Chapter (45) - နင္နင့္ကို ငါ့လက္ထဲကေန ဘယ္သူမွ ယူမသြားရဘူး..

21.7K 3.4K 49
                                    

Chapter (45) – နင္နင့္ကို ငါ့လက္ထဲကေန ဘယ္သူမွ ယူမသြားရဘူး..

"အိုး.."

႐ႈဟိန္က ႐ႈနင္ကိုလွမ္းၾကည့္လိုက္ေပမယ့္ ကားထဲမွာ ေမွာင္ေနေသာေၾကာင့္ ကေလးေလး၏အမူအယာကို ေသခ်ာမေတြ႕လိုက္ရေပ။

"အထူးသျဖင့္ ဟိုေမာင္ႏွမက အစ္ကိုႀကီးရဲ့ဆိုဖာေဘးမွာ ေျခေထာက္က အျမစ္ေပါက္ေနသလို တစ္ခ်ိန္လံုးရပ္ေနၾကတယ္.. သူတို႔က အစ္ကိုႀကီးကိုငံု႔ၾကည့္ေနတဲ့ မ်က္ႏွာအမူအယာကို ကၽြန္ေတာ္မုန္းတယ္.. သူတို႔ပံုစံက.. ဟိုဟာနဲ႔တူတယ္.."

"ဘာနဲ႔တူတာလဲ.."

"အင္း.. သူ႔မ်က္ႏွာက ဆာေလာင္ေနသလိုပဲ.."

႐ႈနင္က အစ္ကိုႀကီးကို ဒီေမာင္ႏွမက စိတ္မခ်ရဘူးဆိုတာကို သတိေပးခ်င္တာျဖစ္သည္။

"........."

႐ႈဟိန္က ႐ႈနင္၏စကားေၾကာင့္ ဘာေျပာရမွန္းမသိေတာ့ေပ။

"ကၽြန္ေတာ္က သူတို႔ကို သေဘာမက်ဘူး.. ဟိုေကာင္မေလးလည္း အတူတူပဲ.. သူမရဲ့သူငယ္ခ်င္းေတြ လာေခၚတာေတာင္ မသြားဘဲ အနားမွာကပ္ေနၿပီး ကၽြန္ေတာ္ကို စပ္စုေနတာ.. အေရမရ အဖတ္မရ ေလွ်ာက္ေျပာေနၿပီး ကၽြန္ေတာ့္ကို တိရိစာၦန္ဥယ်ာဥ္ထဲက ပန္ဒါဝက္ဝံလိုလို တစ္ခ်ိန္လံုးၾကည့္ေနတာ.."

"မင္းက ဘယ္လိုမိန္းကေလးမ်ိဳးကို သေဘာက်တာလဲ.."

"အက်င့္ေကာင္းၿပီး ဂ႐ုစိုက္တတ္တဲ့သူ၊ ပြင့္လင္းတဲ့သူမ်ိဳးကို သေဘာက်တယ္.."

"........."

ပြင့္လင္းတတ္တဲ့မိန္းကေလးက ဟိုမိုေတြကို ပိုလက္ခံႏိုင္ေသာေၾကာင့္ ႐ႈနင္က သေဘာက်သည္ဟုေျပာလိုက္ေပမယ့္ ဒီစကားကိုၾကားေတာ့ ႐ႈဟိန္၏မ်က္ဝန္းထဲ အေမွာင္ရိပ္တို႔ ျဖတ္သန္းသြားသည္ကို သတိမထားလိုက္မိေပ။

႐ႈဟိန္က စိတ္မၾကည္ေတာ့သျဖင့္ သူ႔ကိုယ္က ေအးစက္စက္အရွိန္အဝါတို႔ လႊင့္လာေတာ့သည္။ ႐ႈနင္ စကားရပ္လိုက္ခ်ိန္ ဘာေၾကာင့္မွန္းမသိ အစ္ကိုႀကီးပံုက မေပ်ာ္ရႊင္သလိုျဖစ္ေနတာ ေတြ႕လိုက္ရသည္။

သူဘာေၾကာင္ စိတ္ဆိုးေနတာလဲ.. ငါဘာမွ မေျပာလိုက္မိပါဘူး..

ဘိုးဘြားပိုင္အိမ္ႀကီးဆီကိုေရာက္ေတာ့ ႐ႈဟိန္က ႐ႈနင္ကို မင္းသမီးေလးလိုေပြ႕ခ်ီကာ ကားေပၚကဆင္းလာၿပီး အိမ္ထဲဝင္လာခဲ့သည္။ ကိုယ္ရံေတာ္က ဘီးတပ္ကုလားထိုင္ကို ကားထဲကအျမန္ခ်ကာ တြန္းကာ လိုက္လာခဲ့သည္။

"အစ္ကိုႀကီး.. ကၽြန္ေတာ့္ကို ခ်ေပးပါေတာ့.. ကၽြန္ေတာ္ ပင္ပန္းေနၿပီ.."

႐ႈဟိန္က ႐ႈနင္ကို ဘီးတပ္ကုလားထိုင္ေပၚ ခ်ေပးကာ လွည့္ၿပီး အိမ္ထဲကိုဝင္သြားေတာ့သည္။

ကိုယ္ရံေတာ္တစ္ေယာက္ တြန္းေပးေသာ ဘီးတပ္ကုလားထိုင္ေပၚ ထိုင္လိုက္လာရင္း ႐ႈနင္း စိတ္႐ႈပ္ေနသလို အံ့အားသင့္ေနသည္။ အစ္ကိုႀကီးက ဘာေၾကာင့္ ငါ့ကို ခုလိုပစ္ထားခဲ့တာလဲ၊ ငါ စကားမ်ားလြန္းလို႔ စိတ္ဆိုးသြားတာလား။ ႐ႈနင္က ကားထဲမွာ သူေျပာခဲ့မိတာကို ျပန္စဥ္းစားေနမိသည္။ ဘယ္အခ်က္က စကားမွားသြားမွန္း သူလံုးဝမသိေပ။ ဒါဆို ငါတို႔ ဒီေန႔ပြဲတက္ဖို႔ အဝတ္အစားဝတ္တဲ့ ကိစၥေၾကာင့္မ်ား စိတ္ဆိုးေနတာလား။ သူယူလာတဲ့ပြဲတက္ဝတ္စံုကို ငါက မဝတ္ခ်င္လို႔ သူတိုက္တြန္းေနခဲ့ရတယ္။ ဒီကိစၥကို စိတ္ဆိုးသြားတာလား။ ဒါေလးေၾကာင့္ သူက စိတ္ဆိုးရတာလား။ ဘယ္ေလာက္ထူးဆန္းလိုက္လဲ။ ဒါေပမယ့္ သူက ႐ႈဟိန္ပဲေလ.. ဘယ္ကိစၥေလးမဆို သူမႀကိဳက္ရင္ စိတ္ဆိုးပိုင္ခြင့္ရွိတာကိုး...

႐ႈနင္က ဆံပင္ျဖဴေအာင္စဥ္းစားေပမယ့္ အေျဖမွန္ကိုမရေပ။ ႐ႈနင္က ကိုယ္ရံေတာ္ကို အစ္ကိုႀကီး၏အိပ္ခန္းထဲ တစ္ခါတည္းပုိ႔ခိုင္းေပမယ့္ အခန္းထဲမွာ အစ္ကိုႀကီးမရွိေပ။ သူ.. ဘယ္သြားေနတာလဲ..။ အခုက ေရခ်ိဳးရမယ့္အခ်ိန္လည္း မဟုတ္ပါဘူး.. စာဖတ္ခန္းထဲမွာလား..။ သူ ငါ့ကို မျမင္ခ်င္လို႔ ေရွာင္ေနတာလား။ ႐ႈနင္က သက္ျပင္းေလးေလးႀကီးခ်ကာ အစ္ကိုႀကီးျပန္လာမွာကို ရင္တထိတ္ထိတ္ ေစာင့္ေနမိသည္။

ဒီေန႔က အရမ္းပင္ပန္းေနလို႔ သူ႔အခန္းျပန္အိပ္လိုက္ရင္ ေနာက္တစ္ေန႔ အစ္ကိုႀကီးအခန္းထဲ ဝင္ခြင့္မရမွာစိုးလို႔ ႐ႈနင္က မျပန္ဝံ့ေပ။ ႐ႈနင္က အရမ္းပင္ပန္းေနလို႔ ေရခ်ိဳးခ်င္ေနၿပီး အစ္ကိုႀကီးက ခါတိုင္းလို သူ႔ကိုဂ႐ုမစိုက္ေပးသျဖင့္ စိတ္ညစ္ေနသည္။ အေစခံတစ္ေယာက္ကို ေခၚလို႔ရေပမယ့္ သူက ဟိုမိုတစ္ေယာက္ျဖစ္လို႔ ေတြ႕ရာလူကို ကူညီခိုင္းလို႔မျဖစ္ေပ။

႐ႈနင္က ပါးစပ္ကို လက္ဝါးႏွင့္အသာေလးအုပ္ကာ သမ္းလိုက္မိသည္။ သူက ေျခတစ္လွမ္းနင္းကာ ေလွ်ာက္ၾကည့္ေပမယ့္ ေျခက်င္းဝတ္က နာေနသျဖင့္ လက္ေလွ်ာ့လိုက္သည္။ ႐ႈနင္က ဆိုဖာေပၚလဲေလ်ာင္းလိုက္သည္။ ေဘးမွာ အိမ္အလုပ္သမားတစ္ဦးက အေဖာ္လုပ္ေပးေနေပမယ့္ ႐ႈနင္ အထီးက်န္ေနသလို ခံစားလိုက္ရသည္။

ထိုအမႈထမ္းအမ်ိဳးသားက ႐ႈနင္ကို ဂ႐ုစိုက္ေပးဖို႔ တာဝန္ေပးထားျခင္းခံရသူျဖစ္သည္။ မစၥ႐ႈက သူ႔ကို ညႊန္ၾကားခ်က္အမ်ားႀကီးေပးထားေပမယ့္ ဒုတိယသခင္ေလးနားကို ကပ္ခြင့္မရခဲ့ေပ။ အခုမွ ဒုတိယသခင္ေလးနားကို ကပ္ခြင့္ရေတာ့သည္။ ဒုတိယသခင္ေလး စိတ္ေက်နပ္ေအာင္ ျပဳစုေပးၿပီး သူ႔ဘဝကို အထက္တက္ဖို႔ ႀကိဳးစားၾကည့္ခ်င္ေနသည္။

"ဒုတိယသခင္ေလး.. တကယ္လို႔ သခင္ေလးအိပ္မေပ်ာ္ရင္ ကၽြန္ေတာ္ သီခ်င္းဆိုျပပါရေစ.."

