဖလုပ္သူ ဗိုက္ကိုပြတ္ေပးေနလို႔ တိုက္ပြဲက်တာ ၾကာလွေရာေပါ့...

 ေနာက္ေန႔မနက္တြင္ ရႈနင္ ႏိုးလာသည္၊ ဒါေပမယ့ ္သူမ်က္လုံးဖြင့္ဖို႔ပ်င္းလြန္းသည္။ မသိစိတ္က သူ႔ေက်ာကိုခုံးၿပီး ေဘးက အိပ္ေနတဲ့ လူရဲ႕ေမး႐ိုးကို မေတာ္တဆပြတ္မိလိုက္သည္။

"ေဟး... အပ်င္းထူေနတဲ့ ေၾကာင္ေပါက္ေလး"

အင္း၊ ငါ့ႏွာေခါင္းက ညႇစ္ခံရတာလား။ ရႈနင္ ၏တစ္ကိုယ္လုံးတုန္ခါသြားသည္၊ ဤအသံသည္က အကိုႀကီးရဲ႕ အသံ မဟုတ္ပါ။ ဒါက သူ႔အေဖရဲ႕အသံပဲ။

 ရႈနင္က မ်က္လုံးဖြင့္ကာ ႏူတ္ဆက္လိုက္သည္။

 "ေဖေဖ၊ မဂၤလာနံနက္ခင္းပါ ~"

"အင္း..ဟိန္ဟိန္က အေျပးေလ့က်င့္ဖို႔ ထြက္သြားတယ္။ မင္း မနက္စာ ဘာစားခ်င္လဲ"

"ကြၽန္ေတာ္လား? မေန႔ညက အဲဒါကိုစီစဥ္ၿပီးၿပီ၊ မီးဖိုေခ်ာင္ထဲမွာ အဆင္သင့္ျဖစ္ၿပီ၊ ကြၽန္ေတာ္တို႔ ေအာက္ထပ္ဆင္း ရမလား။ "

"...... ေသခ်ာေလး လုပ္ထားတဲ့ အတြက္ ငါ့သားကို ေက်းဇူးတင္ပါတယ္ကြာ"

ရႈခ်ိန္က  အရမ္းစိတ္ထိခိုက္သြားတယ္၊ ဒီေကာင္ေလးက ဒီႏွစ္မွ ဆယ့္ခုနစ္ႏွစ္ပဲရွိေသးသည္။ ရႈဟိန္က  က နင္နင္ရဲ႕ နဖူးကို နမ္းရတာႀကိဳက္သည္ကို စဥ္းစားရင္း ရႈနင္ရဲ႕ နဖူးကိုနမ္းဖို႔ ႀကိဳးစားလိုက္သည္။

 သူကအခုအသက္ႀကီးေနၿပီဆိုေပမယ့္ သူက ငယ္ငယ္တုန္းကလိုႏူးညံ့ေနတုန္းဘဲ၊ အရမ္းေကာင္းတယ္၊
"မင္း ဘယ္အခ်ိန္ ေက်ာင္းျပန္တက္မလဲ။ "

"ေလာေလာဆယ္ မတက္ေသးဘူး။ "

"မင္းစာေမးပြဲမေအာင္မွာ မစိုးရိမ္ဘူးလား"

ရႈနင္သည္အလြန္တည္ၿငိမ္ၿပီး အခိုင္မာ ေျပာလိုက္သည္။

 "ဘာမွမျဖစ္ပါဘူး၊ ကြၽန္ေတာ္ ျပန္လည္စမ္းသပ္မႈ တစ္ခုလုပ္ႏိုင္တယ္။ ရလဒ္ေတြကို ကြၽန္ေတာ္ စိတ္မ ၀ င္စားဘူး၊ ကြၽန္ေတာ္ ေအာင္ျမင္ေနသေ႐ြ႕ ေက်နပ္တယ္။ "

"မင္း အေဖ့ အကူညီလိုတဲ့အခါ ေျပာဖို႔ မေမ့နဲ႔ဦး  "

