Chapter (43) - ႐ႈမိသားစု စံုညီပြဲကို တက္ေရာက္ျခင္း (Z+U)

22.6K 3.3K 37
                                    

Chapter (43) – ႐ႈမိသားစု စံုညီပြဲကို တက္ေရာက္ျခင္း (Z+U)

သူတို႔ညီအစ္ကိုႏွစ္ဦးက ေပ်ာ္ရႊင္စြာျဖင့္ အိပ္ယာေပၚလံုးေထြးကာ အေတာ္ၾကာကစားေနၾကသည္။ ႐ႈဟိန္က လက္တစ္ဖက္ႏွင့္ ညစ္က်ယ္က်ယ္ညီေလးကို ကလိထိုးေနေပမယ့္ က်န္လက္တစ္ဖက္က သူ႔ေျခေထာက္ကဒဏ္ရာကို မထိမိေစဖို႔ ေသခ်ာကာထားေပးသည္။

"ဟား.. ဟား.. ဟား.. အစ္ကိုႀကီး.. ကၽြန္ေတာ့္ကို လႊတ္ေပး.."

႐ႈဟိန္က သူ႔ညီေလးကို သူ႔ကိုယ္ေပၚကို ဆြဲလွည့္ကာ တင္လိုက္ၿပီး သူ႔လက္ေတြက ႐ႈနင္၏အက်ႌထဲ လွ်ိဳဝင္ကာ ေက်ာေလးကို ဖြဖြေလး ပြတ္သပ္ေပးေနသည္။ ႐ႈနင္က ရင္ဘတ္ခ်င္းနီးကပ္စြာ အပ္ေနမိၿပီး အစ္ကိုႀကီး၏အပူရွိန္က အဝတ္ႏွစ္ခုကိုထိုးေဖာက္ကာ သူ႔ကိုယ္ထဲတိုးဝင္လာတာကို ခံစားမိလုိက္သည္။ သူ႔နားရြက္က နီရဲလာၿပီး ထိုေနရာမွ တစ္ကိုယ္လံုးကို တရွိန္းရွိန္း အပူေတြျပန္႔သြားသလို ခံစားလိုက္ရသည္။

႐ႈဟိန္က သူ႔ညီေလး၏ နီျမန္းေနေသာမ်က္ႏွာေလးကို စိုက္ၾကည့္ကာ အရမ္းခ်စ္စရာေကာင္းလြန္းသည္ဟု ထင္ေနသည္။ သူ႔သူငယ္ခ်င္း ရႊီက်င္းလည္း သူ႔ညီကို ဒီလိုပဲခ်စ္မလားဟု ေတြးေနသည္။ ရႊီက်င္းက သူ႔ညီေလးကို မိသားစုရတနာလို သေဘာထားလို႔ အျပင္မွာ စီးပြားေရးလုပ္ခ်င္တာေနမည္ဟု ေတြးေနမိသည္။

ေမွ်ာ္လင့္ထားတဲ့အတုိင္း ညီငယ္ေလးေတြက ႏူးညံ့သိမ္ေမြ႕ကာ ခ်စ္စရာေကာင္းလြန္းလွသည္။ ညီငယ္ေလးက ေခၽြးေတြထြက္ေနတာေတာင္ သူ႔ကုိယ္ေလးက သင္းသင္းေလးေမႊးလို႔ေနသည္။ ႐ႈဟိန္က ညီေလး၏ကိုယ္သင္းနံ႔ေလးကို ႐ွဴရင္း စိတ္လက္ခ်မ္းေျမ့လို႔ေနသည္။ အခု သူ႔ညီေလးကို လႊတ္လိုက္သင့္ၿပီ။ မဟုတ္လွ်င္ သူ႔ထိန္းခ်ဳပ္ႏိုင္စြမ္းက လြတ္ထြက္သြားေတာ့မည္ကို သိေနသည္။ သူမလႊတ္ခ်င္ေပမယ့္ လႊတ္ေပးကာ ေမးလိုက္သည္။

"ညစာကို ဘာစားခ်င္လဲ.."

အစားသရဲေလးက အစားအေၾကာင္းေမးသံၾကားေတာ့ ခ်က္ခ်င္းရႊင္ျမဴးကာ ေအာ္လိုက္သည္။

"ေစြေက်ာက္စားမယ္.."

"အိပ္ခ်င္တာလား.."

"ေစြ.. ေက်ာက္.. လို႔.."

ႀကီးျမတ္ေသာနတ္ဘုရားႀကီးေရ.. ေစြေက်ာက္ဟင္းကိုေျပာတာ.. အိပ္ခ်င္တယ္လို႔ ခင္ဗ်ားက နားၾကားမွားသြားတာလား..။

ထိုစဥ္ ႐ႈနင္က အရင္ဘဝက သူ ေထာင္ထဲမွာရွိစဥ္ ေထာင္သားမ်ားေျပာေသာ ဟာသပံုျပင္ကို သတိရကာ ႐ႈဟိန္ကိုေျပာလိုက္သည္။

"အရင္တုန္းက တ႐ုတ္စကားေျပာသင္ထားတဲ့ ႏိုင္ငံျခားသားတစ္ေယာက္က စားေသာက္ဆိုင္ထဲ လာစားတယ္တဲ့.. စားပြဲထိုးမေလးက ဧည့္သည္ကို ဘာစားမလဲလို႔ ေမးလိုက္တယ္.. ႏိုင္ငံျခားသားက စိတ္လႈပ္ရွားၿပီး အိပ္ခ်င္တာက ဘယ္ေလာက္ေပးရမလဲလို႔ ေမးလိုက္မိတယ္လို႔ ၾကားလိုက္ၿပီး စားပြဲထိုးက သူ႔ကို ပါး႐ိုက္လိုက္တယ္တဲ့.. ဟား.. ဟား.. ဟား.. ေစြေက်ာက္ဟင္းကို အိပ္ခ်င္တယ္လို႔ နားၾကားမွားသြားတာေလ.. ရယ္စရာမေကာင္းဘူးလား.."

"ဒီပံုျပင္မွာေျပာထားတာက အသံထြက္က ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာပဲ.."

"........."

႐ႈနင္၏မ်က္ႏွာက မည္းသြားသည္။ သူက ဟာသေျပာတာကို အစ္ကိုႀကီးက မရယ္ဘဲ အတည္ႀကီးေျပာေနသည္။

႐ႈဟိန္က ႐ႈနင္ကို ထူမေပးကာ ညစာစားဖို႔ျပင္လိုက္သည္။ ကေလးေလး၏ႏႈတ္ခမ္းေလးက တုန္ေနၿပီး သူက စိတ္မေကာင္းေနပံုရသည္။ ႐ႈဟိန္က ႐ႈနင္ကိုခ်ီမသြားၿပီး ေျခေထာက္ကို ေရေႏြးစိမ္ဖို႔လုပ္ေပးလိုက္မွ ႐ႈနင္၏မ်က္ႏွာက ၾကည္သာလာေတာ့သည္။

ထိုည ညစာကို အိမ္ေဖာ္မ်ားက အိပ္ခန္းထဲလာပို႔ေပးၾကသည္။ ႐ႈနင္က တူကိုကိုင္ကာ ညစာစားရင္း ေမးလိုက္သည္။

"အစ္ကိုႀကီး.. ကၽြန္ေတာ္တို႔ေတြ မိသားစုလူငယ္စုစည္းပြဲကို သြားၾကမယ္မလား.."

"ဘယ္မွမသြားဘူး.."

အိုး.. ဘုရားေရ.. ငါ့ေျခေထာက္ဒဏ္ရာရသြားလို႔ ငါ့ကိုငဲ့ၿပီး သူက မသြားေတာ့ဘူးတဲ့လား..။

အစ္ကိုႀကီးက သူ႔အေပၚ ဒီလိုေကာင္းေပးသည့္အတြက္ ႐ႈနင္ စိတ္လႈပ္ရွားသြားခဲ့သည္။

အစ္ကိုႀကီးက ဒဏ္ရာရေနသည့္ သူ႔ကို အိမ္မွာတစ္ေယာက္တည္း မထားရစ္ခ်င္ေသာေၾကာင့္ ဦးေဆာင္ဦးရြက္ျပဳရမည့္ ႐ႈမိသားစုက သားႀကီးတစ္ဦးအေနျဖင့္ တက္ရမည့္ပြဲကိုေတာင္ မသြားဘဲေနခဲ့သည့္အခ်က္က ႐ႈနင္ကို တကယ္ထိရွခံစားသြားရေစသည္။ တူေလးကိုကိုက္ရင္း အေတြးထဲနစ္ေနေသာ ႐ႈနင္က ႐ႈဟိန္ဘာေတြးေနသလဲဆိုတာကို လံုးဝမသိလိုက္ေပ။