"အင္း..."

သီခ်င္းေအးေအးတစ္ပုဒ္ကို ထိုလူက ဆိုျပေတာ့ ႐ႈနင္က မ်က္လံုးစင္းကာ အိပ္ေမာက်သြားေတာ့သည္။

ထိုအမ်ိဳးသားအိမ္အမႈထမ္း  က်ဴးရွင္းက ဒုတိယသခင္ေလး အိပ္ေပ်ာ္သြားေတာ့ ႏႈတ္ခမ္းတြန္႔ကာၿပံဳးလိုက္သည္။ မစၥ ႐ႈက ဒါကိုေတြ႕ရင္ ဘယ္ေလာက္အံ့ၾသသြားမလဲ။ ႐ႈမိသားစုက အဆီတရႊဲရႊဲႏွင့္ အရသာရွိစရာ အသားတြဲႀကီးႏွင့္တူၿပီး ဒီသခင္ေလးကိုသံုးၿပီး သူ႔အတြက္ အက်ိဳးရွိေအာင္လုပ္ရခ်ည္ေသးရဲ့လို႔ေတြးကာ ေက်နပ္ေနသည္။

႐ႈဟိန္က အခန္းထဲမွာ ပြဲတက္အဝတ္အစားႏွင့္ သားေရဖိနပ္ကိုမလဲေသးဘဲ စက္ဝိုင္းလို လွည့္ပတ္လမ္းေလွ်ာက္ကာ အေတြးထဲမွာနစ္ေနသည္။ သူ႔ရင္ထဲမွာ မေမွ်ာ္လင့္ဘဲ မီးေတာက္ေလာင္လို႔ေနသည္။ သူ႔ညီေလးက သူသေဘာက်သည့္ မိန္းကေလးပံုစံကို ေျပာျပလိုက္ကတည္းက ႐ႈဟိန္မွာ ေဆာက္တည္ရာမဲ့ ခံစားေနရသည္။

ငါ ဘာလုပ္သင့္သလဲ..

သူက ဒီေကာင္ေလးကို ပိုပိုစိတ္ဝင္စားလာၿပီး ဘယ္သူနဲ႔မွ မထိေတြ႕မိေအာင္ ေရႊၾကဳတ္ေလးထဲ ထည့္သိမ္းထားခ်င္ေတာ့သည္။ သူ႔ညီေလးပါးစပ္က မိန္းကေလးဆိုတာ ေျပာထြက္လာေတာ့ ႐ႈဟိန္ အရမ္းကို စိတ္အေႏွာင့္အယွက္ျဖစ္သြားသည္။ ဘာေၾကာင့္ ဒီလိုခံစားေနရတာလဲ။ ႐ႈမိသားစုႀကီး၏ ဆက္ခံသူအေနနဲ႔ ႐ႈနင္က ေတာ္ထက္ေသာအမ်ိဳးသမီးတစ္ေယာက္ႏွင့္ ေတြ႕ဆံုႏိုင္သည္။ တကယ္လုိ႔ ႐ႈနင္မလုပ္ႏိုင္ဘူးဆိုရင္ သူဘယ္ေလာက္ ကူညီေပးသင့္သလဲ။

သူႀကီးျပင္းလာရင္ ငါက သူ႔ထက္ပိုေတာ္ေနတဲ့အတြက္ ငါ့ကို သူ မုန္းသြားႏိုင္မလား။ ငါ သူ႔ကို ေဝဖန္တဲ့အတြက္ သူ ငါ့ကို မုန္းသြားမလား။ ငါ့အေပၚ သံသယေတြ ဝင္ႏိုင္လား။ လူတိုင္းက ႐ႈနင္ကုိ ဝိုင္းၾကည့္ေနၾကေပမယ့္ ႐ႈနင္က ႐ႈက်ီရႊမ္းတို႔ေမာင္ႏွမကိုပဲ သတိထားမိေနတယ္။

ငါ မေပ်ာ္ဘူး.. တကယ့္ကို မေပ်ာ္မရႊင္ျဖစ္ေနမိတယ္.. ( ̄へ ̄)

႐ႈဟိန္က တစ္နာရီေလာက္ ေသာကေရာက္ၿပီးေနာက္ သူ႔အိပ္ခန္းကိုဝင္သြားေတာ့ ႐ႈနင္က ဆိုဖာေပၚမွာအိပ္ေပ်ာ္ေနတာ ေတြ႕လိုက္ရသည္။ ငါ့ညီေလးကို ေရခ်ိဳးေပးဖို႔ ေမ့ေနခဲ့တယ္..။ ထိုစဥ္ ၾကမ္းေပၚမွာ အိမ္အမႈထမ္းတစ္ဦး ထိုင္ေစာင့္ေနတာကို ႐ႈဟိန္ သတိထားလိုက္မိသည္။

ထိုသူက ႐ႈဟိန္ကို ခ်က္ခ်င္းအ႐ိုအေသေပးကာ ေျပာလိုက္သည္။

"ခြင့္ျပဳပါ သခင္ေလးခင္ဗ်ာ.."

"က်ဴးရွင္း.. မင္း ငါ့စည္းမ်ဥ္းကို သိသင့္တယ္.."

"ကၽြန္ေတာ္ သိပါတယ္ခင္ဗ်ာ.. ဒုတိယသခင္ေလးက ေၾကာက္ေနလို႔ ကၽြန္ေတာ္ သူ႔ကို အေဖာ္ျပဳေပးတာပါ.."

"ထြက္သြား.."

"ဟုတ္.. ဟုတ္ကဲ့.."

မင္းက ဘာမာန္တက္ေနတာလဲ..။ ဒီအိမ္ေတာ္သခင္မရဲ့မ်ိဳး႐ိုးက ခ်င္ကြ.. ငါက သခင္မခ်င္ယြိက်ိဳးရဲ့ တပည့္ပဲ.. ငါ့သခင္မက မင္းကို ဒီအိမ္ေတာ္ကေန မၾကာခင္ ကန္ထုတ္ေတာ့မွာ။ အဲ့ဒီအခါ မင္း ခုလို မာနႀကီးႏိုင္ဦးမလား ၾကည့္ရေသးတာေပါ့..။

က်ဴးရွင္းက တိတ္တဆိတ္ေရရြတ္ကာ မစၥ႐ႈကိုသတင္းပို႔ရန္ ဖုန္းကိုေကာက္ကိုင္လိုက္သည္ႏွင့္ သူ႔ေခါင္းေနာက္က စူးရွနာက်င္သည့္ေဝဒနာကို ခံစားလိုက္ရၿပီး သတိလစ္သြားေတာ့သည္။

႐ႈဟိန္က ဆိုဖာထက္တြင္ အိပ္ေပ်ာ္ေနေသာ ႐ႈနင္ကို ေငးစိုက္ၾကည့္ေနမိသည္။ သူ တစ္နာရီေလာက္လစ္ဟာသြားသည္ႏွင့္ ဒီကေလးကိုေရာင္းစားဖို႔ မေကာင္းသည့္ေကာင္တစ္ေကာင္က ခ်က္ခ်င္းကို ကပ္လာေတာ့သည္။ က်ဴးရွင္းက ခ်င္ယြိက်ိဳးက သူ႔လႈပ္ရွားမႈကို ေထာက္လွမ္းဖို႔ တမင္ေစလႊတ္ထားေသာ လူမွန္းသိေပမယ့္ ႐ႈဟိန္က သူ၏အေရးႀကီးစာရြက္စာတမ္းမ်ားကို မထိေတြ႕ေစဘဲ အသာေလးလႊတ္ထားျခင္းျဖစ္သည္။ က်ဴးရွင္းက ေလာဘႀကီးကာ မေကာင္းသည့္အက်င့္ဆိုးမ်ားရွိကာ ျပစ္မႈမ်ားစြာလုပ္ခဲ့သူျဖစ္သည္။ ခ်င္ယြိက်ိဳးက သူ႔ကိုကယ္တင္ကာ သူလွ်ိဳလုပ္ဖို႔ ေမြးျမဴထားျခင္းျဖစ္သည္။ ယခု က်ဴးရွင္းက မဝင္သင့္သည့္ေနရာကို ဝင္လာၿပီး မျမင္သင့္သည့္အရာကို ျမင္သြားေတာ့ ဒီအတိုင္းလႊတ္ထားလို႔ မရေတာ့ေပ။ ဒါေၾကာင့္ က်ဴးရွင္းကို တစ္ခါတည္းရွင္းပစ္ဖို႔ အမိန္႔ေပးလိုက္ျခင္းျဖစ္သည္။

႐ႈဟိန္သည္ ဆိုဖာေဘးမွာ သက္ေတာင့္သက္သာရပ္ေနေပမယ့္ သူ႔ႏွလံုးသားက ေအးစက္လို႔ေနသည္။ သူက အဝတ္ကိုခၽြတ္ကာ ေရခ်ိဳးခန္းထဲ ေရေႏြးႏွင့္ေရေအးကို သြားစပ္လိုက္သည္။ ၿပီးေတာ့ ဆိုဖာေပၚအိပ္ေပ်ာ္ေနေသာ ေကာင္ငယ္ေလးကိုေပြ႕ခ်ီလိုက္သည္။ ႐ႈနင္က အိပ္ခ်င္မူးတူးႏွင့္ မ်က္လံုးကို မဖြင့္ခ်င္ေပမယ့္ ရင္းႏွီးကၽြမ္းဝင္ေသာရနံ႔ေၾကာင့္ ႏိုးလာသည္။

"အစ္ကိုႀကီး ျပန္လာၿပီလား.."

