Chapter (112-2)- 🔞ကားပေါ်မှာ တကြိမ်... အိပ်ခန်းထဲမှာ တကြိမ်

24.4K 2.2K 47
                                    

Chapter (112-2)- 🔞ကားပေါ်မှာ တကြိမ်... အိပ်ခန်းထဲမှာ တကြိမ်


"ဘာတွေဖြစ်နေတာလဲ.."

ထျန်းကျားဟွေ့က တိုးတိုးတိတ်တိတ် ရှုနင်ကို စကားလာပြောတာဖြစ်ပေမယ့် အခု သူက လူတွေကို အနားဝိုင်းလာအောင် ဆွဲဆောင်မိနေသည်။ ဒါ့အပြင် ကျောက်တုန်း၏အနောက်မှာ ရပ်နေသူက ကော်ကျိဖြစ်ပြီး သူ့ကို နက်ရှိုင်းစွာစိုက်ကြည့်ကာ ပြုံးနေသဖြင့် ထျန်းကျားဟွေ့၏မျက်နှာက ကြောက်လန့်ကာ ဖြူရော်နေသည်။


ရှုနင်က သူ့သူငယ်ချင်းတွေကိုပြုံးကာ ထိုင်ဖို့ဖိတ်လိုက်ချိန် ထျန်းကျားဟွေ့က ထိုင်ရမလို ထရမလိုဖြစ်နေသည်။ သူ့ကြောင့် ထိုင်ခုံက လဲကျနေပြီး ဘယ်သူမှ သူ့ကို လာမကူပေးကြပေ။


မကြာခင်က နာမည်ကြီးသွားသည့် ဝမ်ချုံး၏သတင်းက အနည်ထိုင်စပြုလာလေပြီ။ ဝမ်ချုံးက ကောင်းမွန်ပြီး အတော်လေးတော်ပေမယ့် နေမကောင်းတဲ့သူ့မိခင်ကို ဆေးဝါးကုသဖို့ အိမ်ကိုမရောင်းပစ်ချင်ဘူး။ ဒါကြောင့် သူက ချမ်းသာတဲ့သူငယ်ချင်းဆီက လှည့်ပတ်ပြီး ငွေချေးဖို့ပဲ ကြိုးစားခဲ့တယ်။ အခုလို သူပျောက်ကွယ်နေချိန် သူ့အမေက ပြည်သူတွေကိုဖွင့်ချကာ သနားကြင်နာမှုကိုရယူပြီး သူမအတွက် ဆေးဖိုးလှူဒါန်းငွေကို ပေးခဲ့ကြပေမယ့် သူမသားအတွက် စိတ်မကောင်းဖြစ်ကာ တကျီကျီညည်းတွားနေတာကို ရပ်တန့်အောင် မလုပ်နိုင်ကြပေ။ သူမက သနားစရာကောင်းပေမယ့် သူမလိုလူအတွက် စိတ်မကောင်းဖြစ်ဖို့ မထိုက်တန်ပေ။ သူမတို့က နတ်ဆိုးလိုစိတ်ဓာတ်ရှိသူတွေနဲ့ပဲ တွေ့ဖို့ထိုက်တန်သည်။


ကော်ကျိက ဝမ်ချုံးအကြောင်းပြောပြထားပြီးလို့ ရှုနင်က သိထားပြီးပေမယ့် ထျန်းကျားဟွေ့ပြောပြချိန်မှာ အခုမှကြားဖူးသလို နားထောင်ပေးလိုက်သည်။ ထျန်းကျားဟွေ့ကို ရှုနင်ဘေးမှာတွေ့လိုက်ချိန် လာအကူညီတောင်းတယ်လို့ ကော်ကျိက ထင်ခဲ့သည်။ ဒီမှာရှိတဲ့လူအားလုံးက အရူးမှမဟုတ်ဘဲ။ မြို့တော်ကြီးလိုနေရာမှာ လူတစ်ယောက်ကို အသာတကြည်ခေါ်သွားပြီး သတင်းတစ်ချက်မထွက်အောင် အုပ်ထားနိုင်တာ ဟုန်လွေ့ပဲရှိတယ်ဆိုတာ အကုန်သိကြသည်။ တကယ်လို့ ရှုနင်က ဝမ်ချုံအတွက် ဟုန်လွေ့ကိုဆန့်ကျင်ကာ တစ်ခုခုပြောလိုက်ရင် ရှုနင်ဒုက္ခရောက်မှာကို ကော်ကျိက စိုးရိမ်နေသည်။
မြို့တော်တစ်ခွင်မှာ ဟုန်လွေ့ကို စိတ်မပျော်အောင်လုပ်မိသူတိုင်းက ပျောက်ကွယ်သွားရတာချည်းဖြစ်သည်။

ကော်ကျက သူ့ရှေ့မှာ ဗြောင်ကျကျပဲ ဒီကိစ္စကို ဝင်မကူညီပေးဖို့ ရှုနင်ကို အလွယ်တကူ ထုတ်ပြောနေသည်ကိုကြားတော့ ထျန်းကျားဟွေ့ရင်ထဲ ခါးသက်လာသည်။

ဒီကာလအတွင်း ယုန်လွေ့က လူတွေကိုခေါ်သွားပြီး အဲ့ဒီလူတွေက အလောင်းပင်မကျန်အောင် ပျောက်ကွယ်သွားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ..?

ဒါကြောင့် ကျန်းချီက ကော်ကျိကို လုံးဝအာမခံရဲတာလား။ ဒါတောင် သူက ဘာကြောင့် ခုလိုပြဿနာကြုံရတာလဲ..?