"အင္း..."
ရႈနင္က အႏုပညာေက်ာင္းနားမွာ အရာအားလုံးစီစဥ္ၿပီးၿပီ။ ေနာက္ဆုံးေတာ့ ခ်င္းမင္ က အရမ္းအစြမ္းထက္တယ္၊ သူက ေျဖာ္ေျဖေရးလုပ္ငန္းေတြထဲက လုပ္ေလ့လုပ္ထရွိတဲ့ပုံစံကို ေလ့လာၿပီး ရႈနင္ကို လႊဲေျပာင္းေပးခဲ့လို႔ အခု ရႈနင္လုပ္ရတာ အဆင္ျပေနသည္။ခ်င္းမင္က ေဖ်ာ္ေျဖေရးကုမၸဏီက ေတာ္ေတာ္ေလးအက်ိဳးအျမတ္ရခဲ့တယ္လို႔ခံစားရတယ္။ သူက မူလက ဤနယ္ပယ္၌အထူးကြၽမ္းက်င္သူျဖစ္ေသာေၾကာင့္ သူသည္အလြန္ဗဟုသုတရွိၿပီး ထိုေနရာရွိစည္းမ်ဥ္းမ်ားႏွင့္စည္းမ်ဥ္းမ်ားအားလုံးကို ေကာင္းစြာနားလည္ခဲ့သည္။ ရႈနင္ သည္ ခ်င္းမင္က ရည္မွန္းခ်က္ ပန္းတိုင္ မရွိေသာသူ မဟုတ္ေၾကာင္းသိသည္၊ ခ်င္းမင္ဆီမွာ ႀကီးမားတဲ့ ရည္မွန္းခ်က္ရွိသည္။ ဒီလို အလုပ္ထဲ စိတ္ဝင္တစားနဲ႔နစ္ျမႇဳပ္လုပ္ကိုင္သူ ရွားပါးလွသည္။ ဒီလိုလူကို ရႈနင္က အေကာင္းဆုံးေျမေတာင္ေျမႇာက္ေပးခ်င္သည္။

အနာဂါတ္မွာ နာမည္ႀကီးလာႏိုင္သည့္ လူေတြကို ရႈနင္က ႀကိဳတင္သိထားၿပီးၿပီပဲ။ ဒီလူေတြက အခု ဘယ္မွာရွိတယ္ဆိုတာ မသိေပမယ့္ သူက ခ်င္းမင္ကိုလိုက္ရွာၿပီး စာခ်ဳပ္ခ်ဳပ္ဖို႔ လုပ္ခိုင္းထားသည္။ ခ်င္းမင္ရဲ႕ အရည္ခ်င္းနဲ႔ ဒီလူေတြကိုရွာေတြ႕ဖို႔ မခက္ေပ။

ယခုေတာ့ ခ်င္းမင္၏စြမ္းရည္မ်ားေပၚတြင္သာ မူတည္သည္။ တကယ္ေတာ့ ရႈနင္ က သူ႔ရဲ႕ေဖ်ာ္ေျဖေရးလုပ္ငန္းကို သိပ္ၿပီးဂ႐ုမစိုက္ခဲ့ဘူး၊ ရင္းႏွီးျမႇပ္ႏွံမႈစြမ္းအားက ဒီေလာက္ဘဲ၊ အဓိက ေအာင္ျမင္ေစမည့္အ ရာက ရွန္းက်ိဳးရဲ႕ အခု႐ိုက္ေနတဲ့႐ုပ္ရွင္ဇာတ္ကားရဲ႕ေအာင္ျမင္မႈပဲ။   ေဖ်ာ္ေျဖေရးကုမၸဏီသည္အဓိကအားျဖင့္ႏွစ္ ဦး ၾကား ပူးေပါင္းေဆာင္႐ြက္မႈကို လြယ္ကူေခ်ာေမြ႕ေစရန္ ျဖစ္ၿပီး ရႈနင္က ေနာင္ အနာဂတ္၌ ရွန္းက်ိဳး ၏အျခား႐ုပ္ရွင္မ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္လည္း စီစဥ္ခဲ့သည္။