႐ႈဟိန္က ႐ႈနင္ကိုေပြ႕ခ်ီကာ ေရခ်ိဳးခန္းဘက္ေလွ်ာက္လာေတာ့ ႐ႈနင္က အလန္႔တၾကား ေမးလိုက္သည္။

"အစ္ကိုႀကီး.. ဘာလုပ္မလို႔လဲ.."

"ေရမခ်ိဳးဘဲ အိပ္ေနတယ္ေပါ့.. မင္းေတာ့ အ႐ိုက္ခံဖို႔ လိုေနၿပီထင္တယ္.."

ဘာ.. (o(╯□╰)o)

အိပ္ခ်င္ေနေသာ ႐ႈနင္က ဘာမွမေျပာေတာ့ဘဲ ေအးေအးခ်မ္းခ်မ္း မ်က္လံုးကို ျပန္မွိတ္ထားလိုက္ေတာ့သည္။

႐ႈဟိန္က ႐ႈနင္ကိုေပြ႕ကာ ေရကန္ထဲကိုဝင္ထိုင္ၿပီး ေသခ်ာဂ႐ုတစိုက္ ေပြ႕ပိုက္ထားကာ ေရေႏြးေလးျဖင့္ ကိုယ္ကို ညင္သာစြာပြတ္သပ္ေပးေနသည္။ သူက ႐ႈနင္ကို ၾကင္နာစြာ၊ ႏူးညံ့စြာ ဂ႐ုတစိုက္ေရခ်ိဳးေပးရင္း စိတ္မထိန္းႏိုင္ေတာ့ဘဲ ႐ႈနင္၏လည္တိုင္ေလးကို မ်က္ႏွာျဖင့္ ပြတ္သပ္လိုက္မိေတာ့သည္။

"အစ္ကိုႀကီး..(~~)"

အရမ္း.. အရမ္းကို ခ်စ္ဖို႔ေကာင္းတာပဲ..

႐ႈနင္က ႐ႈဟိန္၏ေမးေစ့ကို အနမ္းတစ္ပြင့္ ေျခြလိုက္ေသာေၾကာင့္ ႐ႈဟိန္ မ်က္ခံုးပင့္သြားမိသည္။ ဒီကေလးက အရမ္းကိုႏူးညံ့ၿပီး အရမ္းကို နာခံလြယ္တာပဲ..။

ဒီလိုေရခ်ိဳးေပးတာက အရမ္းကိုသက္ေတာင့္သက္သာရွိလြန္းတာေၾကာင့္ ႐ႈနင္က စိတ္ခ်လက္ခ် အိပ္ေမာက်သြားေတာ့သည္။ ႐ႈဟိန္က ႐ႈနင္အိပ္ေပ်ာ္သြားတာသိေတာ့ ခပ္သြက္သြက္ေရခ်ိဳးေပးၿပီး အိပ္ခန္းထဲ သယ္လာခဲ့သည္။ ၿပီးေတာ့ အေမႊးပြတဘက္ႏွင့္ ပန္းေရာင္သမ္းေနေသာ အသားအေရေလးကို ညင္သာစြာသုတ္ေပးကာ ေစာင္ေအာက္ကိုထိုးထည့္ထားလိုက္သည္။ ဒီေန႔ေတာ့ ႐ႈနင္ကို သူ ေခါင္းမေလွ်ာ္ေပးေတာ့ေပ။ ႐ႈနင္ကို ေစာင္ၿခံဳေပးထားၿပီး ႐ႈဟိန္က မိုးေကာင္းကင္ကို ေမွ်ာ္ၾကည့္ေနေသာ ေအာက္မွအငယ္ေကာင္ကို ၿငိမ္သြားေအာင္ ေရေအးျဖင့္ေလာင္းခ်ိဳးလိုက္ရေတာ့သည္။ သူအိပ္ခန္းထဲျပန္ေရာက္လာေတာ့ ႐ႈနင္က ေစာင္ကိုကန္ထားသျဖင့္ တစ္ကိုယ္လံုး ဗလာဟင္းလင္း ေပၚလို႔ေနသည္။

ဘယ္ေလာက္ေတာင္ ႐ူးသြပ္ခ်င္စရာ ျမင္ကြင္းလဲ.. (→_→)

ငါသာလက္ေလွ်ာ့လိုက္ရင္ တျခားလူက သူ႔ကို ဝါးၿမိဳသြားမွာေသခ်ာတယ္။ ႐ႈဟိန္အတြက္ ႐ႈမိသားစုက ေသးငယ္တယ္ဆုိေပမယ့္ ႐ႈနင္အတြက္ စုန္းစုန္းျမဳပ္သြားေလာက္ေအာင္ ႀကီးမားေနသည္။

႐ႈဟိန္သည္ တစ္ကိုယ္လံုးကို ေျခာက္ေအာင္သုတ္ကာ ညဝတ္အက်မဝတ္ေတာ့ဘဲ ေစာင္ေအာက္တိုးဝင္ကာ ေကာင္ငယ္ေလးကို ရင္ခြင္ထဲ တင္းတင္းဖက္ကာ အိပ္လိုက္ေတာ့သည္။

ဒီေကာင္ေလးကို ဘယ္သူမွ သူ႔လက္ထဲကေန ဘယ္ေတာ့မွ ယူမသြားေစရဘူးဟု ဆံုးျဖတ္ခ်က္ခ်ကာ ႐ႈဟိန္ ေက်နပ္စြာ အိပ္ေမာက်သြားေတာ့သည္။ ဒီညီငယ္ေလးကို သူတစ္ေယာက္တည္းပိုင္ရမည္ဟု ႐ႈဟိန္ ေလာဘတက္စြာေတြးလိုက္သည္။

႐ႈနင္က ႏွစ္ၿခိဳက္စြာ အိပ္ေမာက်လို႔ေနသည္။ ေႏြရာသီက ပူလာၿပီဆုိေပမယ့္ အခန္းထဲက ေလေအးစက္ဖြင့္ထားလို႔ အေတာ္ေလးေအးစိမ့္ေနသည္။ ဒါေၾကာင့္ ႐ႈနင္က ပူေႏြးေသာကိုယ္ႀကီးဆီ အလိုေလ်ာက္တိုးေဝွ႔ဖက္ထားၿပီးေတာ့ အိပ္ေမာက်သြားေတာ့သည္။

ဒီလိုႀကံဳေတာင့္ႀကံဳခဲအခ်ိန္ေလးတြင္ ႐ႈဟိန္က ႐ႈနင္ကိုဖက္ကာ ခါးသီးစြာၿပံဳးလိုက္သည္။ သူ႔သူငယ္ခ်င္း ရႊီက်င္းလည္း သူ႔ညီေလးကို ခုလိုဖက္အိပ္ေလာက္ပါတယ္။ ရႊီမိသားစုက လူႀကီးေတြက ႏိုင္ငံျခားကို အလုပ္ကိစၥနဲ႔ အၿမဲသြားေနတယ္ဆိုေတာ့ သူ႔ညီေလးကို ရႊီက်င္းက အခုလိုဂ႐ုတစိုက္ လုပ္ေပးမွာေသခ်ာပါတယ္ ဟုေတြးကာ စိတ္ေအးသြားခဲ့သည္။

႐ႈဟိန္က ႏူးညံ့သိမ္ေမြ႕ေသာညီေလး၏ နဖူးႏွင့္ဆံပင္မ်ားကို တဖြဖြနမ္းကာ စိတ္ခ်မ္းသာစြာျဖင့္ သိုင္းဖက္ကာ အိပ္ေမာက်သြားေတာ့သည္။

ေနာက္တစ္ေန႔မနက္မွာ ႐ႈနင္က သူ႔ရင္ဘတ္ေပၚတြင္ ေလးလံေသာအရာ ပိေနသလို ခံစားရၿပီး သူ႔ကိုယ္က လႈပ္မရေအာင္ျဖစ္ေနေသာေၾကာင့္ ႏိုးလာၿပီး မ်က္လံုးဖြင့္မိစဥ္ ထိတ္လန္႔သြားခဲ့သည္။ သူ႔မ်က္စိေရွ႕တြင္ သူ႔အစ္ကိုႀကီး၏ ေခ်ာေမာခန္႔ညားေသာမ်က္ႏွာႀကီးကို အနီးကပ္ေတြ႕လိုက္ရသည့္အျပင္ သူ႔ကိုယ္ေလးက အစ္ကိုႀကီး၏ရင္ခြင္ထဲ တင္းက်ပ္စြာဖက္ထားျခင္းခံလိုက္ရသည္။

႐ႈနင္က ႐ူးေတာ့မလိုခံစားလိုက္ရၿပီး မ်က္ႏွာတစ္ခုလံုး နီရဲလို႔လာသည္။ ဒါ.. ဘယ္လိုျဖစ္ရတာလဲ..