ရှုနင်၏ ထူးမခြားနားဟန်ကိုကြည့်ပြီး တကယ့်အရင်းအမြစ်အစစ်က ဘယ်သူဆိုတာ ထျန်းကြားဟွေ့ ရိပ်မိလာသည်။ ငါတို့က ရှုနင်ကို တစ်ခါမှမဆန့်ကျင်ဖူးဘူးလေ။ ကျန်းချီဆိုရင် C မြို့တော်ကလာပြီး ရှုနင်နဲ့ တစ်မြို့တည်းသားမဟုတ်လား။ ဒါတောင် သူက ဘာကြောင့် ကျန်းချီကို ခုလိုလုပ်ရက်တာလဲ။


တွေးရင်း ထျန်းကျားဟွေ့က ရှုနင်ရဲ့အကြည့်အောက်မှာ အဲ့ဒီနေရာက ချက်ချင်းလှည့်ထွက်ဖို့လုပ်ချိန် ကျောက်တုန်း၏ သံသယမျက်ဝန်းနဲ့ တည့်တည့်တိုးတော့သည်။

"ဘာဖြစ်လို့လဲ.. ငါ့ကို အဲ့လိုမကြည့်နဲ့.. ငါက သူနဲ့မရင်းနှီးဘူး.."

"သူတို့က တခြားလူတွေကို အနိုင်ကျင့်နေတာကို ငါ မကြာခဏတွေ့ခဲ့တယ်.. သူတို့က လူကောင်းတွေမဟုတ်ဘူး.. ရှုနင်.. မင်း နောက်ဆိုရင် သေချာဂရုစိုက်စောင့်ကြည့်လိုက်.. ပြီးတော့ သူတို့နဲ့ သိပ်မရောနဲ့.."

ကျောက်တုန်းက စိတ်သက်သာရာရဟန်ဖြင့် ပြောလိုက်သည်။


ဒီစကားကိုကြားတော့ အရင်ဘဝက သူဘယ်လောက်မျက်စိကန်းပြီး တုံးအခဲ့သလဲဆိုတာ သတိရပြီး ရှုနင် ရှက်သွားခဲ့သည်။ ကျန်းချီ၊ ထျန်းကျားဟွေ့တို့ရဲ့ မြှောက်ပင့်စကားတွေမှာ ယုံကြည်ပြီး သူ့သူငယ်ချင်းကောင်းတွေလို ဆက်ဆံပြီး သွားလာတိုင်း သူပဲအမြဲကျွေးမွေးခဲ့သည်။ ရှုနင်က ဘာတွေရင်ဆိုင်နေရတယ်ဆိုတာ သူတို့ ဘယ်တုန်းကမှ မသိခဲ့ကြသလို ရှုနင် နိမ့်ပါးဒုက္ခ ရောက်ချိန်မှာ မျက်စိရှေ့ကနေ လုံးဝပျောက်ကွယ် သွားကြသည်။


ဒီဘဝမှာတော့ သူတို့ကို ခွေးတစ်ကောင်လိုဆက်ဆံပြမယ်.. ကြည့်ထားလိုက်..


မကြာခင် စာသင်ချိန်စတော့မှာမို့ ရှုနင်က ထွက်လာခဲ့စဉ် ကော်ကျိက သူ့ပုခုံးကိုလက်တင်ကာ မေးလိုက်သည်။

"ကလေးလေး.. ငါလုပ်တာ အရမ်းလွန်သွားလား.."

"ဟင့်အင်း.. ဒီတစ်ခါ ခင်ဗျား အရမ်းနူးညံ့နေတယ်လို့တောင် ထင်တာ.."

ရှုနင်က အပြုံးလေးနှင့်ပြောလိုက်တော့ ကော်ကျိက မအောင့်နိုင်ဘဲအော်ရယ်လိုက်ပြီး ရှုနင်၏နှာခေါင်းလေးကို အသာညှစ်ကာ ပြောလိုက်သည်။

"မင်းပျော်တယ်ဆို ပြီးတာပါပဲ.. ထျန်းကျားဟွေ့နဲ့ပတ်သက်ပြီး ငါကိုင်တွယ်လိုက်ရမလား.."


"ပုံမှန်ဆိုရင် ကျွန်တော့်ကိုမပျော်အောင်လုပ်တဲ့သူတိုင်း နောက်တစ်နေ့မှာ နေရောင်ကိုမမြင်ရတော့ဘူး.."


"ဒါပေါ့.. ငါတို့ကို မပျော်ရွှင်အောင်လုပ်သူတိုင်း အဆုံးသတ်မကောင်းစေရဘူး.."

ကော်ကျိ၏မျက်လုံးက လက်ခနဲဖြစ်သွားပြီး အဆိပ်နဲ့ပြည့်နေတဲ့ အပြုံးတစ်ခုပေါ်လာတယ်။

"ငါတို့ကိုပျော်အောင်လုပ်ပေးရင် ကောင်းမွန်တဲ့နိဂုံးလေး ရစေရမယ်.."

ရှုနင်က ကော်ကျိရဲ့ကျောကို ညင်သာစွာပုတ်ကာ နှစ်သိမ့်လိုက်သည်။

"ခင်ဗျားရဲ့ရန်သူအားလုံးက သေကုန်ပါပြီ.. ခင်ဗျားကို အခုကစပြီး ဘယ်သူမှ ပြဿနာ ထပ်မရှာနိုင် တော့ပါဘူး.."

