Chapter (8) - အစ္ကိုႀကီးနားကို တိုးကပ္သြားေသာ ဝံပုေလြညီေလး

26.2K 4.1K 37
                                    

Chapter (8) - အစ္ကိုႀကီးနားကို တိုးကပ္သြားေသာ ဝံပုေလြညီေလး

အိမ္ေဖာ္အေဒၚႀကီးက သခင္မက ဘာေၾကာင့္ သူမကိုအလုပ္ျဖဳတ္ၿပီး အျခားတစ္ေယာက္ ခန္႔လိုက္သလဲဆိုတာ နားမလည္ခဲ့ေပ။ သူမရဲ့ဘယ္အခ်က္ကို သေဘာမက်လို႔လဲ။ ၿပီးေတာ့ သခင္ေလးေျပာသြားတဲ့စကားက ထူးဆန္းေနသည္။ သူ႔အိပ္ခန္းထဲကအမိႈက္ပံုးကို မနက္က သူမ သြန္ၿပီးသားမဟုတ္လား။ အိမ္ေဖာ္အေဒၚႀကီးက ႐ိုးသားၿပီး အလုပ္တာဝန္ေက်ပြန္သူျဖစ္ေသာေၾကာင့္ သူမအလုပ္ျဖဳတ္ခံလိုက္ရေပမယ့္ ေနာက္ဆံုးေန႔အထိ ေကာင္းစြာလုပ္ကိုင္သြားမွာျဖစ္သည္။

သူမက သခင္ေလး၏ အေပၚထပ္အိပ္ခန္းဆီ လာခဲ့ေတာ့ အမိႈက္ပံုးထဲ ဘာအမိႈက္မွမရွိေပမယ့္ စားပြဲေပၚမွာ စာအိတ္တစ္အိတ္ႏွင့္ စာတစ္ေစာင္ကိုေတြ႕လိုက္ရသည္။ သူမက 'လူအ' မဟုတ္ေသာေၾကာင့္ သခင္ေလးက သူမအတြက္ တစ္ခုခုထားေပးခဲ့တာကို သေဘာေပါက္လိုက္သည္။

"ကၽြန္ေတာ့္ကို ဒီတစ္လအတြင္း ေသခ်ာေစာင့္ေရွာက္ေပးလို႔ ေက်းဇူးတင္ပါတယ္.. အေဒၚခ်က္ေကၽြးတဲ့ ဝက္နံ႐ိုးႏွပ္ေလာက္ ေကာင္းတဲ့ဟင္း အရင္က ကၽြန္ေတာ္မစားဖူးခဲ့ဘူး.. ဒီစာအိတ္ထဲက ေဘာင္ခ်ာမွာပါတဲ့ လိပ္စာအတိုင္း သြားလိုက္ပါ.. အေဒၚ့အတြက္ လက္ေဆာင္ကို သြားယူလိုက္ပါ.."

အိမ္ေဖာ္အေဒၚႀကီး၏မ်က္ဝန္းထဲ မ်က္ရည္တို႔ဝဲလာခဲ့သည္။ သခင္မကို အလုုပ္အေကၽြးျပဳရတာ ပင္ပန္းတာကို သခင္ေလးကသိလို႔ သူမအတြက္ တစ္ခုခုထားေပးခဲ့ပံုေပၚသည္။ သူမက ေတာပိုင္းဘက္က လာအလုပ္လုပ္ရၿပီး သူမမိသားစုက ဆင္းရဲသည္။ အခု သခင္မက အလုပ္ျဖဳတ္လိုက္ေတာ့ ေရွ႕ေလွ်ာက္ ဝင္ေငြအတြက္ သူမစိတ္ပူေနရစဥ္ သခင္ေလး၏ေက်းဇူးတံု႔ျပန္မႈက သူမရင္ကို လႈပ္ရွားေစခဲ့သည္။

"စိတ္ရင္းေကာင္းတဲ့သခင္ေလးပဲ.."

သူမက မ်က္ရည္သုတ္ကာ ထိုအိတ္ေလးကို ေသခ်ာအိတ္ထဲထည့္ကာ လိပ္စာအတိုင္း ထြက္လာခဲ့သည္။

ခ်င္ယြိက်ိဳးတို႔သားအမိသည္ ေတာင္ေစာင္းမွာေဆာက္ထားသည့္ က်ယ္ဝန္းေသာ႐ႈအိမ္ေတာ္ၿခံဝင္းထဲ ေရာက္ရွိလာၾကသည္။ ၿခံကက်ယ္လြန္းလို႔ ၿခံဝဂိတ္တံခါးမွ အိမ္ေတာ္ေရွ႕ထိ ကားႏွင့္အေတာ္ေမာင္းယူရသည္။ ၿခံထဲတြင္ ႐ႈနင္၏အဖိုး ႐ႈမိသားစု၏ဥကၠ႒ေဟာင္းႀကီးက ဥယ်ာဥ္မွဴးဝတ္စံု၊ ေနေရာင္ကာဦးထုပ္ႀကီးေဆာင္းကာ ဥယ်ာဥ္မွဴး၂ဦးႏွင့္ ပန္းပင္မ်ားကို ကိုင္းညႇပ္ျခင္း၊ ေရေလာင္းျခင္းကို ကိုယ္တိုင္လုပ္ေဆာင္ေနသည္။ အၿငိမ္းစားဥကၠ႒အိုႀကီးက သူ႔ဘဝ၏ေနဝင္ခ်ိန္ကို ပန္းပင္မ်ားႏွင့္ အပင္မ်ားျပဳစုယုယျခင္းျဖင့္ ေအးခ်မ္းစြာကုန္ဆံုးေနသည္။ ဒါကို အရင္ဘဝက ႐ႈနင္က သတိမျပဳမိခဲ့ေပ။

ၿခံဝင္းႀကီးတစ္ခုလံုး ပန္းမ်ားပြင့္လန္းလ်က္ စိမ္းစိုေသာသစ္ပင္မ်ားကို ေသသပ္လွပစြာ ညႇပ္ျဖတ္ကာ ပံုေဖာ္ထားသည္။ သစ္ရြက္ေၾကြမ်ား ေျပာင္ရွင္းေအာင္လွဲကာ ဥယ်ာဥ္တစ္ခုလံုး၊ ၿခံဝင္းတစ္ခုလံုး ၾကည့္ေလရာ မ်က္စိမလႊဲႏိုင္ေအာင္ အျမင္ကိုဆြဲေဆာင္လ်က္ရွိသည္။ ကားေလးက အိမ္ေရွ႕အလွဆင္ေရပန္းရွိသည့္ အိမ္ေတာ္တံခါးဝမွာ ရပ္သြားၿပီး ခ်င္ယြိက်ိဳးႏွင့္ ႐ႈနင္တို႔ ဆင္းလာခဲ့သည္။ ခ်င္ယြိက်ိဳးက ဥယ်ာဥ္ထဲမွေယာက္ခမႀကီးကို ဦးညြတ္ဂါရဝျပဳလိုက္ေပမယ့္ အဖိုးအိုက လွည့္ပင္မၾကည့္ေပ။ ဒါေပမယ့္ သူ႔ေဘးကဥယ်ာဥ္မွဴး၂ဦးက အိမ္ေတာ္သခင္မအသစ္ကို ဦးေခါင္းညိတ္ကာ ျပန္ႏႈတ္ဆက္လိုက္သည္။

ေရျဖန္းထားေသာေၾကာင့္ ေျမျပင္က စိုစြတ္ကာ ဗြက္အိုင္တခ်ိဳ႕ျဖစ္ေနလို႔ ႐ႈနင္က အသက္ျပင္းျပင္း႐ွဴလိုက္ေတာ့ ခ်င္ယြိက်ိဳး၏အမူအယာက မေက်နပ္ဟန္ေပၚသြားသည္။

"မင္းကို ေအးေအးေဆးေဆး တည္တည္ၿငိမ္ၿငိမ္ပံုစံေနပါလို႔ မမွာထားဘူးလား.."

"မဟုတ္ဘူး.. အေမ.. ဒီနားက ေရေတြရွိလို႔ ဟိုဘက္ကေန လာခဲ့ပါ.."