ဘယ္သူမဆို ဒီျမင္ကြင္းကိုျမင္ရင္ မ႐ိုးမသား ေတြးၾကေတာ့မွာေပါ့။ ညီအစ္ကုိေတြ ဘယ္ေလာက္ခ်စ္ခ်စ္ ဘယ္သူမွ ကိုယ္လံုးတီးနဲ႔ ဖက္မအိပ္ၾကဘူးမဟုတ္လား။

အရင္ဘဝက ႐ႈဟိန္က ဘယ္သူနဲ႔မွ နီးနီးကပ္ကပ္မေနသလို ဘယ္သူ႔ကိုမွ ခ်စ္ႀကိဳက္တယ္ဆိုတာ မရွိသျဖင့္ ႐ႈဟိန္နဲ႔ပတ္သက္ၿပီး ႐ႈနင္က အရမ္းကို ႐ိုးသားျဖဴစင္သည္ဟု ေတြးထားခဲ့သည္။ နတ္ဘုရားလို ႐ႈဟိန္က ခုလို သူ႔ကိုဖက္ၿပီးအိပ္ေနတာေတြ႕ရင္ ေသခ်ာေပါက္ ေဒါသထြက္ေတာ့မည္ဟု ထင္ကာ ႐ႈနင္ ေခၽြးျပန္လာသည္။

ျမတ္စြာဘုရား.. ကယ္ေတာ္မူပါ..

႐ႈနင္က ခုလိုျဖစ္ပ်က္ေနသည့္အေပၚ ေဒါသထြက္ေနသလို သူ႔အစ္ကိုမႏိုးခင္ အသာေလးလစ္ထြက္သြားဖို႔ ပ်ာပ်ာသလဲ အဝတ္အစားရွာဖို႔ ထထိုင္လိုက္သည္။ ထိုစဥ္ သူ႔ခါးကို လက္တစ္ဖက္က တင္းေနေအာင္ဖက္ထားသျဖင့္ သူထလိုက္တာက ႐ႈဟိန္ကိုႏိႈးလိုက္သလို ျဖစ္သြားသည္။

ငါေတာ့ေသၿပီ..

႐ႈနင္က ႏိုးလာေသာလူငယ္ကို မၾကည့္ဝံ့ေအာင္ျဖစ္ေနမိသည္။

ဒီလို ကိုယ္တံုးလံုးနဲ႔ စိတ္ပ်က္စရာျမင္ကြင္းမ်ိဳးျဖစ္ေအာင္ ဘယ္သူက လုပ္ခိုင္းတာလဲ..

"အစ္ကိုႀကီး.. ဘာေၾကာင့္ ကၽြန္ေတာ့္ကို အဝတ္မဝတ္ေပးခဲ့တာလဲ.."

"ပ်င္းလို႔.."

အိုး.. ( ⊙ o ⊙ ) သူ႔အေျဖက ဘယ္ေလာက္ရယ္စရာေကာင္းလိုက္လဲ..

"ဘာျဖစ္လို႔လဲ.."

႐ႈဟိန္က ထထိုင္ကာ ေျခေထာက္တစ္ဖက္ကို ေထာင္လိုက္ၿပီး သူ႔ဆံပင္ကို ပ်င္းတိပ်င္းေလ်ာ့ႏွင့္ သပ္တင္လိုက္သည္။ ႐ႈနင္က အစ္ကိုႀကီးဘက္ကို လွည့္ကိုမၾကည့္ဝံ့ေပ။ ႐ႈနင္၏တစ္ကိုယ္လံုးက ေသြးေတြပြက္ပြက္ဆူေနသလို ခံစားလိုက္ရသည္။

ေသစမ္း.. ႐ႈဟိန္က အရမ္းကို ဆက္ဆီက်တဲ့ ကိုယ္လံုးကိုယ္ေပါက္ရွိတာပဲ..

သူက အရမ္း.. အရမ္းကို ေဟာ့တယ္..

ပ်င္းတြဲတြဲႏွင့္ၾကည့္ေနတဲ့ ရီေဝေဝမ်က္လံုးေတြက ခါတိုင္းလို ေၾကာက္စရာမေကာင္းဘဲ ပိုခ်စ္စရာေကာင္းေနပံု ေပါက္ေစသည္။ ႐ႈနင္က အစ္ကိုႀကီး၏ အရမ္းမိုက္ေသာကိုယ္ခႏၶာကို ခိုးၾကည့္ကာ တံေတြးၿမိဳခ်လိုက္မိေတာ့သည္။

႐ႈဟိန္က ႐ႈနင္ကို အဝတ္အစားဝတ္ဖို႔ ကူေပးၿပီးမွ သူ႔အဝတ္ကိုဝတ္သည္။ သူကေန႔ အလုပ္သြားမွာျဖစ္လို႔ ေကာင္းမြန္စြာဝတ္စားလိုက္သည္။ သူ႔အမူအယာမ်ားက သဘာဝက်က်ျဖစ္ကာ ဘယ္ေနရာမွ သံသယဝင္စရာမရွိေပ။

"မင္းေျခေထာက္ နာေနေသးလား.."

"ဟင့္အင္း.. ေပ်ာက္သြားၿပီထင္တယ္.."

"အင္း.. အေရာင္ေတာ့ လံုးဝက်သြားၿပီ.."

သပ္ရပ္ေသာဝတ္စံုႏွင့္ ႐ႈဟိန္က အရမ္းကို ေခ်ာေမာခန္႔ညားလို႔ေနသည္။ ႐ႈနင္က သတိလက္လြတ္ အစ္ကိုႀကီးရဲ့ ေက်ာက္စိမ္းလို တင့္တယ္လွပေသာပံုကို ေငးၾကည့္ေနမိသည္။ ႐ႈဟိန္၏ကိုယ္က ဧကရာဇ္မင္းႀကီးလို ထက္ျမက္ေသာအေရာင္အဝါမ်ားရွိၿပီး တစ္ဖက္သားကို ဖိႏွိပ္ထားႏိုင္ေသာ စြမ္းအားမ်ိဳးကို ပိုင္ဆိုင္ထားသည္။ ဒီလို နတ္ဘုရားႀကီး ႀကီးျပင္းလာသည့္ လူငယ္ဘဝကို ငါက အနီးကပ္ျမင္ရတယ္ကြ.. ဟား.. ဟား.. ဟား..

႐ႈနင္ တစ္ေယာက္တည္းေတြးကာ ေက်နပ္ေနသည္။

"မနက္စာစားဖို႔ ငါ မင္းကို ေပြ႕ခ်ီသြားေပးမယ္.."

"အခန္းထဲမွာ မစားဘူးလား.."

ေၾသာ္.. အိမ္မွာ လူႀကီးေတြမွမရွိတာ.. သူတို႔ တရင္းတႏွီးေနလည္း ကိစၥမရွိေပ။

ဒီကေလးက ခ်စ္စရာေကာင္းလြန္းလို႔ ေနာင္မွာ သူသာသေဘာက်တယ္ဆိုရင္ အၿမဲဖက္ထားမည္ဟု ႐ႈဟိန္ေတြးေနသည္။ ဒီညီေလး ဘာလုပ္ခ်င္ပါေစ.. သူ လုပ္ေပးဖို႔အသင့္ျဖစ္သည္။

"မင္း စားခ်င္တဲ့ေနရာ ျပင္ခိုင္းလိုက္မယ္.."

႐ႈဟိန္က ေျပာၿပီး ႐ႈနင္ကုိေပြ႕ခ်ီလိုက္သည္။

"အစ္ကုိႀကီးအဝတ္ေတြ တြန္႔ေၾကကုန္မယ္.."

"ခဏေလးပဲ.. ဘာမွမျဖစ္ပါဘူး.."

႐ႈဟိန္က ႐ႈနင္ကိုေပြ႕ကာ ဆိုဖာေပၚေခၚလာသည္။ မနက္စာကို အိပ္ခန္းထဲပဲ လာပို႔ခိုင္းလိုက္သည္။ ႐ႈဟိန္က ႐ႈနင္ကုိ သူ႔ေပါင္ေပၚထိုင္ေစၿပီး ေပါက္စီပူပူေလးကို တူႏွင့္ညႇပ္ကာ အပူသက္သာေအာင္ မႈတ္ေပးကာ တစ္လုတ္စမ္းစားလိုက္သည္။

"အရသာေကာင္းတယ္.."

ၿပီးေတာ့ ႐ႈဟိန္က သူတစ္ကိုက္ကိုက္ထားေသာ ေပါက္စီကို ႐ႈနင္ကို ခြံ႕ေကၽြးလိုက္သည္။

"စားၾကည့္ဦး.."

ေကာင္းပါၿပီ.. ဒါေပမယ့္ အစ္ကိုႀကီး... ကၽြန္ေတာ့္ကို ေပါင္ေပၚက အရင္ခ်ေပးဦးေလ..

႐ႈနင္က ေခါင္းကိုေနာက္ဆုတ္ကာ ဆင္းဖို႔ႀကိဳးစားေပမယ့္ သံမဏိလိုမာေၾကာေသာ လက္ေမာင္းတစ္စံုက သူ႔ခါးကိုသိုင္းဖက္ထားသျဖင့္ ဘယ္လုိမွဆင္းမရေပ။
အခု သူတို႔အေနအထားက ဘယ္လိုႀကီးလဲ..

သူက အစ္ကိုႀကီးရဲ့ေပါင္ေပၚထိုင္ေနၿပီး တူတစ္ေခ်ာင္းတည္းႏွင့္ အစားအစာကို အတူတူစားေနၾကတယ္။ ၿပီးေတာ့ အစ္ကိုႀကီးက ေပါက္စီတစ္လံုးကို ႏွစ္ေယာက္ခြဲစားေနတယ္။ သူကိုယ္တိုင္ ငါ့ကိုခြံ႕ေကၽြးေနတယ္...