"ကောင်းပြီ.. နောင်အနာဂတ်မှာ ငါ့ရန်သူ ဘယ်သူမှမရှိတော့ဘူး.."

ကော်ကျိ၏မျက်နှာက စိတ်ရှုပ်ထွေးလာပြီး ရှုနင်ကို လေးနက်စွာငုံ့ကြည့်လိုက်သည်။ ရှုနင်က သူ့ကို ဖြူစင်စွာပြုံးပြနေသဖြင့် သူက ခေါင်းငုံ့ကာပြောလိုက်သည်။

"နောင်မှာ ဘာကိစ္စပဲရှိရှိ ငါ့ကိုပြောပြပါ.. မင်းပျင်းလာရင် ငါ မင်းရဲ့ခြေသည်းလက်သည်းလေး ဖြစ်ပေးမယ်.. ဘယ်လိုလဲ.."

"ကောင်းတာပေါ့.. ကျွန်တော့်ရဲ့မွေးရာပါပုံစံကြောင့် လူတွေက ကျွန်တော့်ကို လွယ်လွယ်နဲ့အနိုင်ကျင့်လို့ရတယ် ထင်နေကြတယ်.. ဒါကြောင့် ကျွန်တော့်ကို သွေးတိုးစမ်းသူပေါ်လာရင် ခင်ဗျားဘာလုပ်မလဲဆိုတာ ကျွန်တော်မြင်ချင်သေးတယ်.."

ရှုနင်က တောက်ပစွာပြုံးကာ ဂုဏ်ယူပြောလိုက်သည်။
သူတို့နှစ်ယောက် တီးတိုးပြောနေတာတွေ့ပြီး ကျောက်တုန်း စိတ်သက်သာရာရသွားခဲ့သည်။

အစောကတည်းက ကော်ကျိက ရှုနင်ကို တောက်လျှောက်ကြည့်နေပြီး တစ်ခုခုပြောချင်သလို ပါးစပ်ဟလိုက်ပေမယ့် ရပ်ရပ်သွားခဲ့သည်။ သူတို့ကြားမှာ ပြောစရာရှိတယ်ဆိုတာ သူသိနေသည်။ ကျောက်တုန်းက ဒီအုပ်စုခေါင်းဆောင်ဖြစ်လို့ သူ့ညီတွေအကုန်အတွက် စိတ်ပူနေရသည်။


ရှုနင်က အခန်းကိုပြန်သွားပြီး စာလေ့လာနေစဉ် ကော်ကျိ၏ သနားစရာအခြေအနေနှင့် စိတ်ထားတွေကြောင့် သူ့နှလုံးသားလေး ယိမ်းယိုင်သွားခဲ့သည်။ သူ့ပုံစံကိုအပေါ်ယံကြည့်ရုံနဲ့ စိတ်ရင်းကို ဘယ်သူမှမသိနိုင်ကြပေ။


ကော်ကျိ ပြဿနာကြီးကြုံခဲ့ချိန်မှာ ရှုနင်က တိုက်တိုက်ဆိုင်ဆိုင် ကယ်တင်ခဲ့မိသည်။ အဲ့ဒီလူတွေနဲ့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သိပေမယ့် ဘယ်အချိန်ကတည်းက ပြဿနာတက်ခဲ့သည်ကိုတော့ ရှုနင်မသိခဲ့ပေ။ သူက ကော်ကျိကို သေချာဝှက်ထားပေးခဲ့ပြီး ကော်ကျိက ၃ရက်လုံးလုံး အဖျားတက်ကာ သေလုမျောပါးဖြစ်ခဲ့သည်။ ထိုစဉ်က သူက သေမှာကြောက်လို့ ရှုနင်၏လက်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့မိသည်။ ရှုနင်က ကိုယ်ရံတော်ခေါင်းဆောင်ကို လျှို့ဝှက်ပြီး ဆေးဝယ်ခိုင်းကာ ကော်ကျိကို ပျောက်အောင်ကုပေးခဲ့သည်။ ဒီကတည်းက သူတို့နှစ်ယောက်က တွေ့ဖို့ကံပါလာခဲ့တာဖြစ်သည်။
အဲ့ဒီဒဏ်ရာတွေက ကော်ကျိရဲ့ကိုယ်ပေါ်မှာ အမာရွတ်တွေ ထင်ကျန်ခဲ့သည်။ ရှုနင်က အမာရွတ်ပျောက်အောင် ကုပေးချင်ပေမယ့် ကော်ကျိက လက်မခံပေ။ ဒီအမာရွတ်တွေကို တမင် သူ့ကိုယ်ပေါ်ချန်ခဲ့ပြီး အမြဲ သူ့ကိုယ်ကိုယ်သတိပေးနေချင်သည်။ ဒါမှ နောက်ထပ် ဆွေမျိုးတွေနဲ့တွေ့ဆုံချိန်မှာ သူထပ်ပြီး မပျော့ညံ့သွားမှာဖြစ်သည်။


ရှုနင်က ညပိုင်း အချိန်ပိုစာကျက်တန်းကို မတက်တော့ဘဲ ဆရာမကိုသွားပြောခဲ့သည်။ သူက သွားလာရတာ အဆင်မပြေကြောင်းပြောတော့ ဆရာမက ရှုချိန်ကိုဖုန်းဆက်လိုက်သည်။ ရှုချိန်က ဘာပြောလိုက်သလဲမသိပေမယ့် အဲ့ဒီကတည်းက ဆရာမက ရှုနင်ကို ဘာမှထပ်မပြောတော့ပေ။