႐ႈဟိန္ရင္ထဲမွာေတာ့ သူက ႐ႈမိသားစု၏ သားအရင္းမဟုတ္ေသာေၾကာင့္ ႐ႈမိသားစု၏ပြဲကို တက္ေရာက္ဖို႔ သိပ္ၿပီး စိတ္ဝင္စားမႈမရွိေပ။ ႏွစ္တုိင္းႏွစ္တိုင္း သူ႔ပေထြးအတြက္ အေထာက္အပံ့ျဖစ္ေစရန္ ဒီလူငယ္စုစည္းပြဲကို သူဦးေဆာင္ေပးခဲ့သည္။ ဒါေပမယ့္ မိသားစုတစ္ခုတြင္ မိမိတို႔အာဏာကို ဆက္ထိန္းထားဖို႔ဆိုတာ ေလာဘႀကီးၿပီး က်ားေခ်ာင္းေခ်ာင္းေနေသာ မိသားစုအခြဲက လူငယ္မ်ားကို ခ်စ္ၾကည္ေရးတည္ေဆာက္ေနမယ့္အစား company ထဲမွာ ကိုယ့္ရဲ့လုပ္ႏိုင္စြမ္းကို ျပသဖို႔က ပိုအဓိကက်သည္ဟု ယူဆသည္။ ကိုယ့္ရဲ့လုပ္ရည္ကိုင္ရည္ႏွင့္ ျပတ္သားမႈကို ျပထားႏိုင္မွ အနာဂတ္မွာျဖစ္လာႏိုင္ေသာ ေျခရာတိုင္းျခင္း၊ လုပ္ပိုင္ခြင့္လုယူျခင္းဆိုသည့္ မၿပီးဆံုးႏိုင္ေသာ ျပႆနာမ်ားကို ေလ်ာ့ေအာင္လုပ္ႏိုင္လိမ့္မည္။

လူငယ္စုစည္းပြဲကို တက္ဖို႔ထက္ ေျခေထာက္ဒဏ္ရာရထားေသာ ႐ႈနင္ကို ဂ႐ုစိုက္ေပးဖို႔က ပိုအေရးႀကီးသည္။ အိမ္မွာလည္း လူႀကီးေတြမရွိေသာေၾကာင့္ ႐ႈဟိန္က ဘယ္နည္းႏွင့္မွ ႐ႈနင္ေဘးက မခြာႏိုင္ေပ။ ႐ႈနင္က အသက္႐ႈသြင္းကာ သတိဝင္လာၿပီးမွ ေမးလိုက္သည္။

"အစ္ကိုႀကီးက ဒီပြဲကို ဦးေဆာင္က်င္းပရမွာ မဟုတ္ဘူးလား.. အေဖက အခ်ိန္မွီ ျပန္မေရာက္ႏိုင္ဘူးမလား.."

တကယ္လို႔ ဦးေဆာင္က်င္းပသူမရွိလွ်င္ ဒီပြဲကိုဖ်က္သိမ္းရမွာျဖစ္ၿပီး ျပႆနာတက္သြားႏိုင္တယ္ မဟုတ္လား။

"ဒုတိယအိမ္ေတာ္က ႐ႈက်ီရႊမ္းက ဒီႏွစ္ပြဲကို ဦးေဆာင္လိမ့္မယ္.."

ဘာ.. ဘာေၾကာင့္ သူက ဦးေဆာင္ရတာလဲ.. ဘုရားေရ..

႐ႈနင္က အံ့အားသင့္သြားသျဖင့္ ေမးက ေအာက္ကိုျပဳတ္က်မတတ္ ျဖစ္သြားသည္။

အရင္ဘဝတြင္ ႐ႈဟိန္ကို မိသားစုကိစၥတိုင္း လုပ္ပိုင္ခြင့္၊ company တြင္းမွလုပ္ပိုင္ခြင့္ကို အဓိကယွဥ္ၿပိဳင္ေနသူက ဒုတိယအိမ္ေတာ္မွ ႐ႈက်ီရႊမ္းျဖစ္သည္။

႐ႈယြီက ႐ႈေကာင္း၏ညီငယ္ျဖစ္ၿပီး ဇနီးျဖစ္သူဆံုးသြားကာ ႐ႈလင္းယြင္ဆိုသည့္ သားတစ္ဦးသာ ေမြးဖြားခဲ့သည္။ ႐ႈလင္းယြင္၏ဇနီးက ကူယာျဖစ္ၿပီး သားႏွစ္ေယာက္ သမီးတစ္ေယာက္ ေမြးထားသည္။ အႀကီးဆံုးသားက ႐ႈက်ီရႊမ္းျဖစ္ၿပီး သူက ရည္မွန္းခ်က္ႀကီးကာ နတ္ဘုရားမ်ား၏ ေကာင္းခ်ီးေပးျခင္းကိုခံရသည့္ ကေလးျဖစ္ၿပီး အံ့အားသင့္ဖြယ္ေကာင္းသူျဖစ္သည္။ သူက ႐ႈဟိန္ကို ဖယ္ရွားၿပီး ႐ႈမိသားစုပိုင္လုပ္ငန္းႀကီးကို သိမ္းပိုက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ႐ႈဟိန္က အစြမ္းထက္လြန္းလွေသာေၾကာင့္ ဘယ္လိုမွ မယွဥ္ႏိုင္ခဲ့ေပ။ ဒါေၾကာင့္ အရင္ဘဝက ႐ႈနင္ႏွင့္လက္တြဲကာ ႐ႈဟိန္ကိုတိုက္ခိုက္ခဲ့ေပမယ့္ ႐ံႈးနိမ့္ခဲ့ရသည္။ ဒုတိယသားက တရားမဝင္သားျဖစ္ၿပီး ႐ႈက်ီရႊီဟုေခၚသည္။

ကူယာက ဒီတရားမဝင္သားကို တမင္သက္သက္ ရႊီဆိုသည့္နာမည္ေပးထားၿပီး ထိုကေလးက နာခံမႈရွိ႐ံုသာမက သူမခိုင္းသမွ် မ်က္ကန္းယံုၾကည္ကာ လုပ္ေပးေသာေၾကာင့္ သူမေယာက္်ား၏ အေျမႇာင္မွေမြးေသာ တရားမဝင္ကေလးကို လက္ခံကာ ေကၽြးေမြးထားျခင္းျဖစ္သည္။

တတိယသမီးအမည္က ႐ႈက်ီေဟြ႕ျဖစ္ၿပီး လွပေသာ္လည္း အက်င့္ပ်က္ေသာမိန္းကေလးျဖစ္သည္။ ယခင္ဘဝက ႐ႈက်ီေဟြ႕က ႐ႈနင္ကို အရမ္းကပ္ၿပီး သူမ၏အစ္ကိုျဖစ္သူ ႐ႈနင္ကို အႏိုင္က်င့္႐ံုမွ်မက ႐ႈနင္၏ဇနီးျဖစ္ခ်င္သည္ဟုပင္ ေျပာခဲ့သည္။ ႐ႈနင္က gay ျဖစ္ေပမယ့္ သူမ၏စကားေၾကာင့္ ရင္ခုန္ခဲ့မိေသးသည္။ သူမက ႐ႈဟိန္ကိုတိုက္ခိုက္ဖို႔ ႐ႈနင္ကို အႀကံမ်ိဳးစံုေပးေလ့ရွိသည္။ ႐ႈက်ီေဟြ႕က ခ်င္ယြိက်ိဳးကဲ့သို႔ လည္ကာ ကိုယ္က်ိဳးသာသိေသာ မိန္းမမ်ားျဖစ္သည္။

႐ႈက်ီရႊမ္းႏွင့္ ႐ႈက်ီေဟြ႕တို႔က ႐ႈဟိန္ေနရာမွာ ႐ႈလုပ္ငန္းစု၏ေခါင္းေဆာင္ေနရာကို လုယူခ်င္ေသာေၾကာင့္ ႐ႈနင္ကုိကပ္တယ္ဆိုတာ သိေပမယ့္ ႐ႈဟိန္ကိုတိုက္ခိုက္ဖို႔ သူက အယုတ္တမာေမာင္ႏွမႏွင့္ ပူးေပါင္းခဲ့သည္။ ဒါေပမယ့္ ႐ႈက်ီရႊီတစ္ဦးတည္းသာ ဘယ္သူ႔ကိုမွထိခိုက္ေအာင္မလုပ္ဘဲ ေကာင္းေကာင္းေနခဲ့ေသာသူျဖစ္သည္။

"ဘာျဖစ္လို႔လဲ.."

႐ႈဟိန္က ကေလးေလးဆီက ေၾကာက္ရြံ႕ေနပံုကိုေတြ႕ေတာ့ ေမးလိုက္သည္။

"အစ္ကိုႀကီး.. အစ္ကိုႀကီး ဒီစုစည္းပြဲကို သြားမွျဖစ္မယ္.. တကယ္လို႔ ကၽြန္ေတာ့္ေၾကာင့္ အစ္ကိုႀကီးေနရာကို သူမ်ားယူသြားရင္ ကၽြန္ေတာ္.. ကၽြန္ေတာ္.. ဘယ္လိုမွ သည္းမခံႏုိင္ဘူး.."

႐ႈဟိန္က ခုမွ လူငယ္ေလးပဲရွိေသးတယ္.. ငါသာ မ်က္ရည္က်ျပရင္ သူ မသြားဘဲဘယ္ေနမလဲ..။ ႐ႈနင္က ဒီလိုေတြးၿပီး မ်က္ရည္ညႇစ္ထုတ္ေပမယ့္ ကံဆိုးၿပီး မ်က္ရည္က က်မလာခဲ့ေပ။ ႐ႈနင္က ေဟာ့ေပါ့အိုးထဲက ပုရြက္ဆိတ္လိုမ်ိဳး စိတ္ထဲမွာ ေယာက္ယက္ခတ္ေနၿပီး ေျပာလိုက္သည္။

"အစ္ကိုႀကီး.. ကၽြန္ေတာ့္ကို အျပင္ေလာကကိုၾကည့္ဖို႔ ေခၚသြားေပးပါလား.."