ခ်င္ယြိက်ိဳး၏အမူအယာက စိတ္႐ႈပ္ပံုေပၚသြားသည္။ သူမက နိမ့္ပါးေသာမိသားစုက လာခဲ့ၿပီး ေနာက္ခံမိသားစုမရွိေပ။ ဒါ့အျပင္ ကေလးတစ္ေယာက္လည္း ေမြးဖြားခဲ့ေသးသည္။ ဒါေၾကာင့္ အိမ္ရွိအလုပ္သမားမ်ားက သူမကို အထင္ေသးမွာ၊ သူမကိုႏွိမ္ကာ မထီမဲ့ျမင္ျပဳမွာကိုစိုးရိမ္ကာ ခပ္တင္းတင္းႏွင့္ အိမ္ေတာ္သခင္မအာဏာကို ဆုပ္ကိုင္ထားသည္။

မင္းတို႔ ငါ့ကိုလာကစားခ်င္ေနတယ္ ဟုတ္လား..။ ငါ ခ်င္ယြိက်ိဳးကို ဘယ္သူထင္ေနသလဲ..။

ဒါေပမယ့္ ဒီဟာက မစ္႐ႈမဟုတ္ရင္ ဘယ္သူက သူမကို မ်က္ႏွာသာေပးေနမလဲ။ ႐ႈခ်ိန္ေရွ႕မွာ ဒီဟာေတြမေျပာမိဖို႔ ခ်င္ယြိက်ိဳးက ၿမိဳသိပ္ထားရသည္။ လူတကာအႏိုင္က်င့္လို႔ရသည့္ မိန္းမလို႔ မျမင္ေစရ႐ံုသာမက သိကၡာရွိသည့္ ကေတာ္တစ္ေယာက္လိုပံုရိပ္ကို သူမ ထိန္းထားဖို႔လိုသည္။ ဒါမွ သူမ၏ ေန႔စဥ္အိမ္ေတာ္ကို စီမံသည့္ကိစၥမွာ ျပႆနာမေပၚမွာျဖစ္သည္။

သူမကို အိမ္ေတာ္ထိန္းပဲထြက္ႀကိဳၿပီး တျခားဘယ္သူမွ လာမႀကိဳေသာေၾကာင့္ ဒါက သူမကို အိမ္ေတာ္သခင္မအျဖစ္ အသိအမွတ္မျပဳတာဟုေတြးၿပီး ခ်င္ယြိက်ိဳး ေဒါသပုန္ထေနသည္။ ဒါေပမယ့္ ေဒါသထြက္ေလ သူမက ေတာက္ပစြာၿပံဳးကာ အိမ္ေတာ္ထိန္းကို ႏႈတ္ဆက္လိုက္သည္။

"ေကာင္းေသာေန႔ပါ အိမ္ေတာ္ထိန္းႀကီး.."

"ေကာင္းေသာေန႔ပါ သခင္မ.."

"ဒီေန႔ အိမ္ကိုဝင္ဝင္ခ်င္း အိမ္ေဖာ္ႏွစ္ေယာက္ေၾကာင့္ ကၽြန္မ စိတ္အေႏွာင့္အယွက္ ျဖစ္ရတယ္.. ၾကည့္ေလ.."

ခ်င္ယြိက်ိဳးဝတ္ထားသည့္ ေဘာင္းဘီရွည္အျဖဴမွာ ရႊံ႕စက္ေတြစင္ေနတာ ေတြ႕ရေသာေၾကာင့္ အိမ္ေတာ္ထိန္းက ေခါင္းတစ္ခ်က္ယမ္းကာ ေျပာလိုက္သည္။

"ေက်းဇူးျပဳၿပီး သခင္မ အနားယူပါ.. ဒီကိစၥကို ကၽြန္ေတာ္ေျဖရွင္းလိုက္ပါမယ္.. ေနာင္ သူတို႔ သခင္မကို အေႏွာင့္အယွက္ ထပ္မျဖစ္ေစရပါဘူး.."

"မလုပ္ပါနဲ႔ အေမ.. ဒါ သူတို႔အမွားမဟုတ္ပါဘူး.. သူတို႔တာဝန္အရ ၿခံကိုေရျဖန္းထား႐ံုပါ.. သားတို႔ ဂ႐ုမစိုက္မိလို႔ အဝတ္မွာရႊံ႕စင္သြားတာပါ.. ၿပီးေတာ့ ဒီရႊံ႕စက္ေတြက ေလွ်ာ္လုိက္ရင္လည္း ရပါတယ္.. သူတို႔ကို အလုပ္မျဖဳတ္သင့္ပါဘူး.."

႐ႈနင္က ခ်င္ယြိက်ိဳး၏လက္ကိုဆြဲကာ ေျပာလိုက္သည္။

ဒီဟာက ျပင္သစ္ကမွာထားတဲ့ ဒီဇိုင္နာအဝတ္ေတြဟဲ့.. ကေလးစုတ္ရဲ့.. ေစ်းထဲက ေပါေပါပဲပဲ ဝယ္လို႔ရတဲ့ အဝတ္ေတြမဟုတ္ဘူး..။

"သူတို႔ကို အေလ်ာ္မေပးခိုင္းတာနဲ႔တင္ သူတို႔က အေမ့ကို ေက်းဇူးတင္ေနသင့္ၿပီေလ.. ေရွာင္နင္.. မင္းရဲ့ၾကင္နာမႈက အလုပ္သမားေတြကို ပ်င္းရိၿပီး တာဝန္မဲ့ေစလိမ့္မယ္.."

႐ႈနင္က သေဘာမတူဟန္ျဖင့္ မ်က္လႊာခ်ကာ ေခါင္းငံု႔ေနလိုက္သည္။ သူဘာမွ ထပ္မေျပာလိုက္ေပမယ့္ ရင္ထဲမွာ ေပ်ာ္ေနသည္။ သူ႔အေမက ဘာေၾကာင့္ ဒီေလာက္လွည့္စားရ လြယ္ေနတာလဲ။ နည္းနည္းေလးတို႔ေပးလိုက္တာနဲ႔ ပါဝါအာဏာ တန္းျပေတာ့တာပဲ။ အေမ့ရဲ့စ႐ိုက္ကို မသိမသာေဖာ္ရတာ ေကာင္းလိုက္တာ။

ယခင္ဥယ်ာဥ္မွဴးႀကီးက ခါးနာလို႔ အလုပ္ကထြက္သြားခဲ့သည္။ ဒါေၾကာင့္ အလုပ္သမားေစ်းကြက္မွ ကၽြမ္းက်င္ဝန္ထမ္းသစ္၂ဦးကို ခန္႔ထားၿပီးစျဖစ္သည္။ သူတို႔က အိမ္ေတာ္ကလူေတြအေၾကာင္း ဘာမွမသိဘဲ အားနည္းသူကို အႏိုင္က်င့္၊ အားႀကီးသူကို ေၾကာက္ရြံ႕တတ္သူမ်ားျဖစ္သည္။ ဒါေၾကာင့္ အိမ္ေတာ္ထိန္း သူတို႔ကိုေခၚဆူေတာ့ ဘာမွျပန္မေျပာရဲၾကေပ။

ခ်င္ယြိက်ိဳးက ပံုမွန္ဆိုလွ်င္ စိတ္တိုတတ္သူမဟုတ္ေပ။ ခုက သူမႀကိဳေတြးၿပီး လုပ္ရမည့္ကိစၥေတြမ်ားေနေသာေၾကာင့္ ႐ႈနင္ကိုေခၚၿပီး ဧည့္ခန္းထဲဝင္ခဲ့သည္။
အိမ္ေတာ္ထိန္းက သခင္မအသစ္၏ စိတ္ေနစိတ္ထားေၾကာင့္ ေခါင္းသာယမ္းလိုက္သည္။

"အဖိုး.. ဘယ္လိုလုပ္ၾကမလဲ.."

"ဘာမွလုပ္စရာမလိုဘူး.. ႐ႈခ်ိန္က သူမကိုလက္ထပ္ၿပီး အိမ္ထဲေခၚလာခ်င္မွေတာ့ ေျပာလည္း စကားမ်ား႐ံုပဲ.. ငါတို႔လည္း အေတာ္ေျပာဆိုခဲ့ၾကၿပီးၿပီပဲ.. အခု သူမ ကေလးေမြးၿပီးခ်ိန္ကို ေစာင့္ၿပီးမွ စကားထပ္ေျပာၾကတာေပါ့.."

အလုပ္သမား၂ဦးက အိမ္ေတာ္သခင္မက တင္းက်ပ္လြန္းသည္ဟု ခံစားရၿပီး ဒီမွာအလုပ္ဆက္မလုပ္ခ်င္ေတာ့သျဖင့္ ေလ်ာ္ေၾကးယူကာ ထြက္သြားၾကေတာ့သည္။

႐ႈမိသားစုက ဝံ့ဝံ့ၾကြားၾကြားမေနေပမယ့္ ဧည့္ခန္းထဲက တန္ဆာဆင္ထားသမွ်က တန္ဖိုးႀကီးဇိမ္ခံပစၥည္းမ်ားျဖစ္သည္။ ဧည့္ခန္းက ခမ္းနားကာ သူ႔ေနရာႏွင့္သူ တင့္တယ္ေနသည္။ အရင္ဘဝကတည္းက ရင္းႏွီးကၽြမ္းဝင္ခဲ့ေသာ ဧည့္ခန္းကို တိတ္တဆိတ္ေလ့လာရင္း ႐ႈနင္ ထိုင္ေနသည္။ ဒါေပမယ့္ သူက ခုမွေတာကလာခဲ့သည့္ကေလးလို စိတ္ဝင္တစား လိုက္ၾကည့္ဟန္ေဆာင္လိုက္သည္။ ခ်င္ယြိက်ိဳးက သူ႔ပံုစံကို မေက်နပ္ေပမယ့္ ဘာမွမေျပာသာဘဲ ၾကည့္ေနရသည္။

"မင္း ေရာက္လာၿပီလား.."

႐ႈခ်ိန္က ခ်င္ယြိက်ိဳး၏လက္ဖဝါးကို ညင္သာစြာကိုင္ကာ ေမးလိုက္သည္။

"အင္း.."

ခ်င္ယြိက်ိဳးက ႐ႈခ်ိန္၏လက္ကို ျပန္ဖ်စ္ညစ္ၿပီး ၿပံဳးကာ ႐ႈနင္ႏွင့္မိတ္ဆက္ေပးလိုက္သည္။

"ဒါ.. ႐ႈနင္ပါ.."