အေစာပိုင္းက သူ႔ကို ငါေအာ္ထားလို႔ သူက ပိုနီးနီးကပ္ကပ္ ေနခ်င္တာလား။ ဒါမွမဟုတ္ မေန႔ညက ငါ့ကိုထားရစ္ခဲ့ၿပီး ထြက္သြားလို႔ ေတာင္းပန္ခ်င္ေနတာလား။

႐ႈနင္ဘယ္လိုေတြးေတြး အေျဖမရေသးေပ။ ဘာေျပာေျပာ မိုးေကာင္းကင္က ေကာင္းခ်ီးေပးခံရတဲ့ သားေတာ္ေလး၏မ်က္ႏွာသာေပးျခင္းခံရတာက တကယ္ကို ေက်နပ္စရာေကာင္းလွသည္။ ဘယ္လိုမွ ငါ့လိုအခြင့္အေရးမ်ိဳး ရမည္မဟုတ္ေပ။ ဒါေၾကာင့္ ငါ ဂုဏ္ယူသင့္တယ္ဟု ေတြးေနသည္။

ဒါေပမယ့္ ခုလို ပူးပူးကပ္ကပ္ႀကီးထိုင္ေနတာက နည္းနည္းမထူးဆန္းေနဘူးလား။ ထားလိုက္ပါေလ..။ ဒါက ပထမဆံုးအႀကိမ္မွမဟုတ္ဘဲ။ ေဘးမွာ ဘယ္သူမွရွိတာမွ မဟုတ္တာ။ ႐ႈနင္က အစ္ကိုႀကီး၏ အေလးအနက္ထားေသာမ်က္ဝန္းအၾကည့္ကို သတိထားလိုက္မိသည္။ အစ္ကိုႀကီးက သူခြံ႕ေကၽြးေသာေပါက္စီကို မစားရဲမစားၾကည့္ဆိုသည့္ပံုစံႏွင့္ ၾကည့္ေနပါလား..။

ေသစမ္း.. သူသာ ေကာင္မေလးတစ္ေယာက္ကိုႀကိဳက္မိရင္ ဒီလိုပိုင္စိုးပိုင္နင္း အာဏာရွင္ႀကီး ပံုစံအတိုင္းပဲ လုပ္ေနဦးမွာလား..။

===================

Chapter (45) – နင်နင့်ကို ငါ့လက်ထဲကနေ ဘယ်သူမှ ယူမသွားရဘူး..

"အိုး.."

ရှုဟိန်က ရှုနင်ကိုလှမ်းကြည့်လိုက်ပေမယ့် ကားထဲမှာ မှောင်နေသောကြောင့် ကလေးလေး၏အမူအယာကို သေချာမတွေ့လိုက်ရပေ။

"အထူးသဖြင့် ဟိုမောင်နှမက အစ်ကိုကြီးရဲ့ဆိုဖာဘေးမှာ ခြေထောက်က အမြစ်ပေါက်နေသလို တစ်ချိန်လုံးရပ်နေကြတယ်.. သူတို့က အစ်ကိုကြီးကိုငုံ့ကြည့်နေတဲ့ မျက်နှာအမူအယာကို ကျွန်တော်မုန်းတယ်.. သူတို့ပုံစံက.. ဟိုဟာနဲ့တူတယ်.."

"ဘာနဲ့တူတာလဲ.."

"အင်း.. သူ့မျက်နှာက ဆာလောင်နေသလိုပဲ.."

ရှုနင်က အစ်ကိုကြီးကို ဒီမောင်နှမက စိတ်မချရဘူးဆိုတာကို သတိပေးချင်တာဖြစ်သည်။

"........."

ရှုဟိန်က ရှုနင်၏စကားကြောင့် ဘာပြောရမှန်းမသိတော့ပေ။

"ကျွန်တော်က သူတို့ကို သဘောမကျဘူး.. ဟိုကောင်မလေးလည်း အတူတူပဲ.. သူမရဲ့သူငယ်ချင်းတွေ လာခေါ်တာတောင် မသွားဘဲ အနားမှာကပ်နေပြီး ကျွန်တော်ကို စပ်စုနေတာ.. အရေမရ အဖတ်မရ လျှောက်ပြောနေပြီး ကျွန်တော့်ကို တိရိစ္ဆာန်ဥယျာဉ်ထဲက ပန်ဒါဝက်ဝံလိုလို တစ်ချိန်လုံးကြည့်နေတာ.."

"မင်းက ဘယ်လိုမိန်းကလေးမျိုးကို သဘောကျတာလဲ.."

"အကျင့်ကောင်းပြီး ဂရုစိုက်တတ်တဲ့သူ၊ ပွင့်လင်းတဲ့သူမျိုးကို သဘောကျတယ်.."

"........."

ပွင့်လင်းတတ်တဲ့မိန်းကလေးက ဟိုမိုတွေကို ပိုလက်ခံနိုင်သောကြောင့် ရှုနင်က သဘောကျသည်ဟုပြောလိုက်ပေမယ့် ဒီစကားကိုကြားတော့ ရှုဟိန်၏မျက်ဝန်းထဲ အမှောင်ရိပ်တို့ ဖြတ်သန်းသွားသည်ကို သတိမထားလိုက်မိပေ။

ရှုဟိန်က စိတ်မကြည်တော့သဖြင့် သူ့ကိုယ်က အေးစက်စက်အရှိန်အဝါတို့ လွှင့်လာတော့သည်။ ရှုနင် စကားရပ်လိုက်ချိန် ဘာကြောင့်မှန်းမသိ အစ်ကိုကြီးပုံက မပျော်ရွှင်သလိုဖြစ်နေတာ တွေ့လိုက်ရသည်။

သူဘာကြောင် စိတ်ဆိုးနေတာလဲ.. ငါဘာမှ မပြောလိုက်မိပါဘူး..

ဘိုးဘွားပိုင်အိမ်ကြီးဆီကိုရောက်တော့ ရှုဟိန်က ရှုနင်ကို မင်းသမီးလေးလိုပွေ့ချီကာ ကားပေါ်ကဆင်းလာပြီး အိမ်ထဲဝင်လာခဲ့သည်။ ကိုယ်ရံတော်က ဘီးတပ်ကုလားထိုင်ကို ကားထဲကအမြန်ချကာ တွန်းကာ လိုက်လာခဲ့သည်။

"အစ်ကိုကြီး.. ကျွန်တော့်ကို ချပေးပါတော့.. ကျွန်တော် ပင်ပန်းနေပြီ.."

ရှုဟိန်က ရှုနင်ကို ဘီးတပ်ကုလားထိုင်ပေါ် ချပေးကာ လှည့်ပြီး အိမ်ထဲကိုဝင်သွားတော့သည်။

ကိုယ်ရံတော်တစ်ယောက် တွန်းပေးသော ဘီးတပ်ကုလားထိုင်ပေါ် ထိုင်လိုက်လာရင်း ရှုနင်း စိတ်ရှုပ်နေသလို အံ့အားသင့်နေသည်။ အစ်ကိုကြီးက ဘာကြောင့် ငါ့ကို ခုလိုပစ်ထားခဲ့တာလဲ၊ ငါ စကားများလွန်းလို့ စိတ်ဆိုးသွားတာလား။ ရှုနင်က ကားထဲမှာ သူပြောခဲ့မိတာကို ပြန်စဉ်းစားနေမိသည်။ ဘယ်အချက်က စကားမှားသွားမှန်း သူလုံးဝမသိပေ။ ဒါဆို ငါတို့ ဒီနေ့ပွဲတက်ဖို့ အဝတ်အစားဝတ်တဲ့ ကိစ္စကြောင့်များ စိတ်ဆိုးနေတာလား။ သူယူလာတဲ့ပွဲတက်ဝတ်စုံကို ငါက မဝတ်ချင်လို့ သူတိုက်တွန်းနေခဲ့ရတယ်။ ဒီကိစ္စကို စိတ်ဆိုးသွားတာလား။ ဒါလေးကြောင့် သူက စိတ်ဆိုးရတာလား။ ဘယ်လောက်ထူးဆန်းလိုက်လဲ။ ဒါပေမယ့် သူက ရှုဟိန်ပဲလေ.. ဘယ်ကိစ္စလေးမဆို သူမကြိုက်ရင် စိတ်ဆိုးပိုင်ခွင့်ရှိတာကိုး...