"မင္း သြားခ်င္တာလား.."

"အြန္း.. ကၽြန္ေတာ္က အရင္က ဒီလိုစုစည္းပြဲကို မတက္ဖူးဘူး.. အိမ္က အရမ္းဆင္းရဲေတာ့ အလယ္တန္းၿပီးလို႔ ေက်ာင္းကလုပ္တဲ့ပြဲကိုေတာင္ မတက္ႏိုင္ခဲ့လို႔ အတန္းေဖာ္ေတြကိုေတာင္ မေတြ႕လိုက္ရဘူး.."

ကေလးငယ္ေလး၏ ဝမ္းနည္းစကားကိုၾကားေတာ့ ႐ႈဟိန္က စာနာသနားလာမိသည္။

"ဒါဆို သြားၾကတာေပါ့.."

"အိုေက.."

"မင္း.. ပါတီပြဲတက္ဖို႔ ပြဲတက္ဝတ္စံုေကာ.."

"ရွိတယ္.. ရွိတယ္.. အရင္တစ္ခါက ေဟာ္မိသားစုရဲ့ ေကာ့ေတးပါတီတက္ဖို႔ အေမက ဝတ္စံု ၅စံုေတာင္ ခ်ဳပ္ေပးထားတာ.."

ခ်င္ယြိက်ိဳးက ဒီကေလးကို အရြယ္ႏွင့္မမွ်ေအာင္ အဝတ္အစားမ်ားစြာခ်ဳပ္ေပးၿပီး ႐ႈနင္၏အခန္းေလးထဲက ဗီ႐ိုထဲ ထည့္ေပးထားသည္။ ႐ႈဟိန္အခ်က္ျပလိုက္ေတာ့ ကိုယ္ရံေတာ္က ထုိဝတ္စံုမ်ား၏စတိုင္လ္ကို လာေရာက္အစီရင္ခံလိုက္သည္။ ထိုဝတ္စံု၅စံုလံုးက အရမ္းကို ေခတ္မွီဆန္းသစ္လြန္းေနၿပီး ခန္႔ခန္႔ထည္ထည္ ႐ိုး႐ိုးရွင္းရွင္းပံုစံကို ႏွစ္သက္ေသာ ႐ႈဟိန္၏အႀကိဳက္ႏွင့္ ဆန္႔က်င္ေနသျဖင့္ ႐ႈဟိန္ မေပ်ာ္မရႊင္ျဖစ္ကာ ကေလးေလး၏ေမးေစ့ကို လက္ေလးႏွင့္အသာပြတ္ကာ စဥ္းစားေနသည္။

႐ႈနင္က ထမင္းစားရပ္လိုက္ေသာေၾကာင့္ ႐ႈဟိန္က ေျပာလိုက္သည္။

"နည္းနည္းထပ္စားဦး.. လမ္းမွာ ဆာေနဦးမယ္.."

"အြန္း.."

စိတ္လႈပ္ရွားလြန္းလို႔ ႐ႈနင္၏ရင္ေတြ တုန္ေနသည္။ ႐ႈက်ီရႊမ္းေရ.. မင္း ေစာင့္ေနစမ္းပါ.. အရင္ဘဝက မင္း ငါ့ကိုလွည့္စားၿပီး ဒုကၡေပးခဲ့သမွ် ခုဘဝ အားလံုး ျပန္ေပးဆပ္ေစရမယ္.. ဒီဘဝေတာ့ မင္းခံရမယ့္အလွည့္လို႔သာ မွတ္ေပေတာ့..။

႐ႈဟိန္က အျပင္ကိုခဏထြက္သြားၿပီး ႐ႈနင္စားေနသည္ကို ေဘးမွာအေဖာ္လာလုပ္ေပးသည္။ ႐ႈဟိန္က ေရေအးဝတ္တင္ေပးထားသျဖင့္ အေရာင္ေလ်ာ့သြားေသာ ႐ႈနင္၏ေျခေထာက္ေလးကို စိုက္ၾကည့္ကာ ဒီေျခေထာက္ေလးက မရွည္လြန္း၊ မတိုလြန္း အေနေတာ္ျဖင့္ ၾကည့္ေကာင္းလြန္းလွသည္ဟု ေတြးေနသည္။ ဒီေျခေထာက္ေလးကို အေစာက သူကိုင္ခဲ့စဥ္က ႏူးညံ့ေသာအထိအေတြ႕ေလးကို ျပန္သတိရကာ မ်က္ဝန္းတစ္စံုက မည္းေမွာင္လာသည္။

႐ႈနင္က အစ္ကိုႀကီး၏အၾကည့္ေၾကာင့္ သူ႔ေျခေထာက္ကို စိုးရိမ္ေနသည္ဟုထင္ကာ သူ႔ေျခေထာက္အတြက္ စိတ္မပူပါနဲ႔ဟုေျပာဖို႔ ပါးစပ္ဟလိုက္ၿပီးမွ ျပန္ပိတ္လိုက္သည္။ သူက အစ္ကိုႀကီး ခုလိုဂ႐ုစိုက္ေပးလို႔ ေက်းဇူးတင္စကားေျပာခ်င္ေပမယ့္ ညီအစ္ကိုခ်င္း ေက်းဇူးတင္စကားေျပာလွ်င္ စိမ္းကားရာက်မည္စိုးသျဖင့္ အစ္ကိုႀကီး၏လက္ကို သူ႔လက္ေလးႏွင့္ျပန္ဆုပ္ကိုင္ကာ ဖြဖြေလးညႇစ္လိုက္သည္။

႐ႈဟိန္က ႐ႈနင္၏အျပဳအမူေၾကာင့္ အံ့အားသင့္သြားၿပီး အၾကည့္မ်ားက ႏူးညံ့သြားခဲ့သည္။ ႐ႈနင္စားၿပီးသြားေတာ့ ႐ႈဟိန္က ကေလးေလးကို ပါးစပ္သုတ္ေပးၿပီး အိပ္ယာဆီကို ေပြ႕ခ်ီလာခဲ့သည္။ ႐ႈနင္က သတိမထားမိဘဲ အစ္ကိုႀကီး၏လည္ပင္းကို လက္ေလးႏွင့္ သိုင္းဖက္လိုက္ေတာ့ ႐ႈဟိန္က အနည္းငယ္တုန္လႈပ္သြားေပမယ့္ ခ်က္ခ်င္း ပံုမွန္ျပန္ျဖစ္သြားသည္။

သူတို႔အတြက္ ခန္႔ညားေသာဝတ္စံုႏွစ္စံုက အဆင္သင့္ေရာက္လာေလၿပီ။ တစ္စံုက နက္ေမွာင္ေသာ ညေကာင္းကင္ကဲ့သို႔ စိုေနေသာ အနက္ေရာင္အေနာက္တိုင္းဝတ္စံုျဖစ္ၿပီး ေနာက္တစ္စံုက ျဖဴဆြတ္ကာ မင္းသားေလး၏ဝတ္စံုကဲ့သို႔ အေနာက္တိုင္းဝတ္စံုျဖစ္သည္။

အနက္ေရာင္ဝတ္စံုက ခ်ဳပ္သားမ်ားက တိက်ေသသပ္လွၿပီး ၾကည့္လိုက္တာႏွင့္ပင္ လူကိုဖမ္းစားႏိုင္သည္။ ႐ႈဟိန္က ဒါကိုဝတ္လိုက္ေတာ့ လွ်ိဳ႕ဝွက္ဆန္းၾကယ္ၿပီး ဆြဲေဆာင္မႈျမင့္မားေသာ နတ္ဧကရာဇ္၏ က်က္သေရမ်ိဳး ျဖာေဝေနသျဖင့္ ႐ႈနင္မွာ အစ္ကိုႀကီးထံမွ မ်က္စိပင္ မလႊဲႏုိင္ေတာ့ေပ။ သူ၏ တည္ၾကည္ခန္႔ညားေသာ မ်က္ႏွာထားႏွင့္ဆုိပါက အေမွာင္ဘုရင္ႀကီးတစ္ပါးကဲ့သို႔ ထင္မွတ္ရသည္။

႐ႈဟိန္က ဝတ္စားၿပီးေတာ့ ႐ႈနင္ကို ကူညီဝတ္ဆင္ေပးသည္။ ႐ႈနင္က လိမၼာစြာပင္ အဝတ္ဝတ္ေပးတာ ခံယူေနသည္။ အစ္ကိုႀကီးက အရမ္းကို အေသးစိတ္ေတြးၿပီး စီစဥ္ေပးထားတာပဲ..

႐ႈနင္က လည္စည္းနက္ခ္တိုင္စည္းေတာ့ ဒုကၡေရာက္ေတာ့သည္။ သူ႔ဘာသာ နက္ခ္တိုင္မခ်ည္တတ္ေပ။ ႐ႈဟိန္က ဒူးေထာက္ကာ ႐ႈနင္၏လက္ေလးေပၚ လက္ခ်င္းထပ္ၿပီး နက္ခ္တိုင္စည္းေပးလိုက္သည္။ သူတို႔ႏွစ္ဦးၾကား ေမွာ္ဆန္ေသာခံစားခ်က္မ်ား ထြက္လာသလို ခံစားလိုက္ရသည္။

"ခ်ည္ပံုခ်ည္နည္းေတြ မွတ္မိၿပီလား.."