႐ႈနင္ကို ငယ္စဥ္ကတည္းက နာမည္ေပးရာတြင္ 'ခ်င္' မ်ိဳး႐ိုးနာမည္မတပ္ဘဲ '႐ႈ' မ်ိဳး႐ိုးနာမည္ႏွင့္ အမည္ေပးခဲ့ကတည္းက သူမ၏ရည္ရြယ္ခ်က္က ထင္ရွားသည္။ ႐ႈခ်ိန္က ႐ႈနင္အေၾကာင္းသိရေတာ့ ရြာထိလူလႊတ္ကာ စံုစမ္းေစသည့္အျပင္ DNA စစ္ခ်က္ကိုပါ ယူခဲ့သည္။ ခ်င္ယြိက်ိဳး ကုိယ္ဝန္ေဆာင္ခ်ိန္ႏွင့္ ကေလးေမြးခ်ိန္က ကြက္တိျဖစ္သလို ေဆးစစ္ခ်က္အရလည္း သူ႔ကေလးဆိုတာထင္ရွားလို႔ ႐ႈနင္ကို ေခၚဖုိ႔ဆံုးျဖတ္လိုက္ျခင္းျဖစ္သည္။ ကံေကာင္းလို႔ သူ႔သားအရင္းကို ဆံုး႐ံႈးေတာ့မလို႔။

"နင္နင္.. အေဖက မင္းအေဖ ႐ႈခ်ိန္ပါ.. ေနာင္မွာ မင္း ဒီအိမ္မွာပဲ ေနရမယ္.. မင္းမွာ အဖိုးနဲ႔ အစ္ကိုတစ္ေယာက္ရွိတယ္.. ေနာင္မွာ ညီေလးတစ္ေယာက္လည္း ထပ္ရလာေတာ့မယ္.. မေကာင္းဘူးလား.."

စူးရွထက္ျမက္ေသာ မ်က္ဝန္းႏွင့္ ဂုဏ္သိကၡာႀကီးပံုရသည့္ လူႀကီးက ႏူးညံ့စြာၿပံဳးကာ ႐ႈနင္ကို မိတ္ဆက္စကားေျပာခဲ့သည္။ အရင္ဘဝက သူက သူ႔အစ္ကိုႏွင့္ အဆက္အသြယ္မရွိသလို အေဖျဖစ္သူကို စိတ္ပူေစခဲ့သည္။ ဒါေၾကာင့္ အေဖက ဒီဘိုးဘြားပိုင္အိမ္ႀကီးမွာ မေနသေလာက္ျဖစ္ခဲ့သည္။

တကယ္ေတာ့ အေဖက ေျမာက္ဝင္႐ိုးစြန္းက ဆန္းၾကယ္လွပေသာ အလင္းေရာင္ႏွင့္တူသည္။ လွပသည္၊ ေမွ်ာ္လင့္လို႔ရသည္၊ သို႔ေပမယ့္ မပိုင္ဆိုင္ႏိုင္ေသာ အရာျဖစ္သည္။ အရင္ဘဝက အေဖ၏ ႏူးညံ့ေသာ၊ ေတာက္ပေသာအၿပံဳးကို အစ္ကိုႀကီး႐ႈဟိန္ကပဲ ပိုင္ဆိုင္ခဲ့သည္။ စီးပြားေရးအရ လက္ထပ္ျခင္းက ခ်စ္ျခင္းေမတၱာကို မျဖစ္ေစဘူးဆိုတာ ျဖစ္ႏိုင္ပါ့မလား။ သူ႔အေဖက အစ္ကိုႀကီး႐ႈဟိန္ကို ဒီေလာက္အရိပ္တၾကည့္ၾကည့္ခ်စ္တာ ႐ႈဟိန္၏မိခင္ကို တကယ္ျမတ္ႏိုးခ်စ္ခင္လို႔မ်ားလား။ တခါတေလ ႐ႈနင္က သူက အေဖ့သားအရင္းမွ ဟုတ္ရဲ့လားလို႔ ေတြးမိသည္အထိ အစ္ကိုႀကီးအေပၚထားသည့္ အခ်စ္ကို မယွဥ္ႏိုင္ခဲ့ေပ။

အခုခ်ိန္မွာေတာ့ အေဖ့မ်က္ဝန္းထဲက ခ်စ္ခင္ေႏြးေထြးမႈကို ျမင္ရေတာ့ ႐ႈနင္က စိတ္မထိန္းႏိုင္ေတာ့ဘဲ အေဖ့ရင္ခြင္ထဲတိုးဝင္ကာ ခါးကိုတင္းက်ပ္စြာ ဖက္ထားလိုက္ေတာ့သည္။ အရင္ဘဝႏွင့္မတူဘဲ ခုေတာ့ သူ႔အေဖ၏အေပြ႕အဖက္ကို ႐ႈနင္ ေသခ်ာမွတ္သားေနမိသည္။ ဒီအထိအေတြ႕၊ ဒီခံစားခ်က္ကို ေသသည္အထိ ရင္မွာသိမ္းဆည္းထားရမည္။ အရင္ဘဝက လုပ္ခဲ့ခ်င္သည့္စိတ္ကူးကို အေကာင္အထည္ေဖာ္လိုက္ရလို႔ ႐ႈနင္ ေက်နပ္ေပ်ာ္ရႊင္သြားၿပီး သူ႔မ်က္ႏွာကို အေဖ့ဗိုက္မွာအပ္ကာ ခါးကို ပိုတင္းေအာင္ဖက္လိုက္သည္။

႐ႈခ်ိန္၏ကိုယ္က ေတာင့္ခဲသြားခဲ့သည္။ တစ္ခါမွမခံစားဖူးသည့္ ခံစားခ်က္က တစ္ကိုယ္လံုးကို ျပန္႔ႏွံ႔ကာ ႏွလံုးသားတစ္ခုလံုး ပူေႏြးလာသည္။ ဒါ.. ဒါ.. သူ႔သားအရင္းဆီက ခ်စ္ခင္တြယ္တာမႈပဲျဖစ္သည္။ သူ႔ဘဝမွာ ဒီလိုသားသမီးေျမးျမစ္၏ ခ်စ္ခင္မႈကို ဘယ္ေတာ့မွ မရရွိခဲ့ဖူးေပ။ သူ႔ဇနီးကို သူေလးစားျမတ္ႏိုးေပမယ့္ ခုလိုလက္ပြန္းတတီး ေနေလ့မရွိေပ။ သားႀကီး႐ႈဟိန္ကို ေကာင္းစြာပ်ိဳးေထာင္ခဲ့ေပမယ့္ သားႀကီး၏ပင္ကိုဗီဇက ေအးစက္ကာ မာနႀကီးလို႔ သူ႔နား ခုလိုပြတ္သီးပြတ္သပ္ မေနခဲ့ေပ။

ခုေတာ့ သူ႔သားငယ္ေလးက ေတြ႕ေတြ႕ခ်င္း သူ႔ဆႏၵအရ ရင္ခြင္ထဲတိုးဝင္ကာ ခ်စ္ခင္စြာဖက္ထားတာကို ခံလိုက္ရသည့္ခံစားခ်က္က ႐ႈခ်ိန္ကို အရမ္းေက်နပ္သြားေစသည္။ ဒါေၾကာင့္ သူ႔မ်က္စိေတြနီလာသည္အထိ ရင္ထဲ ခံစားလိုက္ရသည္။

႐ႈဟိန္က ေလွကားမွဆင္းလာစဥ္ ဒီျမင္ကြင္းေၾကာင့္ ရပ္တန္႔သြားၿပီး သူ႔မ်က္ဝန္းထဲ လက္ခနဲျဖစ္သြားသည္။

ခ်င္ယြိက်ိဳးက စိတ္လႈပ္ရွားေပ်ာ္ရႊင္ေနသည္။ မထင္မွတ္ဘဲ သူ႔သားငတံုးက ႐ႈခ်ိန္စိတ္ေက်နပ္ေအာင္ လုပ္ေပးႏိုင္ခဲ့သည္။ သူမဗိုက္ထဲက သားေလး႐ႈေယာင္က ေမြးလာခဲ့ရင္ေတာင္ ႐ႈဟိန္၏ၿပိဳင္ဖက္ မျဖစ္ႏိုင္ေသးေပ။ ဒါေပမယ့္ ႐ႈနင္ကေတာ့ ႐ႈဟိန္ကို ေကာင္းေကာင္းရင္ဆိုင္ဖို႔ ေမွ်ာ္လင့္မိသည္။

ေလွကားထိပ္ကေန ႐ႈဟိန္က တစ္ခ်က္ၾကည့္႐ံုႏွင့္ ဒီျမင္ကြင္းက တကယ္ပဲ သူ႔ကို ဆက္သြားဖို႔ တြန္႔ဆုတ္သြားေစသည္။ သူ ေအာက္ဆင္းသြားၿပီး အလိုက္သင့္ဟန္ေဆာင္ရမလား။ အေပၚပဲ ျပန္တက္သြားသင့္လား။ သူ႔အေဖက တျခားကေလးတစ္ေယာက္ကို ေပြ႕ဖက္ထားတဲ့ျမင္ကြင္းက သူ႔ရင္ကို နာက်င္ေစတယ္မဟုတ္လား။ ဒီကေလးရဲ့အေမျဖစ္သူက သူ႔ကို တကယ္ပဲ စိတ္မသက္မသာျဖစ္ေစသည္။ ဒါေပမယ့္ ဒီအိမ္ထဲမွာ သူမႀကိဳးစားသမွ် အရာမထင္ေအာင္၊ သူမဖံုးကြယ္ထားသမွ် ခြာခ်ဖို႔ ႐ႈဟိန္ဆံုးျဖတ္ထားသည္။ ဒီမိန္းမက သူ႔ကိုၾကည့္လာတိုင္း သူ႔ကိုယ္ေပၚမွာ ေရာဂါကပ္ဆိုးႀကီးရွိသလို အမူအယာမ်ိဳး လုပ္ျပေလ့ရွိသည္။

ထိုစဥ္ အေပၚထပ္မွ သက္ေတာင့္သက္သာရွိသည့္ ေပါ့ေပါ့ပါးပါးဝတ္စံုကို ဝတ္ထားသည့္ လူအိုတစ္ဦး ဆင္းလာခဲ့သည္။ ႐ႈဟိန္က အဖိုးအိုကို တြဲေပးလိုက္သည္။

"မင္း ဘာေၾကာင့္ ေအာက္ကိုမဆင္းတာလဲ.."