ရှုနင်က ကျောင်းဂိတ်ဝကိုထွက်လာတော့ ဗင်ကားအနက်ထဲကို ထျန်းကျားဟွေ့က ခိုးကြောင်ခိုးဝှက်ဝင်သွားတာတွေ့ရပြီး ယောက်ျားကြီးတချို့က ဟိုဟိုသည်သည်ကြည့်ကာ လိုက်ဝင်သွားတာ တွေ့လိုက်ရသည်။


ရှုနင်က ဒါကိုမြင်တော့ မေးစေ့ကိုပွတ်ကာ စဉ်းစားလိုက်သည်။ လူဆိုတာ ကိုယ့်အတိုင်းအတာကိုသိဖို့ အရေးကြီးသည်။ မဟုတ်ရင် မထိသင့်သူကိုထိမိပြီး အိပ်ပျော်နေတဲ့ကျားကို နှိုးလိုက်သလိုဖြစ်နိုင်သည်။

ဝမ်ချုံးရဲ့မိခင်က ရိုးသားကာ ပါးနပ်ပေမယ့် သူ့သားပျောက်သွားတဲ့နိုက်ကလပ်ကို သွားတွယ်ကပ်နေပြီး နေ့တိုင်း နှောင့်ယှက်နေလို့ နောက်ကွယ်ကပုဂ္ဂိုလ်ကို သတိထားမိအောင် လုပ်လိုက်ပုံရသည်။ ဒါကြောင့် အဲ့ဒီမတိုင်ခင်က ထျန်းကျားဟွေ့ဆီကို လူလွှတ်လိုက်ပုံရသည်။ ထျန်းကျားဟွေ့က အရမ်းကိုပါးနပ်ပြီး ကျန်းချီ ၁၀ ယောက်ပေါင်းထားတာထက်ပိုသည်။ သူက အစီစဉ်အတိုင်းလုပ်နေပေမယ့် သူ့အကြံအစည်က အစကတည်းက ပေါ်သွားပြီဆိုတာ မသိခဲ့ပေ။ သူက ရှုနင်ကို စကားသွားပြောမိပြီး ညနေကျောင်းဆင်းချိန်မှာ လူတစ်စုကလာခေါ်တာခံရလို့ စိတ်ရှုပ်နေသည်။

ဒါကိုလုပ်တာလည်း ဟုန်လွေ့ပဲလား။


ရှုနင်က သူ့ကိုလာကြိုတဲ့ကားထဲဝင်လိုက်စဉ် သန်မာတဲ့လက်တစ်စုံက သူ့ကိုဆွဲယူကာ ရင်ခွင်ထဲသွင်းလိုက်ပြီး သူ့နှုတ်ခမ်းတွေကို မွတ်သိပ်စွာနမ်းလိုက်သဖြင့် လန့်ဖြန့်ကာ အော်လိုက်မိပေမယ့် သူ့အစ်ကိုကြီးမှန်းသိသွားတော့မှ ပြန်ဖက်ထားလိုက်မိသည်။


မနက်ကမှခွဲခဲ့တယ်ဆိုပေမယ့် အစ်ကိုကြီးရဲ့ နွေးထွေးတဲ့အထိအတွေ့ကို အရမ်းလွမ်းနေမိသည်။ ရှုနင်က အစ်ကိုကြီးကို တင်းနေအောင်ပြန်ဖက်ထားသဖြင့် ကြားလေသွေးလို့ မရအောင် ပူးကပ်နေသည်။ နှစ်ယောက်သားက မွတ်သိပ်ပြင်းပြစွာ နမ်းနေကြသဖြင့် ကားထဲ ညည်းသံ၊ နမ်းရှိုက်သံတို့ ထွက်ပေါ်လာသည်။


ပြင်းပြသည့်အနမ်းက နှစ်ဦးလုံး၏သွေးသားတွေကို ဆူဝေလာစေပြီး အထိန်းကွပ်မဲ့လာစေသည်။ ရှုဟိန်၏လက်တွေက နင်နင်၏အဝတ်တွေကို ရှုပ်ထွေးလျော့ရဲသွားစေသည်။

သက်တော်စောင့်တွေက သခင်လေးနှစ်ယောက်ကို တင်ဆောင်ကာ အိမ်ဆီမောင်းလာခဲ့ကြသည်။
မကြာခင် ကားထဲမှာ နင်နင်၏အဝတ်တွေ အကုန်ကျွတ်ကာ ဘာမှမရှိတော့ပေ။

"အစ်ကိုကြီး.."

ရှုနင်က အလန့်တကြားအော်လိုက်မိသည်။

"ဘာဖြစ်လို့လဲ.."

ရှုဟိန်က ပြန်မေးရင်း ရှုနင်၏အတွင်းခံကို စိတ်မရှည်စွာ ဆုတ်ဖြဲပစ်လိုက်သည်။ ( ⊙ o ⊙ )


ရှုနင်က အစ်ကိုကြီး၏ ပြင်းပြကာ အရိုင်းဆန်သော အပြုအမူကြောင့် ကြောင်အကာ တုန်လှုပ်သွားသည်။ သူ့ပါးစပ်က ရုတ်တရက် စကားသံမထွက်နိုင်အောင် ရင်ထိတ်နေသည်။


"ဟင့်အင်း.. အစ်ကိုကြီး.. ဒီမှာလုပ်ဖို့ တွေးနေတာ မဟုတ်ဘူး မလား.."

"ငါ.. မစောင့်နိုင်တော့ဘူး.."