နက္ခ္တိုင္ခ်ည္ၿပီးေတာ့ ႐ႈဟိန္က ႐ႈနင္၏လက္ေလးေပၚက သူ႔လက္ဝါးႀကီးကို ဖယ္လုိက္ၿပီး ေမးလိုက္သည္။

႐ႈနင္က ေခါင္းေတြထံုထိုင္းေနၿပီး အလိုလုိေခါင္းညိတ္လိုက္သည္။ အားလံုးၿပီးေတာ့ ကိုယ္ရံေတာ္တစ္ဦးက ဘီးတပ္ကုလားထိုင္ကို တြန္းလာၿပီး ႐ႈဟိန္က ႐ႈနင္ကိုေပြ႕ကာ ကုလားထိုင္ေပၚတင္ေပးကာ ေအာက္ပိုင္းကို ေစာင္ပါးေလးၿခံဳေပးလိုက္သည္။

"အစ္ကိုႀကီး.. ကၽြန္ေတာ့္ကို လူေတြဝိုင္းရယ္ေအာင္ လုပ္ေနတာလား.."

"မင္းက ႐ႈအိမ္ေတာ္က ဒုတိယသခင္ေလးပဲ.. ဘယ္သူရယ္ရဲမွာလဲ.."

ေကာင္းၿပီေလ.. သူဘယ္လိုျငင္းျငင္း ႐ႈဟိန္က ကုလားထုိင္ကိုတြန္းကာ ဓာတ္ေလွကားျဖင့္ ေအာက္ကိုဆင္းလာခဲ့သည္။ ႐ိုးလက္စ္ကားႀကီးထဲ ဝင္ထိုင္မိၿပီးမွ ႐ႈနင္ စိတ္ၿငိမ္သြားေတာ့သည္။ သူတို႔ ႐ႈမိသားစုပိုင္ ကလပ္ကိုေရာက္လာေတာ့ ေရာင္စံုမီးမ်ားထိန္ကာ လွပစြာတန္ဆာဆင္ထားသျဖင့္ အတြင္းအျပင္ မ်က္စိပသာဒျဖစ္ကာ လွပလြန္းေနသည္။ ပံုမွန္အားျဖင့္ ငယ္ရြယ္ေသာ ႐ႈမိသားစုမွ သခင္ေလး၊ သခင္မေလးမ်ားက ဒီေနရာကို ယံုၾကည္ခ်က္အျပည့္ျဖင့္ တက္ေရာက္ၾကၿပီး သူတို႔သက္ဆိုင္ရာအတြဲမ်ားကို ေခၚလာေလ့ရွိၾကသည္။ မိသားစုတစ္စုခ်င္းစီတြင္ မတူကြဲျပားၾကၿပီး သူတို႔က အခ်င္းခ်င္း က်ိတ္ၿပိဳင္ေနၾကသည္။ သူတို႔မိသားစုထဲက အရည္အခ်င္းရွိေသာ သားသမီးမ်ားကို ထုတ္ျပကာ သူတို႔မိသားစုဂုဏ္တက္ေအာင္ ႀကိဳးစားၾကသည္။ သခင္ေလးမ်ားက ဝိုင္းဖြဲ႕ထိုင္ကာ ခ်စ္ၾကည္စြာစကားေျပာေနတယ္ ထင္ရေပမယ့္ တစ္ေယာက္ကိုတစ္ေယာက္ ေစာင့္ၾကည့္အကဲခတ္ေနၾကျခင္းျဖစ္သည္။

ဒီတစ္ႀကိမ္ေတာ့ ဒုတိယအိမ္ေတာ္ခြဲက ရွားရွားပါးပါး အိမ္ရွင္အျဖစ္ ဦးေဆာင္က်င္းပခြင့္ရေသာေၾကာင့္ ဂုဏ္တက္ေနၾကသည္။

တစ္နာရီၾကာေတာ့ ႐ႈအိမ္ေတာ္ခြဲက ဦးေဆာင္ခြင့္ရသည့္ကိစၥကို မေက်နပ္သည့္အိမ္ေတာ္ခြဲတစ္ခုမွ ႐ႈခိုင္ဆိုသည့္လူရြယ္က ႐ႈက်ီရႊမ္းကို မ်က္ႏွာမသာမယာျဖင့္ၾကည့္ကာ ေမးလိုက္သည္။

"အိုး.. မင္းက ဘာေၾကာင့္ ဒီေန႔ အဓိကထိုင္ခံုမွာ ထိုင္ေနရတာလဲ.."

ငါဒီမွာ ဘာေၾကာင့္ထိုင္တယ္ဆိုတာ သိလ်က္နဲ႔ မင္းက ေမးရေသးလား..

႐ႈက်ီရႊမ္းက လိမၼာပါးနပ္သူျဖစ္ေသာေၾကာင့္ ေဒါသကိုၿမိဳသိပ္ကာ ၿပံဳးရႊင္စြာ ႏႈတ္ဆက္လိုက္သည္။

"ညီေလးခိုင္ပါလား.. ညီေလးလည္း ေရာက္ေနတာလား.. လာ.. လာ.. တစ္ခြက္ေလာက္ေသာက္ရေအာင္.."

"အစ္ကိုႀကီးဟိန္က ဘယ္ေရာက္ေနတာလဲ.."

"သူက တျခားသြားစရာရွိလို႔တဲ့ကြ.."

"အစ္ကိုႀကီးဟိန္ မလာရင္ေတာင္ မင္းအလွည့္မဟုတ္ဘူးမလား.. ဝါစဥ္အရဆိုရင္ ဒုတိယအႀကီးဆံုး အစ္ကို႐ႈေဟာက္က ဦးေဆာင္က်င္းပရမွာမဟုတ္လား.."

"မင္းက အသက္အရြယ္နဲ႔ ေျပာတာလား.. တကယ္လို႔ အဓိကအိမ္ေတာ္ႀကီးကမလာရင္ ဒုတိယအိမ္ေတာ္က ဦးစီးက်င္းပရတာ ထံုးစံပဲေလ.. အခုက ႐ႈမိသားစုက ညီအစ္ကိုေမာင္ႏွမေတြ စုစည္းပြဲျဖစ္လို႔ ငါက မိန္႔ခြန္းေျပာဖို႔ ဒီထိုင္ခံုမွာ ထိုင္ေနတာ.. မင္းက ဘာေၾကာင့္ ဒီေလာက္စိတ္အေႏွာင့္အယွက္ ျဖစ္ေနရတာလဲ ငါ့ညီရ.."

"ဒါက တမင္သက္သက္ အထင္ေသးတာပဲ.. တကယ္လို႔ အစ္ကိုရႊမ္း စိတ္မရွိဘူးဆိုရင္ အစ္ကို႔ေနရာကို ကၽြန္ေတာ့္ကိုေပးလိုက္ရင္ေကာ.. ဘယ္လိုလဲ.."

"မင္းကိုလား.."

႐ႈက်ီရႊမ္းက ရယ္ရင္း ခြက္ကိုေျမႇာက္ကာ ခြက္ခ်င္းတုိက္လိုက္သည္။

ထိုစဥ္ အျပင္ဘက္က ႐ုတ္႐ုတ္သဲသဲျဖစ္သြားသျဖင့္ ႐ႈက်ီရႊမ္းကိုယ္စား စိတ္ခ်ရေသာ လက္ေအာက္ငယ္သားတစ္ေယာက္က ေျပးသြားၾကည့္ခဲ့သည္။ ထုိတစ္ေယာက္က လမ္းတစ္ဝက္ႏွင့္ ျပန္လွည့္ေျပးလာၿပီး အေလာတႀကီးေျပာလိုက္သည္။

"သခင္ေလး.. အဲ့တာ ႐ႈဟိန္ပါ.."

သူ ဒီပြဲကို မတက္ေလာက္ဘူးလို႔ ငါထင္ခဲ့တာ..

႐ႈဟိန္ေနရာမွာ အစားထိုးဦးေဆာင္ဖို႔ဆိုတာက အိပ္မက္လိုလြင့္ျပယ္သြားၿပီး သူ႔မ်က္ႏွာက ခ်က္ခ်င္းဆိုးဝါးသြားခဲ့သည္။ ဒါေပမယ့္ သူက ႐ႈဟိန္ကိုႏႈတ္ဆက္ဖို႔ ခ်က္ခ်င္းထသြားရေတာ့သည္။

႐ႈဟိန္က အဓိကပင္မအိမ္ေတာ္ႀကီးမွ ျဖစ္ေသာေၾကာင့္ ကိုယ္ရံေတာ္မ်ား၊ စိတ္ခ်ရေသာ လူယံုေတာ္မ်ား တၿပံဳႀကီးၿခံရံကာ ဝင္လာခဲ့သည္။ သူက ဘီးတပ္ကုလားထိုင္တစ္ခုကို တြန္းလာၿပီး ထိုခံုေပၚတြင္ သူဓာတ္ပံုထဲမွာသာ ျမင္ဖူးေသာ ႐ႈနင္ကို အျဖဴေရာင္အေနာက္တိုင္းဝတ္စံုဝတ္ထားၿပီး ၿပံဳးရႊင္စြာထိုင္ေနသည္ကို ေတြ႕လိုက္ရသည္။

သူက ႐ႈနင္လား..

ဒါက တကယ္ႀကီး ႐ႈနင္လား..