"အေဖ့ကို အေႏွာင့္အယွက္ မေပးခ်င္လို႔ပါ အဖိုး.."

"လိမၼာတဲ့ကေလးပဲ.."

႐ႈေကာင္းသည္ ႏွလံုးေရာဂါရွိေသာေၾကာင့္ အိမ္အေပၚထပ္ကို ဓာတ္ေလွကားျဖင့္တက္ကာ ေျခလက္ေဆး၊အဝတ္အစားလဲကာ ႐ိုး႐ိုးေလွကားမွ ျပန္ဆင္းလာျခင္းျဖစ္သည္။ အဖိုးအို၏အမူအယာက တည္ၿငိမ္ကာ ဆံပင္မ်ားလည္း ေဖြးေဖြးျဖဴေနၿပီဆိုေပမယ့္ နက္႐ိႈင္းေသာအၾကည့္ႏွင့္ စိုက္ၾကည့္ခံရသူတိုင္း ဖိအားကိုခံစားရေအာင္ အရွိန္အဝါႀကီးကို ပိုင္ဆိုင္ထားသူျဖစ္သည္။

ခ်င္ယြိက်ိဳးက ႐ႈခ်ိန္ကို လက္ႏွင့္အသာတို႔ကာ အဖိုးႏွင့္ သားအႀကီးဆံုးေရာက္လာေၾကာင္း သတိေပးလိုက္သည္။ ေမြးစားသားတစ္ေယာက္ကို လူျမင္ကြင္းမွာ ခုလိုတရင္းတႏွီးဖက္ေနတာက ထူးဆန္းေသာေၾကာင့္ သတိေပးလိုက္ျခင္းျဖစ္သည္။

႐ႈခ်ိန္ႏွင့္႐ႈနင္က မခြဲခ်င္ေပမယ့္ ေရရွည္အတြက္ လူခ်င္းခြာလိုက္ရသည္။ ေႏြးေထြးသည့္အရိပ္အေငြ႕ေလးလည္း ေပ်ာက္သြားခဲ့ရသည္။

"အေဖ.. ေရွာင္ဟိန္.. ဒါက ႐ႈနင္ပါ.. ကၽြန္မရဲ့ ေမြးစားကေလးပါ.. ခုကစၿပီး မိသားစုျဖစ္လာေတာ့မယ့္သူပါရွင္.."

ခ်င္ယြိက်ိဳးက ႏူးညံ့စြာျဖင့္ ႏႈတ္ဆက္ကာ မိတ္ဆက္ေပးလိုက္သည္။

႐ႈေကာင္းသည္ ႐ႈနင္ ဘယ္သူဘယ္ဝါဆိုတာ သိထားၿပီးျဖစ္သည္။ ဒီကေလး၏ စိတ္ေနစိတ္ထားကိုမသိေပမယ့္ ကားေပၚကဆင္းစဥ္ အလုပ္သမားေတြဘက္က ေျပာဆိုေပးသည့္စကားအရ ဒီကေလးက ၾကင္နာတတ္သည့္ႏွလံုးသားေလးရွိတာ သိလိုက္သည္။ အလိုေလာဘႀကီးသည့္မိခင္၏ ပ်ိဳးေထာင္မႈေအာက္မွာ ဒီကေလး ဘယ္ေလာက္မ်ား ခက္ခဲလိုက္မလဲ။ ၿပီးေတာ့ သူ႔ေျမးအရင္းက အျပင္ေလာကမွာ ဆင္းဆင္းရဲရဲႀကီးျပင္းလာရတာကို ေတြးမိၿပီး ႐ႈေကာင္း၏ရင္ထဲ တင္းက်ပ္လာခဲ့သည္။ ဒါေၾကာင့္ ဒီကေလးကိုျပန္ေခၚဖို႔ သူ သေဘာတူခဲ့ျခင္းျဖစ္သည္။

"ဘာေမြးစားသားလဲ.. တကယ္လို႔ မင္းက ငါတို႔႐ႈအိမ္တံခါးကို ေက်ာ္ဝင္လာရင္ ငါတို႔မိသားစုပဲေပါ့.. မနက္ျဖန္ သူ႔ကို အိမ္ေထာင္စုဇယားထဲ တစ္ခါတည္းထည့္လိုက္ေတာ့.."

႐ႈခ်ိန္က ဒီစကားကိုၾကားေသာ္ ေတာင့္ခနဲျဖစ္သြားၿပီး သားႀကီး႐ႈဟိန္ မေက်မနပ္ျဖစ္သြားမလားဆိုၿပီး ဖ်တ္ခနဲၾကည့္လိုက္သည္။

႐ႈဟိန္၏မ်က္ႏွာက တည္ၿငိမ္လို႔ေနသည္။ သူက ဒီအိမ္ရဲ့ သားအရင္းမွမဟုတ္ဘဲ။ သားအရင္းေရာက္လာေတာ့ နည္းနည္းစိုးထိတ္ေပမယ့္ အေဖက သူစိတ္ကြက္မွာစိုးလို႔ သားအရင္းကို ေမြးစားသားအျဖစ္ အိမ္ထဲေခၚသြင္းလာတယ္ဆိုတာက သူ႔ကိုအေလးထားသည္ကို ျပသၿပီးျဖစ္သည္။ ဒီအခ်က္က သူ႔ကို ေက်နပ္ႏွစ္သိမ့္ေစၿပီး သူက မသိဟန္ေဆာင္ကာ ေျပာလိုက္သည္။

"ဒီလိုပဲျဖစ္သင့္ပါတယ္.."

႐ႈဟိန္၏ပုခံုးကို ဖခင္႐ႈခ်ိန္က ေက်နပ္စြာပုတ္ကာ ေျပာလိုက္သည္။

"အေဖ့သားႀကီးလည္း ရင့္က်က္ၿပီး တည္ၿငိမ္လာၿပီပဲ.. မနက္ျဖန္ကစၿပီး ဒီတစ္ေႏြလံုး company ကိုလာၿပီး အေဖ့ဆီက လုပ္ငန္းအုပ္ခ်ဳပ္တာ လာသင္ပါလား သား.."

႐ႈခ်ိန္က အမိန္႔ေပးတာမဟုတ္ဘဲ သားျဖစ္သူ၏သေဘာထားကို ေတာင္းခံေနၿပီး သူ႔ေလသံက ႏူးညံ့လွသည္။

ဒီစကားကိုၾကားေတာ့ ခ်င္ယြိက်ိဳး၏ရင္ထဲ တင္းက်ပ္သြားၿပီး စိတ္ထဲကေန 'ေသာက္ကေလး.. သူ႔ကို company မွာ သင္ခြင့္ေပးလိုက္ေတာ့မွာလား.. အသံုးမက်တဲ့အမိႈက္.. ငါ နင့္ကို ဘယ္လိုပညာျပမယ္ဆိုတာ ေစာင့္ၾကည့္ေနလိုက္' ဟု ေျပာလိုက္သည္။

႐ႈနင္က ႐ႈဟိန္ကို ေတာက္ပစြာၿပံဳးၾကည့္ကာ ႏႈတ္ဆက္လိုက္သည္။

"ကၽြန္ေတာ္ အစ္ကိုႀကီးကိုမွတ္မိတယ္.. အစ္ကိုႀကီး.."

႐ႈဟိန္က ႏႈတ္ခမ္းကိုတြန္႔ေကြးၿပံဳးကာ ျပန္ေျဖလိုက္သည္။

"မင္း ေတာ္တယ္.."

"အစ္ကိုႀကီးလည္း ေတာ္တယ္.."

ၾကည့္ရတာ ေပ်ာ္စရာေကာင္းသည့္ မိသားစုေလးႏွင့္တူေသာေၾကာင့္ ခ်င္ယြိက်ိဳးက ေဒါသထြက္လို႔ ေသမလိုျဖစ္ေနသည္။

ဒီအိမ္ေတာ္ႀကီးက ေလးထပ္ေဆာက္ထားၿပီး အဖိုး႐ႈေကာင္းက ေအးခ်မ္းတိတ္ဆိတ္တာ သေဘာက်လို႔ စတုတၳထပ္မွာေနသည္။ တတိယထပ္တြင္ ႐ႈခ်ိန္ကေနၿပီး Master အိပ္ခန္းက်ယ္၊ ေဟာခန္း၊ ဧည့္ခန္း၊ အလုပ္႐ံုးခန္းတို႔ရွိၿပီး ခ်င္ယြိက်ိဳးက အိပ္ခန္းကလြဲၿပီး ထိုအထပ္မွာ ဘယ္မွသြားခြင့္မရွိေပ။ ဒါက သူမကို ပါးျဖတ္႐ိုက္ခံရသလိုပင္။ ဒါက ႐ႈဟိန္ေက်နပ္ေစဖို႔နဲ႔ ယခင္ဇနီးႀကီးကို ေလးစားေသာေၾကာင့္ သူမ၏ဂုဏ္သိကၡာကို ခ်နင္းလိုက္တာပဲမဟုတ္လား။

မယားႀကီးဆိုသည့္ အမ်ိဳးသမီး.. ရွင္က ေသသြားၿပီးတာေတာင္ ကၽြန္မကို ဒီေလာက္ႏွိပ္စက္ႏုိင္ေသးတယ္ေနာ္.. ရွင့္ကို မုန္းလိုက္တာ..