"ဟင့်အင်း.. မ.. မဖြစ်.. ကျွန်တော်တို့.. အွန်း.. ဟင့်အင်း.."

သူ့လက်ချောင်းက ရှုနင်၏အပေါက်လေးထဲ ရုတ်တရက်တိုးဝင်လာသဖြင့် ရှုနင် တီးတိုးညည်း လိုက်မိသည်။

အိုး.. သေလိုက်စမ်း.. သူတို့က ကားထဲမှာလေ..
ရှုနင်က ထိတ်လန့်ကာ ရူးချင်သွားသည်။

မကြောက်နဲ့.. မကြောက်နဲ့.. စိတ်အေးအေးထား.. အစ်ကိုကြီးက သေချာပေါက် ချောဆီယူလာမှာပါ..
ရှုနင်က သူ့ဘာသာနှစ်သိမ့်နေရင်း 'ဒီလိုဟာကို ဘယ်သူက သွားလေရာယူသွားမှာလဲ' ဟု တွေးလိုက်မိသည်။ (→_→)


ရှုနင်က သူ့ကိုယ်သူ စိတ်ငြိမ်အောင်လုပ်ရင်း သက်ပြင်းရှိုက်လိုက်သည်။

"အစ်ကိုကြီး.. အဲ့တာ.. နာလိမ့်.. အာ့.."

နောက်ကျသွားပြီ။ အစ်ကိုကြီးက သူ့ကိုပွေ့ချီမြှောက်ကာ တင်ပါးနှစ်မွှာကြားက အပေါက်လေးထဲသို့ သူ့လက်ချောင်းတွေနဲ့ ထိုးသွင်းလိုက်လေပြီ။

"အရူးလေး.. ငါက မင်းကို ဘယ်လိုလုပ် နာကျင်စေမှာလဲ.."

ရှုဟိန်က ကောင်လေးကို ကောင်းမွန်သည့် အနေအထားရအောင် ပြောင်းလိုက်ရင်း ဆက်လက်ထိုးသွင်းလိုက်ကာ လှုပ်ရှားလိုက်သည်။

"အရမ်းမကြမ်းနဲ့.. အဲ့တာမပါဘဲ.. ကျွန်တော် အဆင်ပြေမှာမဟုတ်ဘူး.. သေသွားလိမ့်မယ်.." (Σ( ° △°|||)︴)

"အဲ့တာ.. ဟုတ်လား.."

"အင်း.. အဲ့တာ.."

"အဲ့တာဆိုတာ ဘာလဲ.."

"........."

"မင်း ငါ့ကိုမပြောဘဲ ငါက ဘယ်လိုသိမှာလဲ.."

ဒီလိုအချိန်ဆိုရင် အစ်ကိုကြီးက မကောင်းဆိုးဝါးလို ပြောင်းလဲသွားတာပဲ..။ သူသိလျက်နဲ့ တမင်လုပ်နေတာမလား..?

ရှုနင်က အစ်ကိုကြီးကိုစိုက်ကြည့်လိုက်ပေမယ့် အစ်ကိုကြီးပုံက အမှားမလုပ်ထားသလို ခပ်တည်တည်ပင်။

ဒါကြောင့် ရှုနင်က အံကြိတ်ကာ ပြောလိုက်ရတော့သည်။

"ဒီမှာ ချောဆီမရှိဘူး.. ချောဆီမရှိဘဲ ကျွန်တော် မလုပ်နိုင်ဘူး.."

"မင်းက အရူးလေးဆိုတာ ငါပြောသားပဲ.. ငါက ကွန်ဒုံးမပါဘဲ မင်းကိုလုပ်မယ်ထင်လို့လား.. ဟမ်.."

ရှုဟိန်က ရယ်လိုက်ပြီး ဆူပုပ်နေတဲ့ ရှုနင်၏ မျက်နှာလေးဆီ ငုံ့နမ်းကာပြောလိုက်သည်။ သူ့ရဲ့သြရှရှအသံက နားရွက်ထဲတိုးဝင်လာသလို နားသန်သီးလေးကိုလည်း သူက လျက်လိုက်သည်။

"မင်း ငါ့ကို မယုံဘူးလား.. သေချာ နားထောင်ကြည့် လိုက်လေ.."

သူ့ကိုယ်ထဲကို အစ်ကိုကြီးရဲ့ လက်ချောင်းတွေ ဝင်ထွက်ချိန် တစွပ်စွပ်သံတွေ ထွက်ပေါ်နေသည်။ သူက လက်ချောင်းမှာ ကွန်ဒုံးစွပ်ကာ သူ့ကိုယ်ထဲကိုထိုးဆွပြီး တွင်းချဲ့နေ တာကိုး..။

အစ်ကိုကြီးက သူ့ကိုနမ်းနေတဲ့အချိန်က ဒါကို သတိမထားခဲ့မိပေ။ ဒီလိုရှက်စရာဖြစ်ရပ်ကြောင့် ရှုနင်၏မျက်နှာလေးက နီမြန်းသွားပြီး ရှုဟိန်၏ရင်ဘတ်ကိုတွန်းကာ ငြင်းဆန်လိုက်သည်။

"အာ့.. အစ်ကိုကြီး.. ကျွန်တော်တို့ အိပ်ခန်းထဲရောက်မှ.. လုပ်ရအောင်လို့.. အခုက ကားထဲမှာ.. ဟင့်အင်း.."

"ကားထဲမှာလည်း ဘာဖြစ်လဲ.. ဘာမှမပူနဲ့.. သက်တော်စောင့်တွေက နှုတ်လုံပြီးသား.. သူတို့ပါးစပ်က ဘာသံမှမထွက်စေရဘူး.."