႐ႈဟိန္က ကိုယ္တိုင္ ဘီးတပ္ကုလားထိုင္ကို တြန္းလာတဲ့ျမင္ကြင္းက မယံုၾကည္ခ်င္စရာေကာင္းလွသည္။ ဒီကေလးက မိေထြးျဖစ္သူႏွင့္ကပ္ၿပီး ႐ႈအိမ္ေတာ္ထဲပါလာေသာ မ်ိဳးမစစ္ကေလး မဟုတ္ဘူးလား။ ဒီကေလးႀကီးျပင္းမလာခင္ သုတ္သင္ပစ္ရမယ့္အစား သူက ဘာေၾကာင့္ ပြဲထုတ္လာရသလဲ..။ မိသားစုအေမြခံပစၥည္းအတြက္ တိုက္ခုိက္ဖို႔ ဒီေကာင္ေလးႀကီးတဲ့အထိ ေစာင့္ခ်င္တာလား..။

ထိုစဥ္ခဏ သူတို႔ပတ္ဝန္းက်င္ေလထုက ထူးဆန္းလာခဲ့သည္။ လူေတြက မိေထြးျဖစ္သူ အင္အားႀကီးသျဖင့္ ႐ႈဟိန္တစ္ေယာက္ သူ႔အေနအထားကို ကာကြယ္ဖို႔ မိေထြး၏သားကို မ်က္ႏွာလုပ္ေနရသည္ဟု ထင္သြားၾကသည္။ တစ္ဖက္မွာေတာ့ ဘယ္ေတာ့မွ သူမ်ားကိုစိတ္မဝင္စားေသာ ႐ႈဟိန္က ဘာေၾကာင့္ ခုလို ႐ိုမန္႔ဆန္ဆန္လုပ္သလဲလို႔ ေတြးေနၾကသည္။

႐ႈက်ီရႊမ္းက မ်က္ႏွာေပၚမွာ အၿပံဳးတုကိုတပ္ဆင္ကာ ႏႈတ္ဆက္ဖို႔ ေရွ႕မွာရပ္လိုက္သည္။

"အာ.. တဆိတ္ေလာက္ အစ္ကိုေရ.. ခင္ဗ်ား ကၽြန္ေတာ့္လမ္းကို ပိတ္ေနၿပီ.."

မထင္မွတ္ထားဘဲ ႐ႈနင္ဆီက စိတ္အေႏွာင့္အယွက္ျဖစ္သြားသံက ထြက္လာခဲ့သည္။

====================

Chapter (43) – ရှုမိသားစု စုံညီပွဲကို တက်ရောက်ခြင်း (Z+U)

သူတို့ညီအစ်ကိုနှစ်ဦးက ပျော်ရွှင်စွာဖြင့် အိပ်ယာပေါ်လုံးထွေးကာ အတော်ကြာကစားနေကြသည်။ ရှုဟိန်က လက်တစ်ဖက်နှင့် ညစ်ကျယ်ကျယ်ညီလေးကို ကလိထိုးနေပေမယ့် ကျန်လက်တစ်ဖက်က သူ့ခြေထောက်ကဒဏ်ရာကို မထိမိစေဖို့ သေချာကာထားပေးသည်။

"ဟား.. ဟား.. ဟား.. အစ်ကိုကြီး.. ကျွန်တော့်ကို လွှတ်ပေး.."

ရှုဟိန်က သူ့ညီလေးကို သူ့ကိုယ်ပေါ်ကို ဆွဲလှည့်ကာ တင်လိုက်ပြီး သူ့လက်တွေက ရှုနင်၏အင်္ကျီထဲ လျှိုဝင်ကာ ကျောလေးကို ဖွဖွလေး ပွတ်သပ်ပေးနေသည်။ ရှုနင်က ရင်ဘတ်ချင်းနီးကပ်စွာ အပ်နေမိပြီး အစ်ကိုကြီး၏အပူရှိန်က အဝတ်နှစ်ခုကိုထိုးဖောက်ကာ သူ့ကိုယ်ထဲတိုးဝင်လာတာကို ခံစားမိလိုက်သည်။ သူ့နားရွက်က နီရဲလာပြီး ထိုနေရာမှ တစ်ကိုယ်လုံးကို တရှိန်းရှိန်း အပူတွေပြန့်သွားသလို ခံစားလိုက်ရသည်။

ရှုဟိန်က သူ့ညီလေး၏ နီမြန်းနေသောမျက်နှာလေးကို စိုက်ကြည့်ကာ အရမ်းချစ်စရာကောင်းလွန်းသည်ဟု ထင်နေသည်။ သူ့သူငယ်ချင်း ရွှီကျင်းလည်း သူ့ညီကို ဒီလိုပဲချစ်မလားဟု တွေးနေသည်။ ရွှီကျင်းက သူ့ညီလေးကို မိသားစုရတနာလို သဘောထားလို့ အပြင်မှာ စီးပွားရေးလုပ်ချင်တာနေမည်ဟု တွေးနေမိသည်။

မျှော်လင့်ထားတဲ့အတိုင်း ညီငယ်လေးတွေက နူးညံ့သိမ်မွေ့ကာ ချစ်စရာကောင်းလွန်းလှသည်။ ညီငယ်လေးက ချွေးတွေထွက်နေတာတောင် သူ့ကိုယ်လေးက သင်းသင်းလေးမွှေးလို့နေသည်။ ရှုဟိန်က ညီလေး၏ကိုယ်သင်းနံ့လေးကို ရှူရင်း စိတ်လက်ချမ်းမြေ့လို့နေသည်။ အခု သူ့ညီလေးကို လွှတ်လိုက်သင့်ပြီ။ မဟုတ်လျှင် သူ့ထိန်းချုပ်နိုင်စွမ်းက လွတ်ထွက်သွားတော့မည်ကို သိနေသည်။ သူမလွှတ်ချင်ပေမယ့် လွှတ်ပေးကာ မေးလိုက်သည်။

"ညစာကို ဘာစားချင်လဲ.."

အစားသရဲလေးက အစားအကြောင်းမေးသံကြားတော့ ချက်ချင်းရွှင်မြူးကာ အော်လိုက်သည်။

"စွေကျောက်စားမယ်.."

"အိပ်ချင်တာလား.."

"စွေ.. ကျောက်.. လို့.."

ကြီးမြတ်သောနတ်ဘုရားကြီးရေ.. စွေကျောက်ဟင်းကိုပြောတာ.. အိပ်ချင်တယ်လို့ ခင်ဗျားက နားကြားမှားသွားတာလား..။

ထိုစဉ် ရှုနင်က အရင်ဘဝက သူ ထောင်ထဲမှာရှိစဉ် ထောင်သားများပြောသော ဟာသပုံပြင်ကို သတိရကာ ရှုဟိန်ကိုပြောလိုက်သည်။

"အရင်တုန်းက တရုတ်စကားပြောသင်ထားတဲ့ နိုင်ငံခြားသားတစ်ယောက်က စားသောက်ဆိုင်ထဲ လာစားတယ်တဲ့.. စားပွဲထိုးမလေးက ဧည့်သည်ကို ဘာစားမလဲလို့ မေးလိုက်တယ်.. နိုင်ငံခြားသားက စိတ်လှုပ်ရှားပြီး အိပ်ချင်တာက ဘယ်လောက်ပေးရမလဲလို့ မေးလိုက်မိတယ်လို့ ကြားလိုက်ပြီး စားပွဲထိုးက သူ့ကို ပါးရိုက်လိုက်တယ်တဲ့.. ဟား.. ဟား.. ဟား.. စွေကျောက်ဟင်းကို အိပ်ချင်တယ်လို့ နားကြားမှားသွားတာလေ.. ရယ်စရာမကောင်းဘူးလား.."

"ဒီပုံပြင်မှာပြောထားတာက အသံထွက်က ဘယ်လောက်အရေးကြီးတယ်ဆိုတာပဲ.."

"........."

ရှုနင်၏မျက်နှာက မည်းသွားသည်။ သူက ဟာသပြောတာကို အစ်ကိုကြီးက မရယ်ဘဲ အတည်ကြီးပြောနေသည်။

ရှုဟိန်က ရှုနင်ကို ထူမပေးကာ ညစာစားဖို့ပြင်လိုက်သည်။ ကလေးလေး၏နှုတ်ခမ်းလေးက တုန်နေပြီး သူက စိတ်မကောင်းနေပုံရသည်။ ရှုဟိန်က ရှုနင်ကိုချီမသွားပြီး ခြေထောက်ကို ရေနွေးစိမ်ဖို့လုပ်ပေးလိုက်မှ ရှုနင်၏မျက်နှာက ကြည်သာလာတော့သည်။

ထိုည ညစာကို အိမ်ဖော်များက အိပ်ခန်းထဲလာပို့ပေးကြသည်။ ရှုနင်က တူကိုကိုင်ကာ ညစာစားရင်း မေးလိုက်သည်။

"အစ်ကိုကြီး.. ကျွန်တော်တို့တွေ မိသားစုလူငယ်စုစည်းပွဲကို သွားကြမယ်မလား.."

"ဘယ်မှမသွားဘူး.."