လုံၿခဳံေရးအတြက္ ရႈနင္က ခ်င္းမင္ကို ကူညီရန္ ၿမိဳ႕ေတာ္႐ုံးခ်ဳပ္မွလူမ်ားစြာကိုလည္း ေစလႊတ္ခဲ့သည္။ ထုံးစံအတိုင္း၊ ဒီလူေတြ အခ်င္းခ်င္းစစ္ေဆးၿပီး ႀကီးၾကပ္ကြပ္ကဲဖို႔ အတူတကြပူးေပါင္းလုပ္ေဆာင္မွ အရာအားလုံးေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္လိမ့္မယ္။

သ႐ုပ္ေဆာင္လုပ္ငန္း ရဲ႕ ဥကၠဌျဖစ္လာၿပီးေနာက္ပိုင္း ခ်င္းမင္ စာခ်ဳပ္ခ်ဳုပ္ကာ ေခၚခဲ့သူက လက္ရွိ ေခါင္းေဆာင္မင္းသာ လွ်ိဳရွန္းျဖစ္သည္။ က်ဳံးလုကိုေတာ့ ခ်င္းမင္က စာခ်ဳပ္မခ်ဳပ္ခဲ့ေပ။ သူမက ေက်ာေထာက္ေနာက္ခံ အႏုပညာအရည္ေသြး သိပ္မျပည့္ေသာေၾကာင့္ ျဖစ္သည္။ က်ဳံးလုက လက္ရွိတြင္ ေအာင္ျမင္မႈရထားသူျဖစ္ေပမယ့္ ရွန္းက်ိဳးရဲ႕ ႐ုပ္ရွင္ျဖင့္ သ႐ုပ္ေဆာင္ထူးခြၽန္ဆုကို ထပ္မံရခဲ့ၿပီး ေငြေရာင္ပိတ္ကားဘုရင္ဆိုတဲ့ အမည္ကို ထပ္မံ ရရွိကာ ပရိတ္သတ္အၾကားျပန္လည္ ေရပန္းစားလာခဲ့သည္။ ေနာက္ပိုင္း ဇတ္ကားႀကီးေတြကို ဆက္လက္႐ိုက္ကူးႏို္င္ခဲ့သည္။


 "နင္နင္...?"

ရႈနင္က အေတြးလြန္ေနရာကေန  ေခါင္းကိုေမာ့လိုက္ၿပီး ရႈခ်ိန္ ကိုၾကည့္ကာ "ဘာျဖစ္လို႔လဲေဖေဖ"

"ဘာမွမျဖစ္ပါဘူး၊ မင္းအရာအားလုံးစီစဥ္ၿပီးၿပီဆိုရင္ အခု ထဖို႔ အခ်ိန္ေရာက္ၿပီ"

ရႈခ်ိန္က ရႈဟိန္ မဟုတ္ပါ။ ရႈဟိန္က သူ အေျပးေလ့က်င့္စရာရွိလို႔ နင္နင္ အေအးပတ္ေနမည္စိုးလို႔ သူ႔အေဖရင္ခြင္ထဲ နင္နင္ကို ထားရစ္ခဲ့တာျဖစ္သည္။ ရႈခ်ိန္လည္း သားေလးကို ရတနာတပါးလို ေထြးေပြ႕ေပးခဲ့သည္။ ဒါေပမယ့္ နင္နင္က ကေလးမဟုတ္ေတာ့လို႔ ႏိုးလာၿပီးေနာက ္ဆက္လက္ ဖက္မထားေတာ့ေပ။

 ရႈဟိန္က ေျပးၿပီးျပန္လာခ်ိန္တြင္ ရႈနင္က မ်က္ႏွာသစ္၊ အဝတ္လဲၿပီးေတာ့သားအဖ ႏွစ္ေယာက္ မနက္စာစားဖို႔ ေအာက္ထပ္ကို အတူူတူဆင္းလာခ်ိန္ႏွင့္တိုးၾကသည္။

ရႈနင္ႏွင့္ ရႈခ်ိန္က အိမ္ထဲ ဝင္လာသည့္ ရႈဟိန္ကို တၿပိဳင္တည္းလွည့္ၾကည့္ပုံ မ်က္ႏွာအမူယာက တထပ္တည္းကို တူေနသည္။