ရှုဟိန်၏မျက်ဝန်းထဲ ရမ္မက်ရှိန်က ပိုတောက်လာပြီး ပြောလိုက်သည်။

"ဒါ.. ဟင့်အင်း.. အာ့.."

ရှုနင်က အစ်ကိုကြီးကို မျက်နှာချင်းဆိုင်ခွထားပြီး ရှုဟိန်က သူ့တင်ပါးလေးကိုဖြဲကာ အနောက်ဘက်ကနေ လက်ချောင်းနဲ့ တွင်းချဲ့နေတာဖြစ်သည်။


ရှက်စရာအနေအထားကြောင့် နင်နင်ကငြင်းပေမယ့် မရတော့ပေ။ ရှုဟိန်က လက်ချောင်းကိုထုတ်ကာ သူ့ကောင်ကြီးကို ဘောင်းဘီထဲကထုတ်လိုက်ပြီး တွန်းထိုးငြင်းဆန်နေသည့် ကလေးလေး၏ တင်းကျပ်ကာ ပူနွေးသည့်တွင်းလေးထဲကို အောက်ကနေပင့်ထိုးကာ တဆုံးထည့်လိုက်သဖြင့် နင်နင်၏လက်လေးက သူ့ပုခုံးကို တင်းတင်းဆုပ်ကိုင်ကာ မျက်နှာလေးက လည်တိုင်နားအပ်ပြီး ညည်းတွားလိုက်သည်။


ရှုဟိန်က နင်နင်ကိုယ်ထဲကို ပိုင်နိုင်စွာဝင်ပြီးတော့မှ စတင်လှုပ်ရှားတော့သည်။

အစ်ကိုကြီး၏လှုပ်ရှားမှုကြောင့် မောင်းနေသည့်ကားက လှုပ်ခါလာခဲ့သည်။ သူ့ပေါင်ပေါ်ခွထိုင်ထားသော ရှုနင်ခမျာ မိုးကြိုးဒဏ်ခံနေရသည့်သစ်ပင်လေးလို ခုန်ပေါက်ယိမ်းထိုးလို့နေသည်။

ဒါက အရမ်းကိုကြမ်းတမ်းလွန်းလှလို့ သူ့နှလုံးသားက လက်မခံချင်ပေမယ့် သူ့ကိုယ်ခန္ဓာကတော့ စတင်ပြီးစိတ်လှုပ်ရှားကာ ထူပူတက်ကြွလာခဲ့သည်။ ဒါကြောင့် လူတွေက ပြင်းထန်သည့်နှီးနှော ဆက်ယှက်မှုကို ရန်ခုန်မက်မောကြတာကိုး။

ရှုနင်၏ကိုယ်က အစ်ကိုကြီး၏ အောက်မှပင့်ပြီးထိုးသွင်းမှုကြောင့် သာယာမှုကို ခံစားလာရတော့သည်။

ဒီသာယာမှုက ဦးနှောက်ကိုလွှမ်းမိုးသွားချိန်မှာ ရှုနင်က ဘာကိုမှမစဉ်းစားနိုင်တော့ဘဲ ရှုဟိန်ကိုသာ တင်းတင်းကျပ်ကျပ် ဖက်ထားနိုင်တော့သည်။

သူ့ပုံစံလေးက တုန်ခါနေပြီး သနားစဖွယ်ဖြစ်နေသည်။

ရှုဟိန်က နင်နင်၏ကိုယ်လေးကို လက်နှစ်ဖက်ဖြင့် တင်ပါးကနေပင့်မကာ ခွန်အားအပြည့်ဖြင့် ဆက်တိုက်ထိုးသွင်းနေခဲ့သည်။ သူ့ခွန်အားနှင့် သက်လုံက အရမ်းကောင်းလွန်းလှသဖြင့် ဒုတိယတချီကိုရောက်တော့ ရှုနင်က ဘယ်လိုမှ မတောင့်ခံနိုင်တော့ဘဲ ကောင်းကင်ဘုံကိုရောက် သွားသလို ခံစားရကာ အစ်ကိုကြီးပုခုံးပေါ် ခေါင်းငိုက်စိုက်ကျကာ တိုက်ပွဲကျသွားတော့သည်။


ရှုဟိန်က သူမပြီးခင် အတော်လေးကို အလုပ်များသွားခဲ့သည်။ သူက အားသွန်ခွန်စိုက် ညီလေးကိုယ်ထဲ အကြိမ်အတော်ထိုးသွင်းပြီးမှ ထုတ်လွှတ်လိုက်တော့သည်။ ပြီးတော့မှ သူ့ညီလေးကို ရင်ခွင်ထဲပွေ့ချီပြီး မြတ်နိုးခြင်းကြီးစွာဖြင့် ငေးကြည့်ကာ နမ်းလိုက်တော့သည်။

ညီလေး၏မျက်လုံးထောင့်က မျက်ရည်စလေးကို လက်မနှင့် အသာဖိပွတ်သုတ်ပေးလိုက်သည်။ ဒီအငိုသန်တဲ့ကလေးလေးက ဘယ်လောက်ချစ်ဖို့သနားဖို့ ကောင်းလိုက်သလဲ..။


ရှုဟိန်က ကားထဲမှာပါတဲ့ စောင်နဲ့ ကလေးလေးရဲ့ကိုယ်လေးကို လုံအောင်ပတ်ပေးကာ အိမ်ထဲကိုဝင်လာခဲ့သည်။


ရှုနင်က ည ၈ နာရီမှ နိုးလာခဲ့သည်။ သူက အိပ်ယာထက်က စောင်အောက်မှာ ဝတ်လစ်စလတ်ရှိနေပြီး သူ့ခါးကနာနေပြီး ပေါင်တွေက တောင့်နေသည်။ ကားထဲမှာ အစ်ကိုကြီးကို မျက်နှာချင်းဆိုင်ခွလျက် အနေအထားနှင့် ချစ်တင်းနှောရတာ သူ့အတွက် တကယ်ကို မသက်သာလှပေ။

အရမ်းပင်ပန်းတာပဲ..