အိုး.. ဘုရားရေ.. ငါ့ခြေထောက်ဒဏ်ရာရသွားလို့ ငါ့ကိုငဲ့ပြီး သူက မသွားတော့ဘူးတဲ့လား..။

အစ်ကိုကြီးက သူ့အပေါ် ဒီလိုကောင်းပေးသည့်အတွက် ရှုနင် စိတ်လှုပ်ရှားသွားခဲ့သည်။

အစ်ကိုကြီးက ဒဏ်ရာရနေသည့် သူ့ကို အိမ်မှာတစ်ယောက်တည်း မထားရစ်ချင်သောကြောင့် ဦးဆောင်ဦးရွက်ပြုရမည့် ရှုမိသားစုက သားကြီးတစ်ဦးအနေဖြင့် တက်ရမည့်ပွဲကိုတောင် မသွားဘဲနေခဲ့သည့်အချက်က ရှုနင်ကို တကယ်ထိရှခံစားသွားရစေသည်။ တူလေးကိုကိုက်ရင်း အတွေးထဲနစ်နေသော ရှုနင်က ရှုဟိန်ဘာတွေးနေသလဲဆိုတာကို လုံးဝမသိလိုက်ပေ။

ရှုဟိန်ရင်ထဲမှာတော့ သူက ရှုမိသားစု၏ သားအရင်းမဟုတ်သောကြောင့် ရှုမိသားစု၏ပွဲကို တက်ရောက်ဖို့ သိပ်ပြီး စိတ်ဝင်စားမှုမရှိပေ။ နှစ်တိုင်းနှစ်တိုင်း သူ့ပထွေးအတွက် အထောက်အပံ့ဖြစ်စေရန် ဒီလူငယ်စုစည်းပွဲကို သူဦးဆောင်ပေးခဲ့သည်။ ဒါပေမယ့် မိသားစုတစ်ခုတွင် မိမိတို့အာဏာကို ဆက်ထိန်းထားဖို့ဆိုတာ လောဘကြီးပြီး ကျားချောင်းချောင်းနေသော မိသားစုအခွဲက လူငယ်များကို ချစ်ကြည်ရေးတည်ဆောက်နေမယ့်အစား company ထဲမှာ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို ပြသဖို့က ပိုအဓိကကျသည်ဟု ယူဆသည်။ ကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်နှင့် ပြတ်သားမှုကို ပြထားနိုင်မှ အနာဂတ်မှာဖြစ်လာနိုင်သော ခြေရာတိုင်းခြင်း၊ လုပ်ပိုင်ခွင့်လုယူခြင်းဆိုသည့် မပြီးဆုံးနိုင်သော ပြဿနာများကို လျော့အောင်လုပ်နိုင်လိမ့်မည်။

လူငယ်စုစည်းပွဲကို တက်ဖို့ထက် ခြေထောက်ဒဏ်ရာရထားသော ရှုနင်ကို ဂရုစိုက်ပေးဖို့က ပိုအရေးကြီးသည်။ အိမ်မှာလည်း လူကြီးတွေမရှိသောကြောင့် ရှုဟိန်က ဘယ်နည်းနှင့်မှ ရှုနင်ဘေးက မခွာနိုင်ပေ။ ရှုနင်က အသက်ရှုသွင်းကာ သတိဝင်လာပြီးမှ မေးလိုက်သည်။

"အစ်ကိုကြီးက ဒီပွဲကို ဦးဆောင်ကျင်းပရမှာ မဟုတ်ဘူးလား.. အဖေက အချိန်မှီ ပြန်မရောက်နိုင်ဘူးမလား.."

တကယ်လို့ ဦးဆောင်ကျင်းပသူမရှိလျှင် ဒီပွဲကိုဖျက်သိမ်းရမှာဖြစ်ပြီး ပြဿနာတက်သွားနိုင်တယ် မဟုတ်လား။

"ဒုတိယအိမ်တော်က ရှုကျီရွှမ်းက ဒီနှစ်ပွဲကို ဦးဆောင်လိမ့်မယ်.."

ဘာ.. ဘာကြောင့် သူက ဦးဆောင်ရတာလဲ.. ဘုရားရေ..

ရှုနင်က အံ့အားသင့်သွားသဖြင့် မေးက အောက်ကိုပြုတ်ကျမတတ် ဖြစ်သွားသည်။

အရင်ဘဝတွင် ရှုဟိန်ကို မိသားစုကိစ္စတိုင်း လုပ်ပိုင်ခွင့်၊ company တွင်းမှလုပ်ပိုင်ခွင့်ကို အဓိကယှဉ်ပြိုင်နေသူက ဒုတိယအိမ်တော်မှ ရှုကျီရွှမ်းဖြစ်သည်။

ရှုယွီက ရှုကောင်း၏ညီငယ်ဖြစ်ပြီး ဇနီးဖြစ်သူဆုံးသွားကာ ရှုလင်းယွင်ဆိုသည့် သားတစ်ဦးသာ မွေးဖွားခဲ့သည်။ ရှုလင်းယွင်၏ဇနီးက ကူယာဖြစ်ပြီး သားနှစ်ယောက် သမီးတစ်ယောက် မွေးထားသည်။ အကြီးဆုံးသားက ရှုကျီရွှမ်းဖြစ်ပြီး သူက ရည်မှန်းချက်ကြီးကာ နတ်ဘုရားများ၏ ကောင်းချီးပေးခြင်းကိုခံရသည့် ကလေးဖြစ်ပြီး အံ့အားသင့်ဖွယ်ကောင်းသူဖြစ်သည်။ သူက ရှုဟိန်ကို ဖယ်ရှားပြီး ရှုမိသားစုပိုင်လုပ်ငန်းကြီးကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ရှုဟိန်က အစွမ်းထက်လွန်းလှသောကြောင့် ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပေ။ ဒါကြောင့် အရင်ဘဝက ရှုနင်နှင့်လက်တွဲကာ ရှုဟိန်ကိုတိုက်ခိုက်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရသည်။ ဒုတိယသားက တရားမဝင်သားဖြစ်ပြီး ရှုကျီရွှီဟုခေါ်သည်။

ကူယာက ဒီတရားမဝင်သားကို တမင်သက်သက် ရွှီဆိုသည့်နာမည်ပေးထားပြီး ထိုကလေးက နာခံမှုရှိရုံသာမက သူမခိုင်းသမျှ မျက်ကန်းယုံကြည်ကာ လုပ်ပေးသောကြောင့် သူမယောက်ျား၏ အမြှောင်မှမွေးသော တရားမဝင်ကလေးကို လက်ခံကာ ကျွေးမွေးထားခြင်းဖြစ်သည်။

တတိယသမီးအမည်က ရှုကျီဟွေ့ဖြစ်ပြီး လှပသော်လည်း အကျင့်ပျက်သောမိန်းကလေးဖြစ်သည်။ ယခင်ဘဝက ရှုကျီဟွေ့က ရှုနင်ကို အရမ်းကပ်ပြီး သူမ၏အစ်ကိုဖြစ်သူ ရှုနင်ကို အနိုင်ကျင့်ရုံမျှမက ရှုနင်၏ဇနီးဖြစ်ချင်သည်ဟုပင် ပြောခဲ့သည်။ ရှုနင်က gay ဖြစ်ပေမယ့် သူမ၏စကားကြောင့် ရင်ခုန်ခဲ့မိသေးသည်။ သူမက ရှုဟိန်ကိုတိုက်ခိုက်ဖို့ ရှုနင်ကို အကြံမျိုးစုံပေးလေ့ရှိသည်။ ရှုကျီဟွေ့က ချင်ယွိကျိုးကဲ့သို့ လည်ကာ ကိုယ်ကျိုးသာသိသော မိန်းမများဖြစ်သည်။

ရှုကျီရွှမ်းနှင့် ရှုကျီဟွေ့တို့က ရှုဟိန်နေရာမှာ ရှုလုပ်ငန်းစု၏ခေါင်းဆောင်နေရာကို လုယူချင်သောကြောင့် ရှုနင်ကိုကပ်တယ်ဆိုတာ သိပေမယ့် ရှုဟိန်ကိုတိုက်ခိုက်ဖို့ သူက အယုတ်တမာမောင်နှမနှင့် ပူးပေါင်းခဲ့သည်။ ဒါပေမယ့် ရှုကျီရွှီတစ်ဦးတည်းသာ ဘယ်သူ့ကိုမှထိခိုက်အောင်မလုပ်ဘဲ ကောင်းကောင်းနေခဲ့သောသူဖြစ်သည်။

"ဘာဖြစ်လို့လဲ.."

ရှုဟိန်က ကလေးလေးဆီက ကြောက်ရွံ့နေပုံကိုတွေ့တော့ မေးလိုက်သည်။

"အစ်ကိုကြီး.. အစ်ကိုကြီး ဒီစုစည်းပွဲကို သွားမှဖြစ်မယ်.. တကယ်လို့ ကျွန်တော့်ကြောင့် အစ်ကိုကြီးနေရာကို သူများယူသွားရင် ကျွန်တော်.. ကျွန်တော်.. ဘယ်လိုမှ သည်းမခံနိုင်ဘူး.."

ရှုဟိန်က ခုမှ လူငယ်လေးပဲရှိသေးတယ်.. ငါသာ မျက်ရည်ကျပြရင် သူ မသွားဘဲဘယ်နေမလဲ..။ ရှုနင်က ဒီလိုတွေးပြီး မျက်ရည်ညှစ်ထုတ်ပေမယ့် ကံဆိုးပြီး မျက်ရည်က ကျမလာခဲ့ပေ။ ရှုနင်က ဟော့ပေါ့အိုးထဲက ပုရွက်ဆိတ်လိုမျိုး စိတ်ထဲမှာ ယောက်ယက်ခတ်နေပြီး ပြောလိုက်သည်။

"အစ်ကိုကြီး.. ကျွန်တော့်ကို အပြင်လောကကိုကြည့်ဖို့ ခေါ်သွားပေးပါလား.."