ဒုတိယထပ္မွာ ႐ႈဟိန္ေနၿပီး ေဘးကကပ္လ်က္အိပ္ခန္းေလးက ႐ႈနင္၏အခန္းျဖစ္သည္။ သူ႔မွာ စာၾကည့္ခန္းေလးပင္ မရရွိေပ။ တကယ္ေတာ့လည္း အခန္းက မက်ဥ္းေပ။ လူေတြရဲ့ အလိုေလာဘက အေတာမသတ္လို႔သာ ရသမွ်ကို မေရာင့္ရဲႏိုင္ျခင္းျဖစ္သည္။

ညစာစားၾကေတာ့ ထိပ္ကခံုမွာ ႐ႈခ်ိန္ထိုင္ၿပီး ဘယ္ဘက္ခံုမွာ ႐ႈေကာင္းႏွင့္ ခ်င္ယြိက်ိဳးထိုင္ၿပီး ညာဘက္ခံုမွာ ႐ႈဟိန္ႏွင့္ ႐ႈနင္တို႔ ထိုင္ၾကသည္။ ႐ႈနင္က ႐ႈဟိန္နားကို ပိုနီးနီးကပ္ကပ္ေနခ်င္ေပမယ့္ ခုက အခ်ိန္ေကာင္းမဟုတ္ေသးေပ။ ညဆိုရင္ေတာ့ အခြင့္အေရး ရတန္ေကာင္းပါရဲ့။

ညနက္ေတာ့ အိမ္အျပင္မွာ ေကာင္းကင္တစ္ခုလံုး မည္းေမွာင္လို႔လာစဥ္ ႐ႈနင္က သူ႔ေခါင္းအံုးေလးကို လက္ကေပြ႕ကာ ႐ႈဟိန္၏အိပ္ခန္းတံခါးကို အသာအယာေခါက္လိုက္သည္။

======================

Chapter (8) - အစ်ကိုကြီးနားကို တိုးကပ်သွားသော ဝံပုလွေညီလေး

အိမ်ဖော်အဒေါ်ကြီးက သခင်မက ဘာကြောင့် သူမကိုအလုပ်ဖြုတ်ပြီး အခြားတစ်ယောက် ခန့်လိုက်သလဲဆိုတာ နားမလည်ခဲ့ပေ။ သူမရဲ့ဘယ်အချက်ကို သဘောမကျလို့လဲ။ ပြီးတော့ သခင်လေးပြောသွားတဲ့စကားက ထူးဆန်းနေသည်။ သူ့အိပ်ခန်းထဲကအမှိုက်ပုံးကို မနက်က သူမ သွန်ပြီးသားမဟုတ်လား။ အိမ်ဖော်အဒေါ်ကြီးက ရိုးသားပြီး အလုပ်တာဝန်ကျေပွန်သူဖြစ်သောကြောင့် သူမအလုပ်ဖြုတ်ခံလိုက်ရပေမယ့် နောက်ဆုံးနေ့အထိ ကောင်းစွာလုပ်ကိုင်သွားမှာဖြစ်သည်။

သူမက သခင်လေး၏ အပေါ်ထပ်အိပ်ခန်းဆီ လာခဲ့တော့ အမှိုက်ပုံးထဲ ဘာအမှိုက်မှမရှိပေမယ့် စားပွဲပေါ်မှာ စာအိတ်တစ်အိတ်နှင့် စာတစ်စောင်ကိုတွေ့လိုက်ရသည်။ သူမက 'လူအ' မဟုတ်သောကြောင့် သခင်လေးက သူမအတွက် တစ်ခုခုထားပေးခဲ့တာကို သဘောပေါက်လိုက်သည်။

"ကျွန်တော့်ကို ဒီတစ်လအတွင်း သေချာစောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်.. အဒေါ်ချက်ကျွေးတဲ့ ဝက်နံရိုးနှပ်လောက် ကောင်းတဲ့ဟင်း အရင်က ကျွန်တော်မစားဖူးခဲ့ဘူး.. ဒီစာအိတ်ထဲက ဘောင်ချာမှာပါတဲ့ လိပ်စာအတိုင်း သွားလိုက်ပါ.. အဒေါ့်အတွက် လက်ဆောင်ကို သွားယူလိုက်ပါ.."

အိမ်ဖော်အဒေါ်ကြီး၏မျက်ဝန်းထဲ မျက်ရည်တို့ဝဲလာခဲ့သည်။ သခင်မကို အလုပ်အကျွေးပြုရတာ ပင်ပန်းတာကို သခင်လေးကသိလို့ သူမအတွက် တစ်ခုခုထားပေးခဲ့ပုံပေါ်သည်။ သူမက တောပိုင်းဘက်က လာအလုပ်လုပ်ရပြီး သူမမိသားစုက ဆင်းရဲသည်။ အခု သခင်မက အလုပ်ဖြုတ်လိုက်တော့ ရှေ့လျှောက် ဝင်ငွေအတွက် သူမစိတ်ပူနေရစဉ် သခင်လေး၏ကျေးဇူးတုံ့ပြန်မှုက သူမရင်ကို လှုပ်ရှားစေခဲ့သည်။

"စိတ်ရင်းကောင်းတဲ့သခင်လေးပဲ.."

သူမက မျက်ရည်သုတ်ကာ ထိုအိတ်လေးကို သေချာအိတ်ထဲထည့်ကာ လိပ်စာအတိုင်း ထွက်လာခဲ့သည်။

ချင်ယွိကျိုးတို့သားအမိသည် တောင်စောင်းမှာဆောက်ထားသည့် ကျယ်ဝန်းသောရှုအိမ်တော်ခြံဝင်းထဲ ရောက်ရှိလာကြသည်။ ခြံကကျယ်လွန်းလို့ ခြံဝဂိတ်တံခါးမှ အိမ်တော်ရှေ့ထိ ကားနှင့်အတော်မောင်းယူရသည်။ ခြံထဲတွင် ရှုနင်၏အဖိုး ရှုမိသားစု၏ဥက္ကဋ္ဌဟောင်းကြီးက ဥယျာဉ်မှူးဝတ်စုံ၊ နေရောင်ကာဦးထုပ်ကြီးဆောင်းကာ ဥယျာဉ်မှူး၂ဦးနှင့် ပန်းပင်များကို ကိုင်းညှပ်ခြင်း၊ ရေလောင်းခြင်းကို ကိုယ်တိုင်လုပ်ဆောင်နေသည်။ အငြိမ်းစားဥက္ကဋ္ဌအိုကြီးက သူ့ဘဝ၏နေဝင်ချိန်ကို ပန်းပင်များနှင့် အပင်များပြုစုယုယခြင်းဖြင့် အေးချမ်းစွာကုန်ဆုံးနေသည်။ ဒါကို အရင်ဘဝက ရှုနင်က သတိမပြုမိခဲ့ပေ။

ခြံဝင်းကြီးတစ်ခုလုံး ပန်းများပွင့်လန်းလျက် စိမ်းစိုသောသစ်ပင်များကို သေသပ်လှပစွာ ညှပ်ဖြတ်ကာ ပုံဖော်ထားသည်။ သစ်ရွက်ကြွေများ ပြောင်ရှင်းအောင်လှဲကာ ဥယျာဉ်တစ်ခုလုံး၊ ခြံဝင်းတစ်ခုလုံး ကြည့်လေရာ မျက်စိမလွှဲနိုင်အောင် အမြင်ကိုဆွဲဆောင်လျက်ရှိသည်။ ကားလေးက အိမ်ရှေ့အလှဆင်ရေပန်းရှိသည့် အိမ်တော်တံခါးဝမှာ ရပ်သွားပြီး ချင်ယွိကျိုးနှင့် ရှုနင်တို့ ဆင်းလာခဲ့သည်။ ချင်ယွိကျိုးက ဥယျာဉ်ထဲမှယောက်ခမကြီးကို ဦးညွတ်ဂါရဝပြုလိုက်ပေမယ့် အဖိုးအိုက လှည့်ပင်မကြည့်ပေ။ ဒါပေမယ့် သူ့ဘေးကဥယျာဉ်မှူး၂ဦးက အိမ်တော်သခင်မအသစ်ကို ဦးခေါင်းညိတ်ကာ ပြန်နှုတ်ဆက်လိုက်သည်။

ရေဖြန်းထားသောကြောင့် မြေပြင်က စိုစွတ်ကာ ဗွက်အိုင်တချို့ဖြစ်နေလို့ ရှုနင်က အသက်ပြင်းပြင်းရှူလိုက်တော့ ချင်ယွိကျိုး၏အမူအယာက မကျေနပ်ဟန်ပေါ်သွားသည်။

"မင်းကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပုံစံနေပါလို့ မမှာထားဘူးလား.."

"မဟုတ်ဘူး.. အမေ.. ဒီနားက ရေတွေရှိလို့ ဟိုဘက်ကနေ လာခဲ့ပါ.."