သူနည်းနည်းသက်သာလာတော့ ထိုအဖြစ်အပျက်ကို ပြန်တွေးလိုက်စဉ် ကားက အစ်ကိုကြီးကြောင့် လှုပ်ခါနေမည်ကို ပြန်သတိရကာ မျက်နှာတစ်ခုလုံး ဆေးနီနဲ့ပက်ထားသလို နီရဲသွားသည်။ သက်တော်စောင့်တွေ၊ ဒရိုင်ဘာတွေက သူတို့ကိုမကြည့်ဘူးဆိုပေမယ့် ကားက ဒီလောက်ယိမ်းထိုးနေပြီး သူလည်း အော်ညည်းနေလို့ ဘာလုပ်နေသလဲဆိုတာ အားလုံးသိနေလောက်ပြီ။

ရှက်ဖို့ကောင်းလိုက်တာ..

သူ့မျက်နှာက အဖျားရှိသူလို ထူပူလာခဲ့သည်။
ငါက အသက် ၃၀ ရှိနေပြီ.. ဒါကို လက်ခံနိုင်ဖို့ ခက်နေတုန်းလား.. ရှုဟိန်က ငယ်ရွယ်တက်ကြွတဲ့ အရွယ်ဖြစ်လို့ သူလိုချင်တာကို မမောနိုင်မပန်းနိုင် ယူမှာပဲ.. အစ်ကိုကြီးကိုချစ်လို့ ကျေနပ်အောင်ပေးဖို့ ရှုနင်လည်း ဆန္ဒရှိပါတယ်..


ထိုစဉ် အစ်ကိုကြီးက ဆန်ပြုတ်ပန်းကန်နှင့် အခန်းထဲဝင်လာတော့ ရှုနင်က ရှက်ပြီး စောင်ထဲခေါင်းဝှက်ထားလိုက်တော့သည်။

နောက်ဆုံးတော့လည်း ရှုဟိန်က ရှုဟိန်ပါပဲ.. သူများတွေလို ပုံမှန်နည်းနဲ့ မလုပ်တတ်ဘူးပဲ.. (/(ㄒoㄒ)/~~)

"ဆာနေပြီလား.. အစ်ကိုကြီးက ထမင်းချက်အန်တီကို မင်းအကြိုက် ဆန်ပြုတ်ချက်ခိုင်းထားတာ.. ပြီးတော့ အသီးအရွက်ဆားစိမ်လည်း ပါတယ်.. ဆားသိပ်မငန်ဘူး.. ငါတို့ ဒါကို အသီးတွေနဲ့ အစားထိုးထားတယ်.."

ဒီစကားကိုကြားတော့ ရှုနင်က စိတ်တက်ကြွလာ ခဲ့သည်။

သူ့အကြိုက်ကိုလုပ်ပေးနိုင်တာ အန်တီက အကောင်းဆုံးပဲ..

ရှုဟိန်က စားစရာတွေကို စားပွဲလေးပေါ်တင်ကာ အိပ်ယာထက်ကို သယ်လာပေးသည်။ ရှုနင်က ဆန်ပြုတ်တစ်ဇွန်းစားပြီး မေးလိုက်သည်။


"အစ်ကိုကြီးရော စားပြီးပြီလား.."

"အင်း.. အစောက မုန့်စားထားတယ်.."

"ကျွန်တော်နဲ့ အတူစားလေ.."

ရှုဟိန်က ရှုနင်ခွံ့ကျွေးသောဆန်ပြုတ်ကို မငြင်းဘဲ စားလိုက်သည်။ သူတို့ တစ်ယောက်တစ်ဇွန်းစားပြီး ဆန်ပြုတ်ပန်းကန်ကုန်သွားတော့ ရှုဟိန်က နောက်ထပ်ဆန်ပြုတ် ထပ်ထည့်လိုက်သည်။
ရှုနင်၏ပါးစပ်က တွန့်ခနဲဖြစ်သွားသည်။

သူ့အစ်ကိုကြီးက မဝဘူးဆိုတာ သူသိသားပဲ။ သူက တစ်ပန်းကန်တည်းစားရုံနှင့် ဘယ်တော့မှမတင်းတိမ်တတ်ပေ။

ထိုစဉ် ရှုနင်က သတိရကာ မေးလိုက်သည်။

"အဖေ့ဆီ ဖုန်းဆက်ပြီးပြီလား အစ်ကိုကြီး.."

"အင်း.. ဆက်ပြီးပြီ.."

အမ်.. ရှုဟိန်က အမူအယာမပြောင်းဘဲ ပြောလိုက်လို့ ရှုနင်က သူ့ကိုကြည့်လိုက်သည်။

အစ်ကိုကြီးက အပြစ်မကင်းသလို မခံစားရဘူးလား..? သူတို့က အဖေ့ကိုဖုံးကွယ်ပြီး ချစ်နေကြတာလေ..