"မင်း သွားချင်တာလား.."

"အွန်း.. ကျွန်တော်က အရင်က ဒီလိုစုစည်းပွဲကို မတက်ဖူးဘူး.. အိမ်က အရမ်းဆင်းရဲတော့ အလယ်တန်းပြီးလို့ ကျောင်းကလုပ်တဲ့ပွဲကိုတောင် မတက်နိုင်ခဲ့လို့ အတန်းဖော်တွေကိုတောင် မတွေ့လိုက်ရဘူး.."

ကလေးငယ်လေး၏ ဝမ်းနည်းစကားကိုကြားတော့ ရှုဟိန်က စာနာသနားလာမိသည်။

"ဒါဆို သွားကြတာပေါ့.."

"အိုကေ.."

"မင်း.. ပါတီပွဲတက်ဖို့ ပွဲတက်ဝတ်စုံကော.."

"ရှိတယ်.. ရှိတယ်.. အရင်တစ်ခါက ဟော်မိသားစုရဲ့ ကော့တေးပါတီတက်ဖို့ အမေက ဝတ်စုံ ၅စုံတောင် ချုပ်ပေးထားတာ.."

ချင်ယွိကျိုးက ဒီကလေးကို အရွယ်နှင့်မမျှအောင် အဝတ်အစားများစွာချုပ်ပေးပြီး ရှုနင်၏အခန်းလေးထဲက ဗီရိုထဲ ထည့်ပေးထားသည်။ ရှုဟိန်အချက်ပြလိုက်တော့ ကိုယ်ရံတော်က ထိုဝတ်စုံများ၏စတိုင်လ်ကို လာရောက်အစီရင်ခံလိုက်သည်။ ထိုဝတ်စုံ၅စုံလုံးက အရမ်းကို ခေတ်မှီဆန်းသစ်လွန်းနေပြီး ခန့်ခန့်ထည်ထည် ရိုးရိုးရှင်းရှင်းပုံစံကို နှစ်သက်သော ရှုဟိန်၏အကြိုက်နှင့် ဆန့်ကျင်နေသဖြင့် ရှုဟိန် မပျော်မရွှင်ဖြစ်ကာ ကလေးလေး၏မေးစေ့ကို လက်လေးနှင့်အသာပွတ်ကာ စဉ်းစားနေသည်။

ရှုနင်က ထမင်းစားရပ်လိုက်သောကြောင့် ရှုဟိန်က ပြောလိုက်သည်။

"နည်းနည်းထပ်စားဦး.. လမ်းမှာ ဆာနေဦးမယ်.."

"အွန်း.."

စိတ်လှုပ်ရှားလွန်းလို့ ရှုနင်၏ရင်တွေ တုန်နေသည်။ ရှုကျီရွှမ်းရေ.. မင်း စောင့်နေစမ်းပါ.. အရင်ဘဝက မင်း ငါ့ကိုလှည့်စားပြီး ဒုက္ခပေးခဲ့သမျှ ခုဘဝ အားလုံး ပြန်ပေးဆပ်စေရမယ်.. ဒီဘဝတော့ မင်းခံရမယ့်အလှည့်လို့သာ မှတ်ပေတော့..။

ရှုဟိန်က အပြင်ကိုခဏထွက်သွားပြီး ရှုနင်စားနေသည်ကို ဘေးမှာအဖော်လာလုပ်ပေးသည်။ ရှုဟိန်က ရေအေးဝတ်တင်ပေးထားသဖြင့် အရောင်လျော့သွားသော ရှုနင်၏ခြေထောက်လေးကို စိုက်ကြည့်ကာ ဒီခြေထောက်လေးက မရှည်လွန်း၊ မတိုလွန်း အနေတော်ဖြင့် ကြည့်ကောင်းလွန်းလှသည်ဟု တွေးနေသည်။ ဒီခြေထောက်လေးကို အစောက သူကိုင်ခဲ့စဉ်က နူးညံ့သောအထိအတွေ့လေးကို ပြန်သတိရကာ မျက်ဝန်းတစ်စုံက မည်းမှောင်လာသည်။

ရှုနင်က အစ်ကိုကြီး၏အကြည့်ကြောင့် သူ့ခြေထောက်ကို စိုးရိမ်နေသည်ဟုထင်ကာ သူ့ခြေထောက်အတွက် စိတ်မပူပါနဲ့ဟုပြောဖို့ ပါးစပ်ဟလိုက်ပြီးမှ ပြန်ပိတ်လိုက်သည်။ သူက အစ်ကိုကြီး ခုလိုဂရုစိုက်ပေးလို့ ကျေးဇူးတင်စကားပြောချင်ပေမယ့် ညီအစ်ကိုချင်း ကျေးဇူးတင်စကားပြောလျှင် စိမ်းကားရာကျမည်စိုးသဖြင့် အစ်ကိုကြီး၏လက်ကို သူ့လက်လေးနှင့်ပြန်ဆုပ်ကိုင်ကာ ဖွဖွလေးညှစ်လိုက်သည်။

ရှုဟိန်က ရှုနင်၏အပြုအမူကြောင့် အံ့အားသင့်သွားပြီး အကြည့်များက နူးညံ့သွားခဲ့သည်။ ရှုနင်စားပြီးသွားတော့ ရှုဟိန်က ကလေးလေးကို ပါးစပ်သုတ်ပေးပြီး အိပ်ယာဆီကို ပွေ့ချီလာခဲ့သည်။ ရှုနင်က သတိမထားမိဘဲ အစ်ကိုကြီး၏လည်ပင်းကို လက်လေးနှင့် သိုင်းဖက်လိုက်တော့ ရှုဟိန်က အနည်းငယ်တုန်လှုပ်သွားပေမယ့် ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားသည်။

သူတို့အတွက် ခန့်ညားသောဝတ်စုံနှစ်စုံက အဆင်သင့်ရောက်လာလေပြီ။ တစ်စုံက နက်မှောင်သော ညကောင်းကင်ကဲ့သို့ စိုနေသော အနက်ရောင်အနောက်တိုင်းဝတ်စုံဖြစ်ပြီး နောက်တစ်စုံက ဖြူဆွတ်ကာ မင်းသားလေး၏ဝတ်စုံကဲ့သို့ အနောက်တိုင်းဝတ်စုံဖြစ်သည်။

အနက်ရောင်ဝတ်စုံက ချုပ်သားများက တိကျသေသပ်လှပြီး ကြည့်လိုက်တာနှင့်ပင် လူကိုဖမ်းစားနိုင်သည်။ ရှုဟိန်က ဒါကိုဝတ်လိုက်တော့ လျှို့ဝှက်ဆန်းကြယ်ပြီး ဆွဲဆောင်မှုမြင့်မားသော နတ်ဧကရာဇ်၏ ကျက်သရေမျိုး ဖြာဝေနေသဖြင့် ရှုနင်မှာ အစ်ကိုကြီးထံမှ မျက်စိပင် မလွှဲနိုင်တော့ပေ။ သူ၏ တည်ကြည်ခန့်ညားသော မျက်နှာထားနှင့်ဆိုပါက အမှောင်ဘုရင်ကြီးတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။

ရှုဟိန်က ဝတ်စားပြီးတော့ ရှုနင်ကို ကူညီဝတ်ဆင်ပေးသည်။ ရှုနင်က လိမ္မာစွာပင် အဝတ်ဝတ်ပေးတာ ခံယူနေသည်။ အစ်ကိုကြီးက အရမ်းကို အသေးစိတ်တွေးပြီး စီစဉ်ပေးထားတာပဲ..

ရှုနင်က လည်စည်းနက်ခ်တိုင်စည်းတော့ ဒုက္ခရောက်တော့သည်။ သူ့ဘာသာ နက်ခ်တိုင်မချည်တတ်ပေ။ ရှုဟိန်က ဒူးထောက်ကာ ရှုနင်၏လက်လေးပေါ် လက်ချင်းထပ်ပြီး နက်ခ်တိုင်စည်းပေးလိုက်သည်။ သူတို့နှစ်ဦးကြား မှော်ဆန်သောခံစားချက်များ ထွက်လာသလို ခံစားလိုက်ရသည်။

"ချည်ပုံချည်နည်းတွေ မှတ်မိပြီလား.."

နက်ခ်တိုင်ချည်ပြီးတော့ ရှုဟိန်က ရှုနင်၏လက်လေးပေါ်က သူ့လက်ဝါးကြီးကို ဖယ်လိုက်ပြီး မေးလိုက်သည်။

ရှုနင်က ခေါင်းတွေထုံထိုင်းနေပြီး အလိုလိုခေါင်းညိတ်လိုက်သည်။ အားလုံးပြီးတော့ ကိုယ်ရံတော်တစ်ဦးက ဘီးတပ်ကုလားထိုင်ကို တွန်းလာပြီး ရှုဟိန်က ရှုနင်ကိုပွေ့ကာ ကုလားထိုင်ပေါ်တင်ပေးကာ အောက်ပိုင်းကို စောင်ပါးလေးခြုံပေးလိုက်သည်။

"အစ်ကိုကြီး.. ကျွန်တော့်ကို လူတွေဝိုင်းရယ်အောင် လုပ်နေတာလား.."