ချင်ယွိကျိုး၏အမူအယာက စိတ်ရှုပ်ပုံပေါ်သွားသည်။ သူမက နိမ့်ပါးသောမိသားစုက လာခဲ့ပြီး နောက်ခံမိသားစုမရှိပေ။ ဒါ့အပြင် ကလေးတစ်ယောက်လည်း မွေးဖွားခဲ့သေးသည်။ ဒါကြောင့် အိမ်ရှိအလုပ်သမားများက သူမကို အထင်သေးမှာ၊ သူမကိုနှိမ်ကာ မထီမဲ့မြင်ပြုမှာကိုစိုးရိမ်ကာ ခပ်တင်းတင်းနှင့် အိမ်တော်သခင်မအာဏာကို ဆုပ်ကိုင်ထားသည်။

မင်းတို့ ငါ့ကိုလာကစားချင်နေတယ် ဟုတ်လား..။ ငါ ချင်ယွိကျိုးကို ဘယ်သူထင်နေသလဲ..။

ဒါပေမယ့် ဒီဟာက မစ်ရှုမဟုတ်ရင် ဘယ်သူက သူမကို မျက်နှာသာပေးနေမလဲ။ ရှုချိန်ရှေ့မှာ ဒီဟာတွေမပြောမိဖို့ ချင်ယွိကျိုးက မြိုသိပ်ထားရသည်။ လူတကာအနိုင်ကျင့်လို့ရသည့် မိန်းမလို့ မမြင်စေရရုံသာမက သိက္ခာရှိသည့် ကတော်တစ်ယောက်လိုပုံရိပ်ကို သူမ ထိန်းထားဖို့လိုသည်။ ဒါမှ သူမ၏ နေ့စဉ်အိမ်တော်ကို စီမံသည့်ကိစ္စမှာ ပြဿနာမပေါ်မှာဖြစ်သည်။

သူမကို အိမ်တော်ထိန်းပဲထွက်ကြိုပြီး တခြားဘယ်သူမှ လာမကြိုသောကြောင့် ဒါက သူမကို အိမ်တော်သခင်မအဖြစ် အသိအမှတ်မပြုတာဟုတွေးပြီး ချင်ယွိကျိုး ဒေါသပုန်ထနေသည်။ ဒါပေမယ့် ဒေါသထွက်လေ သူမက တောက်ပစွာပြုံးကာ အိမ်တော်ထိန်းကို နှုတ်ဆက်လိုက်သည်။

"ကောင်းသောနေ့ပါ အိမ်တော်ထိန်းကြီး.."

"ကောင်းသောနေ့ပါ သခင်မ.."

"ဒီနေ့ အိမ်ကိုဝင်ဝင်ချင်း အိမ်ဖော်နှစ်ယောက်ကြောင့် ကျွန်မ စိတ်အနှောင့်အယှက် ဖြစ်ရတယ်.. ကြည့်လေ.."

ချင်ယွိကျိုးဝတ်ထားသည့် ဘောင်းဘီရှည်အဖြူမှာ ရွှံ့စက်တွေစင်နေတာ တွေ့ရသောကြောင့် အိမ်တော်ထိန်းက ခေါင်းတစ်ချက်ယမ်းကာ ပြောလိုက်သည်။

"ကျေးဇူးပြုပြီး သခင်မ အနားယူပါ.. ဒီကိစ္စကို ကျွန်တော်ဖြေရှင်းလိုက်ပါမယ်.. နောင် သူတို့ သခင်မကို အနှောင့်အယှက် ထပ်မဖြစ်စေရပါဘူး.."

"မလုပ်ပါနဲ့ အမေ.. ဒါ သူတို့အမှားမဟုတ်ပါဘူး.. သူတို့တာဝန်အရ ခြံကိုရေဖြန်းထားရုံပါ.. သားတို့ ဂရုမစိုက်မိလို့ အဝတ်မှာရွှံ့စင်သွားတာပါ.. ပြီးတော့ ဒီရွှံ့စက်တွေက လျှော်လိုက်ရင်လည်း ရပါတယ်.. သူတို့ကို အလုပ်မဖြုတ်သင့်ပါဘူး.."

ရှုနင်က ချင်ယွိကျိုး၏လက်ကိုဆွဲကာ ပြောလိုက်သည်။

ဒီဟာက ပြင်သစ်ကမှာထားတဲ့ ဒီဇိုင်နာအဝတ်တွေဟဲ့.. ကလေးစုတ်ရဲ့.. ဈေးထဲက ပေါပေါပဲပဲ ဝယ်လို့ရတဲ့ အဝတ်တွေမဟုတ်ဘူး..။

"သူတို့ကို အလျော်မပေးခိုင်းတာနဲ့တင် သူတို့က အမေ့ကို ကျေးဇူးတင်နေသင့်ပြီလေ.. ရှောင်နင်.. မင်းရဲ့ကြင်နာမှုက အလုပ်သမားတွေကို ပျင်းရိပြီး တာဝန်မဲ့စေလိမ့်မယ်.."

ရှုနင်က သဘောမတူဟန်ဖြင့် မျက်လွှာချကာ ခေါင်းငုံ့နေလိုက်သည်။ သူဘာမှ ထပ်မပြောလိုက်ပေမယ့် ရင်ထဲမှာ ပျော်နေသည်။ သူ့အမေက ဘာကြောင့် ဒီလောက်လှည့်စားရ လွယ်နေတာလဲ။ နည်းနည်းလေးတို့ပေးလိုက်တာနဲ့ ပါဝါအာဏာ တန်းပြတော့တာပဲ။ အမေ့ရဲ့စရိုက်ကို မသိမသာဖော်ရတာ ကောင်းလိုက်တာ။

ယခင်ဥယျာဉ်မှူးကြီးက ခါးနာလို့ အလုပ်ကထွက်သွားခဲ့သည်။ ဒါကြောင့် အလုပ်သမားဈေးကွက်မှ ကျွမ်းကျင်ဝန်ထမ်းသစ်၂ဦးကို ခန့်ထားပြီးစဖြစ်သည်။ သူတို့က အိမ်တော်ကလူတွေအကြောင်း ဘာမှမသိဘဲ အားနည်းသူကို အနိုင်ကျင့်၊ အားကြီးသူကို ကြောက်ရွံ့တတ်သူများဖြစ်သည်။ ဒါကြောင့် အိမ်တော်ထိန်း သူတို့ကိုခေါ်ဆူတော့ ဘာမှပြန်မပြောရဲကြပေ။

ချင်ယွိကျိုးက ပုံမှန်ဆိုလျှင် စိတ်တိုတတ်သူမဟုတ်ပေ။ ခုက သူမကြိုတွေးပြီး လုပ်ရမည့်ကိစ္စတွေများနေသောကြောင့် ရှုနင်ကိုခေါ်ပြီး ဧည့်ခန်းထဲဝင်ခဲ့သည်။
အိမ်တော်ထိန်းက သခင်မအသစ်၏ စိတ်နေစိတ်ထားကြောင့် ခေါင်းသာယမ်းလိုက်သည်။

"အဖိုး.. ဘယ်လိုလုပ်ကြမလဲ.."

"ဘာမှလုပ်စရာမလိုဘူး.. ရှုချိန်က သူမကိုလက်ထပ်ပြီး အိမ်ထဲခေါ်လာချင်မှတော့ ပြောလည်း စကားများရုံပဲ.. ငါတို့လည်း အတော်ပြောဆိုခဲ့ကြပြီးပြီပဲ.. အခု သူမ ကလေးမွေးပြီးချိန်ကို စောင့်ပြီးမှ စကားထပ်ပြောကြတာပေါ့.."

အလုပ်သမား၂ဦးက အိမ်တော်သခင်မက တင်းကျပ်လွန်းသည်ဟု ခံစားရပြီး ဒီမှာအလုပ်ဆက်မလုပ်ချင်တော့သဖြင့် လျော်ကြေးယူကာ ထွက်သွားကြတော့သည်။

ရှုမိသားစုက ဝံ့ဝံ့ကြွားကြွားမနေပေမယ့် ဧည့်ခန်းထဲက တန်ဆာဆင်ထားသမျှက တန်ဖိုးကြီးဇိမ်ခံပစ္စည်းများဖြစ်သည်။ ဧည့်ခန်းက ခမ်းနားကာ သူ့နေရာနှင့်သူ တင့်တယ်နေသည်။ အရင်ဘဝကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သော ဧည့်ခန်းကို တိတ်တဆိတ်လေ့လာရင်း ရှုနင် ထိုင်နေသည်။ ဒါပေမယ့် သူက ခုမှတောကလာခဲ့သည့်ကလေးလို စိတ်ဝင်တစား လိုက်ကြည့်ဟန်ဆောင်လိုက်သည်။ ချင်ယွိကျိုးက သူ့ပုံစံကို မကျေနပ်ပေမယ့် ဘာမှမပြောသာဘဲ ကြည့်နေရသည်။

"မင်း ရောက်လာပြီလား.."

ရှုချိန်က ချင်ယွိကျိုး၏လက်ဖဝါးကို ညင်သာစွာကိုင်ကာ မေးလိုက်သည်။

"အင်း.."

ချင်ယွိကျိုးက ရှုချိန်၏လက်ကို ပြန်ဖျစ်ညစ်ပြီး ပြုံးကာ ရှုနင်နှင့်မိတ်ဆက်ပေးလိုက်သည်။

"ဒါ.. ရှုနင်ပါ.."