ရႈခ်ိန္က သားႀကီးကို ေျပာလိုက္သည္။

 "လက္ေဆးၿပီး လာခဲ့ေတာ့... ထမင္းစားရေအာင္"

ရႈခ်ိန္က စကားေျပာၿပီးသည္ႏွင့္သူ႔ဖုန္းျမည္လာသည္။ သူသည္ၾကမ္းျပင္မွ မ်က္ႏွာက်က္ထိ ျမင့္သည့္ ဖန္ျပတင္းေပါက္သို႔ေလွ်ာက္သြားၿပီး ဖုန္းေျဖလိုက္သည္။

ရႈနင္က ရႈဟိန္ကိုမ်က္ေစာင္းထိုးလိုက္ၿပီး ရႈဟိန္ကေရခ်ိဳးခန္းထဲကိုလိုက္လာခဲ့သည္။ တံခါးပိတ္ၿပီးေနာက္ ရႈနင္ ရဲ႕မ်က္ႏွာကေလးနက္လာတယ္။

"အကိုႀကီး ဘယ္လိုျဖစ္ၿပီး ကြၽန္ေတာ့္ကို ထားသြားရတာလဲ.. အကိုႀကီး သြားေတာ့ ဘာလို႔ မႏိုးသြားခဲ့တာလဲ  "

"ဘာျဖစ္လို႔လဲ?"

မင္း ငါ့ကိုေမးဖို႔မ်က္ႏွာရွိေသးလား။ ငါ အေဖ့ရင္ခြင္ထဲႏိုးလာတဲ့အခါ ငါ ေသလုနီးပါးေၾကာက္႐ြံ႕ခဲ့တယ္ဆိုတာ မင္းမသိဘူးလား။ ရႈခ်ိန္သာ စကားမေျပာရင္ ရႈနင္ က သူ႔အေဖကို သူ႔ ေလာင္ကုန္းမွတ္ၿပီး သူ႔ကို နမ္းဖို႔ေျပာမိလိမ့္မယ္။ ၏
 
 သူက အကိုႀကီးနဲ႔သူ႔ၾကားက ဆက္ဆံေရးကို ေဖာ္လု နီးပါးျဖစ္သြားမွာပဲ။

  "အကိုႀကီးက အရမ္းကို ေသခ်ာၿပီး ယုံၾကည္မႈရွိေနတယ္ေပါ့ေလ "

"မင္းက အေဖရဲ႕ကုတင္ေပၚကို တြားခ်င္ေနတဲ့သူပဲ မဟုတ္လား။ "

"...... "

"ဒီကမာၻေပၚမွာ ဘာေတြျဖစ္တာလဲ၊ အေဖက မင္းကိုနမ္းခဲ့ေသးလား"

"အမ္း "

"ဘယ္ကို နမ္းခဲ့တာလဲ?"

ရႈနင္ကမ် က္ေမွာင္ၾကဳတ္ၿပီးသူ႔နဖူးကိုအျမန္ၫႊန္ျပသည္။ ရႈဟိန္က ရႈနင္ ၏မ်က္ႏွာကို လက္ႏွစ္ဘက္ျဖင့္ ပင့္မလိုက္ၿပီး ေႏြးေထြးစြာၿပဳံးၿပီး ငုံ႔လာစဥ္ ရႈနင္၏ မ်က္ႏွာနီျမန္းကာမ်က္လုံးမ်ားကိုပိတ္လိုက္သည္။ သူသည္သူ႔လက္မ်ားကိုသဘာဝအတိုင္းေျမႇာက္ကာ ရႈဟိန္၏ခါးတြင္ ရစ္ပတ္ထားလိုက္သည္။ ရႉဟိန္သည္ ရႈနင္ ၏နဖူးကိုနမ္းရန္ ႐ုတ္တရက္ သူတို႔ အိပ္ခန္းတံခါးက ပြင့္သြားခဲ့သည္။

(ဘယ္သူ ဝင္လာတယ္ ထင္လဲ... ေျဖၾကည့္လိုက္စမ္းဘာ.....>o<)


**-***











ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now