ရှုနင်က ဆံပင်ဖြူအောင်စဉ်းစားပေမယ့် အဖြေမှန်ကိုမရပေ။ ရှုနင်က ကိုယ်ရံတော်ကို အစ်ကိုကြီး၏အိပ်ခန်းထဲ တစ်ခါတည်းပို့ခိုင်းပေမယ့် အခန်းထဲမှာ အစ်ကိုကြီးမရှိပေ။ သူ.. ဘယ်သွားနေတာလဲ..။ အခုက ရေချိုးရမယ့်အချိန်လည်း မဟုတ်ပါဘူး.. စာဖတ်ခန်းထဲမှာလား..။ သူ ငါ့ကို မမြင်ချင်လို့ ရှောင်နေတာလား။ ရှုနင်က သက်ပြင်းလေးလေးကြီးချကာ အစ်ကိုကြီးပြန်လာမှာကို ရင်တထိတ်ထိတ် စောင့်နေမိသည်။

ဒီနေ့က အရမ်းပင်ပန်းနေလို့ သူ့အခန်းပြန်အိပ်လိုက်ရင် နောက်တစ်နေ့ အစ်ကိုကြီးအခန်းထဲ ဝင်ခွင့်မရမှာစိုးလို့ ရှုနင်က မပြန်ဝံ့ပေ။ ရှုနင်က အရမ်းပင်ပန်းနေလို့ ရေချိုးချင်နေပြီး အစ်ကိုကြီးက ခါတိုင်းလို သူ့ကိုဂရုမစိုက်ပေးသဖြင့် စိတ်ညစ်နေသည်။ အစေခံတစ်ယောက်ကို ခေါ်လို့ရပေမယ့် သူက ဟိုမိုတစ်ယောက်ဖြစ်လို့ တွေ့ရာလူကို ကူညီခိုင်းလို့မဖြစ်ပေ။

ရှုနင်က ပါးစပ်ကို လက်ဝါးနှင့်အသာလေးအုပ်ကာ သမ်းလိုက်မိသည်။ သူက ခြေတစ်လှမ်းနင်းကာ လျှောက်ကြည့်ပေမယ့် ခြေကျင်းဝတ်က နာနေသဖြင့် လက်လျှော့လိုက်သည်။ ရှုနင်က ဆိုဖာပေါ်လဲလျောင်းလိုက်သည်။ ဘေးမှာ အိမ်အလုပ်သမားတစ်ဦးက အဖော်လုပ်ပေးနေပေမယ့် ရှုနင် အထီးကျန်နေသလို ခံစားလိုက်ရသည်။

ထိုအမှုထမ်းအမျိုးသားက ရှုနင်ကို ဂရုစိုက်ပေးဖို့ တာဝန်ပေးထားခြင်းခံရသူဖြစ်သည်။ မစ္စရှုက သူ့ကို ညွှန်ကြားချက်အများကြီးပေးထားပေမယ့် ဒုတိယသခင်လေးနားကို ကပ်ခွင့်မရခဲ့ပေ။ အခုမှ ဒုတိယသခင်လေးနားကို ကပ်ခွင့်ရတော့သည်။ ဒုတိယသခင်လေး စိတ်ကျေနပ်အောင် ပြုစုပေးပြီး သူ့ဘဝကို အထက်တက်ဖို့ ကြိုးစားကြည့်ချင်နေသည်။

"ဒုတိယသခင်လေး.. တကယ်လို့ သခင်လေးအိပ်မပျော်ရင် ကျွန်တော် သီချင်းဆိုပြပါရစေ.."

"အင်း..."

သီချင်းအေးအေးတစ်ပုဒ်ကို ထိုလူက ဆိုပြတော့ ရှုနင်က မျက်လုံးစင်းကာ အိပ်မောကျသွားတော့သည်။

ထိုအမျိုးသားအိမ်အမှုထမ်း  ကျူးရှင်းက ဒုတိယသခင်လေး အိပ်ပျော်သွားတော့ နှုတ်ခမ်းတွန့်ကာပြုံးလိုက်သည်။ မစ္စ ရှုက ဒါကိုတွေ့ရင် ဘယ်လောက်အံ့သြသွားမလဲ။ ရှုမိသားစုက အဆီတရွှဲရွှဲနှင့် အရသာရှိစရာ အသားတွဲကြီးနှင့်တူပြီး ဒီသခင်လေးကိုသုံးပြီး သူ့အတွက် အကျိုးရှိအောင်လုပ်ရချည်သေးရဲ့လို့တွေးကာ ကျေနပ်နေသည်။

ရှုဟိန်က အခန်းထဲမှာ ပွဲတက်အဝတ်အစားနှင့် သားရေဖိနပ်ကိုမလဲသေးဘဲ စက်ဝိုင်းလို လှည့်ပတ်လမ်းလျှောက်ကာ အတွေးထဲမှာနစ်နေသည်။ သူ့ရင်ထဲမှာ မမျှော်လင့်ဘဲ မီးတောက်လောင်လို့နေသည်။ သူ့ညီလေးက သူသဘောကျသည့် မိန်းကလေးပုံစံကို ပြောပြလိုက်ကတည်းက ရှုဟိန်မှာ ဆောက်တည်ရာမဲ့ ခံစားနေရသည်။

ငါ ဘာလုပ်သင့်သလဲ..

သူက ဒီကောင်လေးကို ပိုပိုစိတ်ဝင်စားလာပြီး ဘယ်သူနဲ့မှ မထိတွေ့မိအောင် ရွှေကြုတ်လေးထဲ ထည့်သိမ်းထားချင်တော့သည်။ သူ့ညီလေးပါးစပ်က မိန်းကလေးဆိုတာ ပြောထွက်လာတော့ ရှုဟိန် အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ ဘာကြောင့် ဒီလိုခံစားနေရတာလဲ။ ရှုမိသားစုကြီး၏ ဆက်ခံသူအနေနဲ့ ရှုနင်က တော်ထက်သောအမျိုးသမီးတစ်ယောက်နှင့် တွေ့ဆုံနိုင်သည်။ တကယ်လို့ ရှုနင်မလုပ်နိုင်ဘူးဆိုရင် သူဘယ်လောက် ကူညီပေးသင့်သလဲ။

သူကြီးပြင်းလာရင် ငါက သူ့ထက်ပိုတော်နေတဲ့အတွက် ငါ့ကို သူ မုန်းသွားနိုင်မလား။ ငါ သူ့ကို ဝေဖန်တဲ့အတွက် သူ ငါ့ကို မုန်းသွားမလား။ ငါ့အပေါ် သံသယတွေ ဝင်နိုင်လား။ လူတိုင်းက ရှုနင်ကို ဝိုင်းကြည့်နေကြပေမယ့် ရှုနင်က ရှုကျီရွှမ်းတို့မောင်နှမကိုပဲ သတိထားမိနေတယ်။

ငါ မပျော်ဘူး.. တကယ့်ကို မပျော်မရွှင်ဖြစ်နေမိတယ်.. ( ̄へ ̄)

ရှုဟိန်က တစ်နာရီလောက် သောကရောက်ပြီးနောက် သူ့အိပ်ခန်းကိုဝင်သွားတော့ ရှုနင်က ဆိုဖာပေါ်မှာအိပ်ပျော်နေတာ တွေ့လိုက်ရသည်။ ငါ့ညီလေးကို ရေချိုးပေးဖို့ မေ့နေခဲ့တယ်..။ ထိုစဉ် ကြမ်းပေါ်မှာ အိမ်အမှုထမ်းတစ်ဦး ထိုင်စောင့်နေတာကို ရှုဟိန် သတိထားလိုက်မိသည်။

ထိုသူက ရှုဟိန်ကို ချက်ချင်းအရိုအသေပေးကာ ပြောလိုက်သည်။

"ခွင့်ပြုပါ သခင်လေးခင်ဗျာ.."

"ကျူးရှင်း.. မင်း ငါ့စည်းမျဉ်းကို သိသင့်တယ်.."

"ကျွန်တော် သိပါတယ်ခင်ဗျာ.. ဒုတိယသခင်လေးက ကြောက်နေလို့ ကျွန်တော် သူ့ကို အဖော်ပြုပေးတာပါ.."

"ထွက်သွား.."

"ဟုတ်.. ဟုတ်ကဲ့.."

မင်းက ဘာမာန်တက်နေတာလဲ..။ ဒီအိမ်တော်သခင်မရဲ့မျိုးရိုးက ချင်ကွ.. ငါက သခင်မချင်ယွိကျိုးရဲ့ တပည့်ပဲ.. ငါ့သခင်မက မင်းကို ဒီအိမ်တော်ကနေ မကြာခင် ကန်ထုတ်တော့မှာ။ အဲ့ဒီအခါ မင်း ခုလို မာနကြီးနိုင်ဦးမလား ကြည့်ရသေးတာပေါ့..။

ကျူးရှင်းက တိတ်တဆိတ်ရေရွတ်ကာ မစ္စရှုကိုသတင်းပို့ရန် ဖုန်းကိုကောက်ကိုင်လိုက်သည်နှင့် သူ့ခေါင်းနောက်က စူးရှနာကျင်သည့်ဝေဒနာကို ခံစားလိုက်ရပြီး သတိလစ်သွားတော့သည်။

ရှုဟိန်က ဆိုဖာထက်တွင် အိပ်ပျော်နေသော ရှုနင်ကို ငေးစိုက်ကြည့်နေမိသည်။ သူ တစ်နာရီလောက်လစ်ဟာသွားသည်နှင့် ဒီကလေးကိုရောင်းစားဖို့ မကောင်းသည့်ကောင်တစ်ကောင်က ချက်ချင်းကို ကပ်လာတော့သည်။ ကျူးရှင်းက ချင်ယွိကျိုးက သူ့လှုပ်ရှားမှုကို ထောက်လှမ်းဖို့ တမင်စေလွှတ်ထားသော လူမှန်းသိပေမယ့် ရှုဟိန်က သူ၏အရေးကြီးစာရွက်စာတမ်းများကို မထိတွေ့စေဘဲ အသာလေးလွှတ်ထားခြင်းဖြစ်သည်။ ကျူးရှင်းက လောဘကြီးကာ မကောင်းသည့်အကျင့်ဆိုးများရှိကာ ပြစ်မှုများစွာလုပ်ခဲ့သူဖြစ်သည်။ ချင်ယွိကျိုးက သူ့ကိုကယ်တင်ကာ သူလျှိုလုပ်ဖို့ မွေးမြူထားခြင်းဖြစ်သည်။ ယခု ကျူးရှင်းက မဝင်သင့်သည့်နေရာကို ဝင်လာပြီး မမြင်သင့်သည့်အရာကို မြင်သွားတော့ ဒီအတိုင်းလွှတ်ထားလို့ မရတော့ပေ။ ဒါကြောင့် ကျူးရှင်းကို တစ်ခါတည်းရှင်းပစ်ဖို့ အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

ရှုဟိန်သည် ဆိုဖာဘေးမှာ သက်တောင့်သက်သာရပ်နေပေမယ့် သူ့နှလုံးသားက အေးစက်လို့နေသည်။ သူက အဝတ်ကိုချွတ်ကာ ရေချိုးခန်းထဲ ရေနွေးနှင့်ရေအေးကို သွားစပ်လိုက်သည်။ ပြီးတော့ ဆိုဖာပေါ်အိပ်ပျော်နေသော ကောင်ငယ်လေးကိုပွေ့ချီလိုက်သည်။ ရှုနင်က အိပ်ချင်မူးတူးနှင့် မျက်လုံးကို မဖွင့်ချင်ပေမယ့် ရင်းနှီးကျွမ်းဝင်သောရနံ့ကြောင့် နိုးလာသည်။

"အစ်ကိုကြီး ပြန်လာပြီလား.."