ရှုနင်ကို ငယ်စဉ်ကတည်းက နာမည်ပေးရာတွင် 'ချင်' မျိုးရိုးနာမည်မတပ်ဘဲ 'ရှု' မျိုးရိုးနာမည်နှင့် အမည်ပေးခဲ့ကတည်းက သူမ၏ရည်ရွယ်ချက်က ထင်ရှားသည်။ ရှုချိန်က ရှုနင်အကြောင်းသိရတော့ ရွာထိလူလွှတ်ကာ စုံစမ်းစေသည့်အပြင် DNA စစ်ချက်ကိုပါ ယူခဲ့သည်။ ချင်ယွိကျိုး ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးချိန်က ကွက်တိဖြစ်သလို ဆေးစစ်ချက်အရလည်း သူ့ကလေးဆိုတာထင်ရှားလို့ ရှုနင်ကို ခေါ်ဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ကံကောင်းလို့ သူ့သားအရင်းကို ဆုံးရှုံးတော့မလို့။

"နင်နင်.. အဖေက မင်းအဖေ ရှုချိန်ပါ.. နောင်မှာ မင်း ဒီအိမ်မှာပဲ နေရမယ်.. မင်းမှာ အဖိုးနဲ့ အစ်ကိုတစ်ယောက်ရှိတယ်.. နောင်မှာ ညီလေးတစ်ယောက်လည်း ထပ်ရလာတော့မယ်.. မကောင်းဘူးလား.."

စူးရှထက်မြက်သော မျက်ဝန်းနှင့် ဂုဏ်သိက္ခာကြီးပုံရသည့် လူကြီးက နူးညံ့စွာပြုံးကာ ရှုနင်ကို မိတ်ဆက်စကားပြောခဲ့သည်။ အရင်ဘဝက သူက သူ့အစ်ကိုနှင့် အဆက်အသွယ်မရှိသလို အဖေဖြစ်သူကို စိတ်ပူစေခဲ့သည်။ ဒါကြောင့် အဖေက ဒီဘိုးဘွားပိုင်အိမ်ကြီးမှာ မနေသလောက်ဖြစ်ခဲ့သည်။

တကယ်တော့ အဖေက မြောက်ဝင်ရိုးစွန်းက ဆန်းကြယ်လှပသော အလင်းရောင်နှင့်တူသည်။ လှပသည်၊ မျှော်လင့်လို့ရသည်၊ သို့ပေမယ့် မပိုင်ဆိုင်နိုင်သော အရာဖြစ်သည်။ အရင်ဘဝက အဖေ၏ နူးညံ့သော၊ တောက်ပသောအပြုံးကို အစ်ကိုကြီးရှုဟိန်ကပဲ ပိုင်ဆိုင်ခဲ့သည်။ စီးပွားရေးအရ လက်ထပ်ခြင်းက ချစ်ခြင်းမေတ္တာကို မဖြစ်စေဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ သူ့အဖေက အစ်ကိုကြီးရှုဟိန်ကို ဒီလောက်အရိပ်တကြည့်ကြည့်ချစ်တာ ရှုဟိန်၏မိခင်ကို တကယ်မြတ်နိုးချစ်ခင်လို့များလား။ တခါတလေ ရှုနင်က သူက အဖေ့သားအရင်းမှ ဟုတ်ရဲ့လားလို့ တွေးမိသည်အထိ အစ်ကိုကြီးအပေါ်ထားသည့် အချစ်ကို မယှဉ်နိုင်ခဲ့ပေ။

အခုချိန်မှာတော့ အဖေ့မျက်ဝန်းထဲက ချစ်ခင်နွေးထွေးမှုကို မြင်ရတော့ ရှုနင်က စိတ်မထိန်းနိုင်တော့ဘဲ အဖေ့ရင်ခွင်ထဲတိုးဝင်ကာ ခါးကိုတင်းကျပ်စွာ ဖက်ထားလိုက်တော့သည်။ အရင်ဘဝနှင့်မတူဘဲ ခုတော့ သူ့အဖေ၏အပွေ့အဖက်ကို ရှုနင် သေချာမှတ်သားနေမိသည်။ ဒီအထိအတွေ့၊ ဒီခံစားချက်ကို သေသည်အထိ ရင်မှာသိမ်းဆည်းထားရမည်။ အရင်ဘဝက လုပ်ခဲ့ချင်သည့်စိတ်ကူးကို အကောင်အထည်ဖော်လိုက်ရလို့ ရှုနင် ကျေနပ်ပျော်ရွှင်သွားပြီး သူ့မျက်နှာကို အဖေ့ဗိုက်မှာအပ်ကာ ခါးကို ပိုတင်းအောင်ဖက်လိုက်သည်။

ရှုချိန်၏ကိုယ်က တောင့်ခဲသွားခဲ့သည်။ တစ်ခါမှမခံစားဖူးသည့် ခံစားချက်က တစ်ကိုယ်လုံးကို ပြန့်နှံ့ကာ နှလုံးသားတစ်ခုလုံး ပူနွေးလာသည်။ ဒါ.. ဒါ.. သူ့သားအရင်းဆီက ချစ်ခင်တွယ်တာမှုပဲဖြစ်သည်။ သူ့ဘဝမှာ ဒီလိုသားသမီးမြေးမြစ်၏ ချစ်ခင်မှုကို ဘယ်တော့မှ မရရှိခဲ့ဖူးပေ။ သူ့ဇနီးကို သူလေးစားမြတ်နိုးပေမယ့် ခုလိုလက်ပွန်းတတီး နေလေ့မရှိပေ။ သားကြီးရှုဟိန်ကို ကောင်းစွာပျိုးထောင်ခဲ့ပေမယ့် သားကြီး၏ပင်ကိုဗီဇက အေးစက်ကာ မာနကြီးလို့ သူ့နား ခုလိုပွတ်သီးပွတ်သပ် မနေခဲ့ပေ။

ခုတော့ သူ့သားငယ်လေးက တွေ့တွေ့ချင်း သူ့ဆန္ဒအရ ရင်ခွင်ထဲတိုးဝင်ကာ ချစ်ခင်စွာဖက်ထားတာကို ခံလိုက်ရသည့်ခံစားချက်က ရှုချိန်ကို အရမ်းကျေနပ်သွားစေသည်။ ဒါကြောင့် သူ့မျက်စိတွေနီလာသည်အထိ ရင်ထဲ ခံစားလိုက်ရသည်။

ရှုဟိန်က လှေကားမှဆင်းလာစဉ် ဒီမြင်ကွင်းကြောင့် ရပ်တန့်သွားပြီး သူ့မျက်ဝန်းထဲ လက်ခနဲဖြစ်သွားသည်။

ချင်ယွိကျိုးက စိတ်လှုပ်ရှားပျော်ရွှင်နေသည်။ မထင်မှတ်ဘဲ သူ့သားငတုံးက ရှုချိန်စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ခဲ့သည်။ သူမဗိုက်ထဲက သားလေးရှုယောင်က မွေးလာခဲ့ရင်တောင် ရှုဟိန်၏ပြိုင်ဖက် မဖြစ်နိုင်သေးပေ။ ဒါပေမယ့် ရှုနင်ကတော့ ရှုဟိန်ကို ကောင်းကောင်းရင်ဆိုင်ဖို့ မျှော်လင့်မိသည်။

လှေကားထိပ်ကနေ ရှုဟိန်က တစ်ချက်ကြည့်ရုံနှင့် ဒီမြင်ကွင်းက တကယ်ပဲ သူ့ကို ဆက်သွားဖို့ တွန့်ဆုတ်သွားစေသည်။ သူ အောက်ဆင်းသွားပြီး အလိုက်သင့်ဟန်ဆောင်ရမလား။ အပေါ်ပဲ ပြန်တက်သွားသင့်လား။ သူ့အဖေက တခြားကလေးတစ်ယောက်ကို ပွေ့ဖက်ထားတဲ့မြင်ကွင်းက သူ့ရင်ကို နာကျင်စေတယ်မဟုတ်လား။ ဒီကလေးရဲ့အမေဖြစ်သူက သူ့ကို တကယ်ပဲ စိတ်မသက်မသာဖြစ်စေသည်။ ဒါပေမယ့် ဒီအိမ်ထဲမှာ သူမကြိုးစားသမျှ အရာမထင်အောင်၊ သူမဖုံးကွယ်ထားသမျှ ခွာချဖို့ ရှုဟိန်ဆုံးဖြတ်ထားသည်။ ဒီမိန်းမက သူ့ကိုကြည့်လာတိုင်း သူ့ကိုယ်ပေါ်မှာ ရောဂါကပ်ဆိုးကြီးရှိသလို အမူအယာမျိုး လုပ်ပြလေ့ရှိသည်။

ထိုစဉ် အပေါ်ထပ်မှ သက်တောင့်သက်သာရှိသည့် ပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ထားသည့် လူအိုတစ်ဦး ဆင်းလာခဲ့သည်။ ရှုဟိန်က အဖိုးအိုကို တွဲပေးလိုက်သည်။

"မင်း ဘာကြောင့် အောက်ကိုမဆင်းတာလဲ.."

"အဖေ့ကို အနှောင့်အယှက် မပေးချင်လို့ပါ အဖိုး.."

"လိမ္မာတဲ့ကလေးပဲ.."

