Chapter (76)_ စတော်ဘယ်ရီနံ့ သွားတိုက်ဆေးကို အကိုကြီး အနံ့ခံကြည့်မလား

14.2K 2.2K 39
                                    

Chapter (76)_ စတော်ဘယ်ရီနံ့ သွားတိုက်ဆေးကို အကိုကြီး အနံ့ခံကြည့်မလား (Z+U)

ချင်ယွိဖူက ခေါင်းညိတ်ပြလိုက်သည်။

"ရပါတယ်။ မင်းအကိုကို အပြင်မှာ တစ်ယောက်တည်း ဘယ်တည်းခိုင်းဖို့ သင့်တော်ပါ့မလဲ၊ မင်း အဖော်လိုက်သွားပေးလိုက်။ အပေါ်ဝတ်ကို လုံလုံခြုံခြုံ ဝတ်ထားလိုက်.... "

အလုပ် ကြပ် ဦးလေးဖန်းက အခြေနေကို ကောင်းကောင်းနားလည်သည်။

" မင်း ဟိုတယ်ရောက်ရင် မင်း ဦး လေးဖူကို ဖုန်းခေါ်ဖို့ သတိရဦး။ "

ရှုနင်က ချင်ယွိဖူကို ဖက်လိုက်သည်။ ထို့နောက် အကိုကြီး၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ သူသည် အကိုကြီးကို စိုးရိမ်စွာဖြင့် သူ၏အစ်ကိုကြီး အင်္ကျီ၏ကော်လာကို တင်ပေးခဲ့သည်။

"အအေးမိနေဦးမယ် "

"...... "

ရှုဟိန်က သူ့ညီလေး ဘာကြောင့် စိတ်တိုနေသလဲဆိုတာ နားမလည်နိုင် ဖြစ်နေသည်။

ကိုယ်ရံတော်တွေက ဘေးဖယ်ပေးပြီး သခင်လေး ၂ ယောက် လက်ချင်းချိတ်လျက်ထွက်လာပြီးသည်ကို စောင့်ပြီးမှ နောက်က လိုက်လာကြသည်။

ချင်ယွိဖူက အပေါ်ထပ် ဂျာကင်အင်္ကျီကို မြန်မြန် ဝတ်လိုက်စဉ် ဖိုမင်ဦးလေးဖန်းက တံခါးကို ပိတ်ကာ ပြောလိုက်သည်။

" အပြင်မှာအေးတယ်။ မင်း နေခဲ့လိုက်။ ငါ သူတို့ကို လိုက်ပို့ပေးလိုက်မယ် "

"ရတယ်.. ကျွန်တော်လည်း လိုက်ပို့မယ်"

ချင်ယွိဖူက ဇွတ်ပြောသဖြင့် ဖိုမင်ရဲ့ နဖူးက အရေးကြောင်းထင်လာခဲ့ပေမယ့် ဇစ်ကို ဆွဲတင်ပေးရန် ပြင်လိုက်သည်။

" မင်းရဲ့ဇစ်ကို သေချာဆွဲတင်ဦးလေကွ... အပြင်လေဝင်ပြီး အအေးမိရင် ကလေးတွေ စိတ်မကောင်းဖြစ်လိမ့်မယ်။ "

ချင်ယွိဖူက ဇစ်တပ်ပြီးတော့ အမြန်ပြေးကာ ကလေး ၂ ယောက်နဲ့ ကိုယ်ရံတော်နောက်ကို ပြေးလိုက်သွားတော့သည်။

အပြင်ဘက်မှာ အရမ်းအေးတယ်။ အပြင်မှာ နှင်းတွေကျနေပြီး အောက်သို့ဆင်းလာသည့်အခါ ရှုခင်းတွေက နှင်းများဖြင့် ဖုံးကာ အလွန်ကြည်နူးဖွယ်ကောင်းသော ရှုခင်းကိုဖန်တီးပေးနေသည်။ ကောင်းကင်သည်ကြည်လင်သောနေပြီး ကြယ်တွေနဲ့ပြည့်နေကာ မြေပြင်တစ်ခုလုံး နှင်းဖြူဖြူတို့ဖုံးလွှမ်းလို့နေသည်။

ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now