ရှုဟိန်က ရှုနင်ကိုပွေ့ချီကာ ရေချိုးခန်းဘက်လျှောက်လာတော့ ရှုနင်က အလန့်တကြား မေးလိုက်သည်။

"အစ်ကိုကြီး.. ဘာလုပ်မလို့လဲ.."

"ရေမချိုးဘဲ အိပ်နေတယ်ပေါ့.. မင်းတော့ အရိုက်ခံဖို့ လိုနေပြီထင်တယ်.."

ဘာ.. (o(╯□╰)o)

အိပ်ချင်နေသော ရှုနင်က ဘာမှမပြောတော့ဘဲ အေးအေးချမ်းချမ်း မျက်လုံးကို ပြန်မှိတ်ထားလိုက်တော့သည်။

ရှုဟိန်က ရှုနင်ကိုပွေ့ကာ ရေကန်ထဲကိုဝင်ထိုင်ပြီး သေချာဂရုတစိုက် ပွေ့ပိုက်ထားကာ ရေနွေးလေးဖြင့် ကိုယ်ကို ညင်သာစွာပွတ်သပ်ပေးနေသည်။ သူက ရှုနင်ကို ကြင်နာစွာ၊ နူးညံ့စွာ ဂရုတစိုက်ရေချိုးပေးရင်း စိတ်မထိန်းနိုင်တော့ဘဲ ရှုနင်၏လည်တိုင်လေးကို မျက်နှာဖြင့် ပွတ်သပ်လိုက်မိတော့သည်။

"အစ်ကိုကြီး..(~~)"

အရမ်း.. အရမ်းကို ချစ်ဖို့ကောင်းတာပဲ..

ရှုနင်က ရှုဟိန်၏မေးစေ့ကို အနမ်းတစ်ပွင့် ခြွေလိုက်သောကြောင့် ရှုဟိန် မျက်ခုံးပင့်သွားမိသည်။ ဒီကလေးက အရမ်းကိုနူးညံ့ပြီး အရမ်းကို နာခံလွယ်တာပဲ..။

ဒီလိုရေချိုးပေးတာက အရမ်းကိုသက်တောင့်သက်သာရှိလွန်းတာကြောင့် ရှုနင်က စိတ်ချလက်ချ အိပ်မောကျသွားတော့သည်။ ရှုဟိန်က ရှုနင်အိပ်ပျော်သွားတာသိတော့ ခပ်သွက်သွက်ရေချိုးပေးပြီး အိပ်ခန်းထဲ သယ်လာခဲ့သည်။ ပြီးတော့ အမွှေးပွတဘက်နှင့် ပန်းရောင်သမ်းနေသော အသားအရေလေးကို ညင်သာစွာသုတ်ပေးကာ စောင်အောက်ကိုထိုးထည့်ထားလိုက်သည်။ ဒီနေ့တော့ ရှုနင်ကို သူ ခေါင်းမလျှော်ပေးတော့ပေ။ ရှုနင်ကို စောင်ခြုံပေးထားပြီး ရှုဟိန်က မိုးကောင်းကင်ကို မျှော်ကြည့်နေသော အောက်မှအငယ်ကောင်ကို ငြိမ်သွားအောင် ရေအေးဖြင့်လောင်းချိုးလိုက်ရတော့သည်။ သူအိပ်ခန်းထဲပြန်ရောက်လာတော့ ရှုနင်က စောင်ကိုကန်ထားသဖြင့် တစ်ကိုယ်လုံး ဗလာဟင်းလင်း ပေါ်လို့နေသည်။

ဘယ်လောက်တောင် ရူးသွပ်ချင်စရာ မြင်ကွင်းလဲ.. (→_→)

ငါသာလက်လျှော့လိုက်ရင် တခြားလူက သူ့ကို ဝါးမြိုသွားမှာသေချာတယ်။ ရှုဟိန်အတွက် ရှုမိသားစုက သေးငယ်တယ်ဆိုပေမယ့် ရှုနင်အတွက် စုန်းစုန်းမြုပ်သွားလောက်အောင် ကြီးမားနေသည်။

ရှုဟိန်သည် တစ်ကိုယ်လုံးကို ခြောက်အောင်သုတ်ကာ ညဝတ်အကျမဝတ်တော့ဘဲ စောင်အောက်တိုးဝင်ကာ ကောင်ငယ်လေးကို ရင်ခွင်ထဲ တင်းတင်းဖက်ကာ အိပ်လိုက်တော့သည်။

ဒီကောင်လေးကို ဘယ်သူမှ သူ့လက်ထဲကနေ ဘယ်တော့မှ ယူမသွားစေရဘူးဟု ဆုံးဖြတ်ချက်ချကာ ရှုဟိန် ကျေနပ်စွာ အိပ်မောကျသွားတော့သည်။ ဒီညီငယ်လေးကို သူတစ်ယောက်တည်းပိုင်ရမည်ဟု ရှုဟိန် လောဘတက်စွာတွေးလိုက်သည်။

ရှုနင်က နှစ်ခြိုက်စွာ အိပ်မောကျလို့နေသည်။ နွေရာသီက ပူလာပြီဆိုပေမယ့် အခန်းထဲက လေအေးစက်ဖွင့်ထားလို့ အတော်လေးအေးစိမ့်နေသည်။ ဒါကြောင့် ရှုနင်က ပူနွေးသောကိုယ်ကြီးဆီ အလိုလျောက်တိုးဝှေ့ဖက်ထားပြီးတော့ အိပ်မောကျသွားတော့သည်။

ဒီလိုကြုံတောင့်ကြုံခဲအချိန်လေးတွင် ရှုဟိန်က ရှုနင်ကိုဖက်ကာ ခါးသီးစွာပြုံးလိုက်သည်။ သူ့သူငယ်ချင်း ရွှီကျင်းလည်း သူ့ညီလေးကို ခုလိုဖက်အိပ်လောက်ပါတယ်။ ရွှီမိသားစုက လူကြီးတွေက နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ အမြဲသွားနေတယ်ဆိုတော့ သူ့ညီလေးကို ရွှီကျင်းက အခုလိုဂရုတစိုက် လုပ်ပေးမှာသေချာပါတယ် ဟုတွေးကာ စိတ်အေးသွားခဲ့သည်။

ရှုဟိန်က နူးညံ့သိမ်မွေ့သောညီလေး၏ နဖူးနှင့်ဆံပင်များကို တဖွဖွနမ်းကာ စိတ်ချမ်းသာစွာဖြင့် သိုင်းဖက်ကာ အိပ်မောကျသွားတော့သည်။

နောက်တစ်နေ့မနက်မှာ ရှုနင်က သူ့ရင်ဘတ်ပေါ်တွင် လေးလံသောအရာ ပိနေသလို ခံစားရပြီး သူ့ကိုယ်က လှုပ်မရအောင်ဖြစ်နေသောကြောင့် နိုးလာပြီး မျက်လုံးဖွင့်မိစဉ် ထိတ်လန့်သွားခဲ့သည်။ သူ့မျက်စိရှေ့တွင် သူ့အစ်ကိုကြီး၏ ချောမောခန့်ညားသောမျက်နှာကြီးကို အနီးကပ်တွေ့လိုက်ရသည့်အပြင် သူ့ကိုယ်လေးက အစ်ကိုကြီး၏ရင်ခွင်ထဲ တင်းကျပ်စွာဖက်ထားခြင်းခံလိုက်ရသည်။

ရှုနင်က ရူးတော့မလိုခံစားလိုက်ရပြီး မျက်နှာတစ်ခုလုံး နီရဲလို့လာသည်။ ဒါ.. ဘယ်လိုဖြစ်ရတာလဲ..

ဘယ်သူမဆို ဒီမြင်ကွင်းကိုမြင်ရင် မရိုးမသား တွေးကြတော့မှာပေါ့။ ညီအစ်ကိုတွေ ဘယ်လောက်ချစ်ချစ် ဘယ်သူမှ ကိုယ်လုံးတီးနဲ့ ဖက်မအိပ်ကြဘူးမဟုတ်လား။

အရင်ဘဝက ရှုဟိန်က ဘယ်သူနဲ့မှ နီးနီးကပ်ကပ်မနေသလို ဘယ်သူ့ကိုမှ ချစ်ကြိုက်တယ်ဆိုတာ မရှိသဖြင့် ရှုဟိန်နဲ့ပတ်သက်ပြီး ရှုနင်က အရမ်းကို ရိုးသားဖြူစင်သည်ဟု တွေးထားခဲ့သည်။ နတ်ဘုရားလို ရှုဟိန်က ခုလို သူ့ကိုဖက်ပြီးအိပ်နေတာတွေ့ရင် သေချာပေါက် ဒေါသထွက်တော့မည်ဟု ထင်ကာ ရှုနင် ချွေးပြန်လာသည်။

မြတ်စွာဘုရား.. ကယ်တော်မူပါ..