ရှုကောင်းသည် နှလုံးရောဂါရှိသောကြောင့် အိမ်အပေါ်ထပ်ကို ဓာတ်လှေကားဖြင့်တက်ကာ ခြေလက်ဆေး၊အဝတ်အစားလဲကာ ရိုးရိုးလှေကားမှ ပြန်ဆင်းလာခြင်းဖြစ်သည်။ အဖိုးအို၏အမူအယာက တည်ငြိမ်ကာ ဆံပင်များလည်း ဖွေးဖွေးဖြူနေပြီဆိုပေမယ့် နက်ရှိုင်းသောအကြည့်နှင့် စိုက်ကြည့်ခံရသူတိုင်း ဖိအားကိုခံစားရအောင် အရှိန်အဝါကြီးကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ချင်ယွိကျိုးက ရှုချိန်ကို လက်နှင့်အသာတို့ကာ အဖိုးနှင့် သားအကြီးဆုံးရောက်လာကြောင်း သတိပေးလိုက်သည်။ မွေးစားသားတစ်ယောက်ကို လူမြင်ကွင်းမှာ ခုလိုတရင်းတနှီးဖက်နေတာက ထူးဆန်းသောကြောင့် သတိပေးလိုက်ခြင်းဖြစ်သည်။

ရှုချိန်နှင့်ရှုနင်က မခွဲချင်ပေမယ့် ရေရှည်အတွက် လူချင်းခွာလိုက်ရသည်။ နွေးထွေးသည့်အရိပ်အငွေ့လေးလည်း ပျောက်သွားခဲ့ရသည်။

"အဖေ.. ရှောင်ဟိန်.. ဒါက ရှုနင်ပါ.. ကျွန်မရဲ့ မွေးစားကလေးပါ.. ခုကစပြီး မိသားစုဖြစ်လာတော့မယ့်သူပါရှင်.."

ချင်ယွိကျိုးက နူးညံ့စွာဖြင့် နှုတ်ဆက်ကာ မိတ်ဆက်ပေးလိုက်သည်။

ရှုကောင်းသည် ရှုနင် ဘယ်သူဘယ်ဝါဆိုတာ သိထားပြီးဖြစ်သည်။ ဒီကလေး၏ စိတ်နေစိတ်ထားကိုမသိပေမယ့် ကားပေါ်ကဆင်းစဉ် အလုပ်သမားတွေဘက်က ပြောဆိုပေးသည့်စကားအရ ဒီကလေးက ကြင်နာတတ်သည့်နှလုံးသားလေးရှိတာ သိလိုက်သည်။ အလိုလောဘကြီးသည့်မိခင်၏ ပျိုးထောင်မှုအောက်မှာ ဒီကလေး ဘယ်လောက်များ ခက်ခဲလိုက်မလဲ။ ပြီးတော့ သူ့မြေးအရင်းက အပြင်လောကမှာ ဆင်းဆင်းရဲရဲကြီးပြင်းလာရတာကို တွေးမိပြီး ရှုကောင်း၏ရင်ထဲ တင်းကျပ်လာခဲ့သည်။ ဒါကြောင့် ဒီကလေးကိုပြန်ခေါ်ဖို့ သူ သဘောတူခဲ့ခြင်းဖြစ်သည်။

"ဘာမွေးစားသားလဲ.. တကယ်လို့ မင်းက ငါတို့ရှုအိမ်တံခါးကို ကျော်ဝင်လာရင် ငါတို့မိသားစုပဲပေါ့.. မနက်ဖြန် သူ့ကို အိမ်ထောင်စုဇယားထဲ တစ်ခါတည်းထည့်လိုက်တော့.."

ရှုချိန်က ဒီစကားကိုကြားသော် တောင့်ခနဲဖြစ်သွားပြီး သားကြီးရှုဟိန် မကျေမနပ်ဖြစ်သွားမလားဆိုပြီး ဖျတ်ခနဲကြည့်လိုက်သည်။

ရှုဟိန်၏မျက်နှာက တည်ငြိမ်လို့နေသည်။ သူက ဒီအိမ်ရဲ့ သားအရင်းမှမဟုတ်ဘဲ။ သားအရင်းရောက်လာတော့ နည်းနည်းစိုးထိတ်ပေမယ့် အဖေက သူစိတ်ကွက်မှာစိုးလို့ သားအရင်းကို မွေးစားသားအဖြစ် အိမ်ထဲခေါ်သွင်းလာတယ်ဆိုတာက သူ့ကိုအလေးထားသည်ကို ပြသပြီးဖြစ်သည်။ ဒီအချက်က သူ့ကို ကျေနပ်နှစ်သိမ့်စေပြီး သူက မသိဟန်ဆောင်ကာ ပြောလိုက်သည်။

"ဒီလိုပဲဖြစ်သင့်ပါတယ်.."

ရှုဟိန်၏ပုခုံးကို ဖခင်ရှုချိန်က ကျေနပ်စွာပုတ်ကာ ပြောလိုက်သည်။

"အဖေ့သားကြီးလည်း ရင့်ကျက်ပြီး တည်ငြိမ်လာပြီပဲ.. မနက်ဖြန်ကစပြီး ဒီတစ်နွေလုံး company ကိုလာပြီး အဖေ့ဆီက လုပ်ငန်းအုပ်ချုပ်တာ လာသင်ပါလား သား.."

ရှုချိန်က အမိန့်ပေးတာမဟုတ်ဘဲ သားဖြစ်သူ၏သဘောထားကို တောင်းခံနေပြီး သူ့လေသံက နူးညံ့လှသည်။

ဒီစကားကိုကြားတော့ ချင်ယွိကျိုး၏ရင်ထဲ တင်းကျပ်သွားပြီး စိတ်ထဲကနေ 'သောက်ကလေး.. သူ့ကို company မှာ သင်ခွင့်ပေးလိုက်တော့မှာလား.. အသုံးမကျတဲ့အမှိုက်.. ငါ နင့်ကို ဘယ်လိုပညာပြမယ်ဆိုတာ စောင့်ကြည့်နေလိုက်' ဟု ပြောလိုက်သည်။

ရှုနင်က ရှုဟိန်ကို တောက်ပစွာပြုံးကြည့်ကာ နှုတ်ဆက်လိုက်သည်။

"ကျွန်တော် အစ်ကိုကြီးကိုမှတ်မိတယ်.. အစ်ကိုကြီး.."

ရှုဟိန်က နှုတ်ခမ်းကိုတွန့်ကွေးပြုံးကာ ပြန်ဖြေလိုက်သည်။

"မင်း တော်တယ်.."

"အစ်ကိုကြီးလည်း တော်တယ်.."

ကြည့်ရတာ ပျော်စရာကောင်းသည့် မိသားစုလေးနှင့်တူသောကြောင့် ချင်ယွိကျိုးက ဒေါသထွက်လို့ သေမလိုဖြစ်နေသည်။

ဒီအိမ်တော်ကြီးက လေးထပ်ဆောက်ထားပြီး အဖိုးရှုကောင်းက အေးချမ်းတိတ်ဆိတ်တာ သဘောကျလို့ စတုတ္ထထပ်မှာနေသည်။ တတိယထပ်တွင် ရှုချိန်ကနေပြီး Master အိပ်ခန်းကျယ်၊ ဟောခန်း၊ ဧည့်ခန်း၊ အလုပ်ရုံးခန်းတို့ရှိပြီး ချင်ယွိကျိုးက အိပ်ခန်းကလွဲပြီး ထိုအထပ်မှာ ဘယ်မှသွားခွင့်မရှိပေ။ ဒါက သူမကို ပါးဖြတ်ရိုက်ခံရသလိုပင်။ ဒါက ရှုဟိန်ကျေနပ်စေဖို့နဲ့ ယခင်ဇနီးကြီးကို လေးစားသောကြောင့် သူမ၏ဂုဏ်သိက္ခာကို ချနင်းလိုက်တာပဲမဟုတ်လား။

မယားကြီးဆိုသည့် အမျိုးသမီး.. ရှင်က သေသွားပြီးတာတောင် ကျွန်မကို ဒီလောက်နှိပ်စက်နိုင်သေးတယ်နော်.. ရှင့်ကို မုန်းလိုက်တာ..

ဒုတိယထပ်မှာ ရှုဟိန်နေပြီး ဘေးကကပ်လျက်အိပ်ခန်းလေးက ရှုနင်၏အခန်းဖြစ်သည်။ သူ့မှာ စာကြည့်ခန်းလေးပင် မရရှိပေ။ တကယ်တော့လည်း အခန်းက မကျဉ်းပေ။ လူတွေရဲ့ အလိုလောဘက အတောမသတ်လို့သာ ရသမျှကို မရောင့်ရဲနိုင်ခြင်းဖြစ်သည်။

ညစာစားကြတော့ ထိပ်ကခုံမှာ ရှုချိန်ထိုင်ပြီး ဘယ်ဘက်ခုံမှာ ရှုကောင်းနှင့် ချင်ယွိကျိုးထိုင်ပြီး ညာဘက်ခုံမှာ ရှုဟိန်နှင့် ရှုနင်တို့ ထိုင်ကြသည်။ ရှုနင်က ရှုဟိန်နားကို ပိုနီးနီးကပ်ကပ်နေချင်ပေမယ့် ခုက အချိန်ကောင်းမဟုတ်သေးပေ။ ညဆိုရင်တော့ အခွင့်အရေး ရတန်ကောင်းပါရဲ့။

ညနက်တော့ အိမ်အပြင်မှာ ကောင်းကင်တစ်ခုလုံး မည်းမှောင်လို့လာစဉ် ရှုနင်က သူ့ခေါင်းအုံးလေးကို လက်ကပွေ့ကာ ရှုဟိန်၏အိပ်ခန်းတံခါးကို အသာအယာခေါက်လိုက်သည်။

======================




ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now