"ငါတို့က ဒါကို အနှေးနဲ့အမြန် ရင်ဆိုင်ရမှာပဲ.. စိတ်အေးအေးထား.. ဘာမှဆိုးဝါးတာ မဖြစ်စေရဘူး.."

"အွန်း.."

အစ်ကိုကြီးဆီက အာမခံချက်ကိုရလိုက်ပြီးတော့ ရှုနင် စိတ်သက်သာရာရသွားပေမယ့် သူ့အဖေ အသက်တိုသည်ကို သတိရသွားသည်။ တကယ်လို့ အဖေသာ ဒီထက်အသက်ရှည်ရှည်နေခဲ့ရရင် အရင်ဘဝက သူလည်း ဒီလောက်ဒုက္ခရောက် ခဲ့မည်မဟုတ်ပေ။ ကံကောင်းပြီး မိုးနတ်မင်းက သူ့ကို ဒုတိယအခွင့်အရေးပေးကာ ပြန်လည်မွေးဖွားလာစေသည်။

သူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့် သူ့ကံတရားကို ပြောင်းလဲနိုင်လိုက်မလား..?


အခုအနေအထားနဲ့ဆိုရင် သူချစ်တဲ့လူတွေနှင့် အနီးကပ်နေနိုင်လေပြီ။ နောက်ထပ် ၁၀ နှစ်ပဲ သူအသက်ရှင်နိုင်မယ်ဆိုရင်တောင် သူပျော်ပါသည်။

"မင်း ဘာတွေစဉ်းစားနေတာလဲ.."

အစ်ကိုကြီးက သူ့ကိုစိုက်မကြည့်ဘဲနဲ့ သူတွေးနေသည်ကို သိနေတာလား...!!

"သိပ်မတွေးနဲ့.. အစ်ကိုကြီးတစ်ယောက်လုံး ရှိနေတာပဲ.. ဘာမှမကောင်းတာ မဖြစ်စေရဘူး.. အစ်ကိုကြီး မင်းကိုချစ်တယ်.. မင်းက အစ်ကိုကြီးကိုမမှီခိုဘဲ လွတ်လွတ်လပ်လပ် ပျံသန်းချင်တယ်ဆိုတာ သိတယ်.. ဒါကြောင့် မင်းစိတ်ကြိုက် အတောင်ဖြန့်ပြီးပျံသန်းနိုင်ဖို့ အစ်ကိုကြီးမျက်လုံးတစ်ဖက် မှိတ်ပေးထားတယ်.. ဒါပေမယ့် ကိုယ်တို့နှစ်ယောက်ရဲ့ ပျော်ရွှင်မှုနဲ့ပတ်သက်လာရင် မင်းကိုယ့်ကို ကန်ထုတ်လို့မရဘူး.."

ရှုဟိန်က ဆန်ပြုတ်ကိုလက်စသတ်ကာ ပန်းကန်ကိုချလိုက်ပြီး ပြောခဲ့သည်။

ရှုနင်၏သူငယ်အိမ်က ကျုံ့သွားမိသည်။

သူ အားလုံးသိသွားပြီလား..?

ဘာပဲဖြစ်ဖြစ် ရှုဟိန်ဘယ်လောက်သိသလဲဆိုတာ မသိနိုင်လို့ ရှုနင် ပြန်ဖြေလိုက်သည်။

"ကောင်းပါပြီ.. ကျွန်တော် အစ်ကိုကြီးကို ကတိပေးပါတယ်.."


သူတို့ကြားကလေထုက ထူးဆန်းနေသည်။ သူက တခြားအရာကို မစဉ်းစားနိုင်ဘဲ အိပ်ယာထက်မှာ လဲလျောင်းနေသည့် ကလေးလေး၏လက်ကို ဆုပ်ကိုင်ထားစဉ် ရင်ခုန်သံတွေ ဗရမ်းဗတာဖြစ်ကာ သွေးသားဆန္ဒတွေ ထပ်ပြီးမြင့်တက်လာခဲ့သည်။

ဒါပေမယ့် သူက နင်နင်ကို ထပ်မယူတော့ဘဲ ကလေးလေးကို အေးအေးဆေးဆေးတွေးနိုင်ဖို့ ထားရစ်ကာ ကော်ရစ်တာကို ပန်းကန်တွေသယ်ဆင်းလာခဲ့သည်။


ရှုဟိန်က ပန်းကန်တွေထားခဲ့ပြီး အပေါ်ထပ်ကို အမြန်တက်လာသည်။ နင်နင်ကို အခန်းထဲမှာ တစ်ယောက်တည်း အကြာကြီးမထားရစ်နိုင်ပေ။
သူတို့ ရုပ်ရှင်ခဏကြည့်ကြပြီးနောက် ထင်မြင်ချက်ကို ဝေမျှကြသည်။


တစ်ခါချစ်ပြီးရင် နောက်တစ်ကြိမ် ဘာကြောင့်မချစ်ရမှာလဲ..?

စိတ်လှုပ်ရှားစွာနှင့် ရှုနင်က အစ်ကိုကြီးကို ဆွဲဆောင်မှုရှိစွာပြုံးကာ ခေါ်လိုက်သည်။

"အစ်ကိုကြီး.. ဟိန်.."

(ထပ်ပြီး မီးပုံထဲ လောင်စာထည့်နေသော နင်နင်ပါ... သေတွင်းတူးတာ တော်တဲ့ နင်နင်ကို လက်ခုပ်တီးပေးကြပါ....( >o<) )


***-***


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now