ရှုနင်က ခုလိုဖြစ်ပျက်နေသည့်အပေါ် ဒေါသထွက်နေသလို သူ့အစ်ကိုမနိုးခင် အသာလေးလစ်ထွက်သွားဖို့ ပျာပျာသလဲ အဝတ်အစားရှာဖို့ ထထိုင်လိုက်သည်။ ထိုစဉ် သူ့ခါးကို လက်တစ်ဖက်က တင်းနေအောင်ဖက်ထားသဖြင့် သူထလိုက်တာက ရှုဟိန်ကိုနှိုးလိုက်သလို ဖြစ်သွားသည်။

ငါတော့သေပြီ..

ရှုနင်က နိုးလာသောလူငယ်ကို မကြည့်ဝံ့အောင်ဖြစ်နေမိသည်။

ဒီလို ကိုယ်တုံးလုံးနဲ့ စိတ်ပျက်စရာမြင်ကွင်းမျိုးဖြစ်အောင် ဘယ်သူက လုပ်ခိုင်းတာလဲ..

"အစ်ကိုကြီး.. ဘာကြောင့် ကျွန်တော့်ကို အဝတ်မဝတ်ပေးခဲ့တာလဲ.."

"ပျင်းလို့.."

အိုး.. ( ⊙ o ⊙ ) သူ့အဖြေက ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ..

"ဘာဖြစ်လို့လဲ.."

ရှုဟိန်က ထထိုင်ကာ ခြေထောက်တစ်ဖက်ကို ထောင်လိုက်ပြီး သူ့ဆံပင်ကို ပျင်းတိပျင်းလျော့နှင့် သပ်တင်လိုက်သည်။ ရှုနင်က အစ်ကိုကြီးဘက်ကို လှည့်ကိုမကြည့်ဝံ့ပေ။ ရှုနင်၏တစ်ကိုယ်လုံးက သွေးတွေပွက်ပွက်ဆူနေသလို ခံစားလိုက်ရသည်။

သေစမ်း.. ရှုဟိန်က အရမ်းကို ဆက်ဆီကျတဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိတာပဲ..

သူက အရမ်း.. အရမ်းကို ဟော့တယ်..

ပျင်းတွဲတွဲနှင့်ကြည့်နေတဲ့ ရီဝေဝေမျက်လုံးတွေက ခါတိုင်းလို ကြောက်စရာမကောင်းဘဲ ပိုချစ်စရာကောင်းနေပုံ ပေါက်စေသည်။ ရှုနင်က အစ်ကိုကြီး၏ အရမ်းမိုက်သောကိုယ်ခန္ဓာကို ခိုးကြည့်ကာ တံတွေးမြိုချလိုက်မိတော့သည်။

ရှုဟိန်က ရှုနင်ကို အဝတ်အစားဝတ်ဖို့ ကူပေးပြီးမှ သူ့အဝတ်ကိုဝတ်သည်။ သူကနေ့ အလုပ်သွားမှာဖြစ်လို့ ကောင်းမွန်စွာဝတ်စားလိုက်သည်။ သူ့အမူအယာများက သဘာဝကျကျဖြစ်ကာ ဘယ်နေရာမှ သံသယဝင်စရာမရှိပေ။

"မင်းခြေထောက် နာနေသေးလား.."

"ဟင့်အင်း.. ပျောက်သွားပြီထင်တယ်.."

"အင်း.. အရောင်တော့ လုံးဝကျသွားပြီ.."

သပ်ရပ်သောဝတ်စုံနှင့် ရှုဟိန်က အရမ်းကို ချောမောခန့်ညားလို့နေသည်။ ရှုနင်က သတိလက်လွတ် အစ်ကိုကြီးရဲ့ ကျောက်စိမ်းလို တင့်တယ်လှပသောပုံကို ငေးကြည့်နေမိသည်။ ရှုဟိန်၏ကိုယ်က ဧကရာဇ်မင်းကြီးလို ထက်မြက်သောအရောင်အဝါများရှိပြီး တစ်ဖက်သားကို ဖိနှိပ်ထားနိုင်သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည်။ ဒီလို နတ်ဘုရားကြီး ကြီးပြင်းလာသည့် လူငယ်ဘဝကို ငါက အနီးကပ်မြင်ရတယ်ကွ.. ဟား.. ဟား.. ဟား..

ရှုနင် တစ်ယောက်တည်းတွေးကာ ကျေနပ်နေသည်။

"မနက်စာစားဖို့ ငါ မင်းကို ပွေ့ချီသွားပေးမယ်.."

"အခန်းထဲမှာ မစားဘူးလား.."

သြော်.. အိမ်မှာ လူကြီးတွေမှမရှိတာ.. သူတို့ တရင်းတနှီးနေလည်း ကိစ္စမရှိပေ။

ဒီကလေးက ချစ်စရာကောင်းလွန်းလို့ နောင်မှာ သူသာသဘောကျတယ်ဆိုရင် အမြဲဖက်ထားမည်ဟု ရှုဟိန်တွေးနေသည်။ ဒီညီလေး ဘာလုပ်ချင်ပါစေ.. သူ လုပ်ပေးဖို့အသင့်ဖြစ်သည်။

"မင်း စားချင်တဲ့နေရာ ပြင်ခိုင်းလိုက်မယ်.."

ရှုဟိန်က ပြောပြီး ရှုနင်ကိုပွေ့ချီလိုက်သည်။

"အစ်ကိုကြီးအဝတ်တွေ တွန့်ကြေကုန်မယ်.."

"ခဏလေးပဲ.. ဘာမှမဖြစ်ပါဘူး.."

ရှုဟိန်က ရှုနင်ကိုပွေ့ကာ ဆိုဖာပေါ်ခေါ်လာသည်။ မနက်စာကို အိပ်ခန်းထဲပဲ လာပို့ခိုင်းလိုက်သည်။ ရှုဟိန်က ရှုနင်ကို သူ့ပေါင်ပေါ်ထိုင်စေပြီး ပေါက်စီပူပူလေးကို တူနှင့်ညှပ်ကာ အပူသက်သာအောင် မှုတ်ပေးကာ တစ်လုတ်စမ်းစားလိုက်သည်။

"အရသာကောင်းတယ်.."

ပြီးတော့ ရှုဟိန်က သူတစ်ကိုက်ကိုက်ထားသော ပေါက်စီကို ရှုနင်ကို ခွံ့ကျွေးလိုက်သည်။

"စားကြည့်ဦး.."

ကောင်းပါပြီ.. ဒါပေမယ့် အစ်ကိုကြီး... ကျွန်တော့်ကို ပေါင်ပေါ်က အရင်ချပေးဦးလေ..

ရှုနင်က ခေါင်းကိုနောက်ဆုတ်ကာ ဆင်းဖို့ကြိုးစားပေမယ့် သံမဏိလိုမာကြောသော လက်မောင်းတစ်စုံက သူ့ခါးကိုသိုင်းဖက်ထားသဖြင့် ဘယ်လိုမှဆင်းမရပေ။
အခု သူတို့အနေအထားက ဘယ်လိုကြီးလဲ..

သူက အစ်ကိုကြီးရဲ့ပေါင်ပေါ်ထိုင်နေပြီး တူတစ်ချောင်းတည်းနှင့် အစားအစာကို အတူတူစားနေကြတယ်။ ပြီးတော့ အစ်ကိုကြီးက ပေါက်စီတစ်လုံးကို နှစ်ယောက်ခွဲစားနေတယ်။ သူကိုယ်တိုင် ငါ့ကိုခွံ့ကျွေးနေတယ်...

အစောပိုင်းက သူ့ကို ငါအော်ထားလို့ သူက ပိုနီးနီးကပ်ကပ် နေချင်တာလား။ ဒါမှမဟုတ် မနေ့ညက ငါ့ကိုထားရစ်ခဲ့ပြီး ထွက်သွားလို့ တောင်းပန်ချင်နေတာလား။

ရှုနင်ဘယ်လိုတွေးတွေး အဖြေမရသေးပေ။ ဘာပြောပြော မိုးကောင်းကင်က ကောင်းချီးပေးခံရတဲ့ သားတော်လေး၏မျက်နှာသာပေးခြင်းခံရတာက တကယ်ကို ကျေနပ်စရာကောင်းလှသည်။ ဘယ်လိုမှ ငါ့လိုအခွင့်အရေးမျိုး ရမည်မဟုတ်ပေ။ ဒါကြောင့် ငါ ဂုဏ်ယူသင့်တယ်ဟု တွေးနေသည်။

ဒါပေမယ့် ခုလို ပူးပူးကပ်ကပ်ကြီးထိုင်နေတာက နည်းနည်းမထူးဆန်းနေဘူးလား။ ထားလိုက်ပါလေ..။ ဒါက ပထမဆုံးအကြိမ်မှမဟုတ်ဘဲ။ ဘေးမှာ ဘယ်သူမှရှိတာမှ မဟုတ်တာ။ ရှုနင်က အစ်ကိုကြီး၏ အလေးအနက်ထားသောမျက်ဝန်းအကြည့်ကို သတိထားလိုက်မိသည်။ အစ်ကိုကြီးက သူခွံ့ကျွေးသောပေါက်စီကို မစားရဲမစားကြည့်ဆိုသည့်ပုံစံနှင့် ကြည့်နေပါလား..။

သေစမ်း.. သူသာ ကောင်မလေးတစ်ယောက်ကိုကြိုက်မိရင် ဒီလိုပိုင်စိုးပိုင်နင်း အာဏာရှင်ကြီး ပုံစံအတိုင်းပဲ လုပ်နေဦးမှာလား..။

===================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now