"မင်းက ရှုအိမ်တော်က ဒုတိယသခင်လေးပဲ.. ဘယ်သူရယ်ရဲမှာလဲ.."

ကောင်းပြီလေ.. သူဘယ်လိုငြင်းငြင်း ရှုဟိန်က ကုလားထိုင်ကိုတွန်းကာ ဓာတ်လှေကားဖြင့် အောက်ကိုဆင်းလာခဲ့သည်။ ရိုးလက်စ်ကားကြီးထဲ ဝင်ထိုင်မိပြီးမှ ရှုနင် စိတ်ငြိမ်သွားတော့သည်။ သူတို့ ရှုမိသားစုပိုင် ကလပ်ကိုရောက်လာတော့ ရောင်စုံမီးများထိန်ကာ လှပစွာတန်ဆာဆင်ထားသဖြင့် အတွင်းအပြင် မျက်စိပသာဒဖြစ်ကာ လှပလွန်းနေသည်။ ပုံမှန်အားဖြင့် ငယ်ရွယ်သော ရှုမိသားစုမှ သခင်လေး၊ သခင်မလေးများက ဒီနေရာကို ယုံကြည်ချက်အပြည့်ဖြင့် တက်ရောက်ကြပြီး သူတို့သက်ဆိုင်ရာအတွဲများကို ခေါ်လာလေ့ရှိကြသည်။ မိသားစုတစ်စုချင်းစီတွင် မတူကွဲပြားကြပြီး သူတို့က အချင်းချင်း ကျိတ်ပြိုင်နေကြသည်။ သူတို့မိသားစုထဲက အရည်အချင်းရှိသော သားသမီးများကို ထုတ်ပြကာ သူတို့မိသားစုဂုဏ်တက်အောင် ကြိုးစားကြသည်။ သခင်လေးများက ဝိုင်းဖွဲ့ထိုင်ကာ ချစ်ကြည်စွာစကားပြောနေတယ် ထင်ရပေမယ့် တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်အကဲခတ်နေကြခြင်းဖြစ်သည်။

ဒီတစ်ကြိမ်တော့ ဒုတိယအိမ်တော်ခွဲက ရှားရှားပါးပါး အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပခွင့်ရသောကြောင့် ဂုဏ်တက်နေကြသည်။

တစ်နာရီကြာတော့ ရှုအိမ်တော်ခွဲက ဦးဆောင်ခွင့်ရသည့်ကိစ္စကို မကျေနပ်သည့်အိမ်တော်ခွဲတစ်ခုမှ ရှုခိုင်ဆိုသည့်လူရွယ်က ရှုကျီရွှမ်းကို မျက်နှာမသာမယာဖြင့်ကြည့်ကာ မေးလိုက်သည်။

"အိုး.. မင်းက ဘာကြောင့် ဒီနေ့ အဓိကထိုင်ခုံမှာ ထိုင်နေရတာလဲ.."

ငါဒီမှာ ဘာကြောင့်ထိုင်တယ်ဆိုတာ သိလျက်နဲ့ မင်းက မေးရသေးလား..

ရှုကျီရွှမ်းက လိမ္မာပါးနပ်သူဖြစ်သောကြောင့် ဒေါသကိုမြိုသိပ်ကာ ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။

"ညီလေးခိုင်ပါလား.. ညီလေးလည်း ရောက်နေတာလား.. လာ.. လာ.. တစ်ခွက်လောက်သောက်ရအောင်.."

"အစ်ကိုကြီးဟိန်က ဘယ်ရောက်နေတာလဲ.."

"သူက တခြားသွားစရာရှိလို့တဲ့ကွ.."

"အစ်ကိုကြီးဟိန် မလာရင်တောင် မင်းအလှည့်မဟုတ်ဘူးမလား.. ဝါစဉ်အရဆိုရင် ဒုတိယအကြီးဆုံး အစ်ကိုရှုဟောက်က ဦးဆောင်ကျင်းပရမှာမဟုတ်လား.."

"မင်းက အသက်အရွယ်နဲ့ ပြောတာလား.. တကယ်လို့ အဓိကအိမ်တော်ကြီးကမလာရင် ဒုတိယအိမ်တော်က ဦးစီးကျင်းပရတာ ထုံးစံပဲလေ.. အခုက ရှုမိသားစုက ညီအစ်ကိုမောင်နှမတွေ စုစည်းပွဲဖြစ်လို့ ငါက မိန့်ခွန်းပြောဖို့ ဒီထိုင်ခုံမှာ ထိုင်နေတာ.. မင်းက ဘာကြောင့် ဒီလောက်စိတ်အနှောင့်အယှက် ဖြစ်နေရတာလဲ ငါ့ညီရ.."

"ဒါက တမင်သက်သက် အထင်သေးတာပဲ.. တကယ်လို့ အစ်ကိုရွှမ်း စိတ်မရှိဘူးဆိုရင် အစ်ကို့နေရာကို ကျွန်တော့်ကိုပေးလိုက်ရင်ကော.. ဘယ်လိုလဲ.."

"မင်းကိုလား.."

ရှုကျီရွှမ်းက ရယ်ရင်း ခွက်ကိုမြှောက်ကာ ခွက်ချင်းတိုက်လိုက်သည်။

ထိုစဉ် အပြင်ဘက်က ရုတ်ရုတ်သဲသဲဖြစ်သွားသဖြင့် ရှုကျီရွှမ်းကိုယ်စား စိတ်ချရသော လက်အောက်ငယ်သားတစ်ယောက်က ပြေးသွားကြည့်ခဲ့သည်။ ထိုတစ်ယောက်က လမ်းတစ်ဝက်နှင့် ပြန်လှည့်ပြေးလာပြီး အလောတကြီးပြောလိုက်သည်။

"သခင်လေး.. အဲ့တာ ရှုဟိန်ပါ.."

သူ ဒီပွဲကို မတက်လောက်ဘူးလို့ ငါထင်ခဲ့တာ..

ရှုဟိန်နေရာမှာ အစားထိုးဦးဆောင်ဖို့ဆိုတာက အိပ်မက်လိုလွင့်ပြယ်သွားပြီး သူ့မျက်နှာက ချက်ချင်းဆိုးဝါးသွားခဲ့သည်။ ဒါပေမယ့် သူက ရှုဟိန်ကိုနှုတ်ဆက်ဖို့ ချက်ချင်းထသွားရတော့သည်။

ရှုဟိန်က အဓိကပင်မအိမ်တော်ကြီးမှ ဖြစ်သောကြောင့် ကိုယ်ရံတော်များ၊ စိတ်ချရသော လူယုံတော်များ တပြုံကြီးခြံရံကာ ဝင်လာခဲ့သည်။ သူက ဘီးတပ်ကုလားထိုင်တစ်ခုကို တွန်းလာပြီး ထိုခုံပေါ်တွင် သူဓာတ်ပုံထဲမှာသာ မြင်ဖူးသော ရှုနင်ကို အဖြူရောင်အနောက်တိုင်းဝတ်စုံဝတ်ထားပြီး ပြုံးရွှင်စွာထိုင်နေသည်ကို တွေ့လိုက်ရသည်။

သူက ရှုနင်လား..

ဒါက တကယ်ကြီး ရှုနင်လား..

ရှုဟိန်က ကိုယ်တိုင် ဘီးတပ်ကုလားထိုင်ကို တွန်းလာတဲ့မြင်ကွင်းက မယုံကြည်ချင်စရာကောင်းလှသည်။ ဒီကလေးက မိထွေးဖြစ်သူနှင့်ကပ်ပြီး ရှုအိမ်တော်ထဲပါလာသော မျိုးမစစ်ကလေး မဟုတ်ဘူးလား။ ဒီကလေးကြီးပြင်းမလာခင် သုတ်သင်ပစ်ရမယ့်အစား သူက ဘာကြောင့် ပွဲထုတ်လာရသလဲ..။ မိသားစုအမွေခံပစ္စည်းအတွက် တိုက်ခိုက်ဖို့ ဒီကောင်လေးကြီးတဲ့အထိ စောင့်ချင်တာလား..။

ထိုစဉ်ခဏ သူတို့ပတ်ဝန်းကျင်လေထုက ထူးဆန်းလာခဲ့သည်။ လူတွေက မိထွေးဖြစ်သူ အင်အားကြီးသဖြင့် ရှုဟိန်တစ်ယောက် သူ့အနေအထားကို ကာကွယ်ဖို့ မိထွေး၏သားကို မျက်နှာလုပ်နေရသည်ဟု ထင်သွားကြသည်။ တစ်ဖက်မှာတော့ ဘယ်တော့မှ သူများကိုစိတ်မဝင်စားသော ရှုဟိန်က ဘာကြောင့် ခုလို ရိုမန့်ဆန်ဆန်လုပ်သလဲလို့ တွေးနေကြသည်။

ရှုကျီရွှမ်းက မျက်နှာပေါ်မှာ အပြုံးတုကိုတပ်ဆင်ကာ နှုတ်ဆက်ဖို့ ရှေ့မှာရပ်လိုက်သည်။

"ဘာ.. တဆိတ်လောက် အစ်ကိုရေ.. ခင်ဗျား ကျွန်တော့်လမ်းကို ပိတ်နေပြီ.."

မထင်မှတ်ထားဘဲ ရှုနင်ဆီက စိတ်အနှောင့်အယှက်ဖြစ်သွားသံက ထွက်လာခဲ့သည်။

====